ဥေရာပသမဂၢကို ျမန္မာႏိုင္ငံက ျပန္ဆပ္ရမည့္ အေႂကြးေဒၚလာ ၉၈ သန္းကို ယခုႏွစ္အထိ ဆိုင္းငံ့ေပး

ဥေရာပသမဂၢကို ျမန္မာႏိုင္ငံက ျပန္ဆပ္ရမည့္ အေႂကြးေဒၚလာ ၉၈ သန္းကို ယခုႏွစ္အထိ ဆိုင္းငံ့ေပး - Property News in Myanmar from iMyanmarHouse.com
2 Jul 2020 10:50 am တွင် တင်ခဲ့သည်
675 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဥရောပသမဂ္ဂကို မြန်မာနိုင်ငံက ပြန်လည်ပေးဆပ်ရမည့် ချေးငွေ ၉၈ သန်းကို ယခုနှစ်ကုန်အထိ ဆိုင်းငံ့ ပေးလိုက်ကြောင်း မြန်မာအစိုးရထံ ဇူလှိုင် ၁ ရက်တွင် အကြောင်းကြားလိုက်သည်။

COVID-19 ကပ်ရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးကိုရိုက်ခတ်ပြီး မြန်မာနိုင်ငံ၏ လူမှုစီးပွားကို ပြင်းထန်စွာ ရိုက်ခတ်မည်ဖြစ်သောကြောင့်ဖြစ်သည်ဟု ဥရောသသံအမတ်များ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးစိုးဝင်းထံ ပေးပို့သည့်စာတွင်ဖော်ပြထားသည်။

ဥရောပသမဂ္ဂက G-20 နှင့်ပဲရစ်ကလပ်နိုင်ငံများကြား ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်အချိန် ဆိုင်းငံ့ခြင်း သဘောတူညီချက်ကို လိုက်နာပြီး မြန်မာနိုင်ငံအတွက် ယခုလို ဆိုင်းငံ့ပေးလိုက်ခြင်းဖြစ်သည် ဟုဆိုသည်။

ဒေါ်လာ ၉၈ သန်းတွင် ၂၀၂၀ မေလမှ ဒီဇင်ဘာလအထိ အတိုးနှင့်အရင်းပေးဆပ်ရမည့် ပမာဏဖြစ်ပြီး မြန်မာနိုင်ငံက ထိုကာလအတွင်း ပေးရမည့် အတိုးနှင့်အရင်း စုစုပေါင်း ၂၀ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။

ထိုချေးငွေဆိုင်းငံ့ခြင်းကို ဩစတြေးလျ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမဏီ၊ ပိုလန်နှင့် ဥရောပသမဂ္ဂ သံအမတ်တို့ကလက်မှတ်ရေးထိုးပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မူဝန်ကြီး ဦးစိုးဝင်းထံ ဇူလှိုင် ၁ ရက်တွင် ပေးပို့ခြင်းဖြစ်သည်။

Covid-19 ကြောင့် စီးပွားရေးထိခိုက်မှုရှိသည့် မြန်မာအပါအဝင် ဖွံ့ဖြိုးမှုနည်းပါးသည့်နိုင်ငံများအတွက် G-20 နိုင်ငံများ၏ ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်အချိန်ကို ယခုနှစ်ကုန်အထိ ယာယီဆိုင်းငံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံအမတ်ကပြောသည်။

မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဉရောပသမဂ္ဂသံအမတ်ကြီး မစ္စတာ Kristian Schmidtက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို Video Conferencingဖြင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

G-20 နိုင်ငံများမှာ အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီ၊ အန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မက္ကစီကို၊ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ တောင်အာဖရိက၊ တူရကီ၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ဖြစ်သည်။

မြန်မာနိုင်ငံက ကြွေးမြီယူရာတွင် ဂျပန်၊ ဩစတြီးယား၊ ဖင်လန်၊ ပြင်သစ်၊ဂျာမဏီ၊ နယ်သာလန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဆော်ဒီ၊ ထိုင်း၊ ဆာဗီးယားနှင့် ပိုလန်နိုင်ငံတို့မှ ဖြစ်သည်။

နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် အာရှဖွံဖြိုးရေးဘဏ်(ADB)၊ ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံဖြိုးရေး အသင်း(IDA)၊ IFADနှင့် OPEC တို့မှဖြစ်သည်။ ‌

လက်ရှိတွင် မြန်မာနိုင်ငံ၏ အကြွေးသည် ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိပြီး ၎င်းအနက်မှ ထက်ဝက်ကျော်ကို တရုတ်တစ်နိုင်ငံထဲမှ ရယူထားခြင်းဖြစ်သည်။ လက်ရှိအစိုးရလက်ထက်တွင် တရုတ်နိုင်ငံ၏ ချေးငွေသည် အတိုးနှုန်းမြင့်မားခြင်းကြောင့် ရယူခြင်းမရှိဘဲ ယခင်အစိုးရများကယူထားသည့် ချေးငွေများကိုနှစ်အလိုက် ပြန်လည်ပေးဆပ်နေရခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ဥေရာပသမဂၢကို ျမန္မာႏိုင္ငံက ျပန္ဆပ္ရမည့္ အေႂကြးေဒၚလာ ၉၈ သန္းကို ယခုႏွစ္အထိ ဆိုင္းငံ့ေပး

ဥေရာပသမဂၢကို ျမန္မာႏိုင္ငံက ျပန္လည္ေပးဆပ္ရမည့္ ေခ်းေငြ ၉၈ သန္းကို ယခုႏွစ္ကုန္အထိ ဆိုင္းငံ့ ေပးလိုက္ေၾကာင္း ျမန္မာအစိုးရထံ ဇူလႈိင္ ၁ ရက္တြင္ အေၾကာင္းၾကားလိုက္သည္။

COVID-19 ကပ္ေရာဂါသည္ ကမာၻတစ္ဝွမ္းလုံးကို႐ိုက္ခတ္ၿပီး ျမန္မာႏိုင္ငံ၏ လူမႈစီးပြားကို ျပင္းထန္စြာ ႐ိုက္ခတ္မည္ျဖစ္ေသာေၾကာင့္ျဖစ္သည္ဟု ဥေရာသသံအမတ္မ်ား၏ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီး ဦးစိုးဝင္းထံ ေပးပို႔သည့္စာတြင္ေဖာ္ျပထားသည္။

ဥေရာပသမဂၢက G-20 ႏွင့္ပဲရစ္ကလပ္ႏိုင္ငံမ်ားၾကား ေခ်းေငြမ်ား ျပန္လည္ေပးဆပ္ရမည့္အခ်ိန္ ဆိုင္းငံ့ျခင္း သေဘာတူညီခ်က္ကို လိုက္နာၿပီး ျမန္မာႏိုင္ငံအတြက္ ယခုလို ဆိုင္းငံ့ေပးလိုက္ျခင္းျဖစ္သည္ ဟုဆိုသည္။

ေဒၚလာ ၉၈ သန္းတြင္ ၂၀၂၀ ေမလမွ ဒီဇင္ဘာလအထိ အတိုးႏွင့္အရင္းေပးဆပ္ရမည့္ ပမာဏျဖစ္ၿပီး ျမန္မာႏိုင္ငံက ထိုကာလအတြင္း ေပးရမည့္ အတိုးႏွင့္အရင္း စုစုေပါင္း ၂၀ ရာခိုင္ႏႈန္းရွိသည္ဟုဆိုသည္။

ထိုေခ်းေငြဆိုင္းငံ့ျခင္းကို ဩစေၾတးလ်၊ ဖင္္လန္၊ ျပင္သစ္၊ ဂ်ာမဏီ၊ ပိုလန္ႏွင့္ ဥေရာပသမဂၢ သံအမတ္တို႔ကလက္မွတ္ေရးထိုးၿပီး စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မူဝန္ႀကီး ဦးစိုးဝင္းထံ ဇူလႈိင္ ၁ ရက္တြင္ ေပးပို႔ျခင္းျဖစ္သည္။

