ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရားဝင်စံအိမ် (၈) လုံး

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရားဝင်စံအိမ် (၈) လုံး - Property News in Myanmar from iMyanmarHouse.com
24 Jun 2020 1:08 pm တွင် တင်ခဲ့သည်
1923 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၁၉၉၀ ပြည့်လွန်ကာလများအတွင်း နေထိုင်ခဲ့သည့် တိုက်ခန်းကျဉ်းကလေးမှသည် ရုရှားခေါင်းဆောင်ကြီး စတာလင်နေထိုင်ခဲ့သော ကျေးလက်စံအိမ်၊ ရုရှားဧကရာဇ်များ ၁၇၃၂ ခုနှစ်မှ ၁၉၁၇ ခုနှစ်အထိ စံမြန်းခဲ့ကြသည့် ဆောင်းရာသီ နန်းတော်များအထိ ကမ္ဘာမြေ၏ အကြီးမားဆုံးတိုင်းပြည်ကြီး (ဧရိယာအကျယ်အဝန်းကို ဆိုလိုသည်) ၏ ခေါင်းဆောင် ရုရှားသမ္မတ ဗလာဒီမာပူတင် အလုပ်လုပ်ရန်နှင့် အပန်းဖြေရန် နေရာများစွာ ရှိနေသည်။

၁။ မော်စကိုရှိ နိုဗို- အိုဂါယီဗို စံအိမ် (Novo-Ogaryevo)

ပူတင်က ဤနေရာကို သူ၏အိမ်ဟုခေါ်လေ့ရှိသည်။ မော်စကိုမြို့ အနောက်ပိုင်းတွင် တည်ရှိပြီး မြို့တော်နှင့် များစွာ အလှမ်းမဝေးချေ။

ဤစံအိမ်သည် ရုရှားအစိုးရအတွက် လျှို့ဝှက်အဖြစ် ထားရှိသော စံအိမ်မဟုတ်ဘဲ Google maps တွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သည်။

နိုဗို- အိုဂါယီဗိုသည် ၂၀၀၀ ပြည့်နှစ်တွင် ပူတင်၏ တရားဝင်စံအိမ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ပူတင်၏ ကိုယ်ပိုင်စံအိမ်မဟုတ်ဘဲ နိုင်ငံပိုင်ဖြစ်သော်လည်း ပူတင်က သူ၏အိမ်အဖြစ် သဘောထားသည်။

ထိုအချက်ကိုထောက်လျှင် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အကြား သမ္မတရာထူးမှ ခေတ္တ ရပ်နားပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် နေချိန် (ထိုအချိန်က ရုရှားသမ္မတမှာ မက်ဗီဒက်ဖြစ်သည်) အတွင်းတွင်လည်း အဆိုပါစံအိမ်ကို သူ၏ပိုင်ဆိုင်မှုအောက်တွင် ရှိနေသည်ဟု သုံးသပ်ရသည်။

ရုရှားဥပဒေအရ အနားယူသွားသည့် ရုရှားသမ္မတတစ်ဦးသည် နေထိုင်ရန် စံအိမ်တစ်လုံး ရွေးချယ်ခွင့်ရှိသည်ဟု ဆိုသည်။

၂၀၀၈ ခုနှစ်တွင် ပူတင်ရွေးချယ်ခဲ့သည်မှာ နိုဗို- အိုဂါယီဗို စံအိမ်ဖြစ်သည်။

အဆိုပါစံအိမ်ဝန်းရှိ ပင်မစံအိမ်ကို ရုရှားဧကရာဇ် အလက်ဇန္ဒား (၃) ၏ ညီတော် Sergei Alexandrovich ၏ အမိန့်အရ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဆိုဗီယက်အစိုးရက နိုင်ငံခြားဧည့်သည်တော်များကို ကြိုဆိုဧည့်ခံသည့်စံအိမ်အဖြစ် အသုံးပြုခဲ့သည်။

အိမ်ဖြူတော်နှင့် မတူညီသည့်အချက်မှာ Novo-Ogoryevo သည် အများပြည်သူဝင်ရောက်ကြည့်ရှုခွင့် မရှိခြင်းပင်။

သို့သော် ၃၈ မိနစ်၊ ၁၆ စက္ကန့်ကြသော Youtube ဗွီဒီယို (https://www.youtube.com/watch?v=c-0Y6FAxZ1E ) တွင် ပူတင်၏ ရေခဲသေတ္တာအတွင်း မည်သည့်အရာများ ထားရှိသည်ကိုပါ ကြည့်ရှုနိုင်သည်။

