အင်တာနက်မရှိ၊ လျှပ်စစ်မီးမရှိ၊ အခြေချနေထိုင်သူတစ်ဦးမျှမရှိသော ကျွန်းတစ်ကျွန်းကို ထိန်းသိမ်းစောင့်ရှောက်ပေးမည့်သူ ၂ ဦးအလိုရှိကြောင်း အိုင်ယာလန်လုပ်ငန်းရှင်တစ်ဦး ဖိတ်ခေါ်ရာ လျှောက်ထားသူ နှစ်သောင်းကျော်ရှိခဲ့

အင်တာနက်မရှိ၊ လျှပ်စစ်မီးမရှိ၊ အခြေချနေထိုင်သူတစ်ဦးမျှမရှိသော ကျွန်းတစ်ကျွန်းကို ထိန်းသိမ်းစောင့်ရှောက်ပေးမည့်သူ ၂ ဦးအလိုရှိကြောင်း အိုင်ယာလန်လုပ်ငန်းရှင်တစ်ဦး ဖိတ်ခေါ်ရာ လျှောက်ထားသူ နှစ်သောင်းကျော်ရှိခဲ့ - Property News in Myanmar from iMyanmarHouse.com
11 Jun 2020 2:17 pm တွင် တင်ခဲ့သည်
1882 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မျက်မှောက်ကမ္ဘာကြီးတွင် အင်တာနက်၊ လူမှုကွန်ရက်များနှင့် ချိတ်ဆက်နိုင်မှုမှာ လူတိုင်းအတွက် အလွန်အရေးပါသည်။

အွန်လိုင်းကို လူတိုင်းစွဲလမ်းသည့်ခေတ်ကြီးဖြစ်နေပြီ ဖြစ်သည်။

နေအိမ်တွင် နေထိုင်ရင်းအလုပ်လုပ်ကိုင်သူဖြစ်စေ၊ မြို့လယ်ရုံးတစ်ရုံးတွင် အလုပ်လုပ်သူဖြစ်စေ ကမ္ဘာကြီးနှင့် အချိတ်အဆက်ရရေးမှာ လူတိုင်းနီးပါးအတွက် မရှိမဖြစ်လိုအပ်သည့်ကာလဖြစ်လာသည်။

သို့သော် အိုင်ယာလန်နိုင်ငံ၊ အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းလွန်ပင်လယ်ပြင်အတွင်းမှ Great Blasket အမည်ရှိ ကျွန်းပေါ်ရှိ အဆောက်အအုံများကို ထိန်းသိမ်းကြီးကြပ်ပေးမည့်သူများအတွက်ကား အဆိုပါအရာများ မရရှိနိုင်ချေ။

သို့အတွက် ကျွန်းကို စောင့်ရှောက်သူအဖြစ် လုပ်ကိုင်လိုသူသည် အင်တာနက်မရှိဘဲ နေထိုင်ရသည့်ဘဝကို ဖြတ်သန်းနိုင်သူ ဖြစ်ရမည် ဖြစ်သည်။

ကျွန်းပိုင်ရှင် ဇနီးမောင်နှံ ၂ ဦးက အဆိုပါကျွန်းရှိ ကော်ဖီဆိုင်လုပ်ငန်းကို ယခုနွေတွင် လည်ပတ်လုပ်ကိုင်ပေးမည့်သူ ၂ ဦးကို ရှာဖွေခဲ့သည်။

ပိုင်ရှင်စုံတွဲဖြစ်သော Alice Hayes နှင့် Billy O’Connor တို့သည် အဆိုပါကျွန်းပေါ်တွင် အိမ်ကလေးများပိုင်ဆိုင်များပြီး ကျွန်းကို ၆ လကြာ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မည့် စုံတွဲ (သို့မဟုတ်) မိတ်ဆွေသူငယ်ချင်း ၂ ဦး လိုချင်နေသည်။

သို့နှင့် Alice Hayes က အင်စတာဂရမ်အကောင့်တွင် ပို့စ်တင်ပြီး လူခေါ်ခဲ့ရာ လျှောက်ထားသူ ၂၇၀၀၀ ဦးအထိရှိခဲ့ပြီး အဆိုပါအလုပ်ကို လုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း ရေးသားဆက်သွယ်လာခဲ့ကြသည်။

“ဒီလောက် များပြားတဲ့သူတွေ လျှောက်ထားလာကြတာ အံ့သြဖို့ကောင်းပါတယ်” ဟု Hayes က Online Travel သို့ ပြောကြားသည်။

“အီးမေး အဝင်စာ စာမျက်နှာမှာ အလုပ်လျှောက်တဲ့စာတွေနဲ့ ပြည့်နှက်သွားပါတယ်။ ကျွန်းကိုလာရောက်ချင်တဲ့သူတွေရဲ့ ကြိုတင်စာရင်းပေးသွင်းမှု ပေးစာတွေဟာ အလုပ်လျှောက်စာအများကြီးကြားထဲမှာ ရောသွားတယ်” လျှောက်ထားသူများတွင် အလွန်ဝေးကွာလှသည့်နေရာများမှ လျှောက်ထားလာသူများပင်ရှိခဲ့သည်။

