ဒေလီမြို့တွင် ဇိမ်ခံဟိုတယ် ၂၅ လုံးကို covid-19 ကုသရေးဌာနအဖြစ် အသုံးပြုရန် စီစဉ်

ဒေလီမြို့တွင် ဇိမ်ခံဟိုတယ် ၂၅ လုံးကို covid-19 ကုသရေးဌာနအဖြစ် အသုံးပြုရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
22 Jun 2020 1:10 pm တွင် တင်ခဲ့သည်
723 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ရှိ ဇိမ်ခံဟိုတယ်များမှ ဝန်ထမ်းများသည် ဧည့်သည်များကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။ သို့သော် ရိုးရာပန်းကုံးများနှင့် ကြိုဆိုမည်မဟုတ်ဘဲ ဆေးဘက်အကာအကွယ်ဝတ်စုံများဖြင့် ကြိုဆိုကြမည် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်လူနာများ မြင့်တက်လာနေမှုကို လက်ခံပေးနိုင်ရန်အတွက် လုံလောက်သော ဆေးရုံကုတင် မရှိမှုအပေါ် ရတက်မအေးဖြစ်မှုများ မြင့်တက်လာချိန်တွင် ဒေလီမြို့အုပ်ချုပ်ရေးအဖွဲ့သည် ဟိုတယ်များကို အသုံးပြုရန်စီစဉ်သည့် အိန္ဒိယ၏ ပထမဆုံးမြို့ ဖြစ်လာသည်။

ယခုရက်သတ္တပတ်မှစတင်ပြီး ဟိုတယ် ၂၅ လုံးကို covid-19 အရေးပေါ်ကုသရေးဌာနအဖြစ် အသုံးပြုမည်ဖြစ်ပြီး အပျော့စားနှင့် အလယ်အလယ် ရောဂါလက္ခဏာရှိသော လူနာများကို ကုသမှုပေးမည် ဖြစ်သည်။

ဟိုတယ်ဝန်ထမ်းများကိုလည်း အချို့သော ကုသမှုများပေးနိုင်ရန် လေ့ကျင့်ပေးထားပြီးဖြစ်သည်ဟု ဆိုသည်။

အချို့သောဝန်ထမ်းများက ပြောကြားရာတွင် ယခုကဲ့သို့ တာဝန်သစ်အပေါ် ငြင်းပယ်၍ မရဖြစ်နေကြောင်း ပြောကြားသည်။

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုမှတဆင့် ဆေးရုံစောင့်ရှောက်မှုသို့ ပြောင်းလဲရမည့်အရေးနှင့် စပ်လျဉ်းပြီး ဟိုတယ်ဝန်ထမ်းများ စိတ်ရှုပ်ထွေးနေကြသည်။

ဟိုတယ်ဝန်ထမ်းများကို လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးသူ ကာနူး ရှာမားသည် ပြီးခဲ့သော ရက်သတ္တပတ်မှစတင်ပြီး ဝန်ထမ်း ၇၅ ဦးကို Suryaa ဟိုတယ်၏ ballroom တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်ပေးခဲ့ရာ သူ့အား mask များအောက်မှတဆင့် ကြောက်ရွံ့ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်ရှုနေကြမှုကို တွေ့ခဲ့ရသည်။

“သူတို့ရဲ့ ဘေးအန္တရာယ်ကင်းမှု အလားအလာနဲ့ ပတ်သက်ပြီး တုန်လှုပ်နေကြတယ်။ မိသားစုဝင်တွေဆီ ဗိုင်းရပ်စ်တွေ သယ်ဆောင်သွားမိမှာကို စိုးရိမ်နေကြပါတယ်။ ကျန်းမာရေးဆိုင်ရာ တင်းကျပ်တဲ့စည်းမျဉ်းတွေ၊ ဆေးဘက်ပစ္စည်းစွန့်ပစ်မှုတွေမှာ လိုက်နာလုပ်ဆောင်နိုင်ပါ့မလားဆိုတာ စိုးရိမ်ကြတယ်” ဟု ရှားမားက ပြောကြားသည်။

