COVID-19 ကြောင့် ဇွန် ၁ မှ ၂၇ အတွင်း ၂၄နာရီတိုင်း လူ ၄,၇၀၀ ကျော် သေဆုံးခဲ့ (သေဆုံးသူ သန်းဝက်နှင့် ကူးစက်ခံရသူ ၁၀ သန်းကျော်လာ)

COVID-19 ကြောင့် ဇွန် ၁ မှ ၂၇ အတွင်း ၂၄နာရီတိုင်း လူ ၄,၇၀၀ ကျော် သေဆုံးခဲ့ (သေဆုံးသူ သန်းဝက်နှင့် ကူးစက်ခံရသူ ၁၀ သန်းကျော်လာ) - Property News in Myanmar from iMyanmarHouse.com
29 Jun 2020 10:52 am တွင် တင်ခဲ့သည်
720 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဇွန် ၁ မှ ၂၇ အတွင်း ပျမ်းမျှအားဖြင့် ၂၄ နာရီတိုင်း လူ ၄,၇၀၀ ကျော် သေဆုံးခဲ့ကြောင်း၊ ယင်းမှာ တစ်နာရီလျှင် သေဆုံးသူ ၁၉၆ ဦး သို့မဟုတ် ၁၈ စက္ကန့်တိုင်း ၁ ဦးနှင့် ညီမျှကြောင်း ရိုက်တာသတင်းဌာန၏ တွက်ချက်မှုများအရ သိရသည်။

ကမ္ဘာကြီးသည် အကြီးအကျယ်ဖျက်ဆီးသော သမိုင်းမှတ်တိုင်တစ်ခုကို ရောက်ရှိခဲ့ပြီဖြစ်သည်။ ကမ္ဘာဂြိုဟ်တစ်ခုလုံးကို မွှေပစ်လိုက်သည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သေဆုံးသူဦးရေသည် ယမန်နေ့က (ဇွန် ၂၈) တွင် သန်းဝက် ကျော်သွားခဲ့ခြင်းဖြစ်သည်။

ဇွန် ၂၇ နေ့လည်အထိ ကမ္ဘာတစ်ဝန်း COVID-19 ကြောင့် သေဆုံးသူဦးရေသည် ၄၉၆,၀၇၅ ရှိခဲ့ရာမှ ဇွန် ၂၈ တွင် ၅၀၀,၀၀၀ ကျော်သွားခဲ့ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာဌာနက ထုတ်ပြန်ခဲ့သည်။

၎င်းသေဆုံးသူဦးရေတွင် လေးပုံတစ်ပုံကျော်ဖြစ်သော ၁၂၅,၀၀၀ ကျော်မှာ အမေရိကန်မှ ဖြစ်ပြီး အမေရိကန်သည် သေဆုံးသူဦးရေအများဆုံးနှင့် ကူးစက်ခံရသူဦးရေလည်း ၂ ဒသမ ၅ သန်းကျော်ဖြင့် အများဆုံးနိုင်ငံဖြစ်သည်။ သေဆုံးသူဒုတိယအများဆုံးနိုင်ငံမှာ အမေရိကန်၏ ထက်ဝက်နီးပါးဖြစ်သော အရေအတွက် ၅၆,၀၀၀ ဖြင့် ဘရာဇီးဖြစ်သည်။

ကမ္ဘာဂြိုဟ်ကြီးသည် နောက်ထပ်သိသာထင်ရှားသော မှတ်တိုင်တစ်ခုကိုလည်း တွေ့ကြုံခဲ့ရပြီဖြစ်သည်။ ၎င်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၁၀ သန်းပြည့်သွားခဲ့ခြင်းဖြစ်သည်။

