အိမ်သာရေ ဆွဲချချိန်တွင် ကိုရိုနာဗိုင်းရပ်စ်များ ၃ ပေအမြင့်ထိ လွင့်ပျံထွက်သွားကာ လေထုအတွင်း တည်ရှိနေနိုင်ကြောင်း သိပ္ပံပညာရှင်တို့တွေ့ရှိ

အိမ်သာရေ ဆွဲချချိန်တွင် ကိုရိုနာဗိုင်းရပ်စ်များ ၃ ပေအမြင့်ထိ လွင့်ပျံထွက်သွားကာ လေထုအတွင်း တည်ရှိနေနိုင်ကြောင်း သိပ္ပံပညာရှင်တို့တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
22 Jun 2020 12:55 pm တွင် တင်ခဲ့သည်
8518 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိမ်သာတက်ပြီး ရေဆွဲချချိန်တွင် လေထုအတွင်းအမှုန်အစက်များ ပါဝင်ဖွဲ့စည်းထားသော မြူထုတစ်ခု ၉၁ စင်တီမီတာ ( ၃ ပေ) အမြင့်အထိ မြင့်တက်ဖြစ်ပေါ်နိုင်ကြောင်း သိပ္ပံပညာရှင်တို့တွေ့ရှိခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ်များ ပါဝင်သော အဆိုပါ မြူထုသည် လေထုအတွင်း ကြာရှည်စွာရှိနေနိုင်ပြီး အခြားတစ်ဦး အိမ်သာအသုံးပြုရန် ရောက်ရှိလာချိန်တွင် ရှူသွင်းမိနိုင်ခြင်း (သို့မဟုတ်) ဗိုင်းရပ်စ်ပါဝင်သောအမှုန်တို့သည် အိမ်သာအတွင်းရှိ မျက်နှာပြင်အမျိုးမျိုးပေါ် ကျရောက်သွားခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

ပတ်ဝန်းကျင်လေထုအတွင်းရှိနေပြီးဖြစ်သော ကိုရိုနာဗိုင်းရပ်စ်အမှုန်များ အိမ်သာအတွင်းရောက်ရှိနိုင်သည့်နည်းတူ၊ လူတစ်ဦး စွန့်လိုက်သည့် မစင်အတွင်းတွင်လည်း ရှိနေနိုင်သည်။

Physics of Fluids ဂျာနယ်တွင် ဇွန်လ ၁၆ ရက်က ဖော်ပြခဲ့သော သုတေသနစာတမ်းအရ ကိုရိုနာဗိုင်းရပ်စ်သည် အသက်ရှူလမ်းကြောင်းအမှုန်များမှတဆင့် ကူးစက်နိုင်ရုံမျှမကဘဲ ဗိုင်းရပ်စ်များပါဝင်သည့် မစင်များမှတဆင့်လည်း ကူးစက်နိုင်ကြောင်း ဖော်ပြထားသည်။ အများသုံးအိမ်သာ (သို့မဟုတ်) အခြားသူများနှင့် မျှဝေသုံးစွဲရသော အိမ်သာများသည် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု၏ အခြေခံအကြောင်းရင်းတစ်ခုဟုတ်၊ မဟုတ်ကိုမူ မသိရသေးချေ။

သို့သော် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း လူအများ မျှဝေသုံးစွဲရသည့်နေရာများကို ပြန်လည်သုံးသပ်သင့်နေပြီဖြစ်ကြောင်း ယခု သုတေသနက မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်သည်။

“အိမ်သာတွေကနေ ပျံ့နှံ့တဲ့ အမှုန်တွေနဲ့ ပတ်သက်တဲ့အကြောင်းကို ကျွန်တော်တို့ သိခဲ့တာကြာပါပြီ။” ဟု University of Nebraska Medical Centre မှ ရောဂါဗေဒနှင့် အဏုဇီဝပညာ ပါမောက္ခ ဒေါက်တာ Joshua L, Santarpia က ပြောကြားသည်။ ယခုသုတေသနတွင်မူ ဒေါက်တာ Joshua ပါဝင်ခြင်း မရှိချေ။

ကိုရိုနာဗိုင်းရပ်စ်သည် အဆုပ်များနှင့် အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းနေရာများရှိ ဆဲလ်များအတွင်းတွင်သာ အများစုဝင်ရောက် ကူးစက်နေထိုင်လေ့ရှိသည်။ သို့သော် လေ့လာချက်များအရ တွေ့ရှိလာသည်မှာ အူသိမ်များအတွင်းရှိ ဆဲလ်များတွင်လည်း ဝင်ရောက်ကူးစက်နေထိုင်လေ့ရှိကြောင်း တွေ့ရှိလာကြသည်။

