Big Bang Theory ရုပ်သံအစီအစဉ်ဖြင့် ကမ္ဘာကျော်သည့် အိန္ဒိယသရုပ်ဆောင် ကူနဲလ် နေယာ၏ ဟောလိဝုဒ်ဟေးလ်စံအိမ် ရောင်းချမည်

Big Bang Theory ရုပ်သံအစီအစဉ်ဖြင့် ကမ္ဘာကျော်သည့် အိန္ဒိယသရုပ်ဆောင် ကူနဲလ် နေယာ၏ ဟောလိဝုဒ်ဟေးလ်စံအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
26 Jun 2020 12:52 pm တွင် တင်ခဲ့သည်
1105 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တည်နေရာ - ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးလ်

ဈေးနှုန်း- ကန်ဒေါ်လာ ၃ ဒသမ ၉၉၅ သန်း

အကျယ်အဝန်း- ၄၁၀၂ စတုရန်းပေ၊ အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ဒသမ ၅ ခန်း၊ အိပ်ခန်း ၁ ခန်းနှင့် ရေချိုးခန်း ၁ ခန်းစီပါသော ဧည့်ဂေဟာအိမ် ၂ လုံး

ကူနဲလ် နေယာသည် ဗြိတိန်နိုင်ငံဖွား အိန္ဒိယလူမျိုး ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး The Big Bang Theory ရုပ်သံအစီအစဉ် (၂၀၀၇-၂၀၁၉) တွင် ပါဝင်သရုပ်ဆောင်ခြင်းဖြင့် ကမ္ဘာသိလာသူ ဖြစ်သည်။

ဖော့ဘ်မဂ္ဂဇင်းကြီးက နေယာကို ကမ္ဘာ့ တတိယမြောက်သရုပ်ဆောင်ကြေးအမြင့်ဆုံး ရုပ်သံသရုပ်ဆောင်မင်းသားအဖြစ် ၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်တို့တွင် ဖော်ပြခဲ့ပြီး ထိုနှစ်များတွင် ဝင်ငွေ ကန်ဒေါ်လာ သန်း ၂၀ နှင့် ၂၃ ဒသမ ၅ သန်း အသီးသီး ရရှိခဲ့သည်ဟု ဆိုသည်။

နေယာသည် လန်ဒန်မြို့၊ ဟွန်စလိုအရပ်တွင် မွေးဖွားပြီး အိန္ဒိယမှ အခြေချသည့် မိဘများမှ မွေးဖွားခြင်းဖြစ်သည်။

အသက် ၄ နှစ်အရွယ်တွင် အိန္ဒိယသို့ မိသားစု ပြန်လည်ပြောင်းရွှေ့ခဲ့ကြပြီး နေယာမှာ နယူးဒေလီမြို့တွင် ကြီးပြင်းခဲ့သည်။

၁၉၉၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ခဲ့ကာ အော်ရီဂွန်ပြည်နယ်ရှိ University of Portland တွင် Bachelor of Business Administration တက်ရောက်သင်ယူခဲ့သည်။

ယင်းကာလအတွင်းတွင်ပင် သရုပ်ဆောင်ပညာအတန်းများ တက်ရောက်ခဲ့ပြီး ကျောင်းပြဇာတ်များတွင် ပါဝင်ခဲ့သည်။

ထို့နောက်ပိုင်း ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားရှိ Temple University တွင် သရုပ်ဆောင်ပညာသင်ယူခဲ့ကာ Master of Fine Arts ဖြင့် ကျောင်းပြီးခဲ့သည်။

ယခုအခါ ကူနဲလ် နေယာနှင့် ဇနီးဖြစ်သူ အိန္ဒိယ သရုပ်ဆောင်၊ မော်ဒယ်လ် နီဟာ ကပူးရ်တို့သည် လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးလ်အရပ်ရှိ နေအိမ်ကို ရောင်းချရန် စီစဉ်လာသည်။

“The Big Bang Theory” ရုပ်သံအစီအစဉ်တွင် ကာလတာရှည်ပါဝင်ခဲ့ပြီး သရုပ်ဆောင်ကြေး အမြင့်မားဆုံး ရုပ်သံသရုပ်ဆောင်များတွင် တစ်ဦး အပါအဝင်ဖြစ်သူ ကူနဲလ် နေယာနှင့် သူ၏ ဇနီးဖြစ်သူ အိန္ဒိယမယ်ဟောင်း (Miss India) ၊ ဖက်ရှင်ဒီဇိုင်နာ နီဟာ ကပူးရ်တို့သည် လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးလ်တွင် နာမည်ကျော် ကြယ်ပွင့်များ အခြေချကြရာ Nichols Canyon ဟူသော ဆိတ်ငြိမ်ရပ်ကွက် တွင် တည်ရှိသော ၎င်းတို့၏ နေအိမ်ကို ကန်ဒေါ်လာ ၄ သန်းခန့်ဖြင့် ရောင်းချရန် စီစဉ်လာသည်။