ရှားမားက ၎င်းတို့ကို ဆက်လက်ပြောကြားခဲ့ရသည်မှာ အနီးဝန်းကျင်တွင် ဆရာဝန်များနှင့် သူနာပြုများ အမြဲတမ်းရှိနေမည်ဖြစ်ကြောင်း PPE ဝတ်စုံ ဝတ်ဆင်ရာတွင် အခက်တွေ့ခြင်း (သို့မဟုတ်) စွန့်ပစ်ပစ္စည်းများကို မည်သို့ အမျိုးအစားခွဲခြားရမည်ကို မေ့လျော့နေခြင်းများ ဖြစ်ပါက အကူအညီပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားလိုက်မှ ဝန်ထမ်းတို့၏ စိုးရိမ်စိတ်များ ပျောက်ကွယ်ခဲ့ကြသည်။

ဟိုတယ်တစ်ခုတိုင်းကို အနီးဆုံး covid-19 ဆေးရုံနှင့် ချိတ်ဆက်ထားမည် ဖြစ်သည်။

ရှားမားသည် Suryaa ဟိုတယ်နှင့် မီတာအနည်းငယ်သာ ဝေးကွာသော Holy Family ဆေးရုံတွင် တာဝန်ထမ်းဆောင်သူ ဖြစ်သည်။

Suryaa ဟိုတယ်တွင် တာဝန်ထမ်းဆောင်သွားမည့် ဆေးဘက်အဖွဲ့ စာရင်းကို ဆေးရုံက ထုတ်ပြန်ထားပြီး ဖြစ်သည်။

နေ့စဉ်နေ့တိုင်း ဆေးရုံများက လူနာများကို ပြန်လည်လွှတ်နေရသည့် ဖြစ်ရပ်များ ပေါ်ပေါက်လျက်ရှိနေသည်။

လက်ရှိ ဒေလီမြို့ ဆေးရုံကုတင်အရေအတွက် ၉၀၀၀ ရှိရာ လူနာများပိုမိုလက်ခံနိုင်ရန် အရေးပေါ်လိုအပ်လာသည်။

ဒေလီမြို့ အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ Arvind Kejriwal က ခန့်မှန်းထားရာတွင် ဇူလိုင်လကုန်တွင် ရောဂါကူးစက်ခံရသူ ၅၀၀၀၀၀ ခန့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပြီး ဒေလီမြို့၌ ဆေးရုံကုတင် ၁၅၀,၀၀၀ ခန့် လိုအပ်မည်ဖြစ်ကြောင်း ဟောကိန်းထုတ်သည်။

ဟိုတယ်များတွင် လူနာပေါင်း ၁၅၀၀၀ ခန့် ထပ်မံလက်ခံနိုင်မည်ဖြစ်သော်လည်း ဒေလီမြို့အတွက် လူနာကုတင်များစွာ လိုအပ်နေဦးမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ယနေ့ (ဇူလိုင် ၂၂၊ ၂၀၂၀) အထိ covid-19 ကူးစက်ခံရသူ ၄၂၆၉၁၀ ဦးရှိနေပြီဖြစ်ပြီး သေဆုံးသူ ၁၃၇၀၃ ဦး ရှိပြီဖြစ်သည်။

(Covid-19 ကူးစက်ခံရမှု အဆိုးရွားဆုံး ထိပ်တန်း ၅ နိုင်ငံ) (ဇူလိုင် ၂၂၊ ၂၀၂၀)

၁။ အမေရိကန်ပြည်ထောင်စု- ၂၃၅၆၆၅၇

၂။ ဘရာဇီး- ၁၀၈၆၉၉၀

၃။ ရုရှား- ၅၈၄၆၈၀

၄။ အိန္ဒိယ - ၄၂၆၉၁၀

၅။ ဗြိတိန်- ၃၀၄၃၃၁

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Delhi to transform 25 luxury hotels into Covid-19 care centres (theguardian)

[Zawgyi]