လူနာတို့၏ မစင်များအတွင်း ဗိုင်းရပ်စ်အမှုန်များတွေ့ရသကဲ့သို့ ဆေးရုံများမှ သီးသန့်လူနာခန်းများ၏ အိမ်သာခွက်များတွင်လည်း ကိုရိုနာဗိုင်းရပ်စ်၏ RNA များကို သုတေသနပညာရှင်များ တွေ့ရှိခဲ့ကြသည်။

ဓာတ်ခွဲခန်းတွင် စမ်းသပ်ချက်များအရ အိမ်သာများတွင်တွေ့ရသော ဗိုင်းရပ်စ်တို့သည် ချောင်းဆိုးကာထွက်လာသည့် ဗိုင်းရပ်စ်တု့ိနှင့် နှိုင်းယှဉ်လျှင်မူ ကူးစက်နှုန်း အားနည်းကြောင်း တွေ့ရှိကြသည်။

ကွန်ပြူတာဖြင့် ပုံဖော်သရုပ်ပြကြည့်မှုအရ အိမ်သာခွက်အတွင်း ရေဆွဲချလိုက်ချိန်တွင် ဝဲကတော့တစ်ခုကို ဖြစ်ပေါ်စေပြီး အိမ်သာခွက်အတွင်းရှိ လေထုကို ဖယ်ရှားပစ်လိုက်သည်။ အဆိုပါ ဝဲကတော့သည် အထက်ဆီသို့ရွေ့လျားပြီး ဗဟိုခွာအား၏ တွန်းထုတ်မှုကြောင့် သေးငယ်သည့် အမှုန်ပေါင်း ၆၀၀၀ ခန့် လေထုအတွင်း လွင့်ပျံတက်သွားကြသည်။

အိမ်သာခွက်သို့ ရေစီးဝင်သည့်အပေါက် ပမာဏအပေါ်မူတည်ပြီး ရေဆွဲချလိုက်ချိန်တွင် အမှုန်တို့သည် အိမ်သာထိုင်ခုံနေရာထက် ၄၀ မှ ၆၀ ရာခိုင်နှုန်း ပိုမိုမြင့်မားသည့်နေရာသို့ ရောက်ရှိနိုင်သည်။

“ဒါက တကယ့်သတိပေးချက်ပဲ” ဟု ယခုလေ့လာချက်ကို ပူးတွဲပြုလုပ်သူ ဒေါက်တာ Ji-Xiang Wang က ပြောကြားသည်။ ၎င်းသည် Yangzhou University တွင် fluid dynamics ကို လေ့လာမှုများ ပြုလုပ်နေသူဖြစ်သည်။

အိမ်သာရေဆွဲချချိန် ပျံ့နှံ့မှုများကို လွယ်ကူစွာ ကာကွယ်နိုင်သည့် နည်းလမ်းရှိပါသည်။

“အရင်ဆုံး အိမ်သာဖုံးကို ပိတ်လိုက်ပါ။ ပြီးမှ ရေဆွဲချတာကိုလုပ်ပါ”ဟု ဒေါက်တာ Wang က ပြောကြားသည်။ သို့သော် အများသုံး အိမ်သာများတွင်မူ အဆိုပါကာကွယ်မှုမျိုး မရနိုင်ကြောင်းလည်း ဒေါက်တာ Wang က လက်ခံသည်။

အကယ်၍ သင့်အနေဖြင့် အများနှင့်အတူဝေမျှသုံးစွဲရသော အိမ်သာများ အသုံးပြုနေသူဆိုပါက လက်ကို မကြာခဏ ဆေးကြော သင့်သည်။

အိမ်သာသို့ ဝင်ချိန်တွင် mask တပ်ထားရမည်ဖြစ်ပြီး မျက်နှာကို ထိတွေ့မှု ရှောင်ကြဉ်ပါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှ ရှောင်ကြဉ်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Flushing the toilet may fling coronavirus aerosols all over (todayonline)

[Zawgyi]

အိမ္သာေရ ဆြဲခ်ခ်ိန္တြင္ ကိုရိုနာဗိုင္းရပ္စ္မ်ား ၃ ေပအျမင့္ထိ လြင့္ပ်ံထြက္သြားကာ ေလထုအတြင္း တည္ရွိေနႏိုင္ေၾကာင္း သိပၸံပညာရွင္တို႔ေတြ႔ရွိ