အိုင်ယာလန်နှင့် ရာသီဥတုချင်းဆင်တူသော ကနေဒါမှ လျှောက်ထားလာသူများရှိသကဲ့သို့ အီရန်နှင့် အခြားနိုင်ငံများစွာမှ လျှောက်ထားလာသူများလည်း ရှိသည်။

ကျွန်းပေါ်တွင် နေထိုင်ရမည့် ဘဝကား ကြမ်းတမ်းသည်။ Blasket ကျွန်းပေါ်မှ စမ်းချောင်းတစ်ခုရှိ ရေအေးများသာ ရရှိနိုင်ပြီး ရေပူမရှိ၊ လျှပ်စစ်မီးမရှိချေ။

ထိုကျွန်းပေါ်တွင် အခြားသော အမြဲတမ်းအခြေချနေထိုင်သူ တစ်ဦးမျှ မရှိရာ အထီးကျန်သည့်ဘဝမျိုးတွင် နေတတ်သူ ဖြစ်ရမည်ဖြစ်ပြီး ကျွန်းသို့ လာရောက်လည်ပတ်သူများအတွက် ဖွင့်လှစ်ပေးထားသည့် ကော်ဖီဆိုင်ကို တာဝန်ယူပေးရမည့်အပြင် ခရီးသွားရာသီတွင် ရောက်ရှိလာမည့် တည်းခိုရန်နေရာကိစ္စများကိုလည်း တာဝန်ယူစီစဉ်ပေးရမည် ဖြစ်သည်။ ထို့အပြင် အခြေခံလိုအပ်ချက်များမပြည့်စုံဘဲ ရှင်သန်ရပ်တည်နိုင်စွမ်းလည်း ရှိရမည်ဖြစ်ကြောင်း Alice Hayes က ပြောကြားသည်။

ထို့အပြင် ကျန်းမာရေးကောင်းမွန်ရန်လည်း လိုအပ်သည်။ ကျွန်းပေါ်တွင် လမ်းလျှောက်ရန်ကလွဲပြီး လုပ်စရာမရှိချေ။ ရေခဲတမျှ အေးစက်လှသော ပင်လယ်သမုဒ္ဒရာရေအတွင်း ရေကူးဝံ့ပါကမူ ဆင်း၍ ရေကူးနိုင်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Wanted: Two People with ‘basic survival skills’ To Look After Great Blasket Island (irishmirror)

[Zawgyi]

အင္တာနက္မရွိ၊ လွ်ပ္စစ္မီးမရွိ၊ အေျခခ်ေနထိုင္သူတစ္ဦးမွ်မရွိေသာ ကၽြန္းတစ္ကၽြန္းကို ထိန္းသိမ္းေစာင့္ေရွာက္ေပးမည့္သူ ၂ ဦးအလိုရွိေၾကာင္း အိုင္ယာလန္လုပ္ငန္းရွင္တစ္ဦး ဖိတ္ေခၚရာ ေလွ်ာက္ထားသူ ႏွစ္ေသာင္းေက်ာ္ရွိခဲ့

မ်က္ေမွာက္ကမၻာၾကီးတြင္ အင္တာနက္၊ လူမႈကြန္ရက္မ်ားႏွင့္ ခ်ိတ္ဆက္ႏိုင္မႈမွာ လူတိုင္းအတြက္ အလြန္အေရးပါသည္။

အြန္လိုင္းကို လူတိုင္းစြဲလမ္းသည့္ေခတ္ၾကီးျဖစ္ေနျပီ ျဖစ္သည္။

ေနအိမ္တြင္ ေနထိုင္ရင္းအလုပ္လုပ္ကိုင္သူျဖစ္ေစ၊ ျမိဳ႕လယ္ရံုးတစ္ရံုးတြင္ အလုပ္လုပ္သူျဖစ္ေစ ကမၻာၾကီးႏွင့္ အခ်ိတ္အဆက္ရေရးမွာ လူတိုင္းနီးပါးအတြက္ မရွိမျဖစ္လိုအပ္သည့္ကာလျဖစ္လာသည္။

သို႔ေသာ္ အိုင္ယာလန္ႏိုင္ငံ၊ အတၱလႏၱိတ္သမုဒၵရာ ကမ္းလြန္ပင္လယ္ျပင္အတြင္းမွ Great Blasket အမည္ရွိ ကၽြန္းေပၚရွိ အေဆာက္အအံုမ်ားကို ထိန္းသိမ္းၾကီးၾကပ္ေပးမည့္သူမ်ားအတြက္ကား အဆိုပါအရာမ်ား မရရွိႏိုင္ေခ်။

သို႔အတြက္ ကၽြန္းကို ေစာင့္ေရွာက္သူအျဖစ္ လုပ္ကိုင္လုိသူသည္ အင္တာနက္မရွိဘဲ ေနထိုင္ရသည့္ဘဝကို ျဖတ္သန္းႏိုင္သူ ျဖစ္ရမည္ ျဖစ္သည္။