ဇွန် ၂၇ ည‌နေအထိ ထိုဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေသည် ကမ္ဘာတစ်ဝန်း ၉ ဒသမ ၈၉ သန်းကျော်ခဲ့ရာမှ ၂၈ တွင် (ကူးစက်မှုအများဆုံးလေးနိုင်ငံ) အမေရိကန်၊ ဘရာဇီး၊ ရုရှား၊ အိန္ဒိယတို့မှ အများဆုံးတိုးလာခဲ့ပြီးနောက် ၁၀ သန်းကျော်သွားခဲ့ခြင်းဖြစ်သည်။ အမေရိကန်၊ ဘရာဇီးနှင့် ရုရှားပြီးလျှင် စတုတ္ထကူးစက်မှုအများဆုံးနိုင်ငံဖြစ်သော အိန္ဒိယတွင် နေ့စဉ်ကူးစက်မှုများ မြင့်တက်နေပြီး ဇွန် ၂၈ တစ်ရက်တည်းတွင် ၂ သောင်းနီးပါး တွေ့ရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ပြန်လည်ကောင်းမွန်လာသူဦးရေမှာလည်း ၅ သန်းကျော်သွားခဲ့ပြီဟု သိရသည်။

ကူးစက်မှုတစ်ခုတွေ့ရှိတိုင်း အခြားကူးစက်မှု ၁၀ ခုရှိလာခဲ့သည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ခန့်မှန်းခဲ့သည်။ ယင်းမှာ အမေရိကန်တစ်နိုင်ငံတည်း၌ပင် ကူးစက်ခံရသူပေါင်း သန်း ၂၀ ကျော်မည့် အဓိပ္ပါယ်ဖြစ်သည်။

အမေရိကန်တွင် stay-at-home ညွှန်ကြားချက်များ ချမှတ်ပြီး စီးပွားရေးများ ပိတ်ပစ်ခဲ့စဉ် ဧပြီနှောင်းပိုင်းအထိ ကူးစက်သူဦးရေ ၃၆,၀၀၀ ကျော်မှ တင်းကျပ်မှုများ စတင်ဖြေလျှော့ခဲ့သည့် ပြီးခဲ့သည့်လတွင် တစ်ရက်လျှင် ကူးစက်သူဦးရေ ၂၀,၀၀၀ နီးပါးသို့ တစ်ဟုန်ထိုးမြင့်တက်သွားခဲ့သည်။ ယခုသီတင်းပတ်တွင် အများဆုံးဖြစ်ကာ ဇွန် ၂၆ တစ်ရက်တည်းတွင် ကူးစက်သူဦးရေ ၄၅,၀၀၀ ကျော်ခဲ့သည်။

အမေရိကန်တွင် ကူးစက်မှုသစ်များဖြစ်ပွားနေသည့် ပြည်နယ်အများအပြား၌ စီးပွားရေးပြန်လည်ဖွင့်လှစ်မှုများကို ရပ်ထားလိုက်ပြီဖြစ်သည်။ တက္ကဆက်နှင့် ဖလော်ရီဒါပြည်နယ်နှစ်ခုစလုံးတွင် ဘားများကို ပြန်ပိတ်လိုက်ကြပြီဖြစ်သည်။

ထိုကပ်ရောဂါနှင့်ပတ်သက်၍ အမေရိကန်ဓာတ်မတည့်မှုနှင့်ကူးစက်ရောဂါများဆိုင်ရာဌာန၏ ညွှန်ကြားရေးမှူး ဒေါက်တာ အန်သိုနီဖာအူချီက “လူတွေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်စောင့်ရှောက်ဖို့ တာဝန်မယူကြသရွေ့ ကူးစက်မှုတွေ ဆက်ဖြစ်နေဦးမှာပါ။” ဟု သတိပေးပြောကြားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Worldwide coronavirus deaths pass 500,000 mark, Johns Hopkins University research shows (foxnews, cnet, reuters, npr)

 

[Zawgyi]