၂။ ကရင်မလင်နန်းတော်

မော်စကိုမြို့တော်ရှိ ကရင်မလင်နန်းတော်ကို အလယ်ခေတ်မှစတင်ကာ ရုရှားခေါင်းဆောင်များ၏ ပင်မတရားဝင်စံအိမ်တော်အဖြစ် အသုံးပြုခဲ့ကြသည်။ (၁၇၁၂ ခုနှစ်မှ ၁၉၁၇ ခုနှစ်အကြား ကာလ မပါဝင်) ကက်သရင်းသည်ဂရိတ်ဘုရင်မကြီး၏ အမိန့်ဖြင့် ၁၇၇၆ ခုနှစ်မှ ၁၇၈၇ ခုနှစ်အကြား ဆောက်လုပ်ခဲ့သည့် ကရင်မလင် ဆီးနိတ်အဆောက်အအုံတွင် သမ္မတ၏ ရုံးခန်းတည်ရှိသည်။

အမေရိကန်သမ္မတရုံးနှင့် မတူညီသည့်အချက်မှာ ကရင်မလင်ရုံးမှာ ထောင့်မှန်စတုဂံပုံဖြစ်ပြီး အိမ်ဖြူတော်မှ သမ္မတရုံးခန်းမှာ ဘဲဥပုံဖြစ်သည်။

ပြတင်းပေါက်များမှာ သမ္မတစားပွဲ၏ ဝဲဘက်တွင်တည်ရှိပြီး အိမ်ဖြူတော်တွင်မူ သမ္မတစားပွဲ၏ နောက်ဘက်တွင် ပြတင်းများ တည်ရှိသည်။

ကရင်မလင်ရုံးခန်းနံရံများမှာ ဝက်သစ်ချသားများဖြင့် မှန်ကူကွက်ပုံနံရံများဖြစ်ပြီး ကြီးမားလှသော ဖန်မီးဆိုင်းကြီး ၂ ခုလည်းရှိသည်။

အမေရိကန်သမ္မတနှင့် မတူညီသည့်အချက်မှာ အမေရိကန်သမ္မတသည် အိမ်ဖြူတော်တွင် နေထိုင်သော်လည်း ပူတင်ကမူ ကရင်မလင် နန်းတော်တွင် နေထိုင်ခြင်းမရှိချေ။

ပူတင်သည် ကရင်မလင်နန်းတော်ရုံးသို့ ရဟတ်ယာဉ် (သို့မဟုတ်) မော်တော်ကားဖြင့် သွားလေ့ရှိသည်။

၃။ တည်နေရာမသိရသော တိုက်ခန်းတစ်ခန်း

ဗလာဒီမာပူတင်တွင် တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ထားပြီး အဆိုပါတိုက်ခန်းသည်သာ သူ၏ တစ်ခုတည်းသော ပုဂ္ဂလိကအဖြစ် ပိုင်ဆိုင်သည့် နေအိမ်ဖြစ်သည်။

၇၇ စတုရန်းမီတာသာရှိသော အဆိုပါအခန်းသည် ရုရှားသမ္မတအတွက် အလွန်ပင် မတင့်တယ်လှချေ။

အဆိုပါတိုက်ခန်း၏ ပုံသဏ္ဍာန်နှင့် အနီးစပ်ဆုံး တည်နေရာကိုမူ မည်သူမှ မသိသေး။

အခန်းနှင့် ပတ်သက်ပြီးတစ်ခုတည်းသော သိရသည့်အရာမှာ အကျယ်အဝန်းသာဖြစ်သည်။ အိပ်ခန်း ၂ ခန်းမှ ၃ ခန်းအထိ ပါနိုင်ပြီး ရုရှားနိုင်ငံအတွင်း တနေရာရာရှိ လူနေအဆောက်အအုံတစ်ခုတွင် တည်ရှိနိုင်သည်။

