လုပ်ခ၊လစာပေးရခြင်းနှင့် ထပ်တိုးရင်းနှီးမြှုပ်နှံမှုများအတွက် ဝင်ငွေခွန် (၁၀) ရာခိုင်နှုန်းလျော့ချပေး

လုပ်ခ၊လစာပေးရခြင်းနှင့် ထပ်တိုးရင်းနှီးမြှုပ်နှံမှုများအတွက် ဝင်ငွေခွန် (၁၀) ရာခိုင်နှုန်းလျော့ချပေး - Property News in Myanmar from iMyanmarHouse.com
15 Jun 2020 11:21 am တွင် တင်ခဲ့သည်
741 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လုပ်ခ၊ လစာပေးခြင်း နှင့် ထပ်တိုးရင်းနှီးမြှုပ်နှံမှုများအတွက် လုပ်ငန်းရှင်များအား ဝင်ငွေခွန်သက်သာခွင့်ကို ၁၀ ရာခိုင်နှုန်းပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်သည်။

သမ္မတရုံးက ထုတ်ပြန်ရာတွင် ၂၀၁၉-၂၀ အတွင်း ကုမ္ပဏီကဝန်ထမ်းများကိုပေးနေရသော ထပ်တိုးပေးရသည့် လုပ်ခ၊ လစာ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို အခွန်ဖြေလျှော့ပေးလိုက်သည်။

ထိုဘဏ္ဍာနှစ်အတွင်း ထပ်တိုးပေးရသည့် လုပ်ခ၊ လစာပေး အပ်ငွေ၏ ၁၂၅ ရာခိုင်နှုန်းကို အသုံးစရိတ်အဖြစ် ဝင်ငွေခွန်မှ ခုနှိမ်အခွန်ဆောင်ရန်လည်း ဖြေလျှော့ပေးလိုက်သည်။ အခွန်ဖြေ လျှော့ရာတွင် ပြန်အမ်းငွေ ရပိုင် ခွင့်မရှိသည့် ခုနှိမ်ခွင့်အခွန် (Non -refundable tax) အဖြစ် သတ်မှတ်ထားသည်။ထပ်တိုးရင်းနှီးမြှုပ်နှံမှုများအတွက် ဝင်ငွေခွန်သက်သာခွင့် ကိုလည်း ၁၀ ရာခိုင်နှုန်းအထိ အခွန် ဖြေလျှော့ပေးလိုက်သည်။

ထပ်တိုး ရင်းနှီးမြှုပ်နှံမှုများအတွက် ပစ္စည်းတန်ဖိုးလျော့စရိတ် ၁၂၅ ရာခိုင်နှုန်းကိုလည်း တစ် ကြိမ်တည်း တိုးမြှင့်ခံစားခွင့်အဖြစ် သတ်မှတ်ပေးလိုက်သည်။

COVID-19 စီးပွားရေး ကုစားမှု အစီအစဉ်နှင့်အညီအကောင်အထည်ဖော် ကုစားနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေအရ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သမ္မတရုံးက ထုတ်ပြန်သည်။

‘‘လစာပေးတဲ့ ကုမ္ပဏီတွေကို အခွန်လျှော့ပေးလိုက်တာပါ။ လစာရတဲ့ ဝန်ထမ်းတွေအတွက် မဟုတ်ပါဘူး’’ ဟု အခွန်ဝန်ဆောင်မှုဆောင်ရွက်နေသူတစ်ဦးကပြောသည်။

COVID-19 စီးပွားရေးကုစားမှု အစီအစဉ်၏ ရင်းနှီးမြှုပ်နှံ၊ ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းများ တိုးတက် အောင် ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိက ကဏ္ဍအပေါ်သက်ရောက်မှု ဖြေလျှော့ပေးရေးအတွက်ဖြစ် သည်ဟု သမ္မတရုံးက ဆိုထားသည်။

ယခု ဖြေလျှော့မှုများတွင် ၂၀၂၀-၂၁ အခွန်စည်းကြပ်နှစ်အတွက် အကျိုးသက်ရောက်မည်ဟု သမ္မတရုံးက ဆိုသည်။

ထိုပြင် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အဆိုပါအခွန်သက်သာခွင့်များအတွက် လုပ်ထုံးလုပ်နည်းနှင့် စီးပွားရေးလုပ်ငန်းများကို အမိန်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ရမည်ဟု သမ္မတရုံးကဆိုသည်။

ကုမ္ပဏီက ဝန်ထမ်းများကိုလစာပေးရသည့် အခွန်ဆောင်နေရခြင်း ကိုဖြေလျှော့ပေးလိုက်ခြင်းဖြစ်ပြီး ထပ်တိုးရင်းနှီးမြှုပ်နှံချင်သည့် လုပ်ငန်းသစ်တိုးချဲ့ချင်သူများအတွက်လည်း အခွန်လျှော့လိုက်ခြင်းဖြစ်သည်ဟု ကုန်သည်စက်မှုအသင်းချုပ် ဒေါက်တာမောင်မောင်လေး ကပြောသည်။ ထိုဖြေလျော့မှုသည် လုပ်ငန်းရှင်များအတွက် အသက်ရှူပေါက်တစ်ခုတိုးလာခြင်းဖြစ်ပြီး နောက်ထပ်လုပ်ငန်းရှင်များ အတွက် တက်နိုင်သလောက်ဖြေလျှော့ရန် မျှော်လင့်သည်ဟု ၎င်းကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]














နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service