မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က မြန်မာကို ချေးငွေ သန်း ၂၀၀ ပေး

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က မြန်မာကို ချေးငွေ သန်း ၂၀၀ ပေး - Property News in Myanmar from iMyanmarHouse.com
30 Jun 2020 10:42 am တွင် တင်ခဲ့သည်
1707 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေး စီမံကိန်းအကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ချေးငွေ ဒေါ်လာသန်း ၂၀၀ ကို ပေးအပ်ရန် သဘောတူလိုက်ကြောင်း ထုတ်ပြန်သည်။

မြန်မာ့စိုက်ပျိုးမွေးမြူရေးကဏ္ဍရှိ တောင်သူလယ်သမားများ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ရေးနှင့် သီးနှံမျိုးစုံ စိုက်ပျိုးနိုင်ရေးနှင့် ဈေးကွက်ချိတ်ဆက်နိုင်မှုအားကောင်းစေရေးအတွက်ဖြစ်သည်ဟု ကမ္ဘာဘဏ်ကဆိုသည်။

ထိုချေးငွေသည် မြေယာအနည်းငယ်ပိုင်ဆိုင်သော လယ်သမားများ၊ အမျိုးသမီးများနှင့် အခြားအားနည်းသော အုပ်စုများကို အထူးအလေးပေးမည်ဟုကမ္ဘာ့ဘဏ်က ဆိုသည်။ထိုချေးငွေကို ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအသင်း(IDA)က ချေးပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က စီးပွားရေးတိုးတက်နှုန်းကို ၆ ဒဿမ ၈ ရာခိုင်နှုန်းခန့်မှန်းခဲ့သော်လည်း COVID-19 ကြောင့် ၀ ဒသမ ၅ ရာခိုင်နှုန်းသို့ပြောင်းလဲခန့်မှန်းခဲ့သည်။ ထပ်မံကျဆင်းရန် အန္တရာယ်စိန်ခေါ်မှုများလည်းရှိနေဆဲဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။

COVID အလွန် နိုင်ငံပြန်လည်ထူထောင်ရေးတွင် စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးကို ထိပါးနိုင်သည့် အန္တရာယ်များအား အသိပညာပေးနိုင်ရန် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုပြီး စိုက်ပျိုးမွေးမြူရေးပညာပေးလုပ်ငန်းများ တိုးချဲ့ဖော်ဆောင်ရန်၊ ထုတ်ကုန်များရောင်းဝယ်ခြင်း၊ ငွေပေး ငွေယူကိစ္စများ အွန်လိုင်းအသုံး ပြုဆောင်ရွက်မည့်နည်းလမ်းများ ဖော်ထုတ်ခြင်း၊ စိုက်ပျိုးမွေးမြူ ရေးသုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်ရန်နှင့် လယ်သမားများဈေးကွက် ချိတ်ဆက်နိုင်ရေးကို ကူညီပေးမည် ဖြစ်သည်။စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် သွင်းအားစုများ၏ အရည်အသွေးနှင့် အသုံးချမှုတိုးတက် စေခြင်း၊ ကပ်ဘေးကြောင့် နိုင်ငံရပ်ခြားတွင် အလုပ်အကိုင်ဆုံးရှုံး ပြီး နေရပ်ပြန်သည့် ရွှေ့ပြောင်းလုပ်သားများအား အလုပ်အကိုင် ဖန်တီးပေးခြင်းဖြင့် လယ်သမား များ ဝင်ငွေရရှိစေရေးတို့ကိုလည်း အထောက်အကူပြုနိုင်ရန် ရည်ရွယ်ထားသည်။

COVID-19 ရောဂါကြောင့် သုံးလမှ ခြောက်လအထိ ဝင်ငွေကျဆင်းနေမည်ဆိုလျှင် စိုက်ပျိုး မွေးမြူရေး လုပ်ကိုင်နေသည့် ဆင်းရဲနွမ်းပါးသည့် လူဦးရေ နှစ်သန်းမှ လေးသန်းအထိ တိုးပွားလာနိုင်သည်ဟု ကမ္ဘာ့ဘဏ် ၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ ဌာနေညွှန်ကြားရေးမှူး မစ္စမာရီယမ်ရှာမန်က ပြောသည်။

ကမ္ဘာ့ဘဏ်၏ ချေးငွေက တောင်သူ ၅၆၀,၀၀၀ ခန့်ကို အကျိုးခံစားခွင့် ရရှိစေမည်ဖြစ် သည်။ စိုက်ပျိုးမွေးမြူရေး ကဏ္ဍသည် နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်း နီးပါး၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံစီးပွား ရေးနှင့် ပို့ကုန်ကဏ္ဍတွင် ၃၀ ရာ ခိုင်နှုန်းခန့် ပါဝင်သည်။

ကျေးလက်နေ လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေး မြူရေးကဏ္ဍတွင် ဝင်ရောက်လုပ် ကိုင်နေသည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]










 



 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service