၄။ မော်စကိုမြို့မှ တိုက်ခန်း

မော်စကိုမြို့ရှိ တိုက်ခန်းမှာမူ သတင်းမီဒီယာများတွင် လူသိများပြီး Akademika Zelinskogo လမ်း၊ အမှတ် ၆ တွင် တည်ရှိသည်။ အကျယ်အဝန်း ၁၅၃ ဒသမ ၇ စတုရန်းမီတာရှိပြီး ၁၉၉၀ ပြည့်လွန်ကာလများအတွင်း ဘောရစ် ယဲ့လ်ဆင်လက်ထက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ဗလာဒီမာပူတင်အတွက် နေထိုင်ရန် ချထားပေးခဲ့ခြင်း ဖြစ်သည်။ မည်သည့်အလွှာတွင် အခန်းတည်ရှိသည်ကို မသိရသော်လည်း အခန်း၏ အတွင်းပိုင်းဓာတ်ပုံအချို့ ပေါ်ထွက်လာမှု ရှိသည်။

၅။ Bocharov Ruchey ကျေးလက်စံအိမ်

ပူတင်တွင် အဓိကစံအိမ်တော်အပြင် ရုရှားနိုင်ငံတစ်ဝန်းတွင် အပန်းဖြေရန်အတွက် ကျေးလက်စံအိမ်များလည်း ရှိသည်။

လူသိအများဆုံးကျေးလက်စံအိမ်မှာ ရုရှားနိုင်ငံ အနောက်ပိုင်း Sochi မြို့ရှိ Bocharov Ruchey ကျေးလက်စံအိမ် ဖြစ်သည်။

စတာလင်လက်ထက် သြဇာကြီးသည့် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သော ကလီမင့် ဗိုရိုရှီလော့ဗ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင် ပြီးစီးခဲ့သည်။

အဆိုပါစံအိမ်တော်တွင် ဆိုဗီယက်ခေါင်းဆောင်များဖြစ်သော ခရုရှက်ဗ်နှင့် ဘရက်ဇ်ညက်တို့ မကြာခဏ လာရောက်အပန်းဖြေခဲ့ဖူးသည်။

ခေတ်သစ်ရုရှားတွင်မူ Bocharov Ruchey ကျေးလက်စံအိမ်သည် ရုရှားသမ္မတ၏ တရားဝင် နွေရာသီစံအိမ်ဖြစ်လာပြီး ပင်လယ်နက် ဒေသတွင် အစိုးရ၏ တစ်ခုတည်းသော ကျေးလက်စံအိမ်လည်း ဖြစ်သည်။

အဆိုပါစံအိမ်တွင် ပူတင်သည် အမေရိကန်သမ္မတ ဂျော့ချ် ဒဗလျူဘုရှ်နှင့် ၂၀၀၈ ခုနှစ်တွင်လည်းကောင်း၊ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာ မာကယ်နှင့် ၂၀၁၈ ခုနှစ်တွင်လည်းကောင်း ဧည့်ခံတွေ့ဆုံခဲ့ဖူးသည်။

၆။ Valdai စံအိမ်တော်

ပူတင်၏ အခြား တရားဝင် စံအိမ်တစ်လုံးဖြစ်သော Valdai စံအိမ်တော်မှာ ရုရှားနိုင်ငံအနောက်ပိုင်း Novgorod မြို့တွင် တည်ရှိသည်။

စံအိမ်အမည် ၃ မျိုးရှိပြီး Valdi , Uzhyn နှင့် Doldie Borody ဟု အမျိုးမျိုး ခေါ်ဆိုကြသည်။

စတာလင်၏ ကျေးလက်စံအိမ်အဖြစ် အသုံးပြုရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း စတာလင်က စံအိမ်တည်ရှိနေသည့် အနေအထားမှာ အလွန်အန္တရာယ်များလွန်းသည်ဟု သုံးသပ်ခဲ့သည်။

ကျွန်းဆွယ်ကလေးတစ်ခုပေါ်တွင် ထီးတည်းတည်ရှိကာ ဘေးပတ်ဝန်းကျင်တွင် နက်ရှိုင်းလှသော တောအုပ်ကြီးက ဝန်းပတ်ထားသည်။

အရေးအကြောင်းရှိ၍ ထွက်ပြေးလိုပါက ကုန်းမကြီးသို့ ရောက်ရှိနိုင်သည့်လမ်း တစ်ခုတည်းသာရှိသည်။

သို့သော် စံအိမ်ကို အပြီးသတ်ဆက်လက်ဆောက်လုပ်ခဲ့ပြီး ၁၉၈၀ ပြည့်လွန်ကာလများတွင် အပြီးသတ်ခဲ့သည်။

ရုရှား၏ ပထမဆုံးသမ္မတ ဘောရစ် ယဲ့လ်ဆင်က အဆိုပါစံအိမ်တွင် ငါးမျှားရခြင်းကို အလွန်နှစ်သက်သည်။

