COVID-19 ရန်ပုံငွေမှ လုပ်ငန်း (၂၀၀၀) ကျော်ကို ချေးငွေ ကျပ် ၄၉ ဘီလီယံထုတ်ပေး

COVID-19 ရန်ပုံငွေမှ လုပ်ငန်း (၂၀၀၀) ကျော်ကို ချေးငွေ ကျပ် ၄၉ ဘီလီယံထုတ်ပေး - Property News in Myanmar from iMyanmarHouse.com
17 Jun 2020 10:37 am တွင် တင်ခဲ့သည်
777 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ရန်ပုံငွေမှ စီးပွားရေးလုပ်ငန်း ၂၀၀၀ ကျော်ကို ချေးငွေကျပ် ၄၉ ဘီလီယံထုတ်ချေးပေးလိုက်ကြောင်း COVID-19 ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်သည်။

ယခုထုတ်ပေးမှုသည် ဆဌမအသုတ်ပြီး ပမာဏနှင့်လုပ်ငန်းအရေအတွက်အများဆုံး အသုတ်လည်းဖြစ်ကာ ကျန်လုပ်ငန်းများကို ထပ်မံထုတ်ချေးသွားမည်ဟု ကော်မတီကဆိုသည်။

အစိုးရက COVID- 19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရန်အတွက် ကျပ်ဘီလီယံ၁၀၀ကို ရန်ပုံငွေအဖြစ် ထုတ်ချေးပေးနေခြင်းဖြစ်သည်။

ထိုသို့ထုတ်ပေးရန်အတွက် (COVID 19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို ၂၀၂၀ မတ် ၁၃ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့သည်။

ချေးငွေအတွက် နိုင်ငံအနှံမှ လျှောက်လွှာပေါင်း ၄၀၀၀ ဝန်းကျင်လျှောက်ကြပြီး ယခင်က ငါးကြိမ်မြောက်ထုတ်ပေးပြီးဖြစ်သည်။ ၎င်းတို့ထဲတွင် လုပ်ငန်းပေါင်း ၁၀၀၀ကျော်ရှိပြီး ချေးငွေစုစုပေါင်း ၃၇ ဘီလီယံကျော်ထုတ်ချေးပြီးဖြစ်သည်။

ထိုပြင်ချေးငွေကို ချထားပေးရာတွင် ရန်ကုန်နှင့်မန္တလေးတိုင်းက အများဆုံးရရှိထားပြီး အခြားတိုင်း ဒေသကြီး၊ပြည်နယ်များရရှိမှု မရှိသေးခြင်းအပေါ် ဝေဖန်မှုများလည်းရှိသည်။ ယခုခြောက်ကြိမ်မြောက်ထုတ်ပေးရာတွင် ဧရာဝတီတိုင်းကအများဆုံးပါဝင်သည်။

အစိုးရ၏ COVID-19 ကုစားရေးအစီအစဉ်တွင် ထိခိုက်ခဲ့သည့် လက်ခစား(CMP) လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ချေးငွေ ကျပ်ဘီလီယံ ၁၀၀ ထုတ်ပေးရန်ဖြစ်သည်။ အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် တစ်နှစ်ထောက်ပံ့ရန်ဟုဆိုထားသည်။

လျှောက်ထားရာတွင် အချက် ၁၀ ချက်နှင့်ကိုက်ညီရမည် ဖြစ်ပြီး ၎င်းတို့မှာ နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်း ဖြစ်ရမည်ဖြစ်ပြီး လက်ရှိလည်ပတ်နေခြင်း (သို့မဟုတ်)ကြေညာချက်မထုတ်ပြန်မီ သုံးလအတွင်း ရပ်ဆိုင်းထားသည့် လုပ်ငန်းဖြစ်ရမည်။ ထို့အပြင်လွန်ခဲ့သည့် ၂ နှစ်အတွင်း လိုင်စင်၊ ခွင့်ပြုချက်ရထားခြင်းနှင့် ဝင်ငွေ ရရှိထားခြင်းတို့ ပါဝင်သည်။