ေဒလီျမိဳ႕တြင္ ဇိမ္ခံဟိုတယ္ ၂၅ လံုးကို covid-19 ကုသေရးဌာနအျဖစ္ အသံုးျပဳရန္ စီစဥ္

အိႏိၵယႏိုင္ငံ၊ ေဒလီျမိဳ႕ရွိ ဇိမ္ခံဟိုတယ္မ်ားမွ ဝန္ထမ္းမ်ားသည္ ဧည့္သည္မ်ားကို ၾကိဳဆိုရန္ ျပင္ဆင္ေနၾကသည္။ သို႔ေသာ္ ရိုးရာပန္းကံုးမ်ားႏွင့္ ၾကိဳဆိုမည္မဟုတ္ဘဲ ေဆးဘက္အကာအကြယ္ဝတ္စံုမ်ားျဖင့္ ၾကိဳဆိုၾကမည္ ျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္လူနာမ်ား ျမင့္တက္လာေနမႈကို လက္ခံေပးႏိုင္ရန္အတြက္ လံုေလာက္ေသာ ေဆးရံုကုတင္ မရွိမႈအေပၚ ရတက္မေအးျဖစ္မႈမ်ား ျမင့္တက္လာခ်ိန္တြင္ ေဒလီျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔သည္ ဟိုတယ္မ်ားကို အသံုးျပဳရန္စီစဥ္သည့္ အိႏိၵယ၏ ပထမဆံုးျမိဳ႕ ျဖစ္လာသည္။

ယခုရက္သတၱပတ္မွစတင္ျပီး ဟိုတယ္ ၂၅ လံုးကို covid-19 အေရးေပၚကုသေရးဌာနအျဖစ္ အသံုးျပဳမည္ျဖစ္ျပီး အေပ်ာ့စားႏွင့္ အလယ္အလယ္ ေရာဂါလကၡဏာရွိေသာ လူနာမ်ားကို ကုသမႈေပးမည္ ျဖစ္သည္။

ဟိုတယ္ဝန္ထမ္းမ်ားကိုလည္း အခ်ဳိ႕ေသာ ကုသမႈမ်ားေပးႏိုင္ရန္ ေလ့က်င့္ေပးထားျပီးျဖစ္သည္ဟု ဆိုသည္။

အခ်ဳိ႕ေသာဝန္ထမ္းမ်ားက ေျပာၾကားရာတြင္ ယခုကဲ့သို႔ တာဝန္သစ္အေပၚ ျငင္းပယ္၍ မရျဖစ္ေနေၾကာင္း ေျပာၾကားသည္။

ဟိုတယ္ဝန္ေဆာင္မႈဆိုင္ရာ ကၽြမ္းက်င္မႈမွတဆင့္ ေဆးရံုေစာင့္ေရွာက္မႈသို႔ ေျပာင္းလဲရမည့္အေရးႏွင့္ စပ္လ်ဥ္းျပီး ဟိုတယ္ဝန္ထမ္းမ်ား စိတ္ရႈပ္ေထြးေနၾကသည္။

ဟိုတယ္ဝန္ထမ္းမ်ားကို ေလ့က်င့္သင္ၾကားမႈမ်ား ျပဳလုပ္ေပးသူ ကာႏူး ရွာမားသည္ ျပီးခဲ့ေသာ ရက္သတၱပတ္မွစတင္ျပီး ဝန္ထမ္း ၇၅ ဦးကို Suryaa ဟုိတယ္၏ ballroom တြင္ ေလ့က်င့္မႈမ်ား စတင္ျပဳလုပ္ေပးခဲ့ရာ သူ႔အား mask မ်ားေအာက္မွတဆင့္ ေၾကာက္ရြံ႕ထိတ္လန္႔ေသာ မ်က္လံုးမ်ားျဖင့္ ၾကည့္ရႈေနၾကမႈကို ေတြ႔ခဲ့ရသည္။

“သူတို႔ရဲ႕ ေဘးအႏၱရာယ္ကင္းမႈ အလားအလာနဲ႔ ပတ္သက္ျပီး တုန္လႈပ္ေနၾကတယ္။ မိသားစုဝင္ေတြဆီ ဗိုင္းရပ္စ္ေတြ သယ္ေဆာင္သြားမိမွာကို စိုးရိမ္ေနၾကပါတယ္။ က်န္းမာေရးဆိုင္ရာ တင္းက်ပ္တဲ့စည္းမ်ဥ္းေတြ၊ ေဆးဘက္ပစၥည္းစြန္႔ပစ္မႈေတြမွာ လိုက္နာလုပ္ေဆာင္ႏိုင္ပါ့မလားဆိုတာ စိုးရိမ္ၾကတယ္” ဟု ရွားမားက ေျပာၾကားသည္။

