အစိုးရသက်တမ်း ၄ နှစ်အတွင်း အစိုးရ ရငွေနှင့် သုံးငွေ နှစ်ဆခန့်တိုးတက်ခဲ့ကြောင်း သမ္မတဦးဝင်းမြင့် ပြောကြား

အစိုးရသက်တမ်း ၄ နှစ်အတွင်း အစိုးရ ရငွေနှင့် သုံးငွေ နှစ်ဆခန့်တိုးတက်ခဲ့ကြောင်း သမ္မတဦးဝင်းမြင့် ပြောကြား - Property News in Myanmar from iMyanmarHouse.com
23 Jun 2020 11:48 am တွင် တင်ခဲ့သည်
637 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အစိုးရသက်တမ်း ၄ နှစ်ကျော်အတွင်း အစိုးရငွေသည် ကျပ်ဘီလီယံ ၁၇၀၀၀ မှ ၂၇၈၀၀ အထိတိုးမြှင့်ရရှိပြီး အသုံးစရိတ်မှာလည်း ကျပ်ဘီလီယံ ၂၀၀၀၀မှ ၃၄၀၀၀ အထိ တိုးတက်ခဲ့သည်ဟု နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

နိုင်ငံတော်သမ္မက ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ယနေ့ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေး အတည်ပြုကြရန် ဖြစ်သည်ဟုဆိုသည်။

နိုင်ငံတော်သမ္မတက COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် ကြီးမားသည့် ကမ္ဘာ့စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်သည့်အတိုင်း မြန်မာနိုင်ငံတွင်လည်း စီးပွားရေးထိခိုက်မှုများ ရှိလာသည်ဟုဆိုသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လကဲ့သို့ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍများအားလုံး ဝင်ငွေကျဆင်းနိုင်ပြီး ပြည်ထောင်စု၏ရငွေ အခြေအနေပေါ်မူတည်ပြီး အသုံးစရိတ်များကို ခွဲဝေရခြင်းဖြစ်သည့်အတွက် ပြည်ထောင်စု အဆင့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ အားလုံး ခွဲဝေရရှိသည့် အသုံးစရိတ်များကို အပြည့်အဝသုံးစွဲကြခြင်းဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည် တိုးတက်စေရန် ကြိုးပမ်းကြရမည် ဖြစ်သည်ဟု သမ္မတကဆိုသည်။

ထို့ပြင် သမ္မတက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ အသုံးစရိတ်များထဲတွင် COVID-19 ကပ်ရောဂါ ကြောင့် ထိခိုက်ခဲ့သည့်ကဏ္ဍများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ အသုံးစရိတ်များ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အသုံးစရိတ်များ၊ ပြည်ပအကူအညီရငွေ၊ ပြည်ပချေးငွေများအတွက် အသုံးစရိတ်များ၊ လျှပ်စစ်မီး၊ လမ်းတံတား၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိရေးဆိုင်ရာ အသုံးစရိတ်များကို ခွဲဝေပေးထားသည့်အပြင် အထွေထွေရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲကော်မရှင်၏ အသုံးစရိတ်များလည်း ပါဝင်သည်ကို တွေ့ရသည်ဟုဆိုသည်။

သမ္မတက ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများ၊ စီမံကိန်းများကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ကြစေလိုသည်ဟုဆိုသည်။

တည်ဆောက်ရေး၊ ဝယ်ယူရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ပြီးစီးမှုအဆင့်အလိုက် ငွေပေးချေခြင်းများ ဆောင်ရွက်ကြရာတွင် လွှတ်တော်က အကြိမ်ကြိမ်ထောက်ပြနေသော်လည်း ကြန့်ကြာမှုများ ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်ဟုလည်းဆိုသည်။ ထိုသို့ ကြန့်ကြာမှုများ မဖြစ်စေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အနေဖြင့် လက်အောက်ရုံးခွဲအသီးသီးကို လုပ်ပိုင်ခွင့်များ အပ်နှင်းခွဲဝေပေးပြီး တာဝန်ရှိသူ အဆင့်ဆင့်က တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ကြရန် လိုအပ်သည်ဟုဆိုသည်။