ချေးငွေ ပြန်လည်ပေးဆပ်ရန် ခိုင်လုံသည့်လုပ်ငန်းဖြစ်ရခြင်းနှင့် ချေးငွေကိုဝန်ထမ်း၊ လုပ်သားအင်အားနှင့်လက်ရှိ လုပ်ငန်းလည်ပတ်ရန်သာ အသုံးပြုရမည် ဖြစ်သည်။ ကုမ္ပဏီမှတ်ပုံတင်ရပ်ဆိုင်းခံခြင်း၊ မှတ်ပုံတင်စာရင်းမှ ရပ်ဆိုင်းခံထားရသည့် လုပ်ငန်းမဖြစ်ရဟုလည်း ဆိုသည်။

ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်များပေးဆောင်ထားရသည့် လုပ်ငန်းဖြစ်ရမည်ဖြစ်ပြီး လူမှုဖူလုံရေးထည့်ဝင်ကြေး ပုံမှန်ထည့်ဝင်ထားသည့် လုပ်ငန်းများကို ဦးစားပေးမည်ဟု ပါရှိသည်။ နောက်ဆုံးအချက်မှာ ချေးငွေအတွက် ကုမ္ပဏီဒါရိုက်တာအဖွဲ့(သို့မဟုတ်)လုပ်ငန်းရှင်က ချေးငွေပြန်လည်ပေးဆပ်ရန်အာမခံချက်ပါရှိရမည်ဟု ဆိုထားသည်။

ထိုပြင်ဈေးကွက် တုံ့ပြန်မှုပေါ်မူတည်၍ ရန်ပုံငွေ အရွည်အစားကို ကျပ်ငွေ ဘီလီယံ ၂၀၀ မှ ၅၀၀ အထိ တိုးမြှင့်ရန်လည်း တိုက်တွန်းထားသည်။ ထိုလုပ်ငန်းကို ၂၀၂၀ နှစ်မကုန်ခင် ရသုံးဦးစီးဌာနက ဆောင်ရွက်ရမည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

COVID-19 ရန္ပုံေငြမွ လုပ္ငန္း (၂၀၀၀) ေက်ာ္ကို ေခ်းေငြ က်ပ္ ၄၉ ဘီလီယံထုတ္ေပး

COVID-19 ရန္ပုံေငြမွ စီးပြားေရးလုပ္ငန္း ၂၀၀၀ ေက်ာ္ကို ေခ်းေငြက်ပ္ ၄၉ ဘီလီယံထုတ္ေခ်းေပးလိုက္ေၾကာင္း COVID-19 ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီက ထုတ္ျပန္သည္။

ယခုထုတ္ေပးမႈသည္ ဆဌမအသုတ္ၿပီး ပမာဏႏွင့္လုပ္ငန္းအေရအတြက္အမ်ားဆုံး အသုတ္လည္းျဖစ္ကာ က်န္လုပ္ငန္းမ်ားကို ထပ္မံထုတ္ေခ်းသြားမည္ဟု ေကာ္မတီကဆိုသည္။

အစိုးရက COVID- 19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားရန္အတြက္ က်ပ္ဘီလီယံ၁၀၀ကို ရန္ပုံေငြအျဖစ္ ထုတ္ေခ်းေပးေနျခင္းျဖစ္သည္။

ထိုသို႔ထုတ္ေပးရန္အတြက္ (COVID 19) ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီကို ၂၀၂၀ မတ္ ၁၃ ရက္တြင္ ႏိုင္ငံေတာ္သမၼတ႐ုံးက ဖြဲ႕စည္းေပးခဲ့သည္။

ေခ်းေငြအတြက္ ႏိုင္ငံအႏွံမွ ေလွ်ာက္လႊာေပါင္း ၄၀၀၀ ဝန္းက်င္ေလွ်ာက္ၾကၿပီး ယခင္က ငါးႀကိမ္ေျမာက္ထုတ္ေပးၿပီးျဖစ္သည္။ ၎တို႔ထဲတြင္ လုပ္ငန္းေပါင္း ၁၀၀၀ေက်ာ္ရွိၿပီး ေခ်းေငြစုစုေပါင္း ၃၇ ဘီလီယံေက်ာ္ထုတ္ေခ်းၿပီးျဖစ္သည္။

