အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ် အိန္ဒိယသူဌေးကြီး မူကက်ရှ် အမ်ဘာနီ ကန်ဒေါ်လာ ၆၄ ဒသမ ၅ ဘီလီယံအထိ ချမ်းသာလာပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်လာ

အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ် အိန္ဒိယသူဌေးကြီး မူကက်ရှ် အမ်ဘာနီ ကန်ဒေါ်လာ ၆၄ ဒသမ ၅ ဘီလီယံအထိ ချမ်းသာလာပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်လာ - Property News in Myanmar from iMyanmarHouse.com
25 Jun 2020 11:34 am တွင် တင်ခဲ့သည်
2086 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ် အမ်ဘာနီသည် ယခုအခါ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးစာရင်းတွင် ပါဝင်လာပြီ ဖြစ်သည်။

အမ်ဘာနီသည် အိန္ဒိယနိုင်ငံ၏ တန်ဖိုးအကြီးမားဆုံးကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သည့် Reliance Industries ၏ ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ် ဖြစ်သည်။

သူ၏ကြွယ်ဝမှုမှာ မကြာသေးမီက ကန်ဒေါ်လာ ၆၄ ဒသမ ၅ ဘီလီယံသို့ မြင့်တက်သွားခဲ့ပြီး Oracle တည်ထောင်သူ လာရီ အယ်လစ်ဆင်နှင့် ပြင်သစ်မှ L’Oreal ၏ ဖရန်ဆွာ ဘက်တန်ကော့ မေယာစ်တို့ထက် ကျော်တက်ကာ ဘလွန်းဘာ့ဂျ်၏ ဘီလျံနာညွှန်းကိန်းတွင် နံပါတ် ၉ နေရာသို့ ရောက်ရှိလာသည်။

အဆိုပါညွှန်းကိန်းစာရင်းတွင် အာရှမှ အမ်ဘာနီတစ်ဦးတည်းသာ ပါဝင်သည်။

အမ်ဘာနီ၏ ဦးဆောင်မှုအောက်တွင် Reliance သည် လောင်စာဆီနှင့် စွမ်းအင်ကုမ္ပဏီလေးအဖြစ်မှသည် လက်လီအရောင်းဆိုင်များ၊ မိုဘိုင်းနှင့် broadband ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် အခြားသောလုပ်ငန်းနယ်ပယ်များစွာ ပါဝင်သော လုပ်ငန်းစုံ ကုမ္ပဏီကြီး ဖြစ်လာသည်။

Reliance ၏ ဒစ်ဂျစ်တယ် နည်းပညာ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Jio Platforms တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီး ၃ လဝန်းကျင်မျှ အကြာတွင် လောင်စာဆီလုပ်ငန်းဘက်၌ အကျပ်အတည်းများရင်ဆိုင်ရသော်လည်း အမ်ဘာနီမှာ ကန်ဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံကျော် ပိုမိုချမ်းသာလာသည်။

ရန်ပုံငွေရှာဖွေမှု စီမံကိန်းများ အပြင်းအထန်ပြုလုပ်ခြင်းနှင့် မကြာသေးမီက ရှယ်ယာရောင်းချရမှု အခြေအနေများကြောင့် Reliance Industries မှာ ကြွေးမြီကင်းစင်သွားကြောင်း ဇွန်လအတွင်း ထုတ်ပြန်သည်။ မတ်လကုန်ပိုင်းက ကုမ္ပဏီ၏ ကြွေးမြီမှာ ရူပီး ၁ ဒသမ ၆၁ ထရီလီယံ (ကန်ဒေါ်လာ ၂၁ ဘီလီယံ) အထိ ရှိခဲ့သည်။

ကုမ္ပဏီ၏ ရှယ်ယာမှာ ၂ ဆကျော်မြင့်တက်သွားပြီး ၁၇၅၂ ဒသမ ၅၀ ရူပီး (၂၃ ဒေါ်လာ) အထိ ရောက်ရှိသွားသည်။

Reliance ၏ ရှယ်ယာဈေးနှုန်းများ ပြန်လည်ဦးမော့လာသော်လည်း အခြားသော ကုမ္ပဏီများစွာမှာမူ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိနာလျက်ရှိကြပြီး အိန္ဒိယ စီးပွားရေးမှာ ကြီးမားစွာကျဆင်းမည့် အခြေအနေသို့ ဦးတည်နေသည်။

