ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူတို့ကို မြှုပ်နှံမည့်နေရာရရှိရန်အတွက် သင်္ချိုင်းမြေပုံဟောင်းများကို ပြန်လည်တူးဖော်နေရ၊ သေဆုံးမည့်သူတို့ကို မြှုပ်နှံရန် မြေပုံများစွာ ကြိုတင်တူးဖော်ထား
ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူတို့ကို မြှုပ်နှံမည့်နေရာရရှိရန်အတွက် သင်္ချိုင်းမြေပုံဟောင်းများကို ပြန်လည်တူးဖော်နေရ၊ သေဆုံးမည့်သူတို့ကို မြှုပ်နှံရန် မြေပုံများစွာ ကြိုတင်တူးဖော်ထား - Property News in Myanmar from iMyanmarHouse.com
15 Jun 2020 12:16 pm တွင် တင်ခဲ့သည်
970 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူပမာဏ ဗြိတိန်ထက်များပြားနေကာ ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် သေဆုံးသူအများဆုံးအဖြစ် ဒုတိယနေရာတွင် ရပ်တည်လာသည်။
ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူတို့ကို မြှုပ်နှံမည့် နေရာရရှိရန်အတွက် သင်္ချိုင်းမြေပုံဟောင်းများကို ပြန်လည်တူးဖော်နေရသည်။
ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၈၃၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၄၁၉၅၂ ဦးရှိကာ တောင်အမေရိကတိုက်တွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားရာဗဟိုချက်နေရာဖြစ်လာသည်။
လူဦးရေ ၁၂ သန်းကျော်ရှိကာ ဘရာဇီး၏ အကြီးမားဆုံးမြို့ကြီးဖြစ်သော ဆော်ပေါလိုသည် တောင်အမေရိကတိုက်တွင် အဆိုးရွားဆုံး ကူးစက်ခံရသည့်နေရာတစ်ခုဖြစ်ပြီး သေဆုံးသူ ၅၄၈၀ ဦး ရှိသည်။
ကောင်းကင်ဓာတ်ပုံများအရ ဆော်ပေါလိုတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးမည့်သူများကို မြှုပ်နှံရန် မြေပုံကျင်းများစွာ ကြိုတင် တူးဖော်ထားပုံကို တွေ့ရသည်။
ဆော်ပေါလိုမြို့ ဈာပနဝန်ဆောင်မှုလုပ်ငန်းတစ်ခု၏ ပြောကြားချက်အရ ကိုရိုနာဗိုင်းရပ်စ်လူနာများ မြှုပ်နှံမည့်နေရာ ရရှိရန် လွန်ခဲ့သော ၃ နှစ်ခန့်အတွင်း သေဆုံးခဲ့သူတို့၏ ရုပ်အလောင်းများရှိရာ မြေပုံများကို ပြန်လည်တူးဖော်နေရကြောင်း ပြောကြားသည်။
တူးဖော်ရာမှ ရရှိလာသည့် အရိုးစုများကို နံပါတ်စဉ်များ တပ်ထားသည့် အိတ်များအတွင်း ထည့်သွင်းကာ ပုံးများအတွင်းယာယီ သိမ်းဆည်းထားမည်ဖြစ်ပြီး လာမည့် ၁၅ ရက်အတွင်း မြို့တော်တစ်ဝန်းရှိ အခြားသင်္ချိုင်းများစွာသို့ ဖြန့်ဝေပို့ဆောင်သွားမည်ဖြစ်သည်။
နောက်ဆုံးတွင် ကြွင်းကျန်သော အရိုးစုများကို အရိုးစုများ စုပေါင်းသိမ်းဆည်းထားရှိရာနေရာများသို့ ပို့ဆောင်သွားမည်ဟု ဆိုသည်။
ဘရာဇီးတွင် ရောဂါပျံ့ပွားမှုများ အထွတ်အထိပ်သို့ ရောက်ရှိလာချိန်တွင် lockdown စည်းမျဉ်းများ ပြန်လည်ဖြေလျှော့လိုက်ခြင်းကို ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက ရတက်မအေးဖြစ်နေကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ အရေးပေါ်ကိစ္စရပ်များအကြီးအကဲ ဒေါက်တာ မိုက်ကယ်ရိုင်ယန်က ပြောကြားရာတွင် ဘရာဇီးတွင် ရောဂါကူးစက်မှုပမာဏကြီးမားနေသည်ကို တွေ့ရသော်လည်း တစ်နိုင်ငံလုံးကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အကျပ်အတည်းအခြေအနေကို ကောင်းစွာကိုင်တွယ်စီမံနိုင်နေကြောင်း ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်သည် ရာသီတုပ်ကွေးသာဖြစ်သည်ဟု ယခင်က ပြောကြားခဲ့သော ဘရာဇီးသမ္မတ Jair Bolsonaro မှာ သူ၏ ကပ်ရောဂါကာလ ကိုင်တွယ်ပုံများနှင့် စပ်လျဉ်းပြီး ဖိအားများစွာအောက်တွင် ကျရောက်နေခဲ့သည်။
ဘရာဇီးတွင် သေဆုံးမှုများ များပြားနေခြင်းအပေါ် ဆန္ဒပြသည့်အနေဖြင့် ရီယို ဒီ ဂျနေးရိုးမြို့တော်ရှိ ကမ်းခြေတစ်ခုတွင် ပြည်သူတို့သည် သဲသောင်များတွင် ကျင်းများတူးကာ မိမိကိုယ်မိမိ မြေကျင်းများတွင် မြှုပ်နှံပြကာ လှောင်ပြောင်ခဲ့ကြသည်။
လက်တင်အမေရိကတွင် အကြီးမားဆုံးသင်္ချိုင်းဖြစ်သော ဆော်ပေါလိုမြို့ရှိ Vila Formosa သင်္ချိုင်းမှ အရာရှိတို့က ပြောကြားရာတွင် ဧပြီလအတွင်း အဆိုပါသင်္ချိုင်းတွင် လူပေါင်း ၁၆၅၄ ဦးကို မြှုပ်နှံခဲ့ကြောင်း၊ ယင်းပမာဏမှာ မတ်လထက် ၅၀၀ ဦးကျော် မြင့်တက်လာခြင်းဖြစ်ကြောင်း ပြောကြားသည်။
“ဈေးဝယ်စင်တာတွေနဲ့ စတိုးဆိုင်တွေ ပြန်ဖွင့်လိုက်တဲ့အပေါ် ကျွန်တော်တို့ အတော်စိုးရိမ်မိပါတယ်။ ကျွန်တော်တို့အခြေအနေက ကူးစက်သူ ကျဆင်းနေတာမဟုတ်ပါဘူး။ အထွတ်အထိပ်ကို ရောက်နေတာပါ။ လူတွေက ဂရုမစိုက်ကြပါဘူး။ ကပ်ဘေးကြီး မပြီးသေးပါဘူး။ အခုအချိန်က စိုးရိမ်ရမယ့်အချိန်ပါ။ လူတွေကတော့ အပြင်ကို ထွက်နေကြဆဲပါပဲ” ဟု Vila Formosa သင်္ချိုင်းမှ မြေပုံကျင်းတူးသမားတစ်ဦးဖြစ်သူ Adenilson Costa က ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Brazil digging up bodies to make room for coronavirus victims in cemeteries as death toll overtakes UK as 2nd highest (The Sun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service