ထိုျပင္ေခ်းေငြကို ခ်ထားေပးရာတြင္ ရန္ကုန္ႏွင့္မႏၲေလးတိုင္းက အမ်ားဆုံးရရွိထားၿပီး အျခားတိုင္း ေဒသႀကီး၊ျပည္နယ္မ်ားရရွိမႈ မရွိေသးျခင္းအေပၚ ေဝဖန္မႈမ်ားလည္းရွိသည္။ ယခုေျခာက္ႀကိမ္ေျမာက္ထုတ္ေပးရာတြင္ ဧရာဝတီတိုင္းကအမ်ားဆုံးပါဝင္သည္။

အစိုးရ၏ COVID-19 ကုစားေရးအစီအစဥ္တြင္ ထိခိုက္ခဲ့သည့္ လက္ခစား(CMP) လုပ္ငန္း၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းႏွင့္ အေသးစား၊ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားကို ေခ်းေငြ က်ပ္ဘီလီယံ ၁၀၀ ထုတ္ေပးရန္ျဖစ္သည္။ အတိုးႏႈန္း ၁ ရာခိုင္ႏႈန္းျဖင့္ တစ္ႏွစ္ေထာက္ပံ့ရန္ဟုဆိုထားသည္။

ေလွ်ာက္ထားရာတြင္ အခ်က္ ၁၀ ခ်က္ႏွင့္ကိုက္ညီရမည္ ျဖစ္ၿပီး ၎တို႔မွာ ႏိုင္ငံသားပိုင္ စီးပြားေရးလုပ္ငန္း ျဖစ္ရမည္ျဖစ္ၿပီး လက္ရွိလည္ပတ္ေနျခင္း (သို႔မဟုတ္)ေၾကညာခ်က္မထုတ္ျပန္မီ သုံးလအတြင္း ရပ္ဆိုင္းထားသည့္ လုပ္ငန္းျဖစ္ရမည္။ ထို႔အျပင္လြန္ခဲ့သည့္ ၂ ႏွစ္အတြင္း လိုင္စင္၊ ခြင့္ျပဳခ်က္ရထားျခင္းႏွင့္ ဝင္ေငြ ရရွိထားျခင္းတို႔ ပါဝင္သည္။

ေခ်းေငြ ျပန္လည္ေပးဆပ္ရန္ ခိုင္လုံသည့္လုပ္ငန္းျဖစ္ရျခင္းႏွင့္ ေခ်းေငြကိုဝန္ထမ္း၊ လုပ္သားအင္အားႏွင့္လက္ရွိ လုပ္ငန္းလည္ပတ္ရန္သာ အသုံးျပဳရမည္ ျဖစ္သည္။ ကုမၸဏီမွတ္ပုံတင္ရပ္ဆိုင္းခံျခင္း၊ မွတ္ပုံတင္စာရင္းမွ ရပ္ဆိုင္းခံထားရသည့္ လုပ္ငန္းမျဖစ္ရဟုလည္း ဆိုသည္။

ဝင္ေငြခြန္၊ ကုန္သြယ္ခြန္၊ အထူးကုန္စည္ခြန္မ်ားေပးေဆာင္ထားရသည့္ လုပ္ငန္းျဖစ္ရမည္ျဖစ္ျပီး လူမႈဖူလုံေရးထည့္ဝင္ေၾကး ပုံမွန္ထည့္ဝင္ထားသည့္ လုပ္ငန္းမ်ားကို ဦးစားေပးမည္ဟု ပါရွိသည္။ ေနာက္ဆုံးအခ်က္မွာ ေခ်းေငြအတြက္ ကုမၸဏီဒါ႐ိုက္တာအဖြဲ႕(သို႔မဟုတ္)လုပ္ငန္းရွင္က ေခ်းေငြျပန္လည္ေပးဆပ္ရန္အာမခံခ်က္ပါရွိရမည္ဟု ဆိုထားသည္။

ထိုျပင္ေဈးကြက္ တုံ႔ျပန္မႈေပၚမူတည္၍ ရန္ပုံေငြ အ႐ြည္အစားကို က်ပ္ေငြ ဘီလီယံ ၂၀၀ မွ ၅၀၀ အထိ တိုးျမႇင့္ရန္လည္း တိုက္တြန္းထားသည္။ ထိုလုပ္ငန္းကို ၂၀၂၀ ႏွစ္မကုန္ခင္ ရသုံးဦးစီးဌာနက ေဆာင္႐ြက္ရမည္ဟု ဆိုထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service