အမေရိကန်၏ ကြောက်မက်ဖွယ် ဆေးရုံစရိတ်၊ covid-19 ကူးစက်ခံရမှုကြောင့် ဆေးရုံတက်သည့် အဘိုးအို ဆေးရုံဆင်းချိန်တွင် ဒေါ်လာ တစ်သန်းကျော် ဆေးရုံစရိတ်အတောင်းခံရ

အမေရိကန်၏ ကြောက်မက်ဖွယ် ဆေးရုံစရိတ်၊ covid-19 ကူးစက်ခံရမှုကြောင့် ဆေးရုံတက်သည့် အဘိုးအို ဆေးရုံဆင်းချိန်တွင် ဒေါ်လာ တစ်သန်းကျော် ဆေးရုံစရိတ်အတောင်းခံရ - Property News in Myanmar from iMyanmarHouse.com
18 Jun 2020 11:57 am တွင် တင်ခဲ့သည်
865 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မိုက်ကယ် ဖလော (Michael Flor) သည် covid-19 ကူးစက်ခံရပြီး သေလုနီးပါးဖြစ်ခဲ့ရာမှ ရှင်သန်ကျန်ရစ်ခဲ့သူ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် မိုက်ကယ်ဖလောကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် လူပေါင်း ၁၀၀၀၀၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်သည်။

အသက် ၇၀ အရွယ်ရှိပြီဖြစ်ပြီး ဆီယက်တဲလ် (Seattle) မြို့တွင်နေထိုင်သော မိုက်ကယ် ဖလောသည် ကိုရိုနာဗိုင်းရပ်စ်မှ ရှင်သန်ခဲ့သော်လည်း ဆေးရုံတက်ခဲ့သည့် ကုန်ကျစရိတ် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်း (မြန်မာငွေ ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော်) ပေးရတော့မည့်အရေးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း Seattle Time သတင်းဌာနက ဖော်ပြသည်။

အဆိုပါ ဆေးရုံတက်ကုန်ကျစရိတ်များတွင် အထူးကြပ်မတ်ကုသဆောင် အခန်းကြေး တစ်ရက်လျှင် ကန်ဒေါ်လာ ၉၇၃၆ ဒေါ်လာ (မြန်မာငွေ ၁၃၅ သိန်း) ပေးဆောင်ရမည်ဖြစ်ရာ ဆေးရုံတက်ခဲ့သည့် ၄၂ ရက်အတွက် အခန်းခ ကန်ဒေါ်လာ ၄၀၉၀၀၀ ခန့် (မြန်မာငွေ သိန်း ၅၇၀၀ ကျော်) ပေးဆောင်ရမည်ဖြစ်သည်။

ထို့အပြင် အသက်ရှူစက် ၂၉ ရက် သုံးစွဲခမှာ ကန်ဒေါ်လာ ၈၂၀၀၀ (မြန်မာငွေ သိန်း ၁၁၀၀ ကျော်) နှင့် သေလုနီးပါးဖြစ်ခဲ့သည့် ၂ ရက်တာအတွက် ကုန်ကျစရိတ် ကန်ဒေါ်လာ ၁၀၀၀၀၀ (မြန်မာငွေ သိန်း ၁၄၀၀ ခန့်) နီးပါး ပေးဆောင်ရမည် ဖြစ်သည်။

ဖလောအတွက် ကံကောင်းသည်မှာ အဆိုပါဆေးရုံစရိတ်ကို Medicare က ပေးဆောင်မည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံသားအများစုအတွက် ဆေးကုသမှု အကြွေးမှာ တစ်သက်လုံး ပေးဆပ်နေရလေ့ရှိသည်။

ဂျဲနက် မန်ဒက်ဇ်အမည်ရှိ အသက် ၃၃ နှစ်အရွယ် နယူးယောက်မြို့သူတစ်ဦးသည်လည်း covid-19 ကူးစက်ခံရပြီး သေလုနီးပါး ဖြစ်ခဲ့သည်။

သို့သော် ရောဂါပျောက်ကင်းအပြီး သိရှိလိုက်သည်မှာ ထိုသို့ ရောဂါပျောက်ကင်းသွားခြင်းသည် သူမ၏ ဘဝတွင် အကြီးမားဆုံး စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်ရတော့မည်ကို သိရှိလိုက်ရခြင်းပင်။

ဆေးရုံမှဆင်းပြီး မိခင်၏အိမ်သို့ ပြန်ရောက်သည်နှင့် ဆေးရိတ်စရိတ်တောင်းခံသည့်ဘောင်ချာများ အပုံလိုက်ရောက်ရှိလာတော့သည်။