COVID-19 ေၾကာင့္ ဇြန္ ၁ မွ ၂၇ အတြင္း ၂၄နာရီတိုင္း လူ ၄,၇၀၀ ေက်ာ္ ေသဆုံးခဲ့ (ေသဆုံးသူ သန္းဝက္ႏွင့္ ကူးစက္ခံရသူ ၁၀ သန္းေက်ာ္လာ)

ဇြန္ ၁ မွ ၂၇ အတြင္း ပ်မ္းမွ်အားျဖင့္ ၂၄ နာရီတိုင္း လူ ၄,၇၀၀ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း၊ ယင္းမွာ တစ္နာရီလွ်င္ ေသဆုံးသူ ၁၉၆ ဦး သို႔မဟုတ္ ၁၈ စကၠန႔္တိုင္း ၁ ဦးႏွင့္ ညီမွ်ေၾကာင္း ႐ိုက္တာသတင္းဌာန၏ တြက္ခ်က္မႈမ်ားအရ သိရသည္။

ကမာၻႀကီးသည္ အႀကီးအက်ယ္ဖ်က္ဆီးေသာ သမိုင္းမွတ္တိုင္တစ္ခုကို ေရာက္ရွိခဲ့ၿပီျဖစ္သည္။ ကမာၻၿဂိဳဟ္တစ္ခုလုံးကို ေမႊပစ္လိုက္သည့္ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူဦးေရသည္ ယမန္ေန႔က (ဇြန္ ၂၈) တြင္ သန္းဝက္ ေက်ာ္သြားခဲ့ျခင္းျဖစ္သည္။

ဇြန္ ၂၇ ေန႔လည္အထိ ကမာၻတစ္ဝန္း COVID-19 ေၾကာင့္ ေသဆုံးသူဦးေရသည္ ၄၉၆,၀၇၅ ရွိခဲ့ရာမွ ဇြန္ ၂၈ တြင္ ၅၀၀,၀၀၀ ေက်ာ္သြားခဲ့ၿပီျဖစ္ေၾကာင္း ဂြၽန္ေဟာ့ကင္းတကၠသိုလ္၏ ကို႐ိုနာဗိုင္းရပ္စ္ဆိုင္ရာဌာနက ထုတ္ျပန္ခဲ့သည္။

၎ေသဆုံးသူဦးေရတြင္ ေလးပုံတစ္ပုံေက်ာ္ျဖစ္ေသာ ၁၂၅,၀၀၀ ေက်ာ္မွာ အေမရိကန္မွ ျဖစ္ၿပီး အေမရိကန္သည္ ေသဆုံးသူဦးေရအမ်ားဆုံးႏွင့္ ကူးစက္ခံရသူဦးေရလည္း ၂ ဒသမ ၅ သန္းေက်ာ္ျဖင့္ အမ်ားဆုံးႏိုင္ငံျဖစ္သည္။ ေသဆုံးသူဒုတိယအမ်ားဆုံးႏိုင္ငံမွာ အေမရိကန္၏ ထက္ဝက္နီးပါးျဖစ္ေသာ အေရအတြက္ ၅၆,၀၀၀ ျဖင့္ ဘရာဇီးျဖစ္သည္။

ကမာၻၿဂိဳဟ္ႀကီးသည္ ေနာက္ထပ္သိသာထင္ရွားေသာ မွတ္တိုင္တစ္ခုကိုလည္း ေတြ႕ႀကဳံခဲ့ရၿပီျဖစ္သည္။ ၎မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရ ၁၀ သန္းျပည့္သြားခဲ့ျခင္းျဖစ္သည္။

