၅၃ နှစ်ကြာ ‌ပေါင်းဖက်ခဲ့ပြီးနောက် COVID-19 ကြောင့် မိနစ်အနည်းငယ်ခြား၍ သေခွဲခွဲခဲ့ရသည့် ဇနီးမောင်နှံ

၅၃ နှစ်ကြာ ‌ပေါင်းဖက်ခဲ့ပြီးနောက် COVID-19 ကြောင့် မိနစ်အနည်းငယ်ခြား၍ သေခွဲခွဲခဲ့ရသည့် ဇနီးမောင်နှံ - Property News in Myanmar from iMyanmarHouse.com
2 Jul 2020 10:57 am တွင် တင်ခဲ့သည်
844 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကာတစ်နဲ့ ဘက်တီတို့ဟာ ငယ်စဉ်တုန်းက အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းတည်းမှာ အတူတက်ခဲ့ကြကာ အရွယ်ရောက်လာတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာ ချစ်သူတွေဖြစ်သွားကြပြီး လက်ထပ်ခဲ့ကြကာ သားသမီးနှစ်ဦးထွန်းကားခဲ့ကြပါတယ်။

အိမ်ထောင်သက် ၅၃ နှစ်ကြာပြီးနောက် ဇွန် ၁၈ ရက်နေ့မှာတော့ သူတို့နှစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တက္ကဆက်ပြည်နယ်ရှိ ဆေးရုံတစ်ခုမှာ လက်ချင်းဆုပ်ကိုင်လျက်အနေအထားနဲ့တစ်နာရီအတွင်းမှာပဲ မိနစ်အနည်းငယ်ခြားပြီး ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားခဲ့ကြတယ်လို့ သိရပါတယ်။

အသက် ၈၀ ရှိပြီဖြစ်တဲ့ မိခင်ဖြစ်သူ ဘက်တီ နေမကောင်းဖြစ်တာ ရက်အနည်းငယ်ကြာလာလို့ Texas Health Harris Methodist Hospital Fort Worth ကို ခေါ်သွားပြီးပြတော့ သူမမှာ COVID-19 ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တယ်လို့ သားဖြစ်သူတင်မ်က ပြောပါတယ်။

မိခင်ဖြစ်သူကို ဇွန် ၉ မှာ ဆေးရုံတင်ခဲ့တာဖြစ်ပြီး အသက် ၇၉ နှစ်ရှိ ဖခင်ဖြစ်သူကိုတော့ ဇွန် ၁၁ မှာ ဆေးရုံတင်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

သူတို့နှစ်ဦးဟာ မတ်လကတည်းက အချိန်တော်တော်များများ သီးခြားခွဲထားခံခဲ့ရတာဖြစ်ပြီး COVID-19 ကို ဘယ်လိုကနေကူးစက်ခံရတယ်ဆိုတာကို သူ့အနေဖြင့် မသိကြောင်းလည်း တင်မ်က ပြောပြခဲ့ပါတယ်။

အသက် ၅၂ ရှိ တင်မ်က သူ့ဖခင်ဟာ အထူးကြပ်မတ်ကုသဆောင်ထဲမှာ နေခဲ့ရပြီး ရောဂါအခြေအနေကောင်းမွန်တယ်လို့ထင်ခဲ့ရကြောင်း၊ သူနာပြုတွေကတောင် သူ့မိဘနှစ်ပါးတွေ့ဆုံလို့ရအောင် ကာတစ်ကို ဘက်တီရဲ့အဆောင်ဆီ ဘီးတပ်ကုလားထိုင်ဖြင့် ပို့ဆောင်ပေးလာခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

ဘက်တီရဲ့ကျန်းမာရေးအခြေအနေဟာ ဆုတ်ယုတ်လာခဲ့ပြီး သူနဲ့ သူ့အစ်မဖြစ်သူ ထရစ်ရှာတို့ကို ခေါ်ကာ သူမသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ကြောင်းလည်း တင်မ်က ပြောပါတယ်။

နောက်ရက်ကျ သူမ အခြေအနေမသက်မသာဖြစ်ခဲ့ကာ ဆရာဝန်တွေက သူမမှာ အချိန်သိပ်မကျန်တော့ဘူးလို့ ပြောခဲ့တာကြောင့် မိခင်ဖြစ်သူရဲ့အခြေအနေနဲ့ပတ်သက်ပြီး သူ့ဖခင်ကို ပြောပြခဲ့တယ်လို့ တင်မ်က ဆိုပါတယ်။