ပထမဆုံးဘောင်ချာတွင် ကျသင့်ငွေ ကန်ဒေါ်လာ ၃၁၁၆၅ (မြန်မာငွေ ၄၃၅ သိန်း) ဖော်ပြထားကြောင်း နယူးယောက်တိုင်းမ် သတင်းစာကြီးတွင် ဖော်ပြသည်။

နောက်ထပ်ဘောင်ချာတစ်ခုတွင်မူ ကန်ဒေါ်လာ ၄၀၁၈၈၅ ဒသမ ၅၇ အထိ (မြန်မာငွေ သိန်း ၅၆၀၀ ကျော်) ကျသင့်နေကြောင်း ဖော်ပြထားသည်။

သူမတက်ခဲ့သည့်ဆေးရုံဖြစ်သော Mount Sinai Morningside က အဆိုပါ ကျသင့်ငွေကို ကန်ဒေါ်လာ ၃၂၆၈၅၁ ဒသမ ၆၃ သို့ လျှော့ပေးမည်ဟု ပြောခဲ့သည်ဟု ဆိုသည်။ ယင်းသို့ လျှော့ချပေးခြင်းမှာ ဘဏ္ဍာရေးအကူအညီခံစားခွင့်အရဖြစ်သည်ဟု ဆိုသည်။

မန်ဒက်စ်က နယူးယောက်တိုင်းမ်သို့ ပြောကြားရာတွင် ဆေးရုံတက်စရိတ်၏အများစုကို သူမ၏ အာမခံကုမ္ပဏီက ပေးဆောင်လိမ့်မည်ဟု အကောင်းမြင်ထားကြောင်း၊ သို့သော် ဆေးရုံမှ မိမိထံ တယ်လီဖုန်းခေါ်ဆိုမှု များစွာပြုလုပ်လျက်ရှိနေကြောင်း ပြောကြားသည်။

နယူးယောက်မြို့တွင် ဆေးရုံများသည် ပြီးခဲ့သောလအတွင်း ပြည်ထောင်စုအစိုးရထံမှ ရန်ပုံငွေ ကန်ဒေါ်လာ ၃ ဘီလီယံကျော် ရရှိထားပြီး ဖြစ်သည်။

အဆိုပါငွေများသည် ကိုရိုနာဗိုင်းရပ်စ် လူနာများကို ကုသမှုကုန်ကျစရိတ်အတွက် ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတို့ကို ပေးအပ်ခြင်း ဖြစ်သည်။

ပြည်ထောင်စုအစိုးရမှ ထောက်ပံ့ငွေသည် ပြည်သူများကို ဆေးကုသမှုကြွေးမြီများ တင်မနေစေရေး ကာကွယ်ရန်အတွက် စည်းမျဉ်းကန့်သတ်ချက်အချို့နှင့် ပေးအပ်ခဲ့ခြင်းဖြစ်သော်လည်း ဟာကွက်များကား ရှိနေသည်။

လူနာများကို ကုသမှုပေးသည့် ဆရာဝန်တို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်ဘောင်ချာများကို လူနာများထံ တိုက်ရိုက်ပေးပို့နိုင်နေသည်။

မန်ဒက်ဇ်ကို ကုသမှုပေးခဲ့သည့် ဆရာဝန်တို့သည် တစ်ရက်လျှင် ဒေါ်လာ ၃၀၀ မှ ၁၈၀၀ အကြား တောင်းခံခဲ့ကြသည်ဟု နယူးယောက်တိုင်းမ်တွင် ဖော်ပြသည်။

လူနာတို့သည် ၎င်းတို့ရယူထားသည့် ကျန်းမာရေးအာမခံ၏ သတ်မှတ်ချက်အမျိုးမျိုးအပေါ်မူတည်ပြီး ဆေးရုံစရိတ်ကုန်ကျငွေမှ တစ်စိတ်တစ်ပိုင်းကို ပေးဆောင်နေရဆဲဖြစ်သည်။

ပေးဆောင်ရသည့်ပမာဏမှာ ဒေါ်လာထောင်နှင့်ချီ၍ ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A $1.1m hospital bill after surviving the coronavirus? That's America for you (The Guardian)

 

[Zawgyi]

အေမရိကန္၏ ေၾကာက္မက္ဖြယ္ ေဆးရံုစရိတ္၊ covid-19 ကူးစက္ခံရမႈေၾကာင့္ ေဆးရံုတက္သည့္ အဘိုးအို ေဆးရံုဆင္းခ်ိန္တြင္ ေဒၚလာ တစ္သန္းေက်ာ္ ေဆးရံုစရိတ္အေတာင္းခံရ