ပူတင်သမ္မတဖြစ်လာသောအခါတွင်လည်း အဆိုပါစံအိမ်တော်ကို အသုံးပြုခွင့်ရရှိခဲ့သည်။

၇။ ကွန်စတန်တင်နန်းတော်၊ စိန့်ပီတာစဘတ်မြို့

အဆိုပါနန်းတော်ကို မူလက ရိုမာနော့ဗ်မိသားစုက ပိုင်ဆိုင်ခဲ့ပြီး ဖင်လန်ပင်လယ်ကွေ့တွင်တည်ရှိကာ စိန့်ပီတာစဘတ်မြို့လယ်မှ ကီလိုမီတာ ၂၀ ခန့်သာ ဝေးကွာသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဆိုးရွားစွာပျက်စီးခဲ့သည်။ နောက်ပိုင်းတွင် Leningrad Arctic School မှ ကျောင်းသားများကို လက်ခံထားခဲ့သော်လည်း ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲပြီးနောက်ပိုင်း စံအိမ်ကြီးမှာ ယိုယွင်းပျက်စီးလာသည်။

၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများတွင်မူ သမ္မတရုံးက အဆိုပါစံအိမ်တော်ကို အကြီးမားပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါစံအိမ်တွင် ပူတင် နေထိုင်လေ့မရှိသော်လည်း နိုင်ငံတော်အဆင့် တရားဝင်အခမ်းအနားများ ကျင်းပလေ့ရှိသည်။

၂၀၀၆ နှင့် ၂၀၁၃ ခုနှစ်များအတွင်း G-8 နှင့် G-20 ထိပ်သီးဆွေးနွေးပွဲများကို အဆိုပါစံအိမ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

၈။ Yantar စံအိမ်တော်၊ ကာလီနင်ဂရက်မြို့

ကာလီနင်ဂရက်မြို့ရှိ သမ္မတ စံအိမ်တော်မှာ ဂျာမန်အင်ပါယာ၏ ပထမဆုံးဝန်ကြီးချုပ် အော့တို ဗွန် ဘစ်စမတ်၏ စံအိမ် ဆောက်လုပ်ခဲ့သော နေရာတွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျာမန်တို့၏ Luftwaffe စစ်တန်းလျားများကို ထားရှိခဲ့သည်။

လက်ရှိတွေ့မြင်ရသော စံအိမ်တော်မှာ ၂၀၁၁ ခုနှစ်ကမှ ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ပြီး ယခင်သမ္မတ မက်ဗီဒက်က ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါစံအိမ်တော်ကို သမ္မတရုံးကသာ တရားဝင် ပိုင်ဆိုင်ခြင်းဖြစ်သော်လည်း မက်ဗီဒက်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့တို့သာ နေထိုင်ခဲ့ဖူးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 8 official residences of Russia’s president, Vladimir Putin ( rbth )

[Zawgyi]

 

ရုရွားသမၼတ ဗလာဒီမာပူတင္၏ တရားဝင္စံအိမ္ (၈) လံုး

၁၉၉၀ ျပည့္လြန္ကာလမ်ားအတြင္း ေနထိုင္ခဲ့သည့္ တိုက္ခန္းက်ဥ္းကေလးမွသည္ ရုရွားေခါင္းေဆာင္ၾကီး စတာလင္ေနထိုင္ခဲ့ေသာ ေက်းလက္စံအိမ္၊ ရုရွားဧကရာဇ္မ်ား ၁၇၃၂ ခုႏွစ္မွ ၁၉၁၇ ခုႏွစ္အထိ စံျမန္းခဲ့ၾကသည့္ ေဆာင္းရာသီ နန္းေတာ္မ်ားအထိ ကမၻာေျမ၏ အၾကီးမားဆံုးတိုင္းျပည္ၾကီး (ဧရိယာအက်ယ္အဝန္းကို ဆိုလိုသည္) ၏ ေခါင္းေဆာင္ ရုရွားသမၼတ ဗလာဒီမာပူတင္ အလုပ္လုပ္ရန္ႏွင့္ အပန္းေျဖရန္ ေနရာမ်ားစြာ ရွိေနသည္။

၁။ ေမာ္စကိုရွိ ႏိုဗို- အိုဂါယီဗို စံအိမ္ (Novo-Ogaryevo)