Jio Platforms တွင် မကြာသေးမီက ဝင်ရောက်ခဲ့သော ရင်းနှီးမြှုပ်နှံမှုများမှာ Facebook နှင့် ဆီလီကွန်တောင်ကြား ထိပ်သီးရင်းနှီးမြှုပ်နှံ သူများဖြစ်သော Silver Lake နှင့် TPG တို့ထံမှာ ကန်ဒေါ်လာ ၁၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုအပြင် အဘူဒါဘီ၏ အစိုးရ ရန်ပုံငွေ အဖွဲ့ထံမှ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ၊ ဆော်ဒီအာရေးဘီးယား အစိုးရ ရန်ပုံငွေအဖွဲ့မှ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုများ ရရှိထားသည်။

ဆော်ဒီအာရေးဗီးယားနှင့် စာချုပ်များကြောင့် Jio မှာ ကန်ဒေါ်လာ ၆၈ ဘီလီယံနီးပါးအထိ တန်ဖိုးမြင့်လာစေသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် အမ်ဘာနီ၏ ရည်မှန်းချက်ဖြစ်သော Googe နှင့် Alibaba တို့ကဲ့သော အင်တာနက်ထိပ်သီးများကို ယှဉ်ပြိုင်နိုင်မည့် အခြေအနေသို့ ရောက်ရှိရန် တွန်းအားပေးနေသည်။

ဖေ့စ်ဘုတ်သည်လည်း အမ်ဘာနီထံတွင် ကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ရာ ဖေ့စ်ဘုတ်၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်သည်။

(ဘလွန်းဘာ့ဂျ်၏ ဘီလျံနာညွှန်းကိန်းမှ ထိပ်တန်းပုဂ္ဂိုလ် ၁၀ ဦး)

၁။ ဂျက်ဘီဇော့စ်-ကန်ဒေါ်လာ ၁၆၅ ဘီလီယံ

၂။ ဘီလ်ဂိတ်- ကန်ဒေါ်လာ ၁၁၃ ဘီလီယံ

၃။ မာ့ခ် ဇပ်ကာဘာ့- ကန်ဒေါ်လာ ၉၁ ဒသမ ၉ ဘီလီယံ

၄။ ဘားနတ် အာနော့ထ်- ကန်ဒေါ်လာ ၉၀ ဒသမ ၂ ဘီလီယံ

၅။ စတိဗ် ဘောလ်မား- ကန်ဒေါ်လာ ၇၂ ဒသမ ၈ ဘီလီယံ

၆။ ဝါရင် ဘူဖေး- ကန်ဒေါ်လာ ၇၁ ဒသမ ၇ ဘီလီယံ

၇။ လာရီ ပိတ်ချ်- ကန်ဒေါ်လာ ၆၉ ဒသမ ၆ ဘီလီယံ

၈။ ဆာဂေး ဘရင်း- ကန်ဒေါ်လာ ၆၇ ဒသမ ၅ ဘီလီယံ

၉။ မူကက်ရှ် အန်ဘာနီ- ကန်ဒေါ်လာ ၆၃ ဒသမ ၆ ဘီလီယံ

၁၀။ ဖရန်ဆွာ ဘက်တန်ကော့ မေယာ- ကန်ဒေါ်လာ ၆၃ ဘီလီယံ

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Asia's richest man, Mukesh Ambani, is now among the world's 10 wealthiest people (edition.cnn)

 

[Zawgyi]

အာရွ၏ အခ်မ္းသာဆံုးပုဂၢိဳလ္ အိႏိၵယသူေဌးၾကီး မူကက္ရွ္ အမ္ဘာနီ ကန္ေဒၚလာ ၆၄ ဒသမ ၅ ဘီလီယံအထိ ခ်မ္းသာလာျပီး ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ ၁၀ ဦးတြင္ ပါဝင္လာ

 

အာရွ၏ အခ်မ္းသာဆံုးပုဂၢိဳလ္ မူကက္ရွ္ အမ္ဘာနီသည္ ယခုအခါ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ ၁၀ ဦးစာရင္းတြင္ ပါဝင္လာျပီ ျဖစ္သည္။

