ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၂၀ စီမံကိန်း (၃) ခု ကူညီရန် လက်မှတ်ထိုး
ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၂၀ စီမံကိန်း (၃) ခု ကူညီရန် လက်မှတ်ထိုး - Property News in Myanmar from iMyanmarHouse.com
3 Jul 2020 10:49 am တွင် တင်ခဲ့သည်
1475 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း၂၀ကျော်တန် အထောက်အပံ့စီမံကိန်း (၃)ခု ကူညီထောက်ပံ့ရန် ဇူလှိုင် ၂ ရက်တွက် လက်မှတ်ရေးထိုးခဲ့သည်။
ထိုစီမံကိန်းများသည် ရန်ကုန်မြစ်ကြောင်း အချက်ပြကိရိယာများ အဆင့်မြှင့်တင်ရေးစီမံကိန်း၊ ရေဖြန့်ဖြူးရေး စီမံကိန်းနှင့် ရဲတပ်ဖွဲ့၏မော်တော်ယာဉ်များ ကြိုးမဲ့ဆက်သွယ်ရေးဆိုင်ရာ လုံခြုံရေးစီမံကိန်းတို့ဖြစ်သည်။
ထိုစီမံကိန်း သုံးခုအတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. MARUYAMA Ichiro နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းတို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ပထမဦးဆုံးစီမံကိန်းမှာ ဒေါ်လာ ၁၃ သန်းတန် “ရန်ကုန်မြစ်အတွင်း ရေကြောင်းလမ်းညွှန် အထောက်အကူပြု အချက်ပြကိရိယာများ အဆင့်မြှင့်တင်ရေးစီမံကိန်း”ဖြစ်သည်။
ဤစီမံကိန်းဖြင့် ရေကြောင်းအချက်ပြကိရိယာများ အဆင့်မြှင့်တင်မှုကို ဆောင်ရွက်ပြီး သင်္ဘောများလုံခြုံစိတ်ချရမှုမြှင့်တင်ရန်နှင့်ရေကြောင်းအသွားအလာများတိုးမြှင့်နိုင်ရန်အတွက် ရည်ရွယ်သည်ဟုဆိုသည်။
ထိုကြောင့် မြန်မာနိုင်ငံနှင့်ပြည်ပသို့ ချိတ်ဆက်မည့် ထောက်ပံ့ပို့ဆောင်ရေးအတွက် အကျိုးဖြစ်ထွန်းစေရန် ပံ့ပိုးကူညီခြင်းဖြစ်သည်ဟု ဂျပန်သံရုံးကဆိုသည်။
မြန်မာနိုင်ငံသည် စီးပွားရေးဖွံဖြိုးတိုးတက်မူနှင့်အတူ ရန်ကုန်ဆိပ်ကမ်းတွင် ကုန်သည်ပမာဏတိုးတက်လာပြီး တစ်နှစ်လျှင် ပျမ်းမျှ ၁၇ ရာခိုင်နှုန်း မြင့်တက်လာသည်။ ရန်ကုန်ဆိပ်ကမ်းသည် ရေလမ်းကြောင်းကျဉ်းမြောင်းပြီး ရေအားပြင်းထန်သည်။ထိုအပြင် ရေလမ်းကြောင်းအချက်ပြကိရိယာမပြည်စုံခြင်းနှင့် ရေလမ်းကြောင်း ထိန်းချုပ်မှုစနစ်မဖွံဖြိုးခြင်းတို့ကြောင့် သင်္ဘောချင်းတိုက်ခြင်း၊ သောင်တင်ခြင်းများ မကြာခဏဖြစ်ပွားလျက်ရှိသည်။ ထိုပြင် တစ်နေ့လျှင့် ဒီရေတက်ချိန် နေ့လယ်တစ်ချိန်သာ သွားလာနိုင်သည် ထိုအကန့်အသတ်များကြောင့် ရန်ကုန်ဆိပ်ကမ်းအဆင့်မြှင့်တင်ရေးသည့် အရေးပေါ်စိန်ခေါ်မူတစ်ရပ်ဖြစ်သည်။
ဒုတိယစီမံကိန်းများ မန္တလေးမြို့ ရေဖြန့်ဖြူးပေးရေး အထောက်အပံ့စီမံကိန်းဖြစ်ပြီး ဒေါ်လာ ၆ သန်းခွဲတန်စီမံကိန်းဖြစ်သည်။ မန္တလေးမြို့သည် လူဦးရေ တသန်းခွဲကျော်ရှိပြီး ရေပေးဝေရေးသည် ၂၀၁၈ တွင် ၅၉ ရာခိုင်နှုန်းရှိသည်။ လက်ရှိရေရရှိရေးသည် တွင်းရေကိုသာ အဓိက အားထားရသည်ဟုဆိုသည်။ ထိုကြောင့် မန္တလေးမြို့ရေးပေးဝေရေးသည် အရေးပါသော စီမံကိန်းဖြစ်သည်ဟုဆိုသည်။
တတိယစီမံကိန်းမှာ လုံခြုံရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးအထောက်အပံ့စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းသည် ဒေါ်လာ တစ်သန်းနီးပါးရှိပြီး ရဲတပ်ဖွဲ့အတွက် မော်တော်ယာဉ်နှင့် ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများကိုထောက်ပံ့ပေးခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ လုံခြုံရေးဆိုင်ရာစွမ်း ရည်များကို မြှင့်တင်ပေးပြီး လူမှုအဖွဲ့အစည်းတည်ငြိမ်အေးချမ်းရေးကို ရည်ရွယ်လျက် မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးအတွက်ဖြစ်သည်ဟုဆိုသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service