လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လမ်းတံတား၊ လျှပ်စစ်မီးတိုးတက်ကောင်းမွန်ရေးနှင့် စီးပွားရေးပြန်လည် ဦးမော့ရေး ဆောင်ရွက်ရန် လျာထားသည်ဟု သမ္မတဆို

လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လမ်းတံတား၊ လျှပ်စစ်မီးတိုးတက်ကောင်းမွန်ရေးနှင့် စီးပွားရေးပြန်လည် ဦးမော့ရေး ဆောင်ရွက်ရန် လျာထားသည်ဟု သမ္မတဆို - Property News in Myanmar from iMyanmarHouse.com
24 Jun 2020 12:06 pm တွင် တင်ခဲ့သည်
1142 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လမ်းတံတားကွန်ရက်တိုးတက်ရေး၊ လျှပ်စစ်မီးရရှိမှု ပိုမိုတိုးတက်လာစေရေးနှင့် COVID-19 ကာလအလွန် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာရေးတို့အတွက် ဆောင်ရွက်နိုင်ရန် လျာထားကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကပြောသည်။

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၀) အစည်းအဝေးကို ဇွန်၂၂ ရက်တွင် နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကို အမြန်ဆုံးကုစားနိုင်ရန် ဝိုင်းဝန်း ကြိုးပမ်းမှသာ စီးပွားရေးကျဆင်းမှုနည်းနိုင်မည် ဖြစ်သည်ဟု သမ္မတကဆိုသည်။

ထိုပြင် အသေးစား၊ အလတ်စားလုပ်ငန်းများ တိုးတက်စေရေးနှင့် ဝင်ငွေနည်းပြည်သူများအတွက် စီးပွားရေး အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတို့အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သမ္မတကဆိုသည်။

ထိုပြင် စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် အလွန်အရေးကြီးသည်ဟုလည်း သမ္မတကဆိုသည်။

လေးနှစ်တာကာလအတွင်း ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲစီမံကိန်းများ၏ အားနည်းချက်၊ အားသာချက်များကို ပကတိအရှိအတိုင်း ပြန်လည်သုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအတွက် သင်ခန်းစာယူကြရမည် ဖြစ်သည်ဟုလည်း ဆိုသည်။

ဆောင်ရွက်ဆဲ စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင်လည်း ပြည်သူအတွက် အကျိုးရလဒ်ကောင်း ရရှိစေမည့် စီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးကို ကြိုးပမ်းရမည် ဖြစ်ပါသည်ဟု ၎င်းကဆိုသည်။

ထိုကြောင့် ပြည်သူများ၏ မျှော်လင့်ချက်နှင့်ဆန္ဒများ ပြည့်ဝစေရန်အတွက် ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်သည်ဟု နိုင်ငံတော်သမ္မတကဆိုသည်။

သမ္မတက မမျှော်လင့်သည့် အခက်အခဲများကြားက နိုင်ငံ့စီးပွားရေး ပြန်လည်နိုးထရေးကို အားလုံးကြိုးပမ်း ဆောင်ရွက်ရန် အထူးတိုက်တွန်းလိုသည်ဟု ဆိုသည်။

ထိုပြင် သမ္မတက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ချိတ်ဆက်ပြီးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများသာမက CERP တွင်ပါသည့် ၂၀၂၀ နှစ်ကုန် ပြီးစီးရမည့် လုပ်ငန်းစီမံကိန်းများကိုပါ အကောင်အထည်ဖော်ရမည် ဖြစ်သည်ဟု သမ္မတကဆိုသည်။

လုပ်ငန်းစီမံကိန်းများ ရွေးချယ်ရာတွင်လည်း နိုင်ငံတော်နှင့် ပြည်သူကို အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစီမံကိန်း များကို ရွေးချယ်အကောင်အထည်ဖော်ရမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။

လုပ်ငန်းစီမံကိန်းကြီးများကို အကောင်အထည်ဖော်ရာတွင်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးကို တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ရန်လိုအပ်ပြီး တန်ဖိုးနှင့်ညီမျှသည့် ရလဒ်ရရှိရေးကိုလည်း အထူးအလေးထားရန်လည်း နိုင်ငံသမ္မတကတိုက်တွန်းခဲ့သည်။

လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် စီမံကိန်းအားလုံးကို နိုင်ငံတော် ဘတ်ဂျက်တစ်ခုတည်းက ကျခံသုံးစွဲရန်ဆိုသည်မှာ မည်သည့်နိုင်ငံမှ မဖြစ်နိုင်သည့် ကိစ္စရပ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းစီမံကိန်းအလိုက် မည်သည့်ဘဏ္ဍာငွေ အရင်းအမြစ်ကို သုံးစွဲမည်ဆိုသည်ကိုလည်း သေချာစွာသုံးသပ်စိစစ်ပြီးမှသာ ဆောင်ရွက်ရန် မှာကြားလိုပါကြောင်းလည်း ၎င်းကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လာမည့္ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္တြင္ လမ္းတံတား၊ လွ်ပ္စစ္မီးတိုးတက္ေကာင္းမြန္ေရးႏွင့္ စီးပြားေရးျပန္လည္ ဦးေမာ့ေရး ေဆာင္႐ြက္ရန္ လ်ာထားသည္ဟု သမၼတဆို

၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္တြင္ လမ္းတံတားကြန္ရက္တိုးတက္ေရး၊ လွ်ပ္စစ္မီးရရွိမႈ ပိုမိုတိုးတက္လာေစေရးႏွင့္ COVID-19 ကာလအလြန္ ႏိုင္ငံ့စီးပြားေရး ျပန္လည္ဦးေမာ့လာေရးတို႔အတြက္ ေဆာင္႐ြက္ႏိုင္ရန္ လ်ာထားေၾကာင္း ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ကေျပာသည္။

အမ်ိဳးသားစီမံကိန္းေကာ္မရွင္ (၁/၂၀၂၀) အစည္းအေဝးကို ဇြန္၂၂ ရက္တြင္ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝးခန္းမ၌ အမ်ိဳးသားစီမံကိန္းေကာ္မရွင္ဥကၠ႒ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

COVID-19 ေၾကာင့္ စီးပြားေရးထိခိုက္မႈမ်ားကို အျမန္ဆုံးကုစားႏိုင္ရန္ ဝိုင္းဝန္း ႀကိဳးပမ္းမွသာ စီးပြားေရးက်ဆင္းမႈနည္းႏိုင္မည္ ျဖစ္သည္ဟု သမၼတကဆိုသည္။

ထိုျပင္ အေသးစား၊ အလတ္စားလုပ္ငန္းမ်ား တိုးတက္ေစေရးႏွင့္ ဝင္ေငြနည္းျပည္သူမ်ားအတြက္ စီးပြားေရး အခြင့္အလမ္းေကာင္းမ်ား ဖန္တီးႏိုင္ေရး၊ အလုပ္အကိုင္အခြင့္အလမ္း ရရွိေရးတို႔အတြက္ ဆက္လက္ ေဆာင္႐ြက္သြားမည္ ျဖစ္သည္ဟု သမၼတကဆိုသည္။

ထိုျပင္ စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ရာတြင္ ေပါင္းစပ္ညႇိႏႈိင္းမႈႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ားသည္ အလြန္အေရးႀကီးသည္ဟုလည္း သမၼတကဆိုသည္။

ေလးႏွစ္တာကာလအတြင္း ေဆာင္႐ြက္ၿပီး၊ ေဆာင္႐ြက္ဆဲစီမံကိန္းမ်ား၏ အားနည္းခ်က္၊ အားသာခ်က္မ်ားကို ပကတိအရွိအတိုင္း ျပန္လည္သုံးသပ္ၿပီး ေရွ႕ဆက္ေဆာင္႐ြက္မည့္ လုပ္ငန္းစီမံကိန္းမ်ားအတြက္ သင္ခန္းစာယူၾကရမည္ ျဖစ္သည္ဟုလည္း ဆိုသည္။