အမ္ဘာနီသည္ အိႏိၵယႏိုင္ငံ၏ တန္ဖိုးအၾကီးမားဆံုးကုမၸဏီမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည့္ Reliance Industries ၏ ဥကၠဌ၊ အမႈေဆာင္အရာရွိခ်ဳပ္ ျဖစ္သည္။

သူ၏ၾကြယ္ဝမႈမွာ မၾကာေသးမီက ကန္ေဒၚလာ ၆၄ ဒသမ ၅ ဘီလီယံသို႔ ျမင့္တက္သြားခဲ့ျပီး Oracle တည္ေထာင္သူ လာရီ အယ္လစ္ဆင္ႏွင့္ ျပင္သစ္မွ L’Oreal ၏ ဖရန္ဆြာ ဘက္တန္ေကာ့ ေမယာစ္တို႔ထက္ ေက်ာ္တက္ကာ ဘလြန္းဘာ့ဂ်္၏ ဘီလ်ံနာညႊန္းကိန္းတြင္ နံပါတ္ ၉ ေနရာသို႔ ေရာက္ရွိလာသည္။

အဆိုပါညႊန္းကိန္းစာရင္းတြင္ အာရွမွ အမ္ဘာနီတစ္ဦးတည္းသာ ပါဝင္သည္။

အမ္ဘာနီ၏ ဦးေဆာင္မႈေအာက္တြင္ Reliance သည္ ေလာင္စာဆီႏွင့္ စြမ္းအင္ကုမၸဏီေလးအျဖစ္မွသည္ လက္လီအေရာင္းဆိုင္မ်ား၊ မိုဘိုင္းႏွင့္ broadband ဝန္ေဆာင္မႈ၊ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းမ်ားႏွင့္ အျခားေသာလုပ္ငန္းနယ္ပယ္မ်ားစြာ ပါဝင္ေသာ လုပ္ငန္းစံု ကုမၸဏီၾကီး ျဖစ္လာသည္။

Reliance ၏ ဒစ္ဂ်စ္တယ္ နည္းပညာ ကုမၸဏီခြဲတစ္ခုျဖစ္ေသာ Jio Platforms တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားျပဳလုပ္ျပီး ၃ လဝန္းက်င္မွ် အၾကာတြင္ ေလာင္စာဆီလုပ္ငန္းဘက္၌ အက်ပ္အတည္းမ်ားရင္ဆိုင္ရေသာ္လည္း အမ္ဘာနီမွာ ကန္ေဒၚလာ ၁၆ ဒသမ ၅ ဘီလီယံေက်ာ္ ပိုမိုခ်မ္းသာလာသည္။

ရန္ပံုေငြရွာေဖြမႈ စီမံကိန္းမ်ား အျပင္းအထန္ျပဳလုပ္ျခင္းႏွင့္ မၾကာေသးမီက ရွယ္ယာေရာင္းခ်ရမႈ အေျခအေနမ်ားေၾကာင့္ Reliance Industries မွာ ေၾကြးျမီကင္းစင္သြားေၾကာင္း ဇြန္လအတြင္း ထုတ္ျပန္သည္။ မတ္လကုန္ပိုင္းက ကုမၸဏီ၏ ေၾကြးျမီမွာ ရူပီး ၁ ဒသမ ၆၁ ထရီလီယံ (ကန္ေဒၚလာ ၂၁ ဘီလီယံ) အထိ ရွိခဲ့သည္။

ကုမၸဏီ၏ ရွယ္ယာမွာ ၂ ဆေက်ာ္ျမင့္တက္သြားျပီး ၁၇၅၂ ဒသမ ၅၀ ရူပီး (၂၃ ေဒၚလာ) အထိ ေရာက္ရွိသြားသည္။

Reliance ၏ ရွယ္ယာေစ်းႏႈန္းမ်ား ျပန္လည္ဦးေမာ့လာေသာ္လည္း အျခားေသာ ကုမၸဏီမ်ားစြာမွာမူ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အထိနာလ်က္ရွိၾကျပီး အိႏိၵယ စီးပြားေရးမွာ ၾကီးမားစြာက်ဆင္းမည့္ အေျခအေနသို႔ ဦးတည္ေနသည္။

