COVID-19 ကူးစက်ခံရသူဦးရေ ၇ သိန်းနီးပါးဖြင့် အိန္ဒိယ ကမ္ဘာ့တတိယကူးစက်မှုအများဆုံးနိုင်ငံဖြစ်လာ

COVID-19 ကူးစက်ခံရသူဦးရေ ၇ သိန်းနီးပါးဖြင့် အိန္ဒိယ ကမ္ဘာ့တတိယကူးစက်မှုအများဆုံးနိုင်ငံဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
7 Jul 2020 11:25 am တွင် တင်ခဲ့သည်
533 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၇ သိန်းနီးပါးရှိလာကာ ရုရှားကိုကျော်လွန်ပြီး ကမ္ဘာ့တတိယကူးစက်မှုအများဆုံးနိုင်ငံဖြစ်လာကြောင်း နောက်ဆုံးထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရသူအသစ် ၂၃,၀၀၀ ကျော်ကို အတည်ပြုစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၆ အချက်အလက်များက ပြသခဲ့သည်။ ယင်းသည် ဇူလိုင် ၅ တွင် ထုတ်ပြန်ခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရသူအသစ် ၂၅,၀၀၀ နီးပါးအောက် အနည်းငယ်ကျဆင်းခဲ့ခြင်းဖြစ်သည်။

အိန္ဒိယတွင် ကူးစက်မှုစတင်တွေ့ရှိခဲ့သည့် ဇန်နဝါရီကတည်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂၀,၀၀၀ နီးပါး သေဆုံးခဲ့ပြီဖြစ်သည်။

ယခုအခါ အိန္ဒိယသည် အမေရိကန်နှင့် ဘရာဇီးတို့ပြီးလျှင် ကမ္ဘာ့ COVID-19 ကူးစက်မှုတတိယအများဆုံးနိုင်ငံဖြစ်လာပြီဖြစ်သည်။

ဗိုင်းရပ်စ်အစပြုရာနေရာဖြစ်ပြီး လူဦးရေလည်း မတိမ်းမယိမ်းဖြစ်သည့် တရုတ်တွင် ကူးစက်ခံရသူဦးရေထက် အိန္ဒိယတွင် ကူးစက်ခံရသူဦးရေမှာ ၈ ဆပိုများသည်။

နယူးဒေလီအရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) အကွာ အာဂရာမြို့ရှိ အိန္ဒိယအကျော်ကြားဆုံးခရီးသွားဆွဲဆောင်ရာနေရာ တက်ဂျ်မဟာဂူဗိမာန်ကို ပြန်လည်ဖွင့်လှစ်မည့်ဆုံးဖြတ်ချက်သည် ထိုအရပ်၌ ကူးစက်မှုသစ်အများအပြားတိုးလာသဖြင့် ပြောင်းပြန်လှန်ပစ်လိုက်ရပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြို့တော်ဒေလီသည် မကြာသေးမီက ရောဂါကူးစက်မှုအများဆုံးနေရာတစ်ခုဖြစ်လာပြီး လူအများအပြားသည် ‌ဒေလီတွင် ဆေးရုံကုတင်နေရာရရှိရန် ရုန်းကန်ကြိုးပမ်းနေကြရကာ အချို့မှာ ကုတင်နေရာမရ၊ အထဲဝင်ခွင့်မရဘဲ ဖိနပ်ချွတ်တံခါးဝနေရာများတွင်ပင် သေဆုံးသွားကြကြောင်း အချို့၏ ပြောကြားချက်အရ သိရသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ဒေလီ၏ ဒုတိယဝန်ကြီးချုပ်က ဒေလီတွင် ဇူလိုင်လမကုန်မီ ကူးစက်မှုပေါင်း ၅ သိန်း ၅ သောင်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းရကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်ဟုလည်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: With nearly 700,000 coronavirus cases, India is third worst-hit country (Reuters)

 

  [Zawgyi]

 

COVID-19 ကူးစက္ခံရသူဦးေရ ၇ သိန္းနီးပါးျဖင့္ အိႏၵိယ ကမာၻ႔တတိယကူးစက္မႈအမ်ားဆုံးႏိုင္ငံျဖစ္လာ