ဇြန္ ၂၇ ည‌ေနအထိ ထိုဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရသည္ ကမာၻတစ္ဝန္း ၉ ဒသမ ၈၉ သန္းေက်ာ္ခဲ့ရာမွ ၂၈ တြင္ (ကူးစက္မႈအမ်ားဆုံးေလးႏိုင္ငံ) အေမရိကန္၊ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယတို႔မွ အမ်ားဆုံးတိုးလာခဲ့ၿပီးေနာက္ ၁၀ သန္းေက်ာ္သြားခဲ့ျခင္းျဖစ္သည္။ အေမရိကန္၊ ဘရာဇီးႏွင့္ ႐ုရွားၿပီးလွ်င္ စတုတၳကူးစက္မႈအမ်ားဆုံးႏိုင္ငံျဖစ္ေသာ အိႏၵိယတြင္ ေန႔စဥ္ကူးစက္မႈမ်ား ျမင့္တက္ေနၿပီး ဇြန္ ၂၈ တစ္ရက္တည္းတြင္ ၂ ေသာင္းနီးပါး ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ကမာၻ႔ျပန္လည္ေကာင္းမြန္လာသူဦးေရမွာလည္း ၅ သန္းေက်ာ္သြားခဲ့ၿပီဟု သိရသည္။

ကူးစက္မႈတစ္ခုေတြ႕ရွိတိုင္း အျခားကူးစက္မႈ ၁၀ ခုရွိလာခဲ့သည္ဟု ၿပီးခဲ့သည့္သီတင္းပတ္တြင္ အေမရိကန္ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနက ခန႔္မွန္းခဲ့သည္။ ယင္းမွာ အေမရိကန္တစ္ႏိုင္ငံတည္း၌ပင္ ကူးစက္ခံရသူေပါင္း သန္း ၂၀ ေက်ာ္မည့္ အဓိပၸါယ္ျဖစ္သည္။

အေမရိကန္တြင္ stay-at-home ၫႊန္ၾကားခ်က္မ်ား ခ်မွတ္ၿပီး စီးပြားေရးမ်ား ပိတ္ပစ္ခဲ့စဥ္ ဧၿပီေႏွာင္းပိုင္းအထိ ကူးစက္သူဦးေရ ၃၆,၀၀၀ ေက်ာ္မွ တင္းက်ပ္မႈမ်ား စတင္ေျဖေလွ်ာ့ခဲ့သည့္ ၿပီးခဲ့သည့္လတြင္ တစ္ရက္လွ်င္ ကူးစက္သူဦးေရ ၂၀,၀၀၀ နီးပါးသို႔ တစ္ဟုန္ထိုးျမင့္တက္သြားခဲ့သည္။ ယခုသီတင္းပတ္တြင္ အမ်ားဆုံးျဖစ္ကာ ဇြန္ ၂၆ တစ္ရက္တည္းတြင္ ကူးစက္သူဦးေရ ၄၅,၀၀၀ ေက်ာ္ခဲ့သည္။

အေမရိကန္တြင္ ကူးစက္မႈသစ္မ်ားျဖစ္ပြားေနသည့္ ျပည္နယ္အမ်ားအျပား၌ စီးပြားေရးျပန္လည္ဖြင့္လွစ္မႈမ်ားကို ရပ္ထားလိုက္ၿပီျဖစ္သည္။ တကၠဆက္ႏွင့္ ဖေလာ္ရီဒါျပည္နယ္ႏွစ္ခုစလုံးတြင္ ဘားမ်ားကို ျပန္ပိတ္လိုက္ၾကၿပီျဖစ္သည္။

ထိုကပ္ေရာဂါႏွင့္ပတ္သက္၍ အေမရိကန္ဓာတ္မတည့္မႈႏွင့္ကူးစက္ေရာဂါမ်ားဆိုင္ရာဌာန၏ ၫႊန္ၾကားေရးမႉး ေဒါက္တာ အန္သိုနီဖာအူခ်ီက “လူေတြ ကိုယ့္ကိုယ္ကိုယ္ကာကြယ္ေစာင့္ေရွာက္ဖို႔ တာဝန္မယူၾကသေ႐ြ႕ ကူးစက္မႈေတြ ဆက္ျဖစ္ေနဦးမွာပါ။” ဟု သတိေပးေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Worldwide coronavirus deaths pass 500,000 mark, Johns Hopkins University research shows (foxnews, cnet, reuters, npr)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service