ရွားမားက ၎တို႔ကို ဆက္လက္ေျပာၾကားခဲ့ရသည္မွာ အနီးဝန္းက်င္တြင္ ဆရာဝန္မ်ားႏွင့္ သူနာျပဳမ်ား အျမဲတမ္းရွိေနမည္ျဖစ္ေၾကာင္း PPE ဝတ္စံု ဝတ္ဆင္ရာတြင္ အခက္ေတြ႔ျခင္း (သို႔မဟုတ္) စြန္႔ပစ္ပစၥည္းမ်ားကို မည္သုိ႔ အမ်ဳိးအစားခြဲျခားရမည္ကို ေမ့ေလ်ာ့ေနျခင္းမ်ား ျဖစ္ပါက အကူအညီေပးလိမ့္မည္ျဖစ္ေၾကာင္း ေျပာၾကားလိုက္မွ ဝန္ထမ္းတို႔၏ စိုးရိမ္စိတ္မ်ား ေပ်ာက္ကြယ္ခဲ့ၾကသည္။

ဟိုတယ္တစ္ခုတိုင္းကို အနီးဆံုး covid-19 ေဆးရံုႏွင့္ ခ်ိတ္ဆက္ထားမည္ ျဖစ္သည္။

ရွားမားသည္ Suryaa ဟုိတယ္ႏွင့္ မီတာအနည္းငယ္သာ ေဝးကြာေသာ Holy Family ေဆးရံုတြင္ တာဝန္ထမ္းေဆာင္သူ ျဖစ္သည္။

Suryaa ဟုိတယ္တြင္ တာဝန္ထမ္းေဆာင္သြားမည့္ ေဆးဘက္အဖြဲ႔ စာရင္းကို ေဆးရံုက ထုတ္ျပန္ထားျပီး ျဖစ္သည္။

ေန႔စဥ္ေန႔တိုင္း ေဆးရံုမ်ားက လူနာမ်ားကို ျပန္လည္လႊတ္ေနရသည့္ ျဖစ္ရပ္မ်ား ေပၚေပါက္လ်က္ရွိေနသည္။

လက္ရွိ ေဒလီျမိဳ႕ ေဆးရံုကုတင္အေရအတြက္ ၉၀၀၀ ရွိရာ လူနာမ်ားပိုမိုလက္ခံႏိုင္ရန္ အေရးေပၚလိုအပ္လာသည္။

ေဒလီျမိဳ႕ အုပ္ခ်ဳပ္ေရးအဖြဲ႔အၾကီးအကဲ Arvind Kejriwal က ခန္႔မွန္းထားရာတြင္ ဇူလိုင္လကုန္တြင္ ေရာဂါကူးစက္ခံရသူ ၅၀၀၀၀၀ ခန္႔သို႔ ေရာက္ရွိလာမည္ဟု ခန္႔မွန္းထားျပီး ေဒလီျမိဳ႕၌ ေဆးရံုကုတင္ ၁၅၀,၀၀၀ ခန္႔ လိုအပ္မည္ျဖစ္ေၾကာင္း ေဟာကိန္းထုတ္သည္။

ဟိုတယ္မ်ားတြင္ လူနာေပါင္း ၁၅၀၀၀ ခန္႔ ထပ္မံလက္ခံႏိုင္မည္ျဖစ္ေသာ္လည္း ေဒလီျမိဳ႕အတြက္ လူနာကုတင္မ်ားစြာ လိုအပ္ေနဦးမည္ ျဖစ္သည္။

အိႏိၵယႏိုင္ငံတြင္ ယေန႔ (ဇူလိုင္ ၂၂၊ ၂၀၂၀) အထိ covid-19 ကူးစက္ခံရသူ ၄၂၆၉၁၀ ဦးရွိေနျပီျဖစ္ျပီး ေသဆံုးသူ ၁၃၇၀၃ ဦး ရွိျပီျဖစ္သည္။

(Covid-19 ကူးစက္ခံရမႈ အဆိုးရြားဆံုး ထိပ္တန္း ၅ ႏိုင္ငံ) (ဇူလိုင္ ၂၂၊ ၂၀၂၀)

၁။ အေမရိကန္ျပည္ေထာင္စု- ၂၃၅၆၆၅၇

၂။ ဘရာဇီး- ၁၀၈၆၉၉၀

၃။ ရုရွား- ၅၈၄၆၈၀

၄။ အိႏိၵယ - ၄၂၆၉၁၀

၅။ ျဗိတိန္- ၃၀၄၃၃၁

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Delhi to transform 25 luxury hotels into Covid-19 care centres (theguardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service