ပူတင္က ဤေနရာကို သူ၏အိမ္ဟုေခၚေလ့ရွိသည္။ ေမာ္စကိုျမိဳ႕ အေနာက္ပိုင္းတြင္ တည္ရွိျပီး ျမိဳ႕ေတာ္ႏွင့္ မ်ားစြာ အလွမ္းမေဝးေခ်။

ဤစံအိမ္သည္ ရုရွားအစိုးရအတြက္ လွ်ိဳ႕ဝွက္အျဖစ္ ထားရွိေသာ စံအိမ္မဟုတ္ဘဲ Google maps တြင္ အလြယ္တကူ ရွာေဖြေတြ႔ရွိႏိုင္သည္။

ႏိုဗို- အိုဂါယီဗိုသည္ ၂၀၀၀ ျပည့္ႏွစ္တြင္ ပူတင္၏ တရားဝင္စံအိမ္ျဖစ္လာခဲ့ျခင္း ျဖစ္သည္။

ပူတင္၏ ကိုယ္ပိုင္စံအိမ္မဟုတ္ဘဲ ႏိုင္ငံပိုင္ျဖစ္ေသာ္လည္း ပူတင္က သူ၏အိမ္အျဖစ္ သေဘာထားသည္။

ထိုအခ်က္ကိုေထာက္လွ်င္ ၂၀၀၈ ခုႏွစ္မွ ၂၀၁၂ ခုႏွစ္အၾကား သမၼတရာထူးမွ ေခတၱ ရပ္နားျပီး ဝန္ၾကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ ေနခ်ိန္ (ထိုအခ်ိန္က ရုရွားသမၼတမွာ မက္ဗီဒက္ျဖစ္သည္) အတြင္းတြင္လည္း အဆိုပါစံအိမ္ကို သူ၏ပိုင္ဆိုင္မႈေအာက္တြင္ ရွိေနသည္ဟု သံုးသပ္ရသည္။ ရုရွားဥပေဒအရ အနားယူသြားသည့္ ရုရွားသမၼတတစ္ဦးသည္ ေနထိုင္ရန္ စံအိမ္တစ္လံုး ေရြးခ်ယ္ခြင့္ရွိသည္ဟု ဆိုသည္။

၂၀၀၈ ခုႏွစ္တြင္ ပူတင္ေရြးခ်ယ္ခဲ့သည္မွာ ႏိုဗို- အိုဂါယီဗို စံအိမ္ျဖစ္သည္။

အဆိုပါစံအိမ္ဝန္းရွိ ပင္မစံအိမ္ကို ရုရွားဧကရာဇ္ အလက္ဇႏၵား (၃) ၏ ညီေတာ္ Sergei Alexandrovich ၏ အမိန္႔အရ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ေနာက္ပိုင္းတြင္ ဆိုဗီယက္အစိုးရက ႏိုင္ငံျခားဧည့္သည္ေတာ္မ်ားကို ၾကိဳဆိုဧည့္ခံသည့္စံအိမ္အျဖစ္ အသံုးျပဳခဲ့သည္။

အိမ္ျဖဴေတာ္ႏွင့္ မတူညီသည့္အခ်က္မွာ Novo-Ogoryevo သည္ အမ်ားျပည္သူဝင္ေရာက္ၾကည့္ရႈခြင့္ မရွိျခင္းပင္။

သို႔ေသာ္ ၃၈ မိနစ္၊ ၁၆ စကၠန္႔ၾကေသာ Youtube ဗြီဒီယို (https://www.youtube.com/watch?v=c-0Y6FAxZ1E ) တြင္ ပူတင္၏ ေရခဲေသတၱာအတြင္း မည္သည့္အရာမ်ား ထားရွိသည္ကိုပါ ၾကည့္ရႈႏိုင္သည္။

၂။ ကရင္မလင္နန္းေတာ္

ေမာ္စကိုျမိဳ ႔ေတာ္ရွိ ကရင္မလင္နန္းေတာ္ကို အလယ္ေခတ္မွစတင္ကာ ရုရွားေခါင္းေဆာင္မ်ား၏ ပင္မတရားဝင္စံအိမ္ေတာ္အျဖစ္ အသံုးျပဳခဲ့ၾကသည္။ (၁၇၁၂ ခုႏွစ္မွ ၁၉၁၇ ခုႏွစ္အၾကား ကာလ မပါဝင္) ကက္သရင္းသည္ဂရိတ္ဘုရင္မၾကီး၏ အမိန္႔ျဖင့္ ၁၇၇၆ ခုႏွစ္မွ ၁၇၈၇ ခုႏွစ္အၾကား ေဆာက္လုပ္ခဲ့သည့္ ကရင္မလင္ ဆီးနိတ္အေဆာက္အအံုတြင္ သမၼတ၏ ရံုးခန္းတည္ရွိသည္။

