ဒလမြို့သစ်စီမံကိန်းများကြောင့် လယ်မြေဧကကွက်များ ၁၀ ရာခိုင်နှုန်း ဈေးမြင့်တက်ပြီး ၅၀ ရာခိုင်နှုန်းအထိ အရောင်းသွက်လာ

ဒလမြို့သစ်စီမံကိန်းများကြောင့် လယ်မြေဧကကွက်များ ၁၀ ရာခိုင်နှုန်း ဈေးမြင့်တက်ပြီး ၅၀ ရာခိုင်နှုန်းအထိ အရောင်းသွက်လာ - Property News in Myanmar from iMyanmarHouse.com
25 Jun 2020 11:30 am တွင် တင်ခဲ့သည်
12324 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒလမြို့သစ်စီမံကိန်းများကြောင့် လယ်မြေဧကကွက်များ ၅၀ ရာခိုင်နှုန်းအထိ အရောင်းသွက်လာ၊ ၁၀ ရာခိုင်နှုန်း ဈေးမြင့်တက်လာကြောင်း News City အိမ်ခြံမြေ၊လယ်ယာမြေအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက် ကိုထွန်းလင်းကျော်က ပြောသည်။

"ဒလမြို့ အိမ်ခြံမြေ ဈေးကွက်ကတော့ နည်းနည်းပြန်လှုပ်လာတယ်။ အိမ်ကွက်တွေတော့မဟုတ်ဘူး။ ပါမစ်ကျပြီးသား ဂရန်ကျပြီးသားမြို့ကွက်တွေတော့ စိတ်မဝင်စားတော့ဘဲ သူတို့က ခြေထပ်လှမ်းတယ်။ ဧကကွက် လယ်ယာမြေတွေကို ပိုရင်းကြတယ်။ဒီလယ်ယာမြေတွေကလည်း တစ်ချိန်ကျရင် မြို့သစ်စီမံကိန်းတွေ ဖြစ်လာမှာလေနိုင်ငံတော်က လျှော်ကြေးပေးတဲ့ ၁၀၀ ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းက အစိုးရက သိမ်းတယ်၂၀ ရာခိုင်နှုန်းက ပိုင်ရှင်ပြန်ရမယ်ဆိုတဲ့ လျှော်ကြေးလေးကလည်းရှိတော့လာတဲ့သူတွေအကုန်လုံးက လယ်ယာမြေကို ပိုရင်းကြတယ်။ တစ်လနှစ်လမှာ လယ်ယာမြေတွေ တစ်ဟုတ်ထိုး ပြန်ပြီးတော့ ပြန်လှုပ် လာတယ်။ "ဟု ကိုထွန်းလင်း ကျော်က ပြောသည်။

ယခင်က ဒလတံတားစီမံကိန်းကြောင့် အမြင့်ဆုံးဈေးနှုန်းထားများနှင့်ပေးဝယ်သည့် ကျန်စစ်သားရပ်ကွက် ၊တပင်ရွှေထီးရပ်ကွက်ကဲ့သို့ရပ်ကွက်များတွင်မြို့သစ်စီမံကိန်းသစ်များကြောင့် အရောင်းအဝယ်လုံးဝ မရှိသလောက် ရင်းနှီးမြှုပ်နှံမှုများ တစ်ဖြေးဖြေးလျှော့နည်းကျဆင်းခဲ့သည်။

" ၅၀ ရာခိုင်နှုန်းအထိ အရောင်းအဝယ်ပြန်ဖြစ်လာတယ်။ ဈေးနှုန်းတွေက ၁၀ ရာခိုင်နှုန်းလောက်ထိ တက်လာတယ်။ ၁ဧက ကျပ်သိန်း ၁၀၀ တန်ဆိုရင် ကျပ်သိန်း၁၂၀ ဝန်းကျင်ပေးဝယ်ရတယ်။ ကျပ်သိန်း ၃၀ ဆို ကျပ်သိန်း ၃၅လောက်ဖြစ်တယ်။ ဝယ်သူလိုက်လာတဲ့အတွက် ဈေးကနည်းနည်းလေးတက်တယ်။"ဟု ကိုထွန်းလင်းကျော်က ပြောသည်။

၂၀၂၀ ခုနှစ် မတ်လနှင့် ဧပြီလတို့တွင် Covid-19 ကာလအတွင်း အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ် အေးစက်ခဲ့ရာမှ မေလမှစတင်က ဧက လယ်ယာမြေကွက်များမှာ ပါမစ်မြေကွက်များထက် စိတ်ဝင်စားမှု မြင့်တက်လာပြီး တစ်ဖြေးဖြေးအဝယ်လိုက်ကာ ဇွန်လ ပထမပတ်အတွင်းတစ်ဟုန်ထိုး အရောင်းသွက်လာ ခြင်းကြောင့် ဈေးနှုန်းများပါ လိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဒလမြို့နယ်တွင် ကျေးရွာပေါင်း ၅၄ ရွာတွင် ဒလမြို့သစ်စီမံကိန်း လုပ်ဆောင်မည့် ထူးကြီး၊ ပျော်ဖွယ်၊ ထော်အောက်၊ ညောင်ငုတ္တို၊ တံတားချောင်း၊ ခနောင်ရှမ်းစု၊ ရဲချောင်းဝ စသည့် ကျေးရွာများရှိ ကွင်းများ၌ စီမံကိန်း phase 1 တွင် ၁ ဧကလျင် ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၂၅၀ ၊ phase 2 တွင် ၁ ဧကလျှင် ကျပ်သိန်း ၁၈၀ မှ ကျပ်သိန်း ၂၂၀ အထိ၊ phase 3 တွင် ကျပ်သိန်း ၈၀ မှ ကျပ်သိန်း ၁၃၀ အထိ စသည့် စီမံကိန်းတည်နေရာအလိုက် ပေါက်ဈေးများရှိနေခြင်းဖြစ်သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]










နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service