အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ (၅၀၀)ကျပ်တန်အသစ်များ ထုတ်ဝေမည်

အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ (၅၀၀)ကျပ်တန်အသစ်များ ထုတ်ဝေမည် - Property News in Myanmar from iMyanmarHouse.com
19 Jun 2020 10:29 am တွင် တင်ခဲ့သည်
1577 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာဇာနည်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့်ငါးရာကျပ်တန် ပုံစံသစ်ငွေစက္ကူကို အာဇာနည်နေ့( ဇူလိုင်လ ၁၉ ရက်) တွင် ထုတ်ဝေမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။

ဗိုလ်ချုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူအရွယ်အစားသည် အလျား ၁၅၀ မီလီမီတာနှင့် အနံ ၇၀ မီလီမီတာ ရှိမှာဖြစ်သည်။ ငွေစက္ကူသည် ပေါ်လွင်သော နီညိုရောင်ရှိမှာဖြစ်ပြီး ငွေစက္ကူ၏ အပေါ်ဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတန်း ရိုက်နှိပ်ထားမည်ဟု ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။

ထိုအပြင် လက်ရှိသုံးစွဲနေသည့် ငါးရာကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက် တည်ရှိနေမည်ဟုဆိုသည်။

ငါးရာကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူ၏တန်ဖိုးကို မြန်မာစာသားဖြင့် "ငါးရာကျပ်" ဟု ဖော်ပြထားမည်ဖြစ်သည်။

ထိုပြင် ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူ၏တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားမည် ဖြစ်သည်ဟု ဗဟိုဘဏ်ကထုတ်ပြန်ကြေညာထားသည်။

ငွေစက္ကူ နံပါတ်ကို မြန်မာအက္ခရာ ၊မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ် ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားမည် ဖြစ်သည်ဟုဆိုသည်။ ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိမည် ဖြစ်သည်။

ငွေစက္ကူတွင် လုံခြုံရေးကြိုးကို ဒေါင်လိုက် မြုပ်နှံထည့်သွင်းထားခြင်းနှင့် ငွေစက္ကူ ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားခြင်းတို့ပါရှိသည်ဟုဆိုသည်။

ငါးရာကျပ်တန်ငွေစက္ကူ၏ ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦပုံ ရိုက်နှိပ်ထားသည်ဟုဆိုသည်။ အပေါ်ပိုင်း၌ "CENTRAL BANK OF MYANMAR" စာတန်း အောက်ပိုင်း၌ "FIVE HUNDRED KYATS" ဟူသော စာတန်းများရိုက်နှိပ်ထားခြင်း၊ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားခြင်းများ ပါဝင်မည်ဖြစ်သည်။

လက်ရှိသုံးစွဲနေသည့် ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက‌ပြောထားသည်။ ဇွန်လ ၁၅ ရက်‌နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တစ်ထောင်တန်တွင်သာ ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားပြီး ကျန်ရှိသည့် ငါးထောင်တန်၊ တစ်သောင်းတန်များတွင်ပါ ဆက်လက်ရိုက်နှိပ်သွားမည်ဟု ဗဟိုဘဏ်ကဆိုသည်။ ဗဟိုဘဏ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူသစ်များကို လွတ်လပ်ရေးနေ့ အမှတ်တရအဖြစ် ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဂုဏ်ပြုထုတ်ဝေခဲ့သည်။

အနှစ် ၃၀ အတွင်း မြန်မာငွေစက္ကူများပေါ်တွင် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့သည့် အာဇာနည်ခေါင်းဆောင်တဦး၏ ရုပ်ပုံကို ပထမဆုံး ပြန်ပြီး မြင်ရခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အာဇာနည္ေန႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ (၅၀၀)က်ပ္တန္အသစ္မ်ား ထုတ္ေဝမည္

အာဇာနည္ေန႔တြင္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံျဖင့္ငါးရာက်ပ္တန္ ပုံစံသစ္ေငြစကၠဴကို အာဇာနည္ေန႔( ဇူလိုင္လ ၁၉ ရက္) တြင္ ထုတ္ေဝမည္ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ထုတ္ျပန္သည္။

ဗိုလ္ခ်ဳပ္ပုံပါ ငါးရာက်ပ္တန္ ေငြစကၠဴအ႐ြယ္အစားသည္ အလ်ား ၁၅၀ မီလီမီတာႏွင့္ အနံ ၇၀ မီလီမီတာ ရွိမွာျဖစ္သည္။ ေငြစကၠဴသည္ ေပၚလြင္ေသာ နီညိဳေရာင္ရွိမွာျဖစ္ၿပီး ေငြစကၠဴ၏ အေပၚဘက္တြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္" စာတန္း ႐ိုက္ႏွိပ္ထားမည္ဟု ဗဟိုဘဏ္ကထုတ္ျပန္ထားသည္။