အိမ္သာတက္ျပီး ေရဆြဲခ်ခ်ိန္တြင္ ေလထုအတြင္းအမႈန္အစက္မ်ား ပါဝင္ဖြဲ႔စည္းထားေသာ ျမဴထုတစ္ခု ၉၁ စင္တီမီတာ ( ၃ ေပ) အျမင့္အထိ ျမင့္တက္ျဖစ္ေပၚႏိုင္ေၾကာင္း သိပၸံပညာရွင္တို႔ေတြ႔ရွိခဲ့ၾကသည္။

ကိုရိုနာဗိုင္းရပ္စ္မ်ား ပါဝင္ေသာ အဆိုပါ ျမဴထုသည္ ေလထုအတြင္း ၾကာရွည္စြာရွိေနႏိုင္ျပီး အျခားတစ္ဦး အိမ္သာအသံုးျပဳရန္ ေရာက္ရွိလာခ်ိန္တြင္ ရွဴသြင္းမိႏိုင္ျခင္း (သို႔မဟုတ္) ဗိုင္းရပ္စ္ပါဝင္ေသာအမႈန္တို႔သည္ အိမ္သာအတြင္းရွိ မ်က္ႏွာျပင္အမ်ဳိးမ်ဳိးေပၚ က်ေရာက္သြားျခင္းတို႔ ျဖစ္ေပၚႏိုင္သည္။

ပတ္ဝန္းက်င္ေလထုအတြင္းရွိေနျပီးျဖစ္ေသာ ကိုရိုနာဗိုင္းရပ္စ္အမႈန္မ်ား အိမ္သာအတြင္းေရာက္ရွိႏိုင္သည့္နည္းတူ၊ လူတစ္ဦး စြန္႔လိုက္သည့္ မစင္အတြင္းတြင္လည္း ရွိေနႏိုင္သည္။

Physics of Fluids ဂ်ာနယ္တြင္ ဇြန္လ ၁၆ ရက္က ေဖာ္ျပခဲ့ေသာ သုေတသနစာတမ္းအရ ကိုရိုနာဗိုင္းရပ္စ္သည္ အသက္ရွဴလမ္းေၾကာင္းအမႈန္မ်ားမွတဆင့္ ကူးစက္ႏိုင္ရံုမွ်မကဘဲ ဗိုင္းရပ္စ္မ်ားပါဝင္သည့္ မစင္မ်ားမွတဆင့္လည္း ကူးစက္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။ အမ်ားသံုးအိမ္သာ (သို႔မဟုတ္) အျခားသူမ်ားႏွင့္ မွ်ေဝသံုးစြဲရေသာ အိမ္သာမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈ၏ အေျခခံအေၾကာင္းရင္းတစ္ခုဟုတ္၊ မဟုတ္ကိုမူ မသိရေသးေခ်။

သို႔ေသာ္ ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးကာလအတြင္း လူအမ်ား မွ်ေဝသံုးစြဲရသည့္ေနရာမ်ားကို ျပန္လည္သံုးသပ္သင့္ေနျပီျဖစ္ေၾကာင္း ယခု သုေတသနက မီးေမာင္းထိုးျပလုိက္ျခင္းလည္း ျဖစ္သည္။

“အိမ္သာေတြကေန ပ်ံ ႔ႏွံ႔တဲ့ အမႈန္ေတြနဲ႔ ပတ္သက္တဲ့အေၾကာင္းကို ကၽြန္ေတာ္တို႔ သိခဲ့တာၾကာပါျပီ။” ဟု University of Nebraska Medical Centre မွ ေရာဂါေဗဒႏွင့္ အဏုဇီဝပညာ ပါေမာကၡ ေဒါက္တာ Joshua L, Santarpia က ေျပာၾကားသည္။ ယခုသုေတသနတြင္မူ ေဒါက္တာ Joshua ပါဝင္ျခင္း မရွိေခ်။

ကိုရိုနာဗိုင္းရပ္စ္သည္ အဆုပ္မ်ားႏွင့္ အေပၚပိုင္းအသက္ရွဴလမ္းေၾကာင္းေနရာမ်ားရွိ ဆဲလ္မ်ားအတြင္းတြင္သာ အမ်ားစုဝင္ေရာက္ ကူးစက္ေနထိုင္ေလ့ရွိသည္။ သို႔ေသာ္ ေလ့လာခ်က္မ်ားအရ ေတြ႔ရွိလာသည္မွာ အူသိမ္မ်ားအတြင္းရွိ ဆဲလ္မ်ားတြင္လည္း ဝင္ေရာက္ကူးစက္ေနထိုင္ေလ့ရွိေၾကာင္း ေတြ႔ရွိလာၾကသည္။