Jio Platforms တြင္ မၾကာေသးမီက ဝင္ေရာက္ခဲ့ေသာ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားမွာ Facebook ႏွင့္ ဆီလီကြန္ေတာင္ၾကား ထိပ္သီးရင္းႏွီးျမွဳပ္ႏွံ သူမ်ားျဖစ္ေသာ Silver Lake ႏွင့္ TPG တို႔ထံမွာ ကန္ေဒၚလာ ၁၅ ဘီလီယံေက်ာ္ ရင္းႏွီးျမွဳပ္ႏွံမႈအျပင္ အဘူဒါဘီ၏ အစိုးရ ရန္ပံုေငြ အဖြဲ႔ထံမွ ကန္ေဒၚလာ ၁ ဒသမ ၂ ဘီလီယံ၊ ေဆာ္ဒီအာေရးဘီးယား အစိုးရ ရန္ပံုေငြအဖြဲ႔မွ ကန္ေဒၚလာ ၁ ဒသမ ၅ ဘီလီယံ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ရရွိထားသည္။

ေဆာ္ဒီအာေရးဗီးယားႏွင့္ စာခ်ဳပ္မ်ားေၾကာင့္ Jio မွာ ကန္ေဒၚလာ ၆၈ ဘီလီယံနီးပါးအထိ တန္ဖိုးျမင့္လာေစသည္။

အဆိုပါရင္းႏွီးျမွဳပ္ႏွံမႈမ်ားသည္ အမ္ဘာနီ၏ ရည္မွန္းခ်က္ျဖစ္ေသာ Googe ႏွင့္ Alibaba တို႔ကဲ့ေသာ အင္တာနက္ထိပ္သီးမ်ားကို ယွဥ္ျပိဳင္ႏိုင္မည့္ အေျခအေနသို႔ ေရာက္ရွိရန္ တြန္းအားေပးေနသည္။

ေဖ့စ္ဘုတ္သည္လည္း အမ္ဘာနီထံတြင္ ကန္ေဒၚလာ ၅ ဒသမ ၇ ဘီလီယံ ရင္းႏွီးျမွဳပ္ႏွံခဲ့ရာ ေဖ့စ္ဘုတ္၏ အၾကီးမားဆံုး ရင္းႏွီးျမွဳပ္ႏွံမႈတစ္ခု ျဖစ္သည္။

(ဘလြန္းဘာ့ဂ်္၏ ဘီလ်ံနာညႊန္းကိန္းမွ ထိပ္တန္းပုဂၢိဳလ္ ၁၀ ဦး)

၁။ ဂ်က္ဘီေဇာ့စ္-ကန္ေဒၚလာ ၁၆၅ ဘီလီယံ

၂။ ဘီလ္ဂိတ္- ကန္ေဒၚလာ ၁၁၃ ဘီလီယံ

၃။ မာ့ခ္ ဇပ္ကာဘာ့- ကန္ေဒၚလာ ၉၁ ဒသမ ၉ ဘီလီယံ

၄။ ဘားနတ္ အာေနာ့ထ္- ကန္ေဒၚလာ ၉၀ ဒသမ ၂ ဘီလီယံ

၅။ စတိဗ္ ေဘာလ္မား- ကန္ေဒၚလာ ၇၂ ဒသမ ၈ ဘီလီယံ

၆။ ဝါရင္ ဘူေဖး- ကန္ေဒၚလာ ၇၁ ဒသမ ၇ ဘီလီယံ

၇။ လာရီ ပိတ္ခ်္- ကန္ေဒၚလာ ၆၉ ဒသမ ၆ ဘီလီယံ

၈။ ဆာေဂး ဘရင္း- ကန္ေဒၚလာ ၆၇ ဒသမ ၅ ဘီလီယံ

၉။ မူကက္ရွ္ အန္ဘာနီ- ကန္ေဒၚလာ ၆၃ ဒသမ ၆ ဘီလီယံ

၁၀။ ဖရန္ဆြာ ဘက္တန္ေကာ့ ေမယာ- ကန္ေဒၚလာ ၆၃ ဘီလီယံ

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Asia's richest man, Mukesh Ambani, is now among the world's 10 wealthiest people (edition.cnn)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service