ထိုအျပင္ လက္ရွိသုံးစြဲေနသည့္္ ငါးရာက်ပ္တန္ ေငြစကၠဴမ်ားသည္လည္း တရားဝင္ေငြအျဖစ္ ဆက္လက္ တည္ရွိေနမည္ဟုဆိုသည္။

ငါးရာက်ပ္တန္ေငြစကၠဴ၏ မ်က္ႏွာစာဘက္တြင္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ႐ိုက္ႏွိပ္ထားၿပီး ေငြစကၠဴ၏ လက္ယာဘက္တြင္ ေငြစကၠဴ၏တန္ဖိုးကို ျမန္မာစာသားျဖင့္ "ငါးရာက်ပ္" ဟု ေဖာ္ျပထားမည္ျဖစ္သည္။

ထိုျပင္ ေထာင့္သုံးေထာင့္တြင္လည္း ေငြစကၠဴ၏တန္ဖိုးကို ဂဏန္းမ်ားျဖင့္ ႐ိုက္ႏွိပ္ထားမည္ ျဖစ္သည္ဟု ဗဟိုဘဏ္ကထုတ္ျပန္ေၾကညာထားသည္။

ေငြစကၠဴ နံပါတ္ကို ျမန္မာအကၡရာ ၊ျမန္မာဂဏန္းျဖင့္ အလ်ားလိုက္၊ အဂၤလိပ္အကၡရာ အဂၤလိပ္ ဂဏန္းျဖင့္ ေဒါင္လိုက္႐ိုက္ႏွိပ္ထားမည္ ျဖစ္သည္ဟုဆိုသည္။ ေငြစကၠဴ၏လက္ဝဲဘက္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ ေရစာပါရွိမည္ ျဖစ္သည္။

ေငြစကၠဴတြင္ လုံၿခဳံေရးႀကိဳးကို ေဒါင္လိုက္ ျမဳပ္ႏွံထည့္သြင္းထားျခင္းႏွင့္ ေငြစကၠဴ ၏ ဘယ္ညာအစြန္းမ်ားတြင္ ေဖာင္းႂကြလိုင္းတိုမ်ား ႐ိုက္ႏွိပ္ထားျခင္းတို႔ပါရွိသည္ဟုဆိုသည္။

ငါးရာက်ပ္တန္ေငြစကၠဴ၏ ေက်ာဘက္တြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ အေဆာက္အဦပုံ ႐ိုက္ႏွိပ္ထားသည္ဟုဆိုသည္။ အေပၚပိုင္း၌ "CENTRAL BANK OF MYANMAR" စာတန္း ေအာက္ပိုင္း၌ "FIVE HUNDRED KYATS" ဟူေသာ စာတန္းမ်ား႐ိုက္ႏွိပ္ထားျခင္း၊ ေထာင့္သုံးေထာင့္တြင္ ေငြစကၠဴ၏ တန္ဖိုးမ်ားကို ဂဏန္းမ်ားျဖင့္ ႐ိုက္ႏွိပ္ထားျခင္းမ်ား ပါဝင္မည္ျဖစ္သည္။

လက္ရွိသုံးစြဲေနသည့္ ေငြစကၠဴအားလုံးကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံျဖင့္ ထုတ္ေဝသြားမည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ‌ေတာ္ဗဟိုဘဏ္ ဒုတိယဥကၠဌ ဦးစိုးမင္းက‌ေျပာထားသည္။ ဇြန္လ ၁၅ ရက္‌ေန႔က ေနျပည္ေတာ္ ျပန္ၾကားေရးဝန္ႀကီးဌာနတြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ထိုသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ တစ္ေထာင္တန္တြင္သာ ဗိုလ္ခ်ဳပ္ပုံ႐ိုက္ႏွိပ္ထားၿပီး က်န္ရွိသည့္ ငါးေထာင္တန္၊ တစ္ေသာင္းတန္မ်ားတြင္ပါ ဆက္လက္႐ိုက္ႏွိပ္သြားမည္ဟု ဗဟိုဘဏ္ကဆိုသည္။ ဗဟိုဘဏ္အေနျဖင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ တစ္ေထာင္က်ပ္တန္ ေငြစကၠဴသစ္မ်ားကို လြတ္လပ္ေရးေန႔ အမွတ္တရအျဖစ္ ယခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔တြင္ ဂုဏ္ျပဳထုတ္ေဝခဲ့သည္။

အႏွစ္ ၃၀ အတြင္း ျမန္မာေငြစကၠဴမ်ားေပၚတြင္ လြတ္လပ္ေရးႀကိဳးပမ္းေဆာင္႐ြက္ခဲ့သည့္ အာဇာနည္ေခါင္းေဆာင္တဦး၏ ႐ုပ္ပုံကို ပထမဆုံး ျပန္ၿပီး ျမင္ရျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service