မိုက္ကယ္ ဖေလာ (Michael Flor) သည္ covid-19 ကူးစက္ခံရျပီး ေသလုနီးပါးျဖစ္ခဲ့ရာမွ ရွင္သန္က်န္ရစ္ခဲ့သူ ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ မိုက္ကယ္ဖေလာကဲ့သို႔ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူမ်ားအနက္ လူေပါင္း ၁၀၀၀၀၀ ေက်ာ္ ေသဆံုးခဲ့ရျပီ ျဖစ္သည္။

အသက္ ၇၀ အရြယ္ရွိျပီျဖစ္ျပီး ဆီယက္တဲလ္ (Seattle) ျမိဳ ႔တြင္ေနထိုင္ေသာ မိုက္ကယ္ ဖေလာသည္ ကိုရိုနာဗိုင္းရပ္စ္မွ ရွင္သန္ခဲ့ေသာ္လည္း ေဆးရံုတက္ခဲ့သည့္ ကုန္က်စရိတ္ ကန္ေဒၚလာ ၁ ဒသမ ၁ သန္း (ျမန္မာေငြ က်ပ္သိန္းေပါင္း ၁၅၀၀၀ ေက်ာ္) ေပးရေတာ့မည့္အေရးႏွင့္ ရင္ဆိုင္ေနရျပီျဖစ္ေၾကာင္း Seattle Time သတင္းဌာနက ေဖာ္ျပသည္။

အဆိုပါ ေဆးရံုတက္ကုန္က်စရိတ္မ်ားတြင္ အထူးၾကပ္မတ္ကုသေဆာင္ အခန္းေၾကး တစ္ရက္လွ်င္ ကန္ေဒၚလာ ၉၇၃၆ ေဒၚလာ (ျမန္မာေငြ ၁၃၅ သိန္း) ေပးေဆာင္ရမည္ျဖစ္ရာ ေဆးရံုတက္ခဲ့သည့္ ၄၂ ရက္အတြက္ အခန္းခ ကန္ေဒၚလာ ၄၀၉၀၀၀ ခန္႔ (ျမန္မာေငြ သိန္း ၅၇၀၀ ေက်ာ္) ေပးေဆာင္ရမည္ျဖစ္သည္။

ထို႔အျပင္ အသက္ရွဴစက္ ၂၉ ရက္ သံုးစြဲခမွာ ကန္ေဒၚလာ ၈၂၀၀၀ (ျမန္မာေငြ သိန္း ၁၁၀၀ ေက်ာ္) ႏွင့္ ေသလုနီးပါးျဖစ္ခဲ့သည့္ ၂ ရက္တာအတြက္ ကုန္က်စရိတ္ ကန္ေဒၚလာ ၁၀၀၀၀၀ (ျမန္မာေငြ သိန္း ၁၄၀၀ ခန္႔) နီးပါး ေပးေဆာင္ရမည္ ျဖစ္သည္။

ဖေလာအတြက္ ကံေကာင္းသည္မွာ အဆိုပါေဆးရံုစရိတ္ကို Medicare က ေပးေဆာင္မည္ဟု ဆိုသည္။

အေမရိကန္ႏိုင္ငံသားအမ်ားစုအတြက္ ေဆးကုသမႈ အေၾကြးမွာ တစ္သက္လံုး ေပးဆပ္ေနရေလ့ရွိသည္။

ဂ်ဲနက္ မန္ဒက္ဇ္အမည္ရွိ အသက္ ၃၃ ႏွစ္အရြယ္ နယူးေယာက္ျမိဳ ႔သူတစ္ဦးသည္လည္း covid-19 ကူးစက္ခံရျပီး ေသလုနီးပါး ျဖစ္ခဲ့သည္။

သို႔ေသာ္ ေရာဂါေပ်ာက္ကင္းအျပီး သိရွိလိုက္သည္မွာ ထိုသို႔ ေရာဂါေပ်ာက္ကင္းသြားျခင္းသည္ သူမ၏ ဘဝတြင္ အၾကီးမားဆံုး စိန္ေခၚမႈၾကီးႏွင့္ ရင္ဆိုင္ရေတာ့မည္ကို သိရွိလိုက္ရျခင္းပင္။

ေဆးရံုမွဆင္းျပီး မိခင္၏အိမ္သို႔ ျပန္ေရာက္သည္ႏွင့္ ေဆးရိတ္စရိတ္ေတာင္းခံသည့္ေဘာင္ခ်ာမ်ား အပံုလိုက္ေရာက္ရွိလာေတာ့သည္။

