လူပေါင်း ၈၀ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အိန္ဒိယမင်္ဂလာဆောင်ကျင်းပအပြီး ၂ ရက်အကြာတွင် သတို့သား သေဆုံး

လူပေါင်း ၈၀ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အိန္ဒိယမင်္ဂလာဆောင်ကျင်းပအပြီး ၂ ရက်အကြာတွင် သတို့သား သေဆုံး - Property News in Myanmar from iMyanmarHouse.com
3 Jul 2020 12:54 pm တွင် တင်ခဲ့သည်
1501 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ကျင်းပခဲ့သော မင်္ဂလာဆောင်တစ်ခုတို့ တက်ရောက်ခဲ့သူ လူပေါင်း ၈၀ ခန့် Covid-19 ကူးစက်ခံခဲ့ရပြီး ၂ ရက်အကြာတွင် သတို့သား သေဆုံးသွားခဲ့သည်။

အဆိုပါမင်္ဂလာပွဲသို့ တက်ရောက်ခဲ့သည့်ဧည့်သည် ၄၀၀ ခန့်ကို ဆေးစစ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဘီဟာပြည်နယ်၊ ပါလိဂန်ခရိုင်တွင် ပြီးခဲ့သော ရက်သတ္တ ၂ ပတ်ခန့်က ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပတ္တနာမြို့မှ ကျန်းမာရေးအကြီးအကဲ ကီရှိုး ချောင်ဒရီက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိသူတို့ကို ဒေသတွင်း ကုသရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ချောင်ဒရီက ပြောကြားသည်။

အသက် ၃၀ အရွယ် သတို့သားသည် ဇွန်လ ၁၅ ရက်တွင် ကျင်းပသော မင်္ဂလာဆောင်မတိုင်မီကတည်းက ဖျားနာခဲ့ခြင်းဖြစ်ပြီး အခြေအနေဆိုးရွားခဲ့ကြောင်း ခရိုင်အရာရှိ ဆူရန်ဒရာ ကုမာရက ပြောကြားသည်။

ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ဦးဖြစ်သူ သတို့သားသည် မင်္ဂလာဆောင်အတွက် အိန္ဒိယမြောက်ပိုင်း ဟာယာနာပြည်နယ်၊ ဂါဂွန်မြို့မှ ခရီးထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး မြို့ ၂ မြို့အကြား အကွာအဝေးမှာ ကီလိုမီတာ ၁၀၀၀ ကျော် (၆၂၁ မိုင်) ဝေးကွာကြောင်း ကုမာရက ပြောကြားသည်။

မိသားစုက သတို့သားကို ဒေသတွင်းမှ ဆရာဝန်နှင့် ကုသမှုခံယူစေခဲ့ရာ ဆရာဝန်က ဆေးပေးခဲ့သော်လည်း ရောဂါလက္ခဏာများကို ခရိုင်အာဏာပိုင်များထံ အသိပေးတင်ပြခဲ့ခြင်းမရှိသကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ခံယူခဲ့ခြင်းလည်း မရှိကြောင်း ကုမာရက ပြောကြားသည်။

“ကျန်းမာရေးမကောင်းဖြစ်နေတာကို သူ့မိသားစုက ဘယ်သူ့မှ မပြောခဲ့ပါဘူး” ဟု ကုမာရက ပြောကြားသည်။

မင်္ဂလာဆောင်အပြီးတွင် သတို့သား၏ ကျန်းမာရေးမှာ အလွန်ဆိုးရွားလာပြီး ဆေးရုံသို့ ပို့ပေးခဲ့သော်လည်း လမ်းတွင်ပင် လဲကျကာ ဆေးရုံသို့ ရောက်ချိန်တွင် သေဆုံးနေပြီ ဖြစ်ကြောင်း ကုမာရက ပြောကြားသည်။

မင်္ဂလာဆောင်သို့ တက်ရောက်ခဲ့သူများနှင့် ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့သူ ၈၀ ဦးတွင် မင်္ဂလာဆောင်သို့ တက်ရောက်ခဲ့သူများချည်းမဟုတ်ကြောင်း၊ မင်္ဂလာဆောင်သို့ တက်ရောက်ခဲ့သူများနှင့် ထိတွေ့ခဲ့သူများလည်း ပါဝင်ကြောင်း ကုမာရက ဖြည့်စွက်ပြောကြားသည်။

ဘီဟာပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၂၄၉ ဦးရှိပြီး သေဆုံးသူ ၇၀ ဦးရှိကြောင်း အိန္ဒိယ ကျန်းမာရေးနှင့် မိသားစုရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် covid-19 ကူးစက်ခံရသူ ၆၀၄၆၄၁ ဦးရှိပြီး သေဆုံးသူ ၁၇၈၃၄ ဦးရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Groom dies two days after Indian wedding, 80 people infected with coronavirus (edition)

 

[Zawgyi]

လူေပါင္း ၈၀ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္ အိႏိၵယမဂၤလာေဆာင္က်င္းပအျပီး ၂ ရက္အၾကာတြင္ သတို႔သား ေသဆံုး

အိႏိၵယႏိုင္ငံ အေရွ႕ပိုင္းတြင္ က်င္းပခဲ့ေသာ မဂၤလာေဆာင္တစ္ခုတို႔ တက္ေရာက္ခဲ့သူ လူေပါင္း ၈၀ ခန္႔ Covid-19 ကူးစက္ခံခဲ့ရျပီး ၂ ရက္အၾကာတြင္ သတို႔သား ေသဆံုးသြားခဲ့သည္။

