COVID-19 ညမထွက်ရအမိန့်ကို ထိုင်းတွင် သန်ဘက်ခါ (ဇွန် ၁၅) ၌ ရုပ်သိမ်းမည်

COVID-19 ညမထွက်ရအမိန့်ကို ထိုင်းတွင် သန်ဘက်ခါ (ဇွန် ၁၅) ၌ ရုပ်သိမ်းမည် - Property News in Myanmar from iMyanmarHouse.com
13 Jun 2020 12:14 pm တွင် တင်ခဲ့သည်
894 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချမှတ်ထားခဲ့သည့် ညမထွက်ရအမိန့်ကို Lockdown စီမံချက်များ ဖြေလျှော့မှု အဆင့် ၄ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်တနင်္လာ (ဇွန် ၁၅) တွင် ရုပ်သိမ်းမည်ဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ယမန်နေ့ (ဇွန် ၁၂) တွင် ပြောကြားခဲ့သည်။

ထိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ် ၂ ပတ်ခွဲကျော်အတွင်း ပြည်တွင်းကူးစက်မှု လုံးဝမရှိခဲ့သည့်နောက် lockdown စီမံချက်များကို တဖြည်းဖြည်းဖြေလျှော့ပေးလာသည်။

“ည ၁၁ နာရီနောက်ပိုင်း အပြင်မထွက်ရတဲ့ တားမြစ်ချက်ကို အဆင့် ၃ ပြီးဆုံးပြီးနောက် ဇွန် ၁၅ မှာ ရုပ်သိမ်းမှာ ဖြစ်ပါတယ်။” ဟု COVID-19 အခြေအနေစီမံအုပ်ချုပ်ရေးဌာန (CCSA) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ တာဝီလစ် ဝီဆန်နူယော့ထ်ဟင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ထိုင်းသို့ ပြည်ပမှဝင်ရောက်မှုအားလုံးကိုတော့ ဆက်လက်ကန့်သတ်တားမြစ်ထားဦးမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကူးစက်မှုအများစုက ပြည်ပကမို့ပါ။” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းသို့ ပြည်တော်ပြန်ခရီးစဥ်များနှင့် ကုန်စည်ပို့ဆောင်ရေးမှအပ နိုင်ငံတကာလေကြောင်းခရီးစဥ်အဝင်အားလုံးကို ဧပြီ ၄ ကတည်းက ပိတ်ထားခဲ့သည်။ ထိုပိတ်ပင်ချက်သည် ဇွန် ၃၀ အထိ ကြာမြင့်မည်ဟု ခန့်မှန်းရသည်။

ထိုင်းသည် မတ် ၂၆ တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဧပြီ ၃ တွင် ညမထွက်ရအမိန့်ကို တစ်နိုင်ငံလုံးအတိုင်းအတာ ချမှတ်ခဲ့သည်။ ညမထွက်ရအမိန့်သည် ကနဦးတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအကြား ချမှတ်ခဲ့ရာမှ မေ ၁၇ တွင် ည ၁၁ နာရီမှ နံနက် ၄ နာရီသို့ ၁ နာရီ ဖြေလျှော့ပေးခဲ့သည်။

COVID-19 ကူးစက်မှုများ ခုဂဏန်းသာ မကြာခဏတွေ့ရှိလာရာမှ ပြည်တွင်းကူးစက်မှုလုံးဝမရှိတော့သည့်အနေအထားသို့ ရောက်ရှိလာခဲ့သဖြင့် ဇွန် ၁ တွင် ည ၁၁ နာရီမှ နံနက် ၃ နာရီသို့ ထပ်မံဖြေလျှော့ခဲ့သည်။

စားသောက်ဆိုင်များ၊ ဆံပင်ညှပ်ဆိုင်များ၊ ပန်းခြံများ၊ ဈေးများ၊ အလုံပိတ်မဟုတ်သော အားကစားရုံများ၊ အိမ်မွေးတိရစ္ဆာန်အမွေးသန့်စင်ရေးဆိုင်များနှင့် နေ့ကလေးထိန်းဌာနများအား ပြန်လည်ခွင့်လှစ်ခွင့်ပေးခြင်းဖြင့် ထိုင်းသည် lockdown စီမံချက်များကို မေ ၃ တွင် စတင်ဖြေလျှော့ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးအဆင့်အဖြစ် ကနဦးက ကြေညာထားခဲ့သည့် အဆင့် ၄ တွင် နိုင်ငံတကာနှင့် အနီးကပ်သင်တန်းကျောင်းများ၊ ဖျော်ဖြေရေးပန်းခြံများသည် လာမည့်တနင်္လာမှ စတင်ကာ ဖွင့်လှစ်ခွင့်ရမည်ဖြစ်သည်။