ပထမဆံုးေဘာင္ခ်ာတြင္ က်သင့္ေငြ ကန္ေဒၚလာ ၃၁၁၆၅ (ျမန္မာေငြ ၄၃၅ သိန္း) ေဖာ္ျပထားေၾကာင္း နယူးေယာက္တိုင္းမ္ သတင္းစာၾကီးတြင္ ေဖာ္ျပသည္။

ေနာက္ထပ္ေဘာင္ခ်ာတစ္ခုတြင္မူ ကန္ေဒၚလာ ၄၀၁၈၈၅ ဒသမ ၅၇ အထိ (ျမန္မာေငြ သိန္း ၅၆၀၀ ေက်ာ္) က်သင့္ေနေၾကာင္း ေဖာ္ျပထားသည္။

သူမတက္ခဲ့သည့္ေဆးရံုျဖစ္ေသာ Mount Sinai Morningside က အဆိုပါ က်သင့္ေငြကို ကန္ေဒၚလာ ၃၂၆၈၅၁ ဒသမ ၆၃ သို႔ ေလွ်ာ့ေပးမည္ဟု ေျပာခဲ့သည္ဟု ဆိုသည္။ ယင္းသို႔ ေလွ်ာ့ခ်ေပးျခင္းမွာ ဘ႑ာေရးအကူအညီခံစားခြင့္အရျဖစ္သည္ဟု ဆိုသည္။

မန္ဒက္စ္က နယူးေယာက္တိုင္းမ္သုိ႔ ေျပာၾကားရာတြင္ ေဆးရံုတက္စရိတ္၏အမ်ားစုကို သူမ၏ အာမခံကုမၸဏီက ေပးေဆာင္လိမ့္မည္ဟု အေကာင္းျမင္ထားေၾကာင္း၊ သို႔ေသာ္ ေဆးရံုမွ မိမိထံ တယ္လီဖုန္းေခၚဆိုမႈ မ်ားစြာျပဳလုပ္လ်က္ရွိေနေၾကာင္း ေျပာၾကားသည္။

နယူးေယာက္ျမိဳ ႔တြင္ ေဆးရံုမ်ားသည္ ျပီးခဲ့ေသာလအတြင္း ျပည္ေထာင္စုအစိုးရထံမွ ရန္ပံုေငြ ကန္ေဒၚလာ ၃ ဘီလီယံေက်ာ္ ရရွိထားျပီး ျဖစ္သည္။

အဆိုပါေငြမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ လူနာမ်ားကို ကုသမႈကုန္က်စရိတ္အတြက္ ေဆးရံုမ်ားႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈ ေပးသူတို႔ကို ေပးအပ္ျခင္း ျဖစ္သည္။

ျပည္ေထာင္စုအစိုးရမွ ေထာက္ပံ့ေငြသည္ ျပည္သူမ်ားကို ေဆးကုသမႈေၾကြးျမီမ်ား တင္မေနေစေရး ကာကြယ္ရန္အတြက္ စည္းမ်ဥ္းကန္႔သတ္ခ်က္အခ်ဳိ ႔ႏွင့္ ေပးအပ္ခဲ့ျခင္းျဖစ္ေသာ္လည္း ဟာကြက္မ်ားကား ရွိေနသည္။

လူနာမ်ားကို ကုသမႈေပးသည့္ ဆရာဝန္တို႔သည္ ၎တို႔၏ ကိုယ္ပိုင္ကုန္က်စရိတ္ေဘာင္ခ်ာမ်ားကို လူနာမ်ားထံ တိုက္ရိုက္ေပးပို႔ႏိုင္ေနသည္။

မန္ဒက္ဇ္ကို ကုသမႈေပးခဲ့သည့္ ဆရာဝန္တို႔သည္ တစ္ရက္လွ်င္ ေဒၚလာ ၃၀၀ မွ ၁၈၀၀ အၾကား ေတာင္းခံခဲ့ၾကသည္ဟု နယူးေယာက္တိုင္းမ္တြင္ ေဖာ္ျပသည္။

လူနာတို႔သည္ ၎တို႔ရယူထားသည့္ က်န္းမာေရးအာမခံ၏ သတ္မွတ္ခ်က္အမ်ဳိးမ်ဳိးအေပၚမူတည္ျပီး ေဆးရံုစရိတ္ကုန္က်ေငြမွ တစ္စိတ္တစ္ပိုင္းကို ေပးေဆာင္ေနရဆဲျဖစ္သည္။

ေပးေဆာင္ရသည့္ပမာဏမွာ ေဒၚလာေထာင္ႏွင့္ခ်ီ၍ ရွိေနဆဲျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A $1.1m hospital bill after surviving the coronavirus? That's America for you (The Guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service