အေမရိကန္သမၼတရံုးႏွင့္ မတူညီသည့္အခ်က္မွာ ကရင္မလင္ရံုးမွာ ေထာင့္မွန္စတုဂံပံုျဖစ္ျပီး အိမ္ျဖဴေတာ္မွ သမၼတရံုးခန္းမွာ ဘဲဥပံုျဖစ္သည္။

ျပတင္းေပါက္မ်ားမွာ သမၼတစားပြဲ၏ ဝဲဘက္တြင္တည္ရွိျပီး အိမ္ျဖဴေတာ္တြင္မူ သမၼတစားပြဲ၏ ေနာက္ဘက္တြင္ ျပတင္းမ်ား တည္ရွိသည္။

ကရင္မလင္ရံုးခန္းနံရံမ်ားမွာ ဝက္သစ္ခ်သားမ်ားျဖင့္ မွန္ကူကြက္ပံုနံရံမ်ားျဖစ္ျပီး ၾကီးမားလွေသာ ဖန္မီးဆိုင္းၾကီး ၂ ခုလည္းရွိသည္။

အေမရိကန္သမၼတႏွင့္ မတူညီသည့္အခ်က္မွာ အေမရိကန္သမၼတသည္ အိမ္ျဖဴေတာ္တြင္ ေနထိုင္ေသာ္လည္း ပူတင္ကမူ ကရင္မလင္ နန္းေတာ္တြင္ ေနထိုင္ျခင္းမရွိေခ်။

ပူတင္သည္ ကရင္မလင္နန္းေတာ္ရံုးသို႔ ရဟတ္ယာဥ္ (သို႔မဟုတ္) ေမာ္ေတာ္ကားျဖင့္ သြားေလ့ရွိသည္။

၃။ တည္ေနရာမသိရေသာ တိုက္ခန္းတစ္ခန္း

ဗလာဒီမာပူတင္တြင္ တိုက္ခန္းတစ္ခန္း ပိုင္ဆိုင္ထားျပီး အဆိုပါတိုက္ခန္းသည္သာ သူ၏ တစ္ခုတည္းေသာ ပုဂၢလိကအျဖစ္ ပိုင္ဆိုင္သည့္ ေနအိမ္ျဖစ္သည္။

၇၇ စတုရန္းမီတာသာရွိေသာ အဆိုပါအခန္းသည္ ရုရွားသမၼတအတြက္ အလြန္ပင္ မတင့္တယ္လွေခ်။

အဆိုပါတိုက္ခန္း၏ ပံုသ႑ာန္ႏွင့္ အနီးစပ္ဆံုး တည္ေနရာကိုမူ မည္သူမွ မသိေသး။

အခန္းႏွင့္ ပတ္သက္ျပီးတစ္ခုတည္းေသာ သိရသည့္အရာမွာ အက်ယ္အဝန္းသာျဖစ္သည္။ အိပ္ခန္း ၂ ခန္းမွ ၃ ခန္းအထိ ပါႏိုင္ျပီး ရုရွားႏိုင္ငံအတြင္း တေနရာရာရွိ လူေနအေဆာက္အအံုတစ္ခုတြင္ တည္ရွိႏိုင္သည္။

၄။ ေမာ္စကိုျမိဳ ႔မွ တိုက္ခန္း

ေမာ္စကိုျမိဳ ႔ရွိ တိုက္ခန္းမွာမူ သတင္းမီဒီယာမ်ားတြင္ လူသိမ်ားျပီး Akademika Zelinskogo လမ္း၊ အမွတ္ ၆ တြင္ တည္ရွိသည္။ အက်ယ္အဝန္း ၁၅၃ ဒသမ ၇ စတုရန္းမီတာရွိျပီး ၁၉၉၀ ျပည့္လြန္ကာလမ်ားအတြင္း ေဘာရစ္ ယဲ့လ္ဆင္လက္ထက္ ဝန္ၾကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္စဥ္ ဗလာဒီမာပူတင္အတြက္ ေနထိုင္ရန္ ခ်ထားေပးခဲ့ျခင္း ျဖစ္သည္။ မည္သည့္အလႊာတြင္ အခန္းတည္ရွိသည္ကို မသိရေသာ္လည္း အခန္း၏ အတြင္းပိုင္းဓာတ္ပံုအခ်ဳိ ႔ ေပၚထြက္လာမႈ ရွိသည္။