ကြားကြားပြီးချင်းမှာပဲ ကာတစ်ရဲ့ သွေးအတွင်းအောက်ဆီဂျင်ပမာဏ ထိုးကျခဲ့ပါတော့တယ်။

အဲဒီနောက်မှာတော့ ဆေးရုံတာဝန်ရှိသူတွေက ဘက်တီကို ကာတစ်ရှိရာအထူးကြပ်မတ်ကုသဆောင်သို့ရွှေ့ကာ သူတို့မောင်နှံကို ဘေးချင်းကပ်အတူထားရှိလိုက်ကြပါတယ်။

ဘက်တီရောက်လာပြီဖြစ်တဲ့အကြောင်း ကာတစ်ကို အခြားသူနာပြုတစ်ဦးက ပြောပြတော့ သူမကို ကြည့်ဖို့ ကာတစ်ကြိုးစားခဲ့ပေမဲ့ အလွန်အားနည်းနေခဲ့တာကြောင့် သူက ဘက်တီ့လက်ကို ကာတစ်ရဲ့လက်မောင်းပေါ်တင်ပေးလိုက်တယ်လို့ အထူးကြပ်မတ်ကုသဆောင်ရှိ သူနာပြုသရုန်းက ဆိုပါတယ်။

ကာတစ်နဲ့ဘက်တီတို့ဟာ အကြည့်ချင်းတောင် မဖလှယ်နိုင်ခဲ့ကြပေမဲ့ သရုန်းရဲ့ပြောပြချက်အရဆိုရင် သူတို့နှစ်ဦးစိတ်ချင်းဆက်သွယ်ခဲ့ကြတာ အလွန်သိသာထင်ရှားလှပါတယ်။

ဘာလို့ဆို သူတို့နှစ်ဦးဘေးချင်းကပ်တူယှဉ်တွဲရှိခွင့်ရပြီး မိနစ် ၂၀ အကြာမှာ ဘက်တီတစ်‌ယောက် သေဆုံးသွားခဲ့ကာ ၄၅ မိနစ်အကြာမှာတော့ ကာတစ်လည်းပဲ အသက်မဲ့သွားခဲ့တာကြောင့်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: After 53 years of marriage, a Texas couple died from Covid-19 while holding hands(CNN)

[Zawgyi]

၅၃ ႏွစ္ၾကာ ‌ေပါင္းဖက္ခဲ့ၿပီးေနာက္ COVID-19 ေၾကာင့္ မိနစ္အနည္းငယ္ျခား၍ ေသခြဲခြဲခဲ့ရသည့္ ဇနီးေမာင္ႏွံ

ကာတစ္နဲ႔ ဘက္တီတို႔ဟာ ငယ္စဥ္တုန္းက အေမရိကန္ႏိုင္ငံ အီလီႏြိဳက္စ္ျပည္နယ္ရွိ အထက္တန္းေက်ာင္းတစ္ေက်ာင္းတည္းမွာ အတူတက္ခဲ့ၾကကာ အ႐ြယ္ေရာက္လာေတာ့ ကယ္လီဖိုးနီးယားျပည္နယ္မွာ ခ်စ္သူေတြျဖစ္သြားၾကၿပီး လက္ထပ္ခဲ့ၾကကာ သားသမီးႏွစ္ဦးထြန္းကားခဲ့ၾကပါတယ္။

အိမ္ေထာင္သက္ ၅၃ ႏွစ္ၾကာၿပီးေနာက္ ဇြန္ ၁၈ ရက္ေန႔မွာေတာ့ သူတို႔ႏွစ္ဦးဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တကၠဆက္ျပည္နယ္ရွိ ေဆး႐ုံတစ္ခုမွာ လက္ခ်င္းဆုပ္ကိုင္လ်က္အေနအထားနဲ႔တစ္နာရီအတြင္းမွာပဲ မိနစ္အနည္းငယ္ျခားၿပီး ေရွ႕ဆင့္ေနာက္ဆင့္ကြယ္လြန္သြားခဲ့ၾကတယ္လို႔ သိရပါတယ္။

အသက္ ၈၀ ရွိၿပီျဖစ္တဲ့ မိခင္ျဖစ္သူ ဘက္တီ ေနမေကာင္းျဖစ္တာ ရက္အနည္းငယ္ၾကာလာလို႔ Texas Health Harris Methodist Hospital Fort Worth ကို ေခၚသြားၿပီးျပေတာ့ သူမမွာ COVID-19 ကူးစက္ခံထားရတာကို ေတြ႕ရွိခဲ့တယ္လို႔ သားျဖစ္သူတင္မ္က ေျပာပါတယ္။

မိခင္ျဖစ္သူကို ဇြန္ ၉ မွာ ေဆး႐ုံတင္ခဲ့တာျဖစ္ၿပီး အသက္ ၇၉ ႏွစ္ရွိ ဖခင္ျဖစ္သူကိုေတာ့ ဇြန္ ၁၁ မွာ ေဆး႐ုံတင္ခဲ့တာျဖစ္တယ္လို႔ သူက ဆိုပါတယ္။

