ချက်သမ္မတနိုင်ငံတွင် COVID-19 အား နှုတ်ဆက်ပွဲကျင်းပ

ချက်သမ္မတနိုင်ငံတွင် COVID-19 အား နှုတ်ဆက်ပွဲကျင်းပ - Property News in Myanmar from iMyanmarHouse.com
2 Jul 2020 10:34 am တွင် တင်ခဲ့သည်
634 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် ပြီးဆုံးမည့်အရိပ်အရောင်ပင် မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယခုသီတင်းပတ်တွင် ကြေညာခဲ့သော်လည်း ချက်သမ္မတနိုင်ငံတွင်မူ ထိုဗိုင်းရပ်စ်ကို နှုတ်ဆက်ခွဲခွါသည့် အထိမ်းအမှတ်အဖြစ် ပါတီပွဲတစ်ခုကျင်းပလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဇွန် ၃၀ တွင် မြို့တော်ပရက်ဂ်ရှိ ချားလ်စ်တံတားပေါ်၌ လူထောင်နှင့်ချီက ပေ ၅၀၀ မီတာ (၁,၆၄၀ ပေ) ရှည်လျားသော စားပွဲတန်းရှည်ကြီးတွင် ထိုင်၍ သူတို့အိမ်များမှ ယူဆောင်လာကြသော စားသောက်ဖွယ်ရာများကို ဝေမျှစားသုံးခဲ့ကြသည်။

ဧည့်သည်များအကြား social distancing (ရောဂါပိုးမကူးစက်နိုင်စေရန် စိတ်ချရသည့်အကွာအဝေးတစ်ခုခြား၍ နေထိုင်ပြောဆိုဆက်ဆံခြင်း) လုံးလုံးလျားလျားမရှိခဲ့ပေ။

လူဦးရေ ၁၀ သန်း ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော ချက်သမ္မတနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေသည် ၁၂,၀၀၀ သို့ ချဉ်းကပ်လာပြီဖြစ်ကာ ၎င်းဗိုင်းရပ်စ်ကြောင့် ၃၅၀ ဦးခန့် သေဆုံးခဲ့ပြီဖြစ်သည်။

ချစ်စရာကောင်းသည်ဟု ကျော်ကြားသော မြို့တော်ပရက်ဂ်တွင် နိုင်ငံခြားသားခရီးသွားမရှိသဖြင့် ထိုပွဲကို ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြို့တော်အတွင်း ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်လှစ်ထားသော၊ ထိုပွဲကို စီစဉ်သူ Ondrej Kobza က ပြောကြားခဲ့သည်။

ပွဲစီစဉ်သူက “ကျွန်တော်တို့က လူတွေကို မျက်နှာချင်းဆိုင်ရင်းရင်းနှီးနှီးလွတ်လွတ်လပ်လပ်တွေ့ဆုံစေပြီး အဲဒီအတွက် သူတို့မကြောက်ကြဘူး၊ အနားမှရှိတဲ့လူဆီကနေ မုန့်နည်းနည်းလောက် ယူစားဖို့ကိုလည်း မကြောက်ကြဘူးဆိုတာကို ပြပြီး ဒီဗိုင်းရပ်စ်အကျပ်အတည်းပြီးဆုံးမှုကို အောင်ပွဲခံချင်တာပါ။” ဟု အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ထိုင်စရာနေရာများမှာ သီးသန့်ဖယ်ခိုင်းခဲ့ကြရခြင်းဖြစ်ပြီး ကြိုတင်ယူသူများဖြင့် ပြည့်ခဲ့သည်။

ပွဲသို့တက်ရောက်လာသူတစ်ဦးဖြစ်သည့် Galina Khomchenko-Krejcikova က သူမသည် ၎င်းပွဲကျင်းပမည့်အကြောင်းကို ဖေ့စ်ဘွတ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စိတ်ဝင်စားစရာကောင်းမည်ဟု ထင်ခဲ့ကြောင်း ပြောပြခဲ့သည်။

“ကျွန်မက အခုလေးတင်ညဆိုင်းဆင်းပြီးထားတာမို့ ဘာမှမပြင်ဆင်လာခဲ့ရဘူး။ အိမ်မှာရှိတဲ့ ဝိုင်နဲ့အဆာပြေမုန့်တွေတော့ ယူလာခဲ့တယ်။” ဟုလည်း သူမက ပြောပြခဲ့သည်။

ချက်သမ္မတနိုင်ငံသည် lockdown ကို မြန်မြန်ဆန်ဆန်ချမှတ်ခဲ့ပြီး ကပ်ရောဂါဖြစ်ပွားမှုအား အဆိုးရွားဆုံးအခြေအနေသို့ မရောက်ရှိအောင် စီမံလိုက်နိုင်သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် အစိုးရက လူဦးရေ ၁,၀၀၀ အထိ စုဝေးခွင့်ပြုခဲ့ပြီဖြစ်သည်။ ယခုအခါ ရေကူးကန်များ၊ ပြတိုက်များ၊ တိရစ္ဆာန်ရုံများနှင့် ရဲတိုက်များသည် လာရောက်လည်ပတ်သူအရေအတွက် ကန့်သတ်ချက်မရှိတော့ဘဲ ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus: Czechs hold 'farewell party' for pandemic (BBC)

 

[Zawgyi]