အဆိုပါမဂၤလာပြဲသို႔ တက္ေရာက္ခဲ့သည့္ဧည့္သည္ ၄၀၀ ခန္႔ကို ေဆးစစ္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ ဘီဟာျပည္နယ္၊ ပါလိဂန္ခရိုင္တြင္ ျပီးခဲ့ေသာ ရက္သတၱ ၂ ပတ္ခန္႔က က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း ပတၱနာျမိဳ႕မွ က်န္းမာေရးအၾကီးအကဲ ကီရႈိး ေခ်ာင္ဒရီက ေျပာၾကားသည္။

ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးေတြ႔ရွိသူတို႔ကို ေဒသတြင္း ကုသေရးစခန္းသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ေခ်ာင္ဒရီက ေျပာၾကားသည္။

အသက္ ၃၀ အရြယ္ သတို႔သားသည္ ဇြန္လ ၁၅ ရက္တြင္ က်င္းပေသာ မဂၤလာေဆာင္မတိုင္မီကတည္းက ဖ်ားနာခဲ့ျခင္းျဖစ္ျပီး အေျခအေနဆိုးရြားခဲ့ေၾကာင္း ခရိုင္အရာရွိ ဆူရန္ဒရာ ကုမာရက ေျပာၾကားသည္။

ေဆာ့ဖ္ဝဲ အင္ဂ်င္နီယာတစ္ဦးျဖစ္သူ သတို႔သားသည္ မဂၤလာေဆာင္အတြက္ အိႏိၵယေျမာက္ပိုင္း ဟာယာနာျပည္နယ္၊ ဂါဂြန္ျမိဳ႕မွ ခရီးထြက္ခြာလာခဲ့ျခင္းျဖစ္ျပီး ျမိဳ႕ ၂ ျမိဳ႕အၾကား အကြာအေဝးမွာ ကီလိုမီတာ ၁၀၀၀ ေက်ာ္ (၆၂၁ မိုင္) ေဝးကြာေၾကာင္း ကုမာရက ေျပာၾကားသည္။

မိသားစုက သတို႔သားကို ေဒသတြင္းမွ ဆရာဝန္ႏွင့္ ကုသမႈခံယူေစခဲ့ရာ ဆရာဝန္က ေဆးေပးခဲ့ေသာ္လည္း ေရာဂါလကၡဏာမ်ားကို ခရိုင္အာဏာပိုင္မ်ားထံ အသိေပးတင္ျပခဲ့ျခင္းမရွိသကဲ့သို႔ ကိုရိုနာဗိုင္းရပ္စ္စစ္ေဆးမႈ ခံယူခဲ့ျခင္းလည္း မရွိေၾကာင္း ကုမာရက ေျပာၾကားသည္။

“က်န္းမာေရးမေကာင္းျဖစ္ေနတာကို သူ႔မိသားစုက ဘယ္သူ႔မွ မေျပာခဲ့ပါဘူး” ဟု ကုမာရက ေျပာၾကားသည္။

မဂၤလာေဆာင္အျပီးတြင္ သတို႔သား၏ က်န္းမာေရးမွာ အလြန္ဆိုးရြားလာျပီး ေဆးရံုသို႔ ပို႔ေပးခဲ့ေသာ္လည္း လမ္းတြင္ပင္ လဲက်ကာ ေဆးရံုသို႔ ေရာက္ခ်ိန္တြင္ ေသဆံုးေနျပီ ျဖစ္ေၾကာင္း ကုမာရက ေျပာၾကားသည္။

မဂၤလာေဆာင္သို႔ တက္ေရာက္ခဲ့သူမ်ားႏွင့္ ၎တို႔ႏွင့္ ထိေတြ႔ခဲ့သူမ်ားကို စံုစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးေတြ႔ရွိခဲ့သူ ၈၀ ဦးတြင္ မဂၤလာေဆာင္သို႔ တက္ေရာက္ခဲ့သူမ်ားခ်ည္းမဟုတ္ေၾကာင္း၊ မဂၤလာေဆာင္သို႔ တက္ေရာက္ခဲ့သူမ်ားႏွင့္ ထိေတြ႔ခဲ့သူမ်ားလည္း ပါဝင္ေၾကာင္း ကုမာရက ျဖည့္စြက္ေျပာၾကားသည္။

ဘီဟာျပည္နယ္တြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၀၂၄၉ ဦးရွိျပီး ေသဆံုးသူ ၇၀ ဦးရွိေၾကာင္း အိႏိၵယ က်န္းမာေရးႏွင့္ မိသားစုေရးရာ ဝန္ၾကီးဌာနက ထုတ္ျပန္သည္။

တစ္ႏိုင္ငံလံုးအတိုင္းအတာအားျဖင့္ covid-19 ကူးစက္ခံရသူ ၆၀၄၆၄၁ ဦးရွိျပီး ေသဆံုးသူ ၁၇၈၃၄ ဦးရွိေၾကာင္း ဝန္ၾကီးဌာန၏ ထုတ္ျပန္ေသာ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Groom dies two days after Indian wedding, 80 people infected with coronavirus (edition)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service