ပညာ‌ရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းသားဦးရေ ၁၂၀ ကျော်ရှိသော စာသင်ကျောင်းများသည် ဇူလိုင် ၁ တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

အရက်များကို စားသောက်ဆိုင်၊ ဟိုတယ်နှင့် အခြားဆိုင်များတွင် လာမည့်တနင်္လာမှ စတင်ကာ ပြန်လည်သုံးဆောင်ခွင့်ပေးမည်ဖြစ်သော်လည်း ဘားများနှင့် ညကလပ်များကိုမူ ဆက်လက်ပိတ်ထားဦးမည်ဖြစ်သည်။

အားကစားပြိုင်ပွဲများကို ပွဲကြည့်ပရိသတ်များအား မလာရောက်စေဘဲ ခွင့်ပြုပေးမည်ဖြစ်သည်။

ထိုင်းတွင် ဇွန် ၁၂ အထိ COVID-19 ကူးစက်မှု ၃,၁၂၉ ခု ရှိခဲ့ပြီး ယင်းအနက် ၅၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ref: Thailand to lift nationwide Covid-19 curfew on June 15 (Straitstimes)

 

[Zawgyi]

COVID-19 ညမထြက္ရအမိန႔္ကို ထိုင္းတြင္ သန္ဘက္ခါ (ဇြန္ ၁၅) ၌ ႐ုပ္သိမ္းမည္

ထိုင္းသည္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ခ်မွတ္ထားခဲ့သည့္ ညမထြက္ရအမိန႔္ကို Lockdown စီမံခ်က္မ်ား ေျဖေလွ်ာ့မႈ အဆင့္ ၄ တစ္စိတ္တစ္ပိုင္းအျဖစ္ လာမည့္တနလၤာ (ဇြန္ ၁၅) တြင္ ႐ုပ္သိမ္းမည္ျဖစ္ေၾကာင္း အစိုးရေျပာခြင့္ရပုဂၢိဳလ္တစ္ဦးက ယမန္ေန႔ (ဇြန္ ၁၂) တြင္ ေျပာၾကားခဲ့သည္။

ထိုင္းတြင္ ၿပီးခဲ့သည့္ သီတင္းပတ္ ၂ ပတ္ခြဲေက်ာ္အတြင္း ျပည္တြင္းကူးစက္မႈ လုံးဝမရွိခဲ့သည့္ေနာက္ lockdown စီမံခ်က္မ်ားကို တျဖည္းျဖည္းေျဖေလွ်ာ့ေပးလာသည္။

“ည ၁၁ နာရီေနာက္ပိုင္း အျပင္မထြက္ရတဲ့ တားျမစ္ခ်က္ကို အဆင့္ ၃ ၿပီးဆုံးၿပီးေနာက္ ဇြန္ ၁၅ မွာ ႐ုပ္သိမ္းမွာ ျဖစ္ပါတယ္။” ဟု COVID-19 အေျခအေနစီမံအုပ္ခ်ဳပ္ေရးဌာန (CCSA) ၏ ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာ တာဝီလစ္ ဝီဆန္ႏူေယာ့ထ္ဟင္းက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ထိုင္းသို႔ ျပည္ပမွဝင္ေရာက္မႈအားလုံးကိုေတာ့ ဆက္လက္ကန႔္သတ္တားျမစ္ထားဦးမွာျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကူးစက္မႈအမ်ားစုက ျပည္ပကမို႔ပါ။” ဟု သူက ျဖည့္စြက္ေျပာၾကားခဲ့သည္။

ထိုင္းသို႔ ျပည္ေတာ္ျပန္ခရီးစဥ္မ်ားႏွင့္ ကုန္စည္ပို႔ေဆာင္ေရးမွအပ ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္အဝင္အားလုံးကို ဧၿပီ ၄ ကတည္းက ပိတ္ထားခဲ့သည္။ ထိုပိတ္ပင္ခ်က္သည္ ဇြန္ ၃၀ အထိ ၾကာျမင့္မည္ဟု ခန႔္မွန္းရသည္။