လူနာတို႔၏ မစင္မ်ားအတြင္း ဗိုင္းရပ္စ္အမႈန္မ်ားေတြ႔ရသကဲ့သို႔ ေဆးရံုမ်ားမွ သီးသန္႔လူနာခန္းမ်ား၏ အိမ္သာခြက္မ်ားတြင္လည္း ကိုရိုနာဗိုင္းရပ္စ္၏ RNA မ်ားကို သုေတသနပညာရွင္မ်ား ေတြ႔ရွိခဲ့ၾကသည္။

ဓာတ္ခြဲခန္းတြင္ စမ္းသပ္ခ်က္မ်ားအရ အိမ္သာမ်ားတြင္ေတြ႔ရေသာ ဗိုင္းရပ္စ္တို႔သည္ ေခ်ာင္းဆိုးကာထြက္လာသည့္ ဗိုင္းရပ္စ္တု႔ိႏွင့္ ႏႈိင္းယွဥ္လွ်င္မူ ကူးစက္ႏႈန္း အားနည္းေၾကာင္း ေတြ႔ရွိၾကသည္။

ကြန္ျပဴတာျဖင့္ ပံုေဖာ္သရုပ္ျပၾကည့္မႈအရ အိမ္သာခြက္အတြင္း ေရဆြဲခ်လိုက္ခ်ိန္တြင္ ဝဲကေတာ့တစ္ခုကို ျဖစ္ေပၚေစျပီး အိမ္သာခြက္အတြင္းရွိ ေလထုကို ဖယ္ရွားပစ္လိုက္သည္။ အဆိုပါ ဝဲကေတာ့သည္ အထက္ဆီသို႔ေရြ ႔လ်ားျပီး ဗဟိုခြာအား၏ တြန္းထုတ္မႈေၾကာင့္ ေသးငယ္သည့္ အမႈန္ေပါင္း ၆၀၀၀ ခန္႔ ေလထုအတြင္း လြင့္ပ်ံတက္သြားၾကသည္။

အိမ္သာခြက္သို႔ ေရစီးဝင္သည့္အေပါက္ ပမာဏအေပၚမူတည္ျပီး ေရဆြဲခ်လိုက္ခ်ိန္တြင္ အမႈန္တို႔သည္ အိမ္သာထိုင္ခံုေနရာထက္ ၄၀ မွ ၆၀ ရာခိုင္ႏႈန္း ပိုမိုျမင့္မားသည့္ေနရာသို႔ ေရာက္ရွိႏိုင္သည္။

“ဒါက တကယ့္သတိေပးခ်က္ပဲ” ဟု ယခုေလ့လာခ်က္ကို ပူးတြဲျပဳလုပ္သူ ေဒါက္တာ Ji-Xiang Wang က ေျပာၾကားသည္။ ၎သည္ Yangzhou University တြင္ fluid dynamics ကို ေလ့လာမႈမ်ား ျပဳလုပ္ေနသူျဖစ္သည္။

အိမ္သာေရဆြဲခ်ခ်ိန္ ပ်ံ႕ႏွံ႔မႈမ်ားကို လြယ္ကူစြာ ကာကြယ္ႏိုင္သည့္ နည္းလမ္းရွိပါသည္။

“အရင္ဆံုး အိမ္သာဖံုးကို ပိတ္လိုက္ပါ။ ျပီးမွ ေရဆြဲခ်တာကိုလုပ္ပါ”ဟု ေဒါက္တာ Wang က ေျပာၾကားသည္။ သို႔ေသာ္ အမ်ားသံုး အိမ္သာမ်ားတြင္မူ အဆိုပါကာကြယ္မႈမ်ဳိး မရႏိုင္ေၾကာင္းလည္း ေဒါက္တာ Wang က လက္ခံသည္။

အကယ္၍ သင့္အေနျဖင့္ အမ်ားႏွင့္အတူေဝမွ်သံုးစြဲရေသာ အိမ္သာမ်ား အသံုးျပဳေနသူဆိုပါက လက္ကို မၾကာခဏ ေဆးေၾကာ သင့္သည္။

အိမ္သာသို႔ ဝင္ခ်ိန္တြင္ mask တပ္ထားရမည္ျဖစ္ျပီး မ်က္ႏွာကို ထိေတြ႔မႈ ေရွာင္ၾကဥ္ပါက ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရျခင္းမွ ေရွာင္ၾကဥ္ႏိုင္မည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Flushing the toilet may fling coronavirus aerosols all over (todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service