ဈေးပေါသည့် ဆေးတစ်မျိုးဖြစ်သော စတီးရွိုက်ဆေး ဒက်ဇာမီသာဇုန်းသည် covid-19 လူနာများကို အသက်ကယ်ပေးနိုင်ကြောင်း စမ်းသပ်ကုသမှုများအရ တွေ့ရှိ

ဈေးပေါသည့် ဆေးတစ်မျိုးဖြစ်သော စတီးရွိုက်ဆေး ဒက်ဇာမီသာဇုန်းသည် covid-19 လူနာများကို အသက်ကယ်ပေးနိုင်ကြောင်း စမ်းသပ်ကုသမှုများအရ တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
17 Jun 2020 12:50 pm တွင် တင်ခဲ့သည်
1837 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဈေးနှုန်းသက်သာကာ ပေါများစွာ ဝယ်ယူရရှိနိုင်သည့် စတီးရွိုက်ဆေးဖြစ်သော ဒက်ဇာ မီသာဇုန်း အနည်းငယ်ကို covid-19 လူနာများအား ထိုးပေးပါက သေဆုံးမှု သုံးပုံ ၁ ပုံခန့် လျှော့ချပေးနိုင်ကြောင်း စမ်းသပ်ကုသမှု အချက်အလက်များတွင် တွေ့ရသည်။

ဗြိတိန်သိပ္ပံပညာရှင်များဦးဆောင်ကာ ပြုလုပ်ခဲ့သော RECOVERY ဟု အမည်ပေးထားသည့် clinical trial တွင် ယခုကဲ့သို့ ကြီးမားသော တွေ့ရှိချက်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဆေးဝါးကို ဆေးရုံများရှိ ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကုသရာတွင် ဆောလျင်စွာအသုံးပြုသင့်ကြောင်း သိပ္ပံပညာရှင်တို့က ပြောကြားသည်။

“တွေ့ရှိချက်တွေအရ အသက်ရှုစက်ပေးထားရတဲ့ covid-19 လူနာတွေကို dexamethasone ပေးမယ်ဆိုရင် အသက်တွေကို ကယ်တင်နိုင်ပါလိမ့်မယ်။

ကုန်ကျစရိတ်နည်းပါးစွာနဲ့ ဒီလိုရလဒ်မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု လေ့လာမှုကို ပူးတွဲဦးဆောင်ခဲ့သူ အောက်စ်ဖို့တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်သည့် မာတင် လန်ဒရေး (Martin Landray) က ပြောကြားသည်။

ယခုဆေးအပြင် အခြားဆေးကို အစားထိုးရန် အလွန်ခက်ခဲနိင်ကြောင်း၊ ယခုဆေးသည် ပေါင် ၅၀ (ကန်ဒေါ်လာ ၆၃) မျှဖြင့် လူနာ ၈ ဦးကို ကုသပေးနိုင်ပြီး တစ်ဦး၏ အသက်ကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း မာတင် လန်ဒရေက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် အပြင်းအထန် ခံစားနေရသူ လူ ၈ ဦးလျှင် ၁ ဦးအသက်ရှင်နှုန်းရှိကြောင်း ရည်ညွှန်းခြင်းဖြစ်သည်။

ပါမောက္ခ မာတင်နှင့်အတူ လေ့လာမှုကို ဦးဆောင်ခဲ့သူ ပီတာ ဟော်ဘီ (Peter Horby) က ပြောကြားရာတွင် ဒက်ဇာမီသာဇုန်းသည် စတီးရွိုက်ဆေးတစ်မျိုးဖြစ်ပြီး ကိုက်ခဲရောင်ယမ်းမှုများကို လျှော့ချပေးရန်အတွက် အခြားသောရောဂါများတွင် ကျယ်ပြန့်စွာ အသုံးပြုသည့် ဆေးတစ်မျိုးဖြစ်ကြောင်း ၊ ဤဆေးသည် သေဆုံးမှုကိုလျှော့ချပေးနိုင်သည့် တစ်ခုတည်းသောဆေးဖြစ်ကြောင်း ပြောကြားသည်။

ယခုတွေ့ရှိချက်မှာ ကြီးမားသည့် အောင်မြင်မှုတစ်ခုဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