ေဆာင္႐ြက္ဆဲ စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ရာတြင္လည္း ျပည္သူအတြက္ အက်ိဳးရလဒ္ေကာင္း ရရွိေစမည့္ စီမံကိန္းမ်ားကို အျမန္ဆုံး အေကာင္အထည္ေဖာ္ႏိုင္ေရးကို ႀကိဳးပမ္းရမည္ ျဖစ္ပါသည္ဟု ၎ကဆိုသည္။

ထိုေၾကာင့္ ျပည္သူမ်ား၏ ေမွ်ာ္လင့္ခ်က္ႏွင့္ဆႏၵမ်ား ျပည့္ဝေစရန္အတြက္ ဝိုင္းဝန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ၾကရမည္ ျဖစ္သည္ဟု ႏိုင္ငံေတာ္သမၼတကဆိုသည္။

သမၼတက မေမွ်ာ္လင့္သည့္ အခက္အခဲမ်ားၾကားက ႏိုင္ငံ့စီးပြားေရး ျပန္လည္ႏိုးထေရးကို အားလုံးႀကိဳးပမ္း ေဆာင္႐ြက္ရန္ အထူးတိုက္တြန္းလိုသည္ဟု ဆိုသည္။

ထိုျပင္ သမၼတက ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္ အမ်ိဳးသားစီမံကိန္းကို အေကာင္အထည္ေဖာ္ရာတြင္ ျမန္မာႏိုင္ငံ၏ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီေသာဖြံ႕ၿဖိဳးတိုးတက္မႈ စီမံကိန္းႏွင့္ ခ်ိတ္ဆက္ၿပီးေဆာင္႐ြက္မည့္ လုပ္ငန္းစီမံကိန္းမ်ားသာမက CERP တြင္ပါသည့္ ၂၀၂၀ ႏွစ္ကုန္ ၿပီးစီးရမည့္ လုပ္ငန္းစီမံကိန္းမ်ားကိုပါ အေကာင္အထည္ေဖာ္ရမည္ ျဖစ္သည္ဟု သမၼတကဆိုသည္။

လုပ္ငန္းစီမံကိန္းမ်ား ေ႐ြးခ်ယ္ရာတြင္လည္း ႏိုင္ငံေတာ္ႏွင့္ ျပည္သူကို အက်ိဳးျဖစ္ထြန္းေစမည့္ လုပ္ငန္းစီမံကိန္း မ်ားကို ေ႐ြးခ်ယ္အေကာင္အထည္ေဖာ္ရမည္ ျဖစ္သည္ဟု ၎ကဆိုသည္။

လုပ္ငန္းစီမံကိန္းႀကီးမ်ားကို အေကာင္အထည္ေဖာ္ရာတြင္လည္း ႏိုင္ငံေတာ္၏ ဘ႑ာေငြ ေလလြင့္ဆုံးရႈံးမႈမရွိေစေရးကို တာဝန္ရွိသူအဆင့္ဆင့္က ႀကီးၾကပ္ရန္လိုအပ္ၿပီး တန္ဖိုးႏွင့္ညီမွ်သည့္ ရလဒ္ရရွိေရးကိုလည္း အထူးအေလးထားရန္လည္း ႏိုင္ငံသမၼတကတိုက္တြန္းခဲ့သည္။

လုပ္ငန္းစီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ရာတြင္ စီမံကိန္းအားလုံးကို ႏိုင္ငံေတာ္ ဘတ္ဂ်က္တစ္ခုတည္းက က်ခံသုံးစြဲရန္ဆိုသည္မွာ မည္သည့္ႏိုင္ငံမွ မျဖစ္ႏိုင္သည့္ ကိစၥရပ္ ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ လုပ္ငန္းစီမံကိန္းအလိုက္ မည္သည့္ဘ႑ာေငြ အရင္းအျမစ္ကို သုံးစြဲမည္ဆိုသည္ကိုလည္း ေသခ်ာစြာသုံးသပ္စိစစ္ၿပီးမွသာ ေဆာင္႐ြက္ရန္ မွာၾကားလိုပါေၾကာင္းလည္း ၎ကဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service