ထိုင္းသည္ မတ္ ၂၆ တြင္ အေရးေပၚအေျခအေန ေၾကညာခဲ့ၿပီး ဧၿပီ ၃ တြင္ ညမထြက္ရအမိန႔္ကို တစ္ႏိုင္ငံလုံးအတိုင္းအတာ ခ်မွတ္ခဲ့သည္။ ညမထြက္ရအမိန႔္သည္ ကနဦးတြင္ ည ၁၀ နာရီမွ နံနက္ ၄ နာရီအၾကား ခ်မွတ္ခဲ့ရာမွ ေမ ၁၇ တြင္ ည ၁၁ နာရီမွ နံနက္ ၄ နာရီသို႔ ၁ နာရီ ေျဖေလွ်ာ့ေပးခဲ့သည္။

COVID-19 ကူးစက္မႈမ်ား ခုဂဏန္းသာ မၾကာခဏေတြ႕ရွိလာရာမွ ျပည္တြင္းကူးစက္မႈလုံးဝမရွိေတာ့သည့္အေနအထားသို႔ ေရာက္ရွိလာခဲ့သျဖင့္ ဇြန္ ၁ တြင္ ည ၁၁ နာရီမွ နံနက္ ၃ နာရီသို႔ ထပ္မံေျဖေလွ်ာ့ခဲ့သည္။

စားေသာက္ဆိုင္မ်ား၊ ဆံပင္ညႇပ္ဆိုင္မ်ား၊ ပန္းၿခံမ်ား၊ ေဈးမ်ား၊ အလုံပိတ္မဟုတ္ေသာ အားကစား႐ုံမ်ား၊ အိမ္ေမြးတိရစာၦန္အေမြးသန႔္စင္ေရးဆိုင္မ်ားႏွင့္ ေန႔ကေလးထိန္းဌာနမ်ားအား ျပန္လည္ခြင့္လွစ္ခြင့္ေပးျခင္းျဖင့္ ထိုင္းသည္ lockdown စီမံခ်က္မ်ားကို ေမ ၃ တြင္ စတင္ေျဖေလွ်ာ့ခဲ့ျခင္းျဖစ္သည္။

ေနာက္ဆုံးအဆင့္အျဖစ္ ကနဦးက ေၾကညာထားခဲ့သည့္ အဆင့္ ၄ တြင္ ႏိုင္ငံတကာႏွင့္ အနီးကပ္သင္တန္းေက်ာင္းမ်ား၊ ေဖ်ာ္ေျဖေရးပန္းၿခံမ်ားသည္ လာမည့္တနလၤာမွ စတင္ကာ ဖြင့္လွစ္ခြင့္ရမည္ျဖစ္သည္။

ပညာ‌ေရးဝန္ႀကီးဌာနေအာက္ရွိ ေက်ာင္းသားဦးေရ ၁၂၀ ေက်ာ္ရွိေသာ စာသင္ေက်ာင္းမ်ားသည္ ဇူလိုင္ ၁ တြင္ ျပန္လည္ဖြင့္လွစ္မည္ျဖစ္သည္။

အရက္မ်ားကို စားေသာက္ဆိုင္၊ ဟိုတယ္ႏွင့္ အျခားဆိုင္မ်ားတြင္ လာမည့္တနလၤာမွ စတင္ကာ ျပန္လည္သုံးေဆာင္ခြင့္ေပးမည္ျဖစ္ေသာ္လည္း ဘားမ်ားႏွင့္ ညကလပ္မ်ားကိုမူ ဆက္လက္ပိတ္ထားဦးမည္ျဖစ္သည္။

အားကစားၿပိဳင္ပြဲမ်ားကို ပြဲၾကည့္ပရိသတ္မ်ားအား မလာေရာက္ေစဘဲ ခြင့္ျပဳေပးမည္ျဖစ္သည္။

ထိုင္းတြင္ ဇြန္ ၁၂ အထိ COVID-19 ကူးစက္မႈ ၃,၁၂၉ ခု ရွိခဲ့ၿပီး ယင္းအနက္ ၅၈ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ref: Thailand to lift nationwide Covid-19 curfew on June 15 (Straitstimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service