လက်ရှိအချိန်အထိ covid-19 လူနာများကို ကုသမှုပေးရန် အတည်ပြုထားသည့်ဆေးဝါးမရှိသေးချေ။ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၄၃၁၀၀၀ ဦးကျော် သေဆုံးခဲ့ရပြီ ဖြစ်သည်။

အင်္ဂလန်မှ ကျန်းမာရေးအကြီးအကဲ ခရစ္စ ဝှစ်တီ Chris Whitty က ပြောကြားရာတွင် ယခုခတွေ့ရှိချက်မှာ covid-19 အတွက် အရေးအကြီးဆုံး စမ်းသပ်မှုရလဒ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် လူ့အသက်ပေါင်းများစွာကယ်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။

RECOVERY စမ်းသပ်ချက်တွင် စတီးရွိုက်ဆေးဖြင့် ကုသမှုခံယူရန် စာရင်းပေးသော လူနာ ၂၁၀၀ ခန့်နှင့် အဆိုပါဆေးဖြင့် ကုသမှု မခံယူသူ လူနာ ၄၃၀၀ ဦးတို့ကို နှိုင်းယှဉ်လေ့လာခဲ့ခြင်းဖြစ်သည်။

ရလဒ်များအရ ဒက်ဇာမီသာဇုန်းဆေးဖြင့် ကုသမှုခံယူသော အသက်ရှူစက်ဖြင့် ကုသနေရသည့် covid-19 လူနာ ၈ ဦးလျှင် ၁ ဦးကို မသေဆုံးအောင် ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Steroid dexamethasone reduces deaths among patients with severe COVID-19 - trial shows (MSN)

[Zawgyi]

ေစ်းေပါသည့္ ေဆးတစ္မ်ဳိးျဖစ္ေသာ စတီးရြိဳက္ေဆး ဒက္ဇာမီသာဇုန္းသည္ covid-19 လူနာမ်ားကို အသက္ကယ္ေပးႏိုင္ေၾကာင္း စမ္းသပ္ကုသမႈမ်ားအရ ေတြ႔ရွိ

ေစ်းႏႈန္းသက္သာကာ ေပါမ်ားစြာ ဝယ္ယူရရွိႏိုင္သည့္ စတီးရြိဳက္ေဆးျဖစ္ေသာ ဒက္ဇာ မီသာဇုန္း အနည္းငယ္ကို covid-19 လူနာမ်ားအား ထိုးေပးပါက ေသဆံုးမႈ သံုးပံု ၁ ပံုခန္႔ ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း စမ္းသပ္ကုသမႈ အခ်က္အလက္မ်ားတြင္ ေတြ႔ရသည္။

ျဗိတိန္သိပၸံပညာရွင္မ်ားဦးေဆာင္ကာ ျပဳလုပ္ခဲ့ေသာ RECOVERY ဟု အမည္ေပးထားသည့္ clinical trial တြင္ ယခုကဲ့သို႔ ၾကီးမားေသာ ေတြ႔ရွိခ်က္ကို ေတြ႔ရွိခဲ့ျခင္းျဖစ္သည္။

အဆိုပါေဆးဝါးကို ေဆးရံုမ်ားရွိ ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားကို ကုသရာတြင္ ေဆာလ်င္စြာအသံုးျပဳသင့္ေၾကာင္း သိပၸံပညာရွင္တို႔က ေျပာၾကားသည္။

“ေတြ႔ရွိခ်က္ေတြအရ အသက္ရႈစက္ေပးထားရတဲ့ covid-19 လူနာေတြကို dexamethasone ေပးမယ္ဆိုရင္ အသက္ေတြကို ကယ္တင္ႏိုင္ပါလိမ့္မယ္။

ကုန္က်စရိတ္နည္းပါးစြာနဲ႔ ဒီလိုရလဒ္မ်ဳိး ရရွိႏိုင္မွာ ျဖစ္ပါတယ္” ဟု ေလ့လာမႈကို ပူးတြဲဦးေဆာင္ခဲ့သူ ေအာက္စ္ဖို႔တကၠသိုလ္ ပါေမာကၡတစ္ဦးျဖစ္သည့္ မာတင္ လန္ဒေရး (Martin Landray) က ေျပာၾကားသည္။