၅။ Bocharov Ruchey ေက်းလက္စံအိမ္

ပူတင္တြင္ အဓိကစံအိမ္ေတာ္အျပင္ ရုရွားႏိုင္ငံတစ္ဝန္းတြင္ အပန္းေျဖရန္အတြက္ ေက်းလက္စံအိမ္မ်ားလည္း ရွိသည္။

လူသိအမ်ားဆံုးေက်းလက္စံအိမ္မွာ ရုရွားႏိုင္ငံ အေနာက္ပိုင္း Sochi ျမိဳ႕ရွိ Bocharov Ruchey ေက်းလက္စံအိမ္ ျဖစ္သည္။

စတာလင္လက္ထက္ ၾသဇာၾကီးသည့္ ဗိုလ္ခ်ဳပ္ၾကီးတစ္ဦးျဖစ္ေသာ ကလီမင့္ ဗိုရိုရွီေလာ့ဗ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ၁၉၅၅ ခုႏွစ္တြင္ ျပီးစီးခဲ့သည္။

အဆိုပါစံအိမ္ေတာ္တြင္ ဆိုဗီယက္ေခါင္းေဆာင္မ်ားျဖစ္ေသာ ခရုရွက္ဗ္ႏွင့္ ဘရက္ဇ္ညက္တို႔ မၾကာခဏ လာေရာက္အပန္းေျဖခဲ့ဖူးသည္။

ေခတ္သစ္ရုရွားတြင္မူ Bocharov Ruchey ေက်းလက္စံအိမ္သည္ ရုရွားသမၼတ၏ တရားဝင္ ေႏြရာသီစံအိမ္ျဖစ္လာျပီး ပင္လယ္နက္ ေဒသတြင္ အစိုးရ၏ တစ္ခုတည္းေသာ ေက်းလက္စံအိမ္လည္း ျဖစ္သည္။

အဆိုပါစံအိမ္တြင္ ပူတင္သည္ အေမရိကန္သမၼတ ေဂ်ာ့ခ်္ ဒဗလ်ဴဘုရွ္ႏွင့္ ၂၀၀၈ ခုႏွစ္တြင္လည္းေကာင္း၊ ဂ်ာမနီဝန္ၾကီးခ်ဳပ္ အင္ဂ်လာ မာကယ္ႏွင့္ ၂၀၁၈ ခုႏွစ္တြင္လည္းေကာင္း ဧည့္ခံေတြ႔ဆံုခဲ့ဖူးသည္။

၆။ Valdai စံအိမ္ေတာ္

ပူတင္၏ အျခား တရားဝင္ စံအိမ္တစ္လံုးျဖစ္ေသာ Valdai စံအိမ္ေတာ္မွာ ရုရွားႏိုင္ငံအေနာက္ပိုင္း Novgorod ျမိဳ႕တြင္ တည္ရွိသည္။

စံအိမ္အမည္ ၃ မ်ဳိးရွိျပီး Valdi , Uzhyn ႏွင့္ Doldie Borody ဟု အမ်ဳိးမ်ဳိး ေခၚဆိုၾကသည္။

စတာလင္၏ ေက်းလက္စံအိမ္အျဖစ္ အသံုးျပဳရန္ ရည္ရြယ္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေသာ္လည္း စတာလင္က စံအိမ္တည္ရွိေနသည့္ အေနအထားမွာ အလြန္အႏၱရာယ္မ်ားလြန္းသည္ဟု သံုးသပ္ခဲ့သည္။ ကၽြန္းဆြယ္ကေလးတစ္ခုေပၚတြင္ ထီးတည္းတည္ရွိကာ ေဘးပတ္ဝန္းက်င္တြင္ နက္ရႈိင္းလွေသာ ေတာအုပ္ၾကီးက ဝန္းပတ္ထားသည္။

အေရးအေၾကာင္းရွိ၍ ထြက္ေျပးလိုပါက ကုန္းမၾကီးသို႔ ေရာက္ရွိႏိုင္သည့္လမ္း တစ္ခုတည္းသာရွိသည္။