ပြည်ပအကူအညီရငွေ၊ ပြည်ပချေးငွေများနှင့်ပတ်သက်၍ အလေအလွင့် မရှိစေဘဲ အကျိုးရလဒ်များ အပြည့်အဝရရှိစေရန် ကြိုးပမ်းကြရန်လည်း သမ္မတကတိုက်တွန်းသည်။

COVID-19 ကပ်ရောဂါကြောင့် နိုင်ငံအပေါ် လူမှုရေး၊ စီးပွားရေး ထိခိုက်ခဲ့မှုများကို ကုစားနိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်က လွှတ်တော်အတည်ပြုချက်ဖြင့် ရယူခဲ့သည့် ပြည်ပချေးငွေ များသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထုတ်ယူသုံးစွဲကြမည် ဖြစ်သည်။

ချေးငွေရယူသည့် ရည်ရွယ်ချက်အတိုင်း သုံးစွဲနိုင်ပါက COVID-19 ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုကို ကုစားနိုင်မည့်အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များကိုလည်း ရရှိစေမည်ဖြစ်ဟု သမ္မတကဆိုသည်။

COVID-19 ၏ အကျိုးဆက်ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အခွန်အကောက် ရငွေများ၊ အခြားရငွေများ လျော့နည်းနိုင်သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုကို ကာကွယ်နိုင်ရန် သုံးသင့်သုံးထိုက်သည့် အသုံးစရိတ်များကို သုံးစွဲသွားမည်ဟု သမ္မတဆိုသည်။

အစိုးရသက်တမ်း ၄ နှစ်ကျော် ကာလအတွင်း ပြည်ထောင်စု၏ရငွေသည် ငွေကျပ် ၁၆၉၇၉ ဘီလီယံမှ ငွေကျပ် ၂၇၈၅၂ ဘီလီယံသို့ တိုးတက်ရရှိခဲ့ပြီး ပြည်ထောင်စု၏ အသုံးစရိတ်သည် ငွေကျပ် ၂၀၂၆၇ ဘီလီယံမှ ကျပ်ဘီလီယံ ၃၄၆၅၂ အထိတိုးတက်ခဲ့သည်ဟုဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အစိုးရသက္တမ္း ၄ ႏွစ္အတြင္း အစိုးရ ရ​ေငြႏွင့္ သုံး​ေငြ ႏွစ္ဆခန္႔တိုးတက္ခဲ့​ေၾကာင္း သမၼတဦး၀င္းျမင့္​ ေျပာၾကား

အစိုးရသက္တမ္း ၄ ႏွစ္​ေက်ာ္အတြင္း အစိုးရ​ေငြသည္ က်ပ္ဘီလီယံ ၁၇၀၀၀ မွ ၂၇၈၀၀ အထိတိုးျမႇင့္ရရွိၿပီး အသုံးစရိတ္မွာလည္း က်ပ္ဘီလီယံ ၂၀၀၀၀မွ ၃၄၀၀၀ အထိ တိုးတက္ခဲ့သည္ဟု ႏိုင္ငံ​ေတာ္သမၼတဦး၀င္းျမင့္က ​ေျပာၾကားသည္။

ႏိုင္ငံ​ေတာ္သမၼက ဘ႑ာ​ေရး​ေကာ္မရွင္အစည္းအ​ေဝးတြင္ ​ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အစည္းအေဝးတြင္ ဘ႑ာေရးေကာ္မရွင္ဥကၠ႒ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ က ယေန႔က်င္းပသည့္ ဘ႑ာေရးေကာ္မရွင္ (၂/၂၀၂၀) ႀကိမ္ေျမာက္ အစည္းအေဝးတြင္ ၂၀၂၀-၂၀၂၁ ခု၊ ဘ႑ာေရးႏွစ္ ျပည္ေထာင္စု၏ အရအသုံးခန႔္မွန္းေျခ ေငြစာရင္းႏွင့္ ၂၀၂၀-၂၀၂၁ ခု၊ ဘ႑ာေရးႏွစ္ ျပည္ေထာင္စု၏ ဘ႑ာေငြ အရအသုံးဆိုင္ရာ ဥပေဒၾကမ္းတို႔ကို ေဆြးေႏြး အတည္ျပဳၾကရန္ ျဖစ္သည္ဟုဆိုသည္။