Covid-19 ေၾကာင့္ စီးပြားေရးထိခိုက္မႈရွိသည့္ ျမန္မာအပါအဝင္ ဖြံ႕ၿဖိဳးမႈနည္းပါးသည့္ႏိုင္ငံမ်ားအတြက္ G-20 ႏိုင္ငံမ်ား၏ ေခ်းေငြမ်ား ျပန္လည္ေပးဆပ္ရမည့္အခ်ိန္ကို ယခုႏွစ္ကုန္အထိ ယာယီဆိုင္းငံ့မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာဥေရာပသမဂၢသံအမတ္ကေျပာသည္။

ျမန္မာႏိုင္ငံမွ ျပန္လည္ထြက္ခြာေတာ့မည့္ ျမန္မာႏိုင္ငံဆိုင္ရာ ဉေရာပသမဂၢသံအမတ္ႀကီး မစၥတာ Kristian Schmidtက ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကို Video Conferencingျဖင့္ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ျခင္းျဖစ္သည္ဟု အဆိုပါဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

G-20 ႏိုင္ငံမ်ားမွာ အာဂ်င္တီးနား၊ ဩစေၾတးလ်၊ ဘရာဇီး၊ ကေနဒါ၊ တ႐ုတ္၊ ျပင္သစ္၊ ဂ်ာမဏီ၊ အႏၵိယ၊ အင္ဒိုနီးရွား၊ အီတလီ၊ ဂ်ပန္၊ ကိုရီးယား၊ မကၠစီကို၊႐ုရွား၊ ေဆာ္ဒီအာေရးဗီးယား၊ ေတာင္အာဖရိက၊ တူရကီ၊ ၿဗိတိန္၊ အေမရိကန္ႏွင့္ ဥေရာပသမဂၢတို႔ျဖစ္သည္။

ျမန္မာႏိုင္ငံက ေႂကြးၿမီယူရာတြင္ ဂ်ပန္၊ ဩစႀတီးယား၊ ဖင္လန္၊ ျပင္သစ္၊ဂ်ာမဏီ၊ နယ္သာလန္၊ တ႐ုတ္၊ အိႏၵိယ၊ ကိုရီးယား၊ ေဆာ္ဒီ၊ ထိုင္း၊ ဆာဗီးယားႏွင့္ ပိုလန္ႏိုင္ငံတို႔မွ ျဖစ္သည္။

ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား အေနျဖင့္ အာရွဖြံၿဖိဳးေရးဘဏ္(ADB)၊ ကမာၻ႔ဘဏ္၏ အျပည္ျပည္ဆိုင္ရာဖြံၿဖိဳးေရး အသင္း(IDA)၊ IFADႏွင့္ OPEC တို႔မွျဖစ္သည္။ ‌

လက္ရွိတြင္ ျမန္မာႏိုင္ငံ၏ အေႂကြးသည္ ေဒၚလာ ၁၀ ဘီလီယံေက်ာ္ရွိၿပီး ၎အနက္မွ ထက္ဝက္ေက်ာ္ကို တ႐ုတ္တစ္ႏိုင္ငံထဲမွ ရယူထားျခင္းျဖစ္သည္။ လက္ရွိအစိုးရလက္ထက္တြင္ တ႐ုတ္ႏိုင္ငံ၏ ေခ်းေငြသည္ အတိုးႏႈန္းျမင့္မားျခင္းေၾကာင့္ ရယူျခင္းမရွိဘဲ ယခင္အစိုးရမ်ားကယူထားသည့္ ေခ်းေငြမ်ားကိုႏွစ္အလိုက္ ျပန္လည္ေပးဆပ္ေနရျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
CarsDB
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service