ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်ပုံဖြင့် ထုတ်ဝေမည်

ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်ပုံဖြင့် ထုတ်ဝေမည် - Property News in Myanmar from iMyanmarHouse.com
16 Jun 2020 11:51 am တွင် တင်ခဲ့သည်
3655 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လက်ရှိသုံးစွဲနေသည့် ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက‌ပြောသည်။

လက်ရှိတွင် တစ်ထောင်တန်တွင်သာ ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားပြီး ကျန်ရှိသည့် ငါးထောင်တန်၊ တစ်သောင်းတန်များတွင်ပါ ဆက်လက်ရိုက်နှိပ်သွားမည်ဟု ဗဟိုဘဏ်ကဆိုသည်။

ဇွန်လ ၁၅ ရက်‌နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက "ကာလကတော့ ဒီ ၁၀ လအတွင်းမှာလားဆိုတော့ ဒါကတော့ ရိုက်နှိပ်တဲ့အပေါ်မှာ မူတည်ပါတယ်။ သုံးစွဲနေတဲ့ Denomination (ငွေစက္ကူ) တွေအားလုံးအတွက် ဗိုလ်ချုပ်ရုပ်ပုံကိုတော့ ရိုက်နှိပ်ထုတ်ဝေသွားမှာပါ။ ငါးထောင်တန်ရော တစ်သောင်းတန်ရော ငါးရာတန်ရော အဲ့လိုဟာမျိုး Denomination အားလုံးအတွက်ထုတ်သွားမှာပါ"ဟု ဦီးစိုးမင်းက ပြောသည်။

ဗဟိုဘဏ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူသစ်များကို လွတ်လပ်ရေးနေ့ အမှတ်တရအဖြစ် ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဂုဏ်ပြုထုတ်ဝေခဲ့သည်။

သို့သော် ဇန်နဝါရီလ ၄ ရက်နေ့သည် အစိုးရရုံးပိတ်ရက်ဖြစ်သဖြင့် ရုံးဖွင့်ရက်ဖြစ်သည့် ဇန်နဝါရီလ ၇ ရက်နေ့တွင် အများပြည်သူသို့ဖြန့်ဝေခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၁၀၀၀ တန်ငွေစက္ကူများကို ၂၀၂၀ ဇန်နဝါရီ ၇ ရက်ကစတင်ပြီး တနိုင်ငံလုံးရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လဲလှယ်ပေးခဲ့သည်။

အနှစ် ၃၀ အတွင်း မြန်မာငွေစက္ကူများပေါ်တွင် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့သည့် အာဇာနည်ခေါင်းဆောင်တဦး၏ ရုပ်ပုံကို ပထမဆုံး ပြန်ပြီး မြင်ရခြင်းဖြစ်သည်။

ထိုသို့ ဗိုလ်ချုပ်ပုံငွေစက္ကူထုတ်ရန်အတွက် နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားသတင်းဌာနက ဒီဇင်ဘာ ၂၀ ကြေညာခဲ့သည်။ အများပြည်သူက ဗိုလ်ချုပ်ပုံဖြင့် ထုတ်ဝေမည့် ပိုက်ဆံအပေါ်စိတ်ဝင်စားမှု ပြင်းထန်ခဲ့ကြသည်။

လက်ရှိထုတ်ဝေနေသည့် ငွေစက္ကူများမှာ Denomination နှင့် ပုံစံအပေါ်မူတည်ပြီး ၁၄ မျိုးခန့်ရှိသည်။ လက်ရှိ အသုံးများသည့် ငွေစက္ကူများမှာ ငါးဆယ်တန်၊ တစ်ရာတန်၊ နှစ်ရာတန်၊ ငါးရာတန်၊ တစ်ထောင်တန်၊ ငါးထောင်တန်နှင့် တစ်သောင်းတန်တို့ဖြစ်သည်။

အနာဂတ်တွင် ထုတ်ဝေမည့် ငွေစက္ကူများပေါ်၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့်ထုတ်ဝေရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို အောက်တိုဘာ ၂၇ ရက်က လွှတ်တော်သို့ တင်သွင်းရာ ကန့်ကွက်သူမရှိ၍ လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

၂၀၁၇ ကစ၍ နောက်ပိုင်း ရိုက်နှိပ်ထုတ်ဝေမည့် ငွေစက္ကူများကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများထဲမှ သင့်လျော်သည့် ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် မြိုင်မဲ ဆန္ဒနယ်မှ ဦးအောင်ဝင်းက အဆိုတင်သွင်းခဲ့သည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]














 



 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service