အိန္ဒိယ (သို့) ကမ္ဘာ့စတုတ္ထမြောက် အထိနာဆုံး COVID-19 ဘေးသင့်နိုင်ငံ

အိန္ဒိယ (သို့) ကမ္ဘာ့စတုတ္ထမြောက် အထိနာဆုံး COVID-19 ဘေးသင့်နိုင်ငံ - Property News in Myanmar from iMyanmarHouse.com
15 Jun 2020 11:54 am တွင် တင်ခဲ့သည်
737 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မတ်လနှောင်းပိုင်းမှစတင်ကာ မေလကုန်အထိ နှစ်လကျော်ကြာ တင်းကျပ်သော lockdown ချခဲ့သည့် အိန္ဒိယတွင် စီးပွား‌ရေးများပြန်လည်စတင်ဖွင့်လှစ်စဉ် မကြာသေးမီရက်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ တစ်ရှိန်ထိုးမြင့်တက်လာသဖြင့် ရောဂါကူးစက်မှုများထိန်းချုပ်မရသည့်အခြေအနေသို့ ရောက်ရှိမည်ကို စိုးရိမ်မှုများ မြင့်တက်လာလျက်ရှိသည်။

အိန္ဒိယသည် ကမ္ဘာတွင် အမေရိကန်၊ ဘရာဇီးနှင့် ရုရှားပြီးလျှင် ကူးစက်ခံရသူဦးရေ ၃၂၀,၀၀၀ ကျော်ဖြင့် စတုတ္ထ အထိနာဆုံး COVID-19 ဘေးသင့်နိုင်ငံဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရ သိရသည်။

တောင်အာရှ၏လူဦးရေအထူထပ်ဆုံးနိုင်ငံတွင် ပြီးခဲ့သည့်ရက်များစွာအတွင်း နေ့စဉ်ကူးစက်မှုများမှာ တစ်နေ့လျှင် ၁ သောင်းနီးပါးနှင့် ရံဖန်ရံခါတွင် ၁ သောင်းကျော် ရှိခဲ့သည်။ ဇွန် ၁၄ ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် အစိုးရထုတ်ပြန်ချက်အရ ကူးစက်မှုအသစ်များမှာ ၁၁,၉၂၉ ရှိခဲ့သည်။

ထိုများပြားသော ရောဂါကူးစက်သူဦးရေသည် အိန္ဒိယအား အာရှ၏ အထိနာဆုံး COVID-19 ဘေးသင့်နိုင်ငံလည်း ဖြစ်စေသည်။ ကမ္ဘာတွင် ရောဂါကူးစက်မှုအများဆုံးရှိရာ ရုရှားသည် ဥရောပနှင့် အာရှနှစ်ခုစလုံးတွင် ပါဝင်နေသည်။ အဓိကရုရှားမြို့ပြအများစုမှာ ဥရောပဘက်ခြမ်းတွင် ဖြစ်သည်။

မြို့တော်ဒေလီသည် မကြာသေးမီက ရောဂါကူးစက်မှုအများဆုံးနေရာတစ်ခုဖြစ်လာပြီး လူအများအပြားသည် ‌ဒေလီတွင် ဆေးရုံကုတင်နေရာရရှိရန် ရုန်းကန်ကြိုးပမ်းနေကြရကာ အချို့မှာ ကုတင်နေရာမရ၊ အထဲဝင်ခွင့်ရမဘဲ ဖိနပ်ချွတ်တံခါးဝနေရာများတွင်ပင် သေဆုံးသွားကြကြောင်း အချို့၏ ပြောကြားချက်အရ သိရသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ဒေလီ၏ ဒုတိယဝန်ကြီးချုပ်က ဒေလီတွင် ဇူလိုင်လမကုန်မီ ကူးစက်မှုပေါင်း ၅ သိန်း ၅ သောင်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းရကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်ဟုလည်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ ဒေလီတွင် ဇွန် ၁၄ နံနက်အထိ ရောဂါကူးစက်မှုပေါင်း ၃၈,၉၀၀ ကျော် ရှိသည်။

“ပြီးခဲ့တဲ့သီတင်းပတ်နှစ်ပတ်သုံးပတ်အတွင်း ကူးစက်မှုအရေအတွက် နေ့တိုင်း သိပ်ကိုသိသိသာသာတိုးလာကို တွေ့လာခဲ့ရပါတယ်။” ဟု ဒေလီရှိ Sir Ganga Ram ဆေးရုံရှိ ရင်ခေါင်းခွဲစိတ်ကုဌာန၏ ဥက္ကဋ္ဌ အာဗင်ကူးမားက စီအင်န်ဘီစီသတင်းဌာနသို့ ဇွန် ၁၂ တွင် ပြောကြားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: India shut down its economy to contain the coronavirus. It’s now one of the most affected countries (CNBC)

[Zawgyi]