သို႔ေသာ္ စံအိမ္ကို အျပီးသတ္ဆက္လက္ေဆာက္လုပ္ခဲ့ျပီး ၁၉၈၀ ျပည့္လြန္ကာလမ်ားတြင္ အျပီးသတ္ခဲ့သည္။

ရုရွား၏ ပထမဆံုးသမၼတ ေဘာရစ္ ယဲ့လ္ဆင္က အဆိုပါစံအိမ္တြင္ ငါးမွ်ားရျခင္းကို အလြန္ႏွစ္သက္သည္။

ပူတင္သမၼတျဖစ္လာေသာအခါတြင္လည္း အဆိုပါစံအိမ္ေတာ္ကို အသံုးျပဳခြင့္ရရွိခဲ့သည္။

၇။ ကြန္စတန္တင္နန္းေတာ္၊ စိန္႔ပီတာစဘတ္ျမိဳ ႔

အဆိုပါနန္းေတာ္ကို မူလက ရိုမာေနာ့ဗ္မိသားစုက ပိုင္ဆိုင္ခဲ့ျပီး ဖင္လန္ပင္လယ္ေကြ႔တြင္တည္ရွိကာ စိန္႔ပီတာစဘတ္ျမိဳ ႔လယ္မွ ကီလိုမီတာ ၂၀ ခန္႔သာ ေဝးကြာသည္။

ဒုတိယကမၻာစစ္ၾကီးအတြင္း ဆိုးရြားစြာပ်က္စီးခဲ့သည္။ ေနာက္ပိုင္းတြင္ Leningrad Arctic School မွ ေက်ာင္းသားမ်ားကို လက္ခံထားခဲ့ေသာ္လည္း ဆိုဗီယက္ျပည္ေထာင္စုၾကီးျပိဳကြဲျပီးေနာက္ပိုင္း စံအိမ္ၾကီးမွာ ယိုယြင္းပ်က္စီးလာသည္။

၂၀၀၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားတြင္မူ သမၼတရံုးက အဆိုပါစံအိမ္ေတာ္ကို အၾကီးမားျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

အဆိုပါစံအိမ္တြင္ ပူတင္ ေနထိုင္ေလ့မရွိေသာ္လည္း ႏိုင္ငံေတာ္အဆင့္ တရားဝင္အခမ္းအနားမ်ား က်င္းပေလ့ရွိသည္။

၂၀၀၆ ႏွင့္ ၂၀၁၃ ခုႏွစ္မ်ားအတြင္း G-8 ႏွင့္ G-20 ထိပ္သီးေဆြးေႏြးပြဲမ်ားကို အဆိုပါစံအိမ္တြင္ က်င္းပခဲ့ျခင္း ျဖစ္သည္။

၈။ Yantar စံအိမ္ေတာ္၊ ကာလီနင္ဂရက္ျမိဳ ႔

ကာလီနင္ဂရက္ျမိဳ ႔ရွိ သမၼတ စံအိမ္ေတာ္မွာ ဂ်ာမန္အင္ပါယာ၏ ပထမဆံုးဝန္ၾကီးခ်ဳပ္ ေအာ့တို ဗြန္ ဘစ္စမတ္၏ စံအိမ္ ေဆာက္လုပ္ခဲ့ေသာ ေနရာတြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ဒုတိယကမၻာစစ္ၾကီးအတြင္း ဂ်ာမန္တို႔၏ Luftwaffe စစ္တန္းလ်ားမ်ားကို ထားရွိခဲ့သည္။

လက္ရွိေတြ႔ျမင္ရေသာ စံအိမ္ေတာ္မွာ ၂၀၁၁ ခုႏွစ္ကမွ ေဆာက္လုပ္ျပီးစီးခဲ့ျခင္းျဖစ္ျပီး ယခင္သမၼတ မက္ဗီဒက္က ဖြင့္လွစ္ေပးခဲ့သည္။

အဆိုပါစံအိမ္ေတာ္ကို သမၼတရံုးကသာ တရားဝင္ ပိုင္ဆိုင္ျခင္းျဖစ္ေသာ္လည္း မက္ဗီဒက္ႏွင့္ ႏိုင္ငံျခားေရးဝန္ၾကီး ဆာဂ်ီ လက္ဗ္ေရာ့တို႔သာ ေနထိုင္ခဲ့ဖူးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 8 official residences of Russia’s president, Vladimir Putin ( rbth )

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service