အိႏၵိယသည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရ ၇ သိန္းနီးပါးရွိလာကာ ႐ုရွားကိုေက်ာ္လြန္ၿပီး ကမာၻ႔တတိယကူးစက္မႈအမ်ားဆုံးႏိုင္ငံျဖစ္လာေၾကာင္း ေနာက္ဆုံးထုတ္ျပန္ထားသည့္အခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း ကူးစက္ခံရသူအသစ္ ၂၃,၀၀၀ ေက်ာ္ကို အတည္ျပဳစစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ဇူလိုင္ ၆ အခ်က္အလက္မ်ားက ျပသခဲ့သည္။ ယင္းသည္ ဇူလိုင္ ၅ တြင္ ထုတ္ျပန္ခဲ့သည့္ ၂၄ နာရီအတြင္း ကူးစက္ခံရသူအသစ္ ၂၅,၀၀၀ နီးပါးေအာက္ အနည္းငယ္က်ဆင္းခဲ့ျခင္းျဖစ္သည္။

အိႏၵိယတြင္ ကူးစက္မႈစတင္ေတြ႕ရွိခဲ့သည့္ ဇန္နဝါရီကတည္းက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူ ၂၀,၀၀၀ နီးပါး ေသဆုံးခဲ့ၿပီျဖစ္သည္။

ယခုအခါ အိႏၵိယသည္ အေမရိကန္ႏွင့္ ဘရာဇီးတို႔ၿပီးလွ်င္ ကမာၻ႔ COVID-19 ကူးစက္မႈတတိယအမ်ားဆုံးႏိုင္ငံျဖစ္လာၿပီျဖစ္သည္။

ဗိုင္းရပ္စ္အစျပဳရာေနရာျဖစ္ၿပီး လူဦးေရလည္း မတိမ္းမယိမ္းျဖစ္သည့္ တ႐ုတ္တြင္ ကူးစက္ခံရသူဦးေရထက္ အိႏၵိယတြင္ ကူးစက္ခံရသူဦးေရမွာ ၈ ဆပိုမ်ားသည္။

နယူးေဒလီအေရွ႕ေတာင္ဘက္ ကီလိုမီတာ ၂၀၀ (၁၂၅ မိုင္) အကြာ အာဂရာၿမိဳ႕ရွိ အိႏၵိယအေက်ာ္ၾကားဆုံးခရီးသြားဆြဲေဆာင္ရာေနရာ တက္ဂ်္မဟာဂူဗိမာန္ကို ျပန္လည္ဖြင့္လွစ္မည့္ဆုံးျဖတ္ခ်က္သည္ ထိုအရပ္၌ ကူးစက္မႈသစ္အမ်ားအျပားတိုးလာသျဖင့္ ေျပာင္းျပန္လွန္ပစ္လိုက္ရၿပီျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

ၿမိဳ႕ေတာ္ေဒလီသည္ မၾကာေသးမီက ေရာဂါကူးစက္မႈအမ်ားဆုံးေနရာတစ္ခုျဖစ္လာၿပီး လူအမ်ားအျပားသည္ ‌ေဒလီတြင္ ေဆး႐ုံကုတင္ေနရာရရွိရန္ ႐ုန္းကန္ႀကိဳးပမ္းေနၾကရကာ အခ်ိဳ႕မွာ ကုတင္ေနရာမရ၊ အထဲဝင္ခြင့္မရဘဲ ဖိနပ္ခြၽတ္တံခါးဝေနရာမ်ားတြင္ပင္ ေသဆုံးသြားၾကေၾကာင္း အခ်ိဳ႕၏ ေျပာၾကားခ်က္အရ သိရသည္ဟု ႐ိုက္တာသတင္းဌာနက ေဖာ္ျပခဲ့သည္။

ေဒလီ၏ ဒုတိယဝန္ႀကီးခ်ဳပ္က ေဒလီတြင္ ဇူလိုင္လမကုန္မီ ကူးစက္မႈေပါင္း ၅ သိန္း ၅ ေသာင္းအထိ ျမင့္တက္လာမည္ဟု ခန႔္မွန္းရေၾကာင္း သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္ဟုလည္း ႐ိုက္တာသတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: With nearly 700,000 coronavirus cases, India is third worst-hit country (Reuters)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service