ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုင်ငံသားတိုင်းကို ကိုရိုနာဗိုင်းရပ်စ် အံ့ဖွယ်ဆေးတစ်မျိုး ပေးဝေသွားမည်ဖြစ်ကြောင်း ကတိပြု
ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုင်ငံသားတိုင်းကို ကိုရိုနာဗိုင်းရပ်စ် အံ့ဖွယ်ဆေးတစ်မျိုး ပေးဝေသွားမည်ဖြစ်ကြောင်း ကတိပြု - Property News in Myanmar from iMyanmarHouse.com
18 Jun 2020 12:18 pm တွင် တင်ခဲ့သည်
1003 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုင်ငံသားတိုင်းကို ကိုရိုနာဗိုင်းရပ်စ် အံ့ဖွယ်ဆေးတစ်မျိုး ပေးဝေသွားမည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။
ကမ္ဘာ့နိုင်ငံများစွာတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် အပြင်းအထန်ကြိုးပမ်းနေကြပြီး ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၈ သန်းကျော် ကူးစက်ခံထားရချိန်တွင် ဒူတာတေး၏ ပြောကြားချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
လန်ဒန်ရှိ The Imperial College က ကာကွယ်ဆေးကို ယခုတစ်ပတ်မှ စတင်ပြီးလူသားများတွင် စမ်းသပ်သွားမည်ဟု ကြေညာထားသည်။
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ကိုရိုနာဗိုင်းရပ်စ်ကို သုတ်သင်နိုင်သည့် အံ့ဖွယ်ဆေးတစ်မျိုး လူတိုင်းကို ထောက်ပံ့သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာပေါ်တွင် လူပေါင်း ၄၄၀၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။
ပေါ်ပေါက်လာနေသော ကူးစက်ရောဂါများဆိုင်ရာ အစိုးရအဖွဲ့အသီးသီးအကြားချိတ်ဆက် အထူးအဖွဲ့၏ အစည်းအဝေးတွင် အသက် ၇၅ နှစ်ရှိပြီဖြစ်သော ဒူတာတေးက ပြောကြားရာ၌ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ကာကွယ်ဆေးဖြင့် ဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ကို ချေမှုန်းနိုင်မည့် ဆေးတစ်မျိုးရှိကြောင်း ပြောကြားခဲ့သည်။
“အခုဆိုရင် ဆေးတစ်မျိုးရှိနေပါပြီ။ ဒါက မှန်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဲဒါက ဗိုင်းရပ်စ်ကို သတ်ဖြတ်နိုင်စွမ်းရှိနိုင်ပါတယ်။ ဒါဟာ ကောင်းပါတယ်။ အဲဒါရောက်လာချိန်မှာ အသင့်ဖြစ်ပြီဆိုရင် ကျွန်တော်မှာယူပါမယ်။ အဲဒါကို ဖြန့်ဝေပေးပါမယ်။ လူတိုင်း ဒီဆေးကို ရနိုင်ဖို့ အာမခံချက်ပေးနိုင်ဖို့အတွက် ဖြန့်ဝေမှုကို ကျွန်တော်ကိုယ်တိုင် ကြီးကြပ်ပါမယ်။ ”ဟု ဒူတာတေးက ပြောကြားသည်။
ဆေးဖြန့်ဖြူးမှုတွင် အဘယ်ကြောင့် ကိုယ်တိုင်ဦးစီးလုပ်ဆောင်မည်ဆိုခြင်းကို သမ္မတက ရှင်းမပြခဲ့ချေ။ သို့သော် ဒေသတွင်း သတင်းမီဒီယာတို့က ရေးသားကြရာတွင် မကြာသေးမီက ပေါ်ပေါက်ခဲ့သည့် အကျင့်ပျက်ခြစားမှုတွင် အစိုးရအရာရှိများ ပါဝင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း ဒေသတွင်းစီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်ဆုံးရှုံးခဲ့ရသူတို့ကို ထောက်ပံ့ပေးရန် အစိုးရက ချထားပေးသည့် ငွေများကို အလွဲသုံးစားပြုလုပ်မှုကြီးဖြစ်ပေါ်ခဲ့သောကြောင့် ဖြစ်ဟန်ရကြောင်း ရေးသားကြသည်။
ဒူတာတေးသည် မကြာသေးမီလများအတွင်း ကိုရိုနာဗိုင်းရပ်စ်အကြောင်း မကြာခဏ ပြောကြားမှုများ ပြုလုပ်လာခဲ့သည်။
ပြည်တွင်းသတင်းမီဒီယာတစ်ခုက ပြီးခဲ့သောသီတင်းပတ်အတွင်း ရေးသားခဲ့ရာတွင် ဒူတာတေးသည် တရုတ်သမ္မတ ရှီကျင့်ဖျင်ထံမှ အာမခံချက်တစ်ခု ရရှိခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်သည့်ဆေးဝါး တရုတ်နိုင်ငံတွင် ထုတ်လုပ်နိုင်ပါက ဖိလစ်ပိုင်နိုင်ငံကို ဦးစားပေးစာရင်းတွင် ထားရှိကြောင်း အာမခံချက်ပေးထားသည်ဟု ဆိုသည်။
ထို့အပြင် ဒူတာတေးသည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့်လည်း ဈေးနှုန်းသက်သာသော ဆေးဝါးနှင့် ဆေးဝါးထုတ်ကုန်များ ဝယ်ယူရန် သဘောတူညီချက် ရရှိထားသေးသည်။
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း စီဘူးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာနေကာ အာဏာပိုင်တို့က တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်လာနေရချိန်တွင် ဒူတာတေး၏ ပြောကြားချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Philippine President Rodrigo Duterte Promises to Supply Everyone With 'Miracle Pill' for Coronavirus (Sputnik)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service