ကၽြန္းပိုင္ရွင္ ဇနီးေမာင္ႏွံ ၂ ဦးက အဆိုပါကၽြန္းရွိ ေကာ္ဖီဆိုင္လုပ္ငန္းကို ယခုေႏြတြင္ လည္ပတ္လုပ္ကိုင္ေပးမည့္သူ ၂ ဦးကို ရွာေဖြခဲ့သည္။

ပိုင္ရွင္စံုတြဲျဖစ္ေသာ Alice Hayes ႏွင့္ Billy O’Connor တို႔သည္ အဆိုပါကၽြန္းေပၚတြင္ အိမ္ကေလးမ်ားပိုင္ဆိုင္မ်ားျပီး ကၽြန္းကို ၆ လၾကာ ထိန္းသိမ္းေစာင့္ေရွာက္ေပးႏိုင္မည့္ စံုတြဲ (သို႔မဟုတ္) မိတ္ေဆြသူငယ္ခ်င္း ၂ ဦး လိုခ်င္ေနသည္။

သို႔ႏွင့္ Alice Hayes က အင္စတာဂရမ္အေကာင့္တြင္ ပို႔စ္တင္ျပီး လူေခၚခဲ့ရာ ေလွ်ာက္ထားသူ ၂၇၀၀၀ ဦးအထိရွိခဲ့ျပီး အဆိုပါအလုပ္ကို လုပ္ကိုင္ရန္ စိတ္ဝင္စားေၾကာင္း ေရးသားဆက္သြယ္လာခဲ့ၾကသည္။

“ဒီေလာက္ မ်ားျပားတဲ့သူေတြ ေလွ်ာက္ထားလာၾကတာ အံ့ၾသဖို႔ေကာင္းပါတယ္” ဟု Hayes က Online Travel သို႔ ေျပာၾကားသည္။

“အီးေမး အဝင္စာ စာမ်က္ႏွာမွာ အလုပ္ေလွ်ာက္တဲ့စာေတြနဲ႔ ျပည့္ႏွက္သြားပါတယ္။ ကၽြန္းကိုလာေရာက္ခ်င္တဲ့သူေတြရဲ႕ ၾကိဳတင္စာရင္းေပးသြင္းမႈ ေပးစာေတြဟာ အလုပ္ေလွ်ာက္စာအမ်ားၾကီးၾကားထဲမွာ ေရာသြားတယ္” ေလွ်ာက္ထားသူမ်ားတြင္ အလြန္ေဝးကြာလွသည့္ေနရာမ်ားမွ ေလွ်ာက္ထားလာသူမ်ားပင္ရွိခဲ့သည္။

အိုင္ယာလန္ႏွင့္ ရာသီဥတုခ်င္းဆင္တူေသာ ကေနဒါမွ ေလွ်ာက္ထားလာသူမ်ားရွိသကဲ့သို႔ အီရန္ႏွင့္ အျခားႏိုင္ငံမ်ားစြာမွ ေလွ်ာက္ထားလာသူမ်ားလည္း ရွိသည္။

ကၽြန္းေပၚတြင္ ေနထုိင္ရမည့္ ဘဝကား ၾကမ္းတမ္းသည္။ Blasket ကၽြန္းေပၚမွ စမ္းေခ်ာင္းတစ္ခုရွိ ေရေအးမ်ားသာ ရရွိႏိုင္ျပီး ေရပူမရွိ၊ လွ်ပ္စစ္မီးမရွိေခ်။

ထိုကၽြန္းေပၚတြင္ အျခားေသာ အျမဲတမ္းအေျခခ်ေနထိုင္သူ တစ္ဦးမွ် မရွိရာ အထီးက်န္သည့္ဘဝမ်ဳိးတြင္ ေနတတ္သူ ျဖစ္ရမည္ျဖစ္ျပီး ကၽြန္းသို႔ လာေရာက္လည္ပတ္သူမ်ားအတြက္ ဖြင့္လွစ္ေပးထားသည့္ ေကာ္ဖီဆိုင္ကို တာဝန္ယူေပးရမည့္အျပင္ ခရီးသြားရာသီတြင္ ေရာက္ရွိလာမည့္ တည္းခိုရန္ေနရာကိစၥမ်ားကိုလည္း တာဝန္ယူစီစဥ္ေပးရမည္ ျဖစ္သည္။ ထို႔အျပင္ အေျခခံလိုအပ္ခ်က္မ်ားမျပည့္စံုဘဲ ရွင္သန္ရပ္တည္ႏိုင္စြမ္းလည္း ရွိရမည္ျဖစ္ေၾကာင္း Alice Hayes က ေျပာၾကားသည္။

ထို႔အျပင္ က်န္းမာေရးေကာင္းမြန္ရန္လည္း လိုအပ္သည္။ ကၽြန္းေပၚတြင္ လမ္းေလွ်ာက္ရန္ကလြဲျပီး လုပ္စရာမရွိေခ်။ ေရခဲတမွ် ေအးစက္လွေသာ ပင္လယ္သမုဒၵရာေရအတြင္း ေရကူးဝံ့ပါကမူ ဆင္း၍ ေရကူးႏိုင္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Wanted: Two People with ‘basic survival skills’ To Look After Great Blasket Island (irishmirror)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CarsDB
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service