“တရုတ်အပေါ် အောင်နိုင်ရေးဥပဒေ” ဟု အမည်တွင်သည့် ဥပဒေတစ်ရပ်ကို အမေရိကန်အထက်လွှတ်တော်အမတ်များတင်သွင်းပြီး ကိုရိုနာဗိုင်းရပ်စ် အကာအကွယ်ပစ္စည်းနှင့် ဆေးဝါးများ ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရန် ကြိုးပမ်း
“တရုတ်အပေါ် အောင်နိုင်ရေးဥပဒေ” ဟု အမည်တွင်သည့် ဥပဒေတစ်ရပ်ကို အမေရိကန်အထက်လွှတ်တော်အမတ်များတင်သွင်းပြီး ကိုရိုနာဗိုင်းရပ်စ် အကာအကွယ်ပစ္စည်းနှင့် ဆေးဝါးများ ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရန် ကြိုးပမ်း - Property News in Myanmar from iMyanmarHouse.com
14 Jun 2020 11:35 am တွင် တင်ခဲ့သည်
745 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ရီပတ်ဘလီကန်ပါတီဝင် အမေရိကန်အထက်လွှတ်တော်အမတ် ၃ ဦးသည် ဆေးဝါးများ၊ ဆေးဝါးအထောက်အပံ့နှင့် ပစ္စည်းကိရိယာများအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရခြင်း လျှော့ချနိုင်ရန်နှင့် ပြည်တွင်းတွင် ထုတ်လုပ်ရေးအားပေးနိုင်ရန် ရည်ရွယ်ကာ ဥပဒေတစ်ရပ်ကို တင်သွင်းခဲ့ကြသည်။
ဂျော်ဂျီယာပြည်နယ်မှ ရီပတ်ဘလီကန်ပါတီဝင် အထက်လွှတ်တော်အမတ် ကယ်လီ လော့ဖ်လာ၊ အိုင်အိုဝါပြည်နယ်မှ ရီပတ်ဘလီကန်ပါတီဝင် အထက်လွှတ်တော်အမတ် ဂျိုနီ အားနက်စ်နှင့် တက္ကဆပ်ပြည်နယ်မှ ရီပတ်ဘလီကန်ပါတီဝင် အထက်လွှတ်တော်အမတ် တက်ဒ် ခရုဇ်တို့သည် “မြောက်အမေရိကမှ စားသုံးသူများအတွက် စီးပွားရေးစွမ်းဆောင်ရှင်များတိုးတက်မှု ဆောင်ကြဉ်းရေး” (Bring Entrepreneurial Advancements to Consumers Here In North America) သို့မဟုတ် “တရုတ်အပေါ် အောင်နိုင်ရေးအက်ဥပဒေ” ကို တင်သွင်းလိုက်ကြသည်။
ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ ၊ ဆေးဝါးထောက်ပံ့မှု ထုတ်ကုန်များကို အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချရေးအတွက် မက်လုံးပေးထားကြောင်း ကယ်လီ လော့ဖ်လာ၏ ရုံးမှ ထုတ်ပြန်သည်။
အဆိုပါဥပဒေတွင် ဆေးဝါးထုတ်လုပ်မှု၊ ဆေးဝါးပစ္စည်းများနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို အမေရိကန်နိုင်ငံတွင် ပြောင်းရွှေ့ ထုတ်လုပ်မည့် လုပ်ငန်းများအား အကောက်ခွန်ဆိုင်ရာ မက်လုံးများ ပေးအပ်ထားသည်။
“နှစ်ပေါင်းများစွာအတွင်း ကျွန်တော်တို့ဆီက ထုတ်လုပ်မှုကဏ္ဍတွေဟာ ပြည်ပနိုင်ငံတွေဆီ ရွှေ့ပြောင်းသွားခဲ့တာကြောင့် အမေရိကန်နိုင်ငံသားတွေရဲ့ အလုပ်အကိုင်နေရာတွေ ဆုံးရှုံးရတဲ့အပြင် ထောက်ပံ့မှု ယန္တရားကို ထိခိုက်စေကာ ပြိုင်ဖက်နိုင်ငံတွေအပေါ် မှီခိုနေရစေပါတယ်” ဟု လော့ဖ်လာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ဆေးဝါးတွေ၊ ဆေးဝါးပစ္စည်းကိရိယာတွေ၊ အကာအကွယ်ဝတ်စုံတွေ၊ mask တွေနဲ့ တို့ဖတ်စမ်းသပ်ပစ္စည်းတွေ အစရှိတဲ့ အသက်ကယ်ဆယ်ရေး ထုတ်ကုန်တွေလို အရေးကြီးတဲ့ပစ္စည်းတွေအတွက် တရုတ်အပါအဝင် အခြားနိုင်ငံတွေအပေါ် မှီခိုနေရတာဟာ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ covid-19 ကပ်ဘေးကြီးက ကျွန်တော်တို့ကို အထင်အရှားပြသလိုက်ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ဟာ အမေရိကန်ကို စက်ရုံတွေ ပြန်လည်ရွှေ့ပြောင်းလာမယ့် ကုမ္ပဏီတွေကို မက်လုံးတွေ ပေးနေပါတယ်”
ဆေးဝါးနှင့် ဆေးဘက်ပစ္စည်းထောက်ပံ့မှုကဏ္ဍများတွင် တိုင်းပြည်၏ ထောက်ပံ့မှုယန္တရား မည်သို့ ထိခိုက်လွယ်မှုရှိပုံကို ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းက သတိပေးလိုက်သည်ဟု မှတ်ယူသင့်ကြောင်း အားနက်စ်က ပြောကြားသည်။
ယခုအခါတွင် ယခင်ကထက် ပိုမိုရှင်းလင်းစွာ တွေ့မြင်နိုင်ကြောင်း၊ မိမိတို့နိုင်ငံသည် PPE ဝတ်စုံ၊ ဆရာဝန်ထောက်ခံချက်ဖြင့် ကုသရသော ဆေးဝါးနှင့် အခြားသော မရှိမဖြစ်လိုအပ်သည့် ဆေးဝါးအထောက်အပံ့များအတွက် တရုတ်ကွန်မြူနစ်ပါတီအပေါ် အလွန်အမင်းမှီခိုနေရပြီဖြစ်ကြောင်းနှင့် အဆိုပါအခြေအနေကို ပြုပြင်ရန် လိုအပ်ကြောင်း အားနက်စ်က ပြောကြားသည်။
“ကျွန်မတို့အနေနဲ့ ဆေးဝါးနဲ့ ထောက်ပံ့မှုပစ္စည်းတွေကို အမေရိကန်မှာ ထုတ်လုပ်နိုင်ဖို့ နည်းလမ်းတွေ ရှာနိုင်လိမ့်မယ်ဆိုတာ သံသယမရှိပါဘူး။ အဲဒီအတွက် ဒီဥပဒေက ကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်” ဟု အားနက်စ်က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: GOP senators introduce 'Beat China' bill aimed at increasing US manufacturing (Fox News)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service