အိမ်ခြံမြေနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေရှင်သန်နိုင်ဖို့ ကျပ်ဘီလီယံ (၃၀၀) လောက်လိုအပ်တယ်လို့ဆို

အိမ်ခြံမြေနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေရှင်သန်နိုင်ဖို့ ကျပ်ဘီလီယံ (၃၀၀) လောက်လိုအပ်တယ်လို့ဆို - Property News in Myanmar from iMyanmarHouse.com
15 Jun 2020 12:27 pm တွင် တင်ခဲ့သည်
589 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ ကျပ် ဘီလီယံ နှစ်ထောင်ကျော် လိုအပ်နိုင်တယ်လို့ အာရှဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာတစ်စောင်က ဆိုလိုက်ပါတယ်။

ဒီထဲမှာဆောက်လုပ်ရေးနဲ့အိမ်ခြံမြေလုပ်ငန်းတွေက ကျပ်ဘီလီယံ ၃၀၀ ကျော်လောက်လိုအပ်နိုင်တယ်လို့ဖော်ပြထားပါတယ်။

ဒီလိုအပ်ချက်ဟာ လက်ရှိ ဘဏ္ဍာနှစ်အကုန်ထိဖြစ်တယ်လို့ ကပ်ရောဂါသက်ရောက်မှုလေ့လာဆန်းစစ်ခြင်းအစီရင်ခံစာမှာဖော်ပြထားတာပါ။

စီးပွားရေး လုပ်ငန်းတစ်ခုချင်းစီ ရှင်သန်ရေးအတွက် ကျပ် ၁၈ သန်း လိုအပ်မှာဖြစ်ပြီး စီးပွားရေး လုပ်ငန်းသုံးပုံနှစ်ပုံက ငွေကြေး အခက်အခဲနှင့် ရင်ဆိုင်နေရတယ်လို့ဖော်ပြထားပါတယ်။

လုပ်ငန်းလည်ပတ်ရေးအတွက် လိုအပ်တဲ့ ငွေကြေးကို ချေးငွေနဲ့သာ လုပ်ကိုင်ဆောင်ရွက်လိုကြတယ်လို့လည်းဆိုထားပါတယ်။

လက်ရှိချေးငွေတွေအတွက် ဘဏ်အများစုက ချေးငွေတွေထုတ်ချေးနေပေမယ် လိုအပ်သလောက် လုပ်ငန်းတွေအပေါ်ကိုရောက်ရှိနိုင်ဖို့အားနည်းနေသေးတယ်လို့ SME လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးဆန်းသစ်နိုင်ကဆိုပါတယ်။

“ ဘဏ်တွေကလိုအပ်သလောက်ခုချိန်မှာချေးနိုင်ဦးမှာမဟုတ်ဘူး အရင်ကလဲ ပုံမှန်အပေါင်ပစ္စည်းတစ်ခုခုပြမှချေးနိုင်သလို အတိုးကလဲအရမ်းများတော့ လုပ်ငန်းရှင်တွေခက်ခဲခဲ့တာ အခုတော့ပိုခက်ခဲသွားတာပေါ့ အစိုးရဆီကနေ ချေးငွေကိုမျှော်လင့်ဖို့ကျတော့လည်း ကိုယ့်လိုသူလိုလျှောက်ထားတဲ့လုပ်ငန်းရှင်တွေကများကြတယ်ရဖို့ကမသေချာဘူး “လို့ဦးဆန်းသစ်နိုင်ကဆိုပါတယ်။ ဒါ့ကြောင့် ဘဏ်တွေကချေးတဲ့နိုင်ငံတကာချေးငွေတွေကို အဓိက အားကိုးရမှာဖြစ်တယ်လို့၎င်းကဆိုပါတယ်။

အခုစစ်တမ်း ထက်ထပ်မံပြီးငွေကြေးလိုအပ်တဲ့အသေးစာ စီးပွားရေးလုပ်ငန်းစုတွေလည်းများစွာကျန်ရှိနိုင်သေးတယ်လို့ ၎င်းကသုံးသပ်ပါတယ်။

ဒီစစ်တမ်းအတွက်ကိုတော့ အာရှဖောင်ဒေးရှင်းဟာ ပြည်တွင်းက စီးပွားရေးလုပ်ငန်း ၇၅၀ ကို ကျပန်း စနစ်နဲ့ ရွေးချယ်ကာပြီးခဲ့တဲ့ ဧပြီလကနေ မေလအတွင်း စစ်တမ်းကောက်ယူခဲ့တာပါ။

အာရှဖောင်ဒေးရှင်းဟာ ပြည်တွင်းကစီးပွားရေးလုပ်ငန်းတွေကိုမကြာခဏ စစ်တမ်းတွေကောက်ယူနေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။

ကိုဗစ်အလွန်ကာလမှာလည်းပြည်တွင်းကစီးပွားရေးလုပ်ငန်းတွေကိုနယ်ပယ်အလိုက် စစ်တမ်းကောက်ယူမှုတွေပြုလုပ်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း မြန်မာ့စီးပွားရေးဟာ ၃ရာခိုင်နှုန်းလောက်ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ADB အပါအဝင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကလည်းရာခိုင်နှုန်းအားဖြင့်လျော့နည်းနိုင်တယ်လို့ အကြမ်းဖျင်းခန့်မှန်းထားတာပါ ။

အစိုးရကတော့ ကပ်ရောဂါကြောင့် ထိခိုက်သွားတဲ့ လုပ်ငန်းတွေကို ကုစားပေးနိုင်ဖို့ ကနဦးအနေနဲ့ ကျပ်ဘီလီယံ တစ်ရာမတည်ပြီးချေးငွေထုတ်ချေးပေးနေပါတယ်။

လက်ရှိမှာတော့ကျပ်ဘီလီယံ ၁၀၀ ထဲက ဘီလီယံ ၄၀ ကျော်လောက်ထုတ်ချေးပြီးပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]






















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service