နေယာနှင့် ကပူးရ်တို့သည် ဟောလိဝုဒ်ဟေးလ်နေအိမ်ကို လွန်ခဲ့သော ၈ နှစ်ခွဲခန့်က ကန်ဒေါ်လာ ၂ ဒသမ ၈၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါစံအိမ်ကို ယခင်က ပိုင်ဆိုင်ခဲ့ဖူးသူများတွင် ၁၉၈၄ ခုနှစ်က ထုတ်လုပ်ခဲ့သည့် Amadeus ရုပ်ရှင်ဇာတ်ကားတွင် ရောမဧကရာဇ် Joseph II အဖြစ် သရုပ်ဆောင်ကာ နာမည်ကျော်ခဲ့သူ ဂျက်ဖရီ ဂျုန်းစ်လည်း ပါဝင်သည်။

လက်ရှိ ဈေးကွက်တင်ပေးသော Berkshire Hathaway မှ အကျိုးဆောင်များဖြစ်သည့် မားကပ်စ် ကန်တာနှင့် ခရစ္စတီး စိန့် ဂျိမ်းစ်တို့၏ ဈေးကွက်တင်မှု ဖော်ပြချက်အရ ဧကဝက်ကျော် ကျယ်ဝန်းသည့် ခြံဝန်းအတွင်း စံအိမ်၏ လူနေကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၄၁၀၀ ကျော်ရှိသည်။

၁၉၄၀ ပြည့်လွန် နှောင်းပိုင်းကာလများတွင် Hacienda ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့သည့် ပင်မစံအိမ်မှာ တစ်ထပ်အဆောက်အအုံဖြစ်ပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ဒသမ ၅ ခန်း ပါဝင်သည်။

အိပ်ခန်း ၁ ခန်းနှင့် ရေချိုးခန်း ၁ ခန်းစီပါသော ဧည့်ဂေဟာအိမ် ၂ လုံးလည်း ခြံဝန်းအတွင်း တည်ရှိသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kunal Nayyar, Neha Kapur List Secluded Hollywood Hills Compound (architecturaldigest)

 

[Zawgyi]

Big Bang Theory ရုပ္သံအစီအစဥ္ျဖင့္ ကမၻာေက်ာ္သည့္ အိႏိၵယသရုပ္ေဆာင္ ကူနဲလ္ ေနယာ၏ ေဟာလိဝုဒ္ေဟးလ္စံအိမ္ ေရာင္းခ်မည္

တည္ေနရာ - ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေဟာလိဝုဒ္ေဟးလ္

ေစ်းႏႈန္း- ကန္ေဒၚလာ ၃ ဒသမ ၉၉၅ သန္း

အက်ယ္အဝန္း- ၄၁၀၂ စတုရန္းေပ၊ အိပ္ခန္း ၃ ခန္း၊ ေရခ်ဳိးခန္း ၃ ဒသမ ၅ ခန္း၊ အိပ္ခန္း ၁ ခန္းႏွင့္ ေရခ်ဳိးခန္း ၁ ခန္းစီပါေသာ ဧည့္ေဂဟာအိမ္ ၂ လံုး

ကူနဲလ္ ေနယာသည္ ျဗိတိန္ႏိုင္ငံဖြား အိႏိၵယလူမ်ဳိး ရုပ္ရွင္သရုပ္ေဆာင္တစ္ဦးျဖစ္ျပီး The Big Bang Theory ရုပ္သံအစီအစဥ္ (၂၀၀၇-၂၀၁၉) တြင္ ပါဝင္သရုပ္ေဆာင္ျခင္းျဖင့္ ကမၻာသိလာသူ ျဖစ္သည္။

ေဖာ့ဘ္မဂၢဇင္းၾကီးက ေနယာကို ကမၻာ့ တတိယေျမာက္သရုပ္ေဆာင္ေၾကးအျမင့္ဆံုး ရုပ္သံသရုပ္ေဆာင္မင္းသားအျဖစ္ ၂၀၁၅ ႏွင့္ ၂၀၁၈ ခုႏွစ္တို႔တြင္ ေဖာ္ျပခဲ့ျပီး ထိုႏွစ္မ်ားတြင္ ဝင္ေငြ ကန္ေဒၚလာ သန္း ၂၀ ႏွင့္ ၂၃ ဒသမ ၅ သန္း အသီးသီး ရရွိခဲ့သည္ဟု ဆိုသည္။

ေနယာသည္ လန္ဒန္ျမိဳ႕၊ ဟြန္စလိုအရပ္တြင္ ေမြးဖြားျပီး အိႏိၵယမွ အေျခခ်သည့္ မိဘမ်ားမွ ေမြးဖြားျခင္းျဖစ္သည္။

အသက္ ၄ ႏွစ္အရြယ္တြင္ အိႏိၵယသို႔ မိသားစု ျပန္လည္ေျပာင္းေရႊ႕ခဲ့ၾကျပီး ေနယာမွာ နယူးေဒလီျမိဳ႕တြင္ ၾကီးျပင္းခဲ့သည္။