ခ်က္သမၼတႏိုင္ငံတြင္ COVID-19 အား ႏႈတ္ဆက္ပြဲက်င္းပ

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါသည္ ၿပီးဆုံးမည့္အရိပ္အေရာင္ပင္ မရွိေသးေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ယခုသီတင္းပတ္တြင္ ေၾကညာခဲ့ေသာ္လည္း ခ်က္သမၼတႏိုင္ငံတြင္မူ ထိုဗိုင္းရပ္စ္ကို ႏႈတ္ဆက္ခြဲခြါသည့္ အထိမ္းအမွတ္အျဖစ္ ပါတီပြဲတစ္ခုက်င္းပလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

ဇြန္ ၃၀ တြင္ ၿမိဳ႕ေတာ္ပရက္ဂ္ရွိ ခ်ားလ္စ္တံတားေပၚ၌ လူေထာင္ႏွင့္ခ်ီက ေပ ၅၀၀ မီတာ (၁,၆၄၀ ေပ) ရွည္လ်ားေသာ စားပြဲတန္းရွည္ႀကီးတြင္ ထိုင္၍ သူတို႔အိမ္မ်ားမွ ယူေဆာင္လာၾကေသာ စားေသာက္ဖြယ္ရာမ်ားကို ေဝမွ်စားသုံးခဲ့ၾကသည္။

ဧည့္သည္မ်ားအၾကား social distancing (ေရာဂါပိုးမကူးစက္ႏိုင္ေစရန္ စိတ္ခ်ရသည့္အကြာအေဝးတစ္ခုျခား၍ ေနထိုင္ေျပာဆိုဆက္ဆံျခင္း) လုံးလုံးလ်ားလ်ားမရွိခဲ့ေပ။

လူဦးေရ ၁၀ သန္း ရွိသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေသာ ခ်က္သမၼတႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရသည္ ၁၂,၀၀၀ သို႔ ခ်ဥ္းကပ္လာၿပီျဖစ္ကာ ၎ဗိုင္းရပ္စ္ေၾကာင့္ ၃၅၀ ဦးခန႔္ ေသဆုံးခဲ့ၿပီျဖစ္သည္။

ခ်စ္စရာေကာင္းသည္ဟု ေက်ာ္ၾကားေသာ ၿမိဳ႕ေတာ္ပရက္ဂ္တြင္ ႏိုင္ငံျခားသားခရီးသြားမရွိသျဖင့္ ထိုပြဲကို က်င္းပႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ၿမိဳ႕ေတာ္အတြင္း ေကာ္ဖီဆိုင္တစ္ဆိုင္ဖြင့္လွစ္ထားေသာ၊ ထိုပြဲကို စီစဥ္သူ Ondrej Kobza က ေျပာၾကားခဲ့သည္။

ပြဲစီစဥ္သူက “ကြၽန္ေတာ္တို႔က လူေတြကို မ်က္ႏွာခ်င္းဆိုင္ရင္းရင္းႏွီးႏွီးလြတ္လြတ္လပ္လပ္ေတြ႕ဆုံေစၿပီး အဲဒီအတြက္ သူတို႔မေၾကာက္ၾကဘူး၊ အနားမွရွိတဲ့လူဆီကေန မုန႔္နည္းနည္းေလာက္ ယူစားဖို႔ကိုလည္း မေၾကာက္ၾကဘူးဆိုတာကို ျပၿပီး ဒီဗိုင္းရပ္စ္အက်ပ္အတည္းၿပီးဆုံးမႈကို ေအာင္ပြဲခံခ်င္တာပါ။” ဟု ေအအက္ဖ္ပီသတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

ထိုင္စရာေနရာမ်ားမွာ သီးသန႔္ဖယ္ခိုင္းခဲ့ၾကရျခင္းျဖစ္ၿပီး ႀကိဳတင္ယူသူမ်ားျဖင့္ ျပည့္ခဲ့သည္။

ပြဲသို႔တက္ေရာက္လာသူတစ္ဦးျဖစ္သည့္ Galina Khomchenko-Krejcikova က သူမသည္ ၎ပြဲက်င္းပမည့္အေၾကာင္းကို ေဖ့စ္ဘြတ္တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး စိတ္ဝင္စားစရာေကာင္းမည္ဟု ထင္ခဲ့ေၾကာင္း ေျပာျပခဲ့သည္။

“ကြၽန္မက အခုေလးတင္ညဆိုင္းဆင္းၿပီးထားတာမို႔ ဘာမွမျပင္ဆင္လာခဲ့ရဘူး။ အိမ္မွာရွိတဲ့ ဝိုင္နဲ႔အဆာေျပမုန႔္ေတြေတာ့ ယူလာခဲ့တယ္။” ဟုလည္း သူမက ေျပာျပခဲ့သည္။

ခ်က္သမၼတႏိုင္ငံသည္ lockdown ကို ျမန္ျမန္ဆန္ဆန္ခ်မွတ္ခဲ့ၿပီး ကပ္ေရာဂါျဖစ္ပြားမႈအား အဆိုး႐ြားဆုံးအေျခအေနသို႔ မေရာက္ရွိေအာင္ စီမံလိုက္ႏိုင္သည္။

ၿပီးခဲ့သည့္သီတင္းပတ္တြင္ အစိုးရက လူဦးေရ ၁,၀၀၀ အထိ စုေဝးခြင့္ျပဳခဲ့ၿပီျဖစ္သည္။ ယခုအခါ ေရကူးကန္မ်ား၊ ျပတိုက္မ်ား၊ တိရစာၦန္႐ုံမ်ားႏွင့္ ရဲတိုက္မ်ားသည္ လာေရာက္လည္ပတ္သူအေရအတြက္ ကန႔္သတ္ခ်က္မရွိေတာ့ဘဲ ဖြင့္လွစ္ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus: Czechs hold 'farewell party' for pandemic (BBC)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service