ယခုေဆးအျပင္ အျခားေဆးကို အစားထိုးရန္ အလြန္ခက္ခဲႏိင္ေၾကာင္း၊ ယခုေဆးသည္ ေပါင္ ၅၀ (ကန္ေဒၚလာ ၆၃) မွ်ျဖင့္ လူနာ ၈ ဦးကို ကုသေပးႏိုင္ျပီး တစ္ဦး၏ အသက္ကို ကယ္တင္ႏိုင္မည္ျဖစ္ေၾကာင္း မာတင္ လန္ဒေရက ေျပာၾကားသည္။

ကိုရိုနာဗိုင္းရပ္စ္ အျပင္းအထန္ ခံစားေနရသူ လူ ၈ ဦးလွ်င္ ၁ ဦးအသက္ရွင္ႏႈန္းရွိေၾကာင္း ရည္ညႊန္းျခင္းျဖစ္သည္။

ပါေမာကၡ မာတင္ႏွင့္အတူ ေလ့လာမႈကို ဦးေဆာင္ခဲ့သူ ပီတာ ေဟာ္ဘီ (Peter Horby) က ေျပာၾကားရာတြင္ ဒက္ဇာမီသာဇုန္းသည္ စတီးရြိဳက္ေဆးတစ္မ်ဳိးျဖစ္ျပီး ကိုက္ခဲေရာင္ယမ္းမႈမ်ားကို ေလွ်ာ့ခ်ေပးရန္အတြက္ အျခားေသာေရာဂါမ်ားတြင္ က်ယ္ျပန္႔စြာ အသံုးျပဳသည့္ ေဆးတစ္မ်ဳိးျဖစ္ေၾကာင္း ၊ ဤေဆးသည္ ေသဆံုးမႈကိုေလွ်ာ့ခ်ေပးႏိုင္သည့္ တစ္ခုတည္းေသာေဆးျဖစ္ေၾကာင္း ေျပာၾကားသည္။

ယခုေတြ႔ရွိခ်က္မွာ ၾကီးမားသည့္ ေအာင္ျမင္မႈတစ္ခုျဖစ္ေၾကာင္းလည္း ၎က ေျပာၾကားသည္။

လက္ရွိအခ်ိန္အထိ covid-19 လူနာမ်ားကို ကုသမႈေပးရန္ အတည္ျပဳထားသည့္ေဆးဝါးမရွိေသးေခ်။ ကမၻာတစ္ဝန္းတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လူေပါင္း ၄၃၁၀၀၀ ဦးေက်ာ္ ေသဆံုးခဲ့ရျပီ ျဖစ္သည္။

အဂၤလန္မွ က်န္းမာေရးအၾကီးအကဲ ခရစၥ ဝွစ္တီ Chris Whitty က ေျပာၾကားရာတြင္ ယခုခေတြ႔ရွိခ်က္မွာ covid-19 အတြက္ အေရးအၾကီးဆံုး စမ္းသပ္မႈရလဒ္ျဖစ္ျပီး ကမၻာတစ္ဝန္းတြင္ လူ႔အသက္ေပါင္းမ်ားစြာကယ္တင္ေပးႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

RECOVERY စမ္းသပ္ခ်က္တြင္ စတီးရြိဳက္ေဆးျဖင့္ ကုသမႈခံယူရန္ စာရင္းေပးေသာ လူနာ ၂၁၀၀ ခန္႔ႏွင့္ အဆိုပါေဆးျဖင့္ ကုသမႈ မခံယူသူ လူနာ ၄၃၀၀ ဦးတို႔ကို ႏႈိင္းယွဥ္ေလ့လာခဲ့ျခင္းျဖစ္သည္။

ရလဒ္မ်ားအရ ဒက္ဇာမီသာဇုန္းေဆးျဖင့္ ကုသမႈခံယူေသာ အသက္ရွဴစက္ျဖင့္ ကုသေနရသည့္ covid-19 လူနာ ၈ ဦးလွ်င္ ၁ ဦးကို မေသဆံုးေအာင္ ကာကြယ္ေပးႏိုင္ေၾကာင္း ေတြ႔ရွိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Steroid dexamethasone reduces deaths among patients with severe COVID-19 - trial shows (MSN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service