ႏိုင္ငံ​ေတာ္သမၼတက COVID-19 ကမာၻ႔ကပ္ေရာဂါေဘးေၾကာင့္ ႀကီးမားသည့္ ကမာၻ႔စီးပြားေရးက်ဆင္းမႈ ျဖစ္ေပၚသည့္အတိုင္း ျမန္မာႏိုင္ငံတြင္လည္း စီးပြားေရးထိခိုက္မႈမ်ား ရွိလာသည္ဟုဆိုသည္။ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ ဒုတိယ ၆ လကဲ့သို႔ ၂၀၂၀ -၂၀၂၁ ဘ႑ာေရးႏွစ္တြင္လည္း အစိုးရ၊ ပုဂၢလိက က႑မ်ားအားလုံး ဝင္ေငြက်ဆင္းႏိုင္ၿပီး ျပည္ေထာင္စု၏ရေငြ အေျခအေနေပၚမူတည္ၿပီး အသုံးစရိတ္မ်ားကို ခြဲေဝရျခင္းျဖစ္သည့္အတြက္ ျပည္ေထာင္စု အဆင့္ ဌာန၊ အဖြဲ႕အစည္းမ်ား၊ တိုင္းေဒသႀကီး/ ျပည္နယ္အဆင့္ဌာန၊ အဖြဲ႕အစည္းမ်ား အားလုံး ခြဲေဝရရွိသည့္ အသုံးစရိတ္မ်ားကို အျပည့္အဝသုံးစြဲၾကျခင္းျဖင့္ ႏိုင္ငံ့စီးပြားေရး ျပန္လည္ တိုးတက္ေစရန္ ႀကိဳးပမ္းၾကရမည္ ျဖစ္သည္ဟု သမၼတကဆိုသည္။

ထို႕ျပင္ သမၼတက ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္၏ အသုံးစရိတ္မ်ားထဲတြင္ COVID-19 ကပ္ေရာဂါ ေၾကာင့္ ထိခိုက္ခဲ့သည့္က႑မ်ားအတြက္ ျပန္လည္ထူေထာင္ေရးဆိုင္ရာ အသုံးစရိတ္မ်ား၊ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး အသုံးစရိတ္မ်ား၊ ျပည္ပအကူအညီရေငြ၊ ျပည္ပေခ်းေငြမ်ားအတြက္ အသုံးစရိတ္မ်ား၊ လွ်ပ္စစ္မီး၊ လမ္းတံတား၊ ေသာက္သုံးေရႏွင့္ စိုက္ပ်ိဳးေရ ရရွိေရးဆိုင္ရာ အသုံးစရိတ္မ်ားကို ခြဲေဝေပးထားသည့္အျပင္ အေထြေထြေ႐ြးေကာက္ပြဲ အတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္၏ အသုံးစရိတ္မ်ားလည္း ပါဝင္သည္ကို ေတြ႕ရသည္ဟုဆိုသည္။

သမၼတက ဦးစားေပးေဆာင္႐ြက္ရန္ လိုအပ္သည့္ လုပ္ငန္းမ်ား၊ စီမံကိန္းမ်ားကို ဥပေဒ၊ နည္းဥပေဒ၊ စည္းမ်ဥ္း၊ အမိန႔္၊ ၫႊန္ၾကားခ်က္မ်ားႏွင့္ အညီ ေဆာင္႐ြက္ၾကေစလိုသည္ဟုဆိုသည္။