အိႏၵိယ (သို႔) ကမာၻ႔စတုတၳေျမာက္ အထိနာဆုံး COVID-19 ေဘးသင့္ႏိုင္ငံ

မတ္လေႏွာင္းပိုင္းမွစတင္ကာ ေမလကုန္အထိ ႏွစ္လေက်ာ္ၾကာ တင္းက်ပ္ေသာ lockdown ခ်ခဲ့သည့္ အိႏၵိယတြင္ စီးပြား‌ေရးမ်ားျပန္လည္စတင္ဖြင့္လွစ္စဥ္ မၾကာေသးမီရက္မ်ားအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ား တစ္ရွိန္ထိုးျမင့္တက္လာသျဖင့္ ေရာဂါကူးစက္မႈမ်ားထိန္းခ်ဳပ္မရသည့္အေျခအေနသို႔ ေရာက္ရွိမည္ကို စိုးရိမ္မႈမ်ား ျမင့္တက္လာလ်က္ရွိသည္။

အိႏၵိယသည္ ကမာၻတြင္ အေမရိကန္၊ ဘရာဇီးႏွင့္ ႐ုရွားၿပီးလွ်င္ ကူးစက္ခံရသူဦးေရ ၃၂၀,၀၀၀ ေက်ာ္ျဖင့္ စတုတၳ အထိနာဆုံး COVID-19 ေဘးသင့္ႏိုင္ငံျဖစ္ေၾကာင္း ဂြၽန္ေဟာ့ကင္းတကၠသိုလ္၏ အခ်က္အလက္မ်ားအရ သိရသည္။

ေတာင္အာရွ၏လူဦးေရအထူထပ္ဆုံးႏိုင္ငံတြင္ ၿပီးခဲ့သည့္ရက္မ်ားစြာအတြင္း ေန႔စဥ္ကူးစက္မႈမ်ားမွာ တစ္ေန႔လွ်င္ ၁ ေသာင္းနီးပါးႏွင့္ ရံဖန္ရံခါတြင္ ၁ ေသာင္းေက်ာ္ ရွိခဲ့သည္။ ဇြန္ ၁၄ ေဒသစံေတာ္ခ်ိန္ နံနက္ ၈ နာရီတြင္ အစိုးရထုတ္ျပန္ခ်က္အရ ကူးစက္မႈအသစ္မ်ားမွာ ၁၁,၉၂၉ ရွိခဲ့သည္။

ထိုမ်ားျပားေသာ ေရာဂါကူးစက္သူဦးေရသည္ အိႏၵိယအား အာရွ၏ အထိနာဆုံး COVID-19 ေဘးသင့္ႏိုင္ငံလည္း ျဖစ္ေစသည္။ ကမာၻတြင္ ေရာဂါကူးစက္မႈအမ်ားဆုံးရွိရာ ႐ုရွားသည္ ဥေရာပႏွင့္ အာရွႏွစ္ခုစလုံးတြင္ ပါဝင္ေနသည္။ အဓိက႐ုရွားၿမိဳ႕ျပအမ်ားစုမွာ ဥေရာပဘက္ျခမ္းတြင္ ျဖစ္သည္။

ၿမိဳ႕ေတာ္ေဒလီသည္ မၾကာေသးမီက ေရာဂါကူးစက္မႈအမ်ားဆုံးေနရာတစ္ခုျဖစ္လာၿပီး လူအမ်ားအျပားသည္ ‌ေဒလီတြင္ ေဆး႐ုံကုတင္ေနရာရရွိရန္ ႐ုန္းကန္ႀကိဳးပမ္းေနၾကရကာ အခ်ိဳ႕မွာ ကုတင္ေနရာမရ၊ အထဲဝင္ခြင့္ရမဘဲ ဖိနပ္ခြၽတ္တံခါးဝေနရာမ်ားတြင္ပင္ ေသဆုံးသြားၾကေၾကာင္း အခ်ိဳ႕၏ ေျပာၾကားခ်က္အရ သိရသည္ဟု ႐ိုက္တာသတင္းဌာနက ေဖာ္ျပခဲ့သည္။

ေဒလီ၏ ဒုတိယဝန္ႀကီးခ်ဳပ္က ေဒလီတြင္ ဇူလိုင္လမကုန္မီ ကူးစက္မႈေပါင္း ၅ သိန္း ၅ ေသာင္းအထိ ျမင့္တက္လာမည္ဟု ခန႔္မွန္းရေၾကာင္း သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္ဟုလည္း ႐ိုက္တာသတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။ ေဒလီတြင္ ဇြန္ ၁၄ နံနက္အထိ ေရာဂါကူးစက္မႈေပါင္း ၃၈,၉၀၀ ေက်ာ္ ရွိသည္။

“ၿပီးခဲ့တဲ့သီတင္းပတ္ႏွစ္ပတ္သုံးပတ္အတြင္း ကူးစက္မႈအေရအတြက္ ေန႔တိုင္း သိပ္ကိုသိသိသာသာတိုးလာကို ေတြ႕လာခဲ့ရပါတယ္။” ဟု ေဒလီရွိ Sir Ganga Ram ေဆး႐ုံရွိ ရင္ေခါင္းခြဲစိတ္ကုဌာန၏ ဥကၠ႒ အာဗင္ကူးမားက စီအင္န္ဘီစီသတင္းဌာနသို႔ ဇြန္ ၁၂ တြင္ ေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: India shut down its economy to contain the coronavirus. It’s now one of the most affected countries (CNBC)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service