သူတို႔ႏွစ္ဦးဟာ မတ္လကတည္းက အခ်ိန္ေတာ္ေတာ္မ်ားမ်ား သီးျခားခြဲထားခံခဲ့ရတာျဖစ္ၿပီး COVID-19 ကို ဘယ္လိုကေနကူးစက္ခံရတယ္ဆိုတာကို သူ႔အေနျဖင့္ မသိေၾကာင္းလည္း တင္မ္က ေျပာျပခဲ့ပါတယ္။

အသက္ ၅၂ ရွိ တင္မ္က သူ႔ဖခင္ဟာ အထူးၾကပ္မတ္ကုသေဆာင္ထဲမွာ ေနခဲ့ရၿပီး ေရာဂါအေျခအေနေကာင္းမြန္တယ္လို႔ထင္ခဲ့ရေၾကာင္း၊ သူနာျပဳေတြကေတာင္ သူ႔မိဘႏွစ္ပါးေတြ႕ဆုံလို႔ရေအာင္ ကာတစ္ကို ဘက္တီရဲ႕အေဆာင္ဆီ ဘီးတပ္ကုလားထိုင္ျဖင့္ ပို႔ေဆာင္ေပးလာခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္။

ဘက္တီရဲ႕က်န္းမာေရးအေျခအေနဟာ ဆုတ္ယုတ္လာခဲ့ၿပီး သူနဲ႔ သူ႔အစ္မျဖစ္သူ ထရစ္ရွာတို႔ကို ေခၚကာ သူမသြားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာခဲ့ေၾကာင္းလည္း တင္မ္က ေျပာပါတယ္။

ေနာက္ရက္က် သူမ အေျခအေနမသက္မသာျဖစ္ခဲ့ကာ ဆရာဝန္ေတြက သူမမွာ အခ်ိန္သိပ္မက်န္ေတာ့ဘူးလို႔ ေျပာခဲ့တာေၾကာင့္ မိခင္ျဖစ္သူရဲ႕အေျခအေနနဲ႔ပတ္သက္ၿပီး သူ႔ဖခင္ကို ေျပာျပခဲ့တယ္လို႔ တင္မ္က ဆိုပါတယ္။

ၾကားၾကားၿပီးခ်င္းမွာပဲ ကာတစ္ရဲ႕ ေသြးအတြင္းေအာက္ဆီဂ်င္ပမာဏ ထိုးက်ခဲ့ပါေတာ့တယ္။

အဲဒီေနာက္မွာေတာ့ ေဆး႐ုံတာဝန္ရွိသူေတြက ဘက္တီကို ကာတစ္ရွိရာအထူးၾကပ္မတ္ကုသေဆာင္သို႔ေ႐ႊ႕ကာ သူတို႔ေမာင္ႏွံကို ေဘးခ်င္းကပ္အတူထားရွိလိုက္ၾကပါတယ္။

ဘက္တီေရာက္လာၿပီျဖစ္တဲ့အေၾကာင္း ကာတစ္ကို အျခားသူနာျပဳတစ္ဦးက ေျပာျပေတာ့ သူမကို ၾကည့္ဖို႔ ကာတစ္ႀကိဳးစားခဲ့ေပမဲ့ အလြန္အားနည္းေနခဲ့တာေၾကာင့္ သူက ဘက္တီ့လက္ကို ကာတစ္ရဲ႕လက္ေမာင္းေပၚတင္ေပးလိုက္တယ္လို႔ အထူးၾကပ္မတ္ကုသေဆာင္ရွိ သူနာျပဳသ႐ုန္းက ဆိုပါတယ္။

ကာတစ္နဲ႔ဘက္တီတို႔ဟာ အၾကည့္ခ်င္းေတာင္ မဖလွယ္ႏိုင္ခဲ့ၾကေပမဲ့ သ႐ုန္းရဲ႕ေျပာျပခ်က္အရဆိုရင္ သူတို႔ႏွစ္ဦးစိတ္ခ်င္းဆက္သြယ္ခဲ့ၾကတာ အလြန္သိသာထင္ရွားလွပါတယ္။

ဘာလို႔ဆို သူတို႔ႏွစ္ဦးေဘးခ်င္းကပ္တူယွဥ္တြဲရွိခြင့္ရၿပီး မိနစ္ ၂၀ အၾကာမွာ ဘက္တီတစ္‌ေယာက္ ေသဆုံးသြားခဲ့ကာ ၄၅ မိနစ္အၾကာမွာေတာ့ ကာတစ္လည္းပဲ အသက္မဲ့သြားခဲ့တာေၾကာင့္ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: After 53 years of marriage, a Texas couple died from Covid-19 while holding hands(CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CarsDB
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service