ကိုဗစ်-၁၉ က မြန်မာစီးပွားရေးပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

ကိုဗစ်-၁၉ က မြန်မာစီးပွားရေးပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို - Property News in Myanmar from iMyanmarHouse.com
26 Jun 2020 12:33 pm တွင် တင်ခဲ့သည်
1575 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၂၀ ကိုဗစ် - ၁၉ ကမ္ဘာ့ ကပ်ရောဂါသည် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ရပ် ဖြစ်ကြောင်း ဇွန်၂၅ ရက်တွင် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယေဘုယျ ခန့်မှန်း အခြေအနေ (Baseline Scenario) အရ ၂၀၁၈/၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာ့စီးပွားရေး နှုန်း သည် ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၉/ ၂၀ ဘဏ္ဍာနှစ်တွင် ဝဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းသည် ။

အကယ်၍ ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေပါက စီးပွားရေးသည် ၂၀၁၉/ ၂၀ ဘဏ္ဍာနှစ်တွင် ၂ဒသမ၅ရာခိုင်နှုန်း ကျဆင်းသွားမည်ဟုဆိုသည်။၂၀၂၀/၂၁ ဘဏ္ဍာနှစ်မှသာ ပြန်လည်နလံထူလာမည်ဟုဆိုသည်။ သို့သော်လည်း ထိခိုက်နိုင်ဖွယ် အန္တရာယ်များနေသေးသည်။

စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးမည်ဆိုလျှင် မြန်မာနိုင်ငံအနေဖြင့် လတ်တလော အောင်မြင်မှုများ ရရှိလျက်ရှိသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ တိုးတက်မှုများကို ထိခိုက်စေမည်ဖြစ်သည်။

အိမ်ထောင်စုများအား ပိုမိုဆင်းရဲတွင်းနှက်စေမည်ဟု ခန့်မှန်းထားသည်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ မှုကို ထိန်းချုပ်ထားနိုင်သည်ဟူသော ယေဘုယျ ခန့်မှန်းအခြေအနေ (Baseline Scenario) အရ ကမ္ဘာ့စီးပွားရေး ပြန်လည် ဦးမော့လာမည်ဆိုပါက မြန်မာနိုင်ငံ၏ GDP တိုးတက်နှုန်းသည် ၂၀၂၀/၂၁ ဘဏ္ဍာနှစ်တွင် ၇ ဒသမ.၂ ရာခိုင်နှုန်းသို့ ပြန်လည် မြင့်တက်လာနိုင်သည်။

ဆင်းရဲနွမ်းပါးမှုနှုန်းသည် ရေတိုကာလတွင် မြင့်တက်လာနိုင်ပြီး ၂၀၂၁/၂၂ ဘဏ္ဍာနှစ်တိုင်သည်အထိ ကိုဗစ်မတိုင်ခင်ကာလ အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ဦးမည် မဟုတ်ပေ။ ဆိုးရွားသွားနိုင်သည့်ခန့်မှန်းအခြေအနေတွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် အနည်းဆုံး ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တိုင်အောင် ကိုဗစ်မတိုင်ခင် ကာလက အဆင့်အထက်တွင် ဆက်လက်တည်ရှိနေနိုင်သည်။

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံအစိုးရ၏ တုန့်ပြန်ဆောင်ရွက်မှုများဖြစ်သော ကိုဗစ်-၁၉ ရန်ပုံငွေ (COVID-19 Fund) ထူထောင်ခြင်းနှင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားနိုင်ရေး စီမံချက် (CoVID-19 Economic Relief Plan-CERP) များအား လေ့လာသုံးသပ်ထားသည်ဟုဆိုသည်။

ယင်းတို့တွင် အခွန်သက်သာခွင့်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများကို ချေးငွေထုတ်ပေးခြင်း၊ အိမ်ထောင်စုများအတွက် ငွေသားများ ပံ့ပိုးပေးခြင်း ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအဆင်ပြေချောမွေ့စေမည့် မူဝါဒများအပါအဝင် စီးပွားရေး ကုစားပေးနိုင်ရန်နှင့်ကြံ့ကြံ့ခံနိုင်သော ပြန်လည်ထူထောင်မှုဖြစ်ရန် အထောက်အကူပေးမည့် နည်းလမ်းများပါဝင်သည်။

"အခုအချိန်မှာ မြန်မာ့စီးပွားရေး ကာလလတ် မျှော်မှန်ချက်များက အကောင်းဘက်ဦးတည်နေပေ့မယ် ကြိုတင်မခန့်မှန်းနိုင်တဲ့ကပ်ရောဂါတစ်ကျော့ပြန် ဖြစ်ပွားလာနိုင်ခြေကြောင့် ကြီးမားတဲ့ အန္တရာယ်တွေလည်း ရှိနေဆဲဖြစ်ပါတယ် ။

ခိုင်မာအားကောင်းသော မူဝါဒလုပ်ဆောင်မှုများအရေးတကြီး လိုအပ်နေပါတယ်။ အစိုးရအနေနဲ့ ရည်မှန်းထားတဲ့ အသုံးစရိတ် မျှော်မှန်းချက်တွေကိုလိုအပ်သလို ပြောင်းလဲအသုံးပြုခြင်း၊ စီးပွားရေးလုပ်ငန်းအများအပြားသို့ တိုးချဲ့ အထောက်အပံ့ပေးခြင်းနဲ့ နွမ်းပါးတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ပေးခြင်းအားဖြင့် CERp ကိုပိုမို ထိရောက်အောင်မြင်စေနိုင်ပါလိမ့်မယ်"ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကေမ္ဘာဒီးယား၊လာအိုနိုင်ငံဆိုင်ရာဌာနေ ညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က ပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service