တည္ေဆာက္ေရး၊ ဝယ္ယူေရးလုပ္ငန္းမ်ားအတြက္ တင္ဒါေခၚယူျခင္း၊ စိစစ္ေ႐ြးခ်ယ္ျခင္း၊ စာခ်ဳပ္ခ်ဳပ္ဆိုျခင္း၊ ၿပီးစီးမႈအဆင့္အလိုက္ ေငြေပးေခ်ျခင္းမ်ား ေဆာင္႐ြက္ၾကရာတြင္ လႊတ္ေတာ္က အႀကိမ္ႀကိမ္ေထာက္ျပေနေသာ္လည္း ၾကန႔္ၾကာမႈမ်ား ရွိေနဆဲျဖစ္သည္ကို ေတြ႕ရသည္ဟုလည္းဆိုသည္။ ထိုသို႔ ၾကန႔္ၾကာမႈမ်ား မျဖစ္ေစရန္ သက္ဆိုင္ရာဌာန၊ အဖြဲ႕အစည္းမ်ား အေနျဖင့္ လက္ေအာက္႐ုံးခြဲအသီးသီးကို လုပ္ပိုင္ခြင့္မ်ား အပ္ႏွင္းခြဲေဝေပးၿပီး တာဝန္ရွိသူ အဆင့္ဆင့္က တာဝန္ယူ၊ တာဝန္ခံေဆာင္႐ြက္ၾကရန္ လိုအပ္သည္ဟုဆိုသည္။

ျပည္ပအကူအညီရေငြ၊ ျပည္ပေခ်းေငြမ်ားႏွင့္ပတ္သက္၍ အေလအလြင့္ မရွိေစဘဲ အက်ိဳးရလဒ္မ်ား အျပည့္အဝရရွိေစရန္ ႀကိဳးပမ္းၾကရန္လည္း သမၼတကတိုက္တြန္းသည္။

COVID-19 ကပ္ေရာဂါေၾကာင့္ ႏိုင္ငံအေပၚ လူမႈေရး၊ စီးပြားေရး ထိခိုက္ခဲ့မႈမ်ားကို ကုစားႏိုင္ရန္ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္က လႊတ္ေတာ္အတည္ျပဳခ်က္ျဖင့္ ရယူခဲ့သည့္ ျပည္ပေခ်းေငြ မ်ားသည္ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္တြင္ ထုတ္ယူသုံးစြဲၾကမည္ ျဖစ္သည္။

ေခ်းေငြရယူသည့္ ရည္႐ြယ္ခ်က္အတိုင္း သုံးစြဲႏိုင္ပါက COVID-19 ကပ္ေရာဂါေၾကာင့္ စီးပြားေရး ထိခိုက္မႈကို ကုစားႏိုင္မည့္အျပင္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ အခြင့္အလမ္းသစ္မ်ားကိုလည္း ရရွိေစမည္ျဖစ္ဟု သမၼတကဆိုသည္။

COVID-19 ၏ အက်ိဳးဆက္ေၾကာင့္ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္တြင္ အခြန္အေကာက္ ရေငြမ်ား၊ အျခားရေငြမ်ား ေလ်ာ့နည္းႏိုင္ေသာ္လည္း ျပည္ေထာင္စုအစိုးရအဖြဲ႕ အေနျဖင့္ COVID-19 ေၾကာင့္ စီးပြားေရးထိခိုက္မႈကို ကာကြယ္ႏိုင္ရန္ သုံးသင့္သုံးထိုက္သည့္ အသုံးစရိတ္မ်ားကို သုံးစြဲသြားမည္ဟု သမၼတဆိုသည္။

အစိုးရသက္တမ္း ၄ ႏွစ္ေက်ာ္ ကာလအတြင္း ျပည္ေထာင္စု၏ရေငြသည္ ေငြက်ပ္ ၁၆၉၇၉ ဘီလီယံမွ ေငြက်ပ္ ၂၇၈၅၂ ဘီလီယံသို႔ တိုးတက္ရရွိခဲ့ၿပီး ျပည္ေထာင္စု၏ အသုံးစရိတ္သည္ ေငြက်ပ္ ၂၀၂၆၇ ဘီလီယံမွ က်ပ္ဘီလီယံ ၃၄၆၅၂ အထိတိုးတက္ခဲ့သည္ဟုဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service