၁၉၉၉ ခုႏွစ္တြင္ အေမရိကန္ျပည္ေထာင္စုသို႔ ေျပာင္းေရႊ႕ခဲ့ကာ ေအာ္ရီဂြန္ျပည္နယ္ရွိ University of Portland တြင္ Bachelor of Business Administration တက္ေရာက္သင္ယူခဲ့သည္။

ယင္းကာလအတြင္းတြင္ပင္ သရုပ္ေဆာင္ပညာအတန္းမ်ား တက္ေရာက္ခဲ့ျပီး ေက်ာင္းျပဇာတ္မ်ားတြင္ ပါဝင္ခဲ့သည္။

ထို႔ေနာက္ပိုင္း ပန္ဆယ္လ္ေဗးနီးယားျပည္နယ္၊ ဖီလာဒဲလ္ဖီးယားရွိ Temple University တြင္ သရုပ္ေဆာင္ပညာသင္ယူခဲ့ကာ Master of Fine Arts ျဖင့္ ေက်ာင္းျပီးခဲ့သည္။

ယခုအခါ ကူနဲလ္ ေနယာႏွင့္ ဇနီးျဖစ္သူ အိႏိၵယ သရုပ္ေဆာင္၊ ေမာ္ဒယ္လ္ နီဟာ ကပူးရ္တို႔သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေဟာလိဝုဒ္ေဟးလ္အရပ္ရွိ ေနအိမ္ကို ေရာင္းခ်ရန္ စီစဥ္လာသည္။

“The Big Bang Theory” ရုပ္သံအစီအစဥ္တြင္ ကာလတာရွည္ပါဝင္ခဲ့ျပီး သရုပ္ေဆာင္ေၾကး အျမင့္မားဆံုး ရုပ္သံသရုပ္ေဆာင္မ်ားတြင္ တစ္ဦး အပါအဝင္ျဖစ္သူ ကူနဲလ္ ေနယာႏွင့္ သူ၏ ဇနီးျဖစ္သူ အိႏိၵယမယ္ေဟာင္း (Miss India) ၊ ဖက္ရွင္ဒီဇိုင္နာ နီဟာ ကပူးရ္တို႔သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေဟာလိဝုဒ္ေဟးလ္တြင္ နာမည္ေက်ာ္ ၾကယ္ပြင့္မ်ား အေျခခ်ၾကရာ Nichols Canyon ဟူေသာ ဆိတ္ျငိမ္ရပ္ကြက္ တြင္ တည္ရွိေသာ ၎တို႔၏ ေနအိမ္ကို ကန္ေဒၚလာ ၄ သန္းခန္႔ျဖင့္ ေရာင္းခ်ရန္ စီစဥ္လာသည္။

ေနယာႏွင့္ ကပူးရ္တို႔သည္ ေဟာလိဝုဒ္ေဟးလ္ေနအိမ္ကို လြန္ခဲ့ေသာ ၈ ႏွစ္ခြဲခန္႔က ကန္ေဒၚလာ ၂ ဒသမ ၈၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အဆိုပါစံအိမ္ကို ယခင္က ပိုင္ဆိုင္္ခဲ့ဖူးသူမ်ားတြင္ ၁၉၈၄ ခုႏွစ္က ထုတ္လုပ္ခဲ့သည့္ Amadeus ရုပ္ရွင္ဇာတ္ကားတြင္ ေရာမဧကရာဇ္ Joseph II အျဖစ္ သရုပ္ေဆာင္ကာ နာမည္ေက်ာ္ခဲ့သူ ဂ်က္ဖရီ ဂ်ဳန္းစ္လည္း ပါဝင္သည္။

လက္ရွိ ေစ်းကြက္တင္ေပးေသာ Berkshire Hathaway မွ အက်ဳိးေဆာင္မ်ားျဖစ္သည့္ မားကပ္စ္ ကန္တာႏွင့္ ခရစၥတီး စိန္႔ ဂ်ိမ္းစ္တို႔၏ ေစ်းကြက္တင္မႈ ေဖာ္ျပခ်က္အရ ဧကဝက္ေက်ာ္ က်ယ္ဝန္းသည့္ ျခံဝန္းအတြင္း စံအိမ္၏ လူေနၾကမ္းခင္းဧရိယာမွာ စတုရန္းေပ ၄၁၀၀ ေက်ာ္ရွိသည္။

၁၉၄၀ ျပည့္လြန္ ေႏွာင္းပိုင္းကာလမ်ားတြင္ Hacienda ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ခဲ့သည့္ ပင္မစံအိမ္မွာ တစ္ထပ္အေဆာက္အအံုျဖစ္ျပီး အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ဒသမ ၅ ခန္း ပါဝင္သည္။

အိပ္ခန္း ၁ ခန္းႏွင့္ ေရခ်ဳိးခန္း ၁ ခန္းစီပါေသာ ဧည့္ေဂဟာအိမ္ ၂ လံုးလည္း ျခံဝန္းအတြင္း တည္ရွိသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kunal Nayyar, Neha Kapur List Secluded Hollywood Hills Compound (architecturaldigest)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service