ဂျပန်တွင် COVID-19 ကပ်မဆိုက်စေရန် Mask များ ကူညီခဲ့

ဂျပန်တွင် COVID-19 ကပ်မဆိုက်စေရန် Mask များ ကူညီခဲ့ - Property News in Myanmar from iMyanmarHouse.com
11 Jun 2020 12:05 pm တွင် တင်ခဲ့သည်
782 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကပ်ဘေးအန္တရာယ်ရှိနေခဲ့ပေမဲ့လည်း Stay at Home ညွှန်ကြားချက် မရှိခဲ့တဲ့ တိုကျိုလို လူဦးရေထူပြောလှတဲ့မြို့ပြကြီးတစ်ခုဟာ ကပ်ဘေးမဆိုက်အောင် ဘယ်လိုများစီမံခဲ့ပါလိမ့်။

ဒီ‌မေးခွန်းအတွက် အဖြေကတော့ ဂျပန်ပြည်သူလူထုရဲ့ hygiene လို့ခေါ်တဲ့ “ရောဂါကာကွယ်ရန် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး” ရှိမှုနဲ့ Mask ခေါ် နှာခေါင်းစည်းတွေကို တပ်ဆင်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။

နှာခေါင်းစည်းဝတ်ဆင်မှုဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့အတွက် မနှစ်မြို့ဖွယ်ရာဖြစ်လာပေမဲ့ ဂျပန်နဲ့ အခြားအာရှနိုင်ငံအများအပြားမှာ အဆိုပါနိုင်ငံတွေနဲ့နှိုင်းစာရင် ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ကောင်းမွန်စွာကြုံတွေ့ရခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းကို ကြည့်မယ်ဆိုရင် ဥရောပနိုင်ငံအများအပြားနဲ့ အမေရိကန်တို့ထက် အာရှနိုင်ငံအများအပြားမှာ သိသိသာသာနိမ့်ပါးတာကို တွေ့ပါမယ်။

အထူးသဖြင့် ဂျပန်က ပေါ်လွင်ထင်ရှားတဲ့ဥပမာပဲ ဖြစ်ပါတယ်။ အဓိကစီးပွားရေးခုနစ်ခုအဖွဲ့ ဂျီ-၇ ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိန်းဂဏန်းနဲ့ပတ်သက်ရင် အပြတ်အသတ်အနည်းဆုံးဖြစ်တဲ့ ဂျပန်မှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြီးခဲ့တဲ့သီတင်းပတ်ကပဲ တစ်နိုင်ငံလုံးဆိုင်ရာအရေးပေါ်အခြေအနေကို အဆုံးသတ်လိုက်ပါပြီ။

ဂျပန်ဟာ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ Lockdown ချခွင့်မရှိတာကြောင့် ပြည်သူလူထုရဲ့ အသိစိတ်ဓာတ်ကိုပဲ အဓိကမှီခိုခဲ့ရတာဖြစ်ပါတယ်။

နိဂုံးချုပ်ဖို့ COVID-19 အကျပ်အတည်းကြီး ဆိုက်နေစဉ် ဂျပန်ဟာ ရောဂါကူးစက်မှုတွေကို အတော်လေးနည်းပါးအောင် စီမံခဲ့ပါတယ်။ လူဦးရေ ၁၂၆ သန်း ကျော်ရှိတဲ့ နိုင်ငံမှာ ကူးစက်ခံရသူဦး‌ရေ ၂၀,၀၀၀ အောက်ဆိုတာ အံ့သြဖွယ်ရာပါပဲ။

မကြာသေးမီကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ရဲ့နိုင်ငံအဆင့်ကျွမ်းကျင်ပညာရှင်အဖွဲ့က နှာခေါင်းစည်းတွေကို COVID-19 ကူးစက်မှုမှာ သူတို့နိုင်ငံအခြေအနေကောင်းမွန်ခဲ့ခြင်းရဲ့ အရေးပါတဲ့အကြောင်းအချက်အဖြစ် ရည်ညွှန်းခဲ့ပါတယ်။

“လက်ဆေးတဲ့အလေ့အကျင့်အပါအဝင် ပြည်သူလူထုက hygiene လို့ခေါ်တဲ့ “ရောဂါကာကွယ်ရန် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး” ကို ခြေခြေမြစ်မြစ်သိရှိလိုက်နာမှုရှိပါတယ်။ အရင့်အရင်အတွေ့အကြုံတွေကြောင့် ကူးစက်ရောဂါတားဆီးကာကွယ်ရေးနဲ့ပတ်သက်လို့ လူထုရဲ့ဗဟုသုတက နှံ့နှံ့စပ်စပ်ရှိထားကြပြီးသားဖြစ်ပါတယ်။” ဟု ထိုအဖွဲ့က ရှင်းပြခဲ့ပါတယ်။

“ပြီးတော့လည်း နောက်တစ်ချက်က ဂျပန်လူထုဟာ နှာခေါင်းစည်းတွေကို နေ့စဉ်အခြေခံဝတ်ဆင်ရတာနဲ့ပတ်သက်ပြီး သက်သောင့်သက်သာရှိကြပါတယ်။ တော်တော်များများက ဝတ်မှုန်တွေကို ဓာတ်မတည့်ကြဘူး။ ဒီတော့ နှစ်စကနေ နွေဦးကာလအထိ တမာပန်းပွင့်ဝတ်မှုန်ရာသီအတွင်းမှာ နှာခေါင်းစည်းတွေ တပ်ကြသလို တုပ်ကွေးကာကွယ်ဖို့လည်း တပ်ကြပါတယ်။” ဟုလည်း ရှင်းပြခဲ့ပါတယ်။

သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒုတိယလှိုင်းဖြစ်နိုင်ခြေကို စိုးရွံ့နေခဲ့လို့ အဲဒီအတွက်ပြင်ဆင်နေခဲ့တဲ့ ဂျပန်ဟာ ဃခုလဆန်းမှာပဲ တိုကျိုနဲ့ ကီတာကျူရှူးမြို့တွေမှာ ကူးစက်မှုသစ်တွေပြန်လည်မြင့်တက်လာပြီး ဒုတိယလှိုင်းကို စတင်ကြုံတွေ့လိုက်ရပြီဖြစ်တာကြောင့် ကူးစက်မှုများမပျံ့နှံအောင် အစိုးရက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Face masks helped Japan avoid a coronavirus disaster (ZMEscience)

[Zawgyi]

ဂ်ပန္တြင္ COVID-19 ကပ္မဆိုက္ေစရန္ Mask မ်ား ကူညီခဲ့

COVID-19 ကပ္ေဘးအႏၲရာယ္ရွိေနခဲ့ေပမဲ့လည္း Stay at Home ၫႊန္ၾကားခ်က္ မရွိခဲ့တဲ့ တိုက်ိဳလို လူဦးေရထူေျပာလွတဲ့ၿမိဳ႕ျပႀကီးတစ္ခုဟာ ကပ္ေဘးမဆိုက္ေအာင္ ဘယ္လိုမ်ားစီမံခဲ့ပါလိမ့္။

ဒီ‌ေမးခြန္းအတြက္ အေျဖကေတာ့ ဂ်ပန္ျပည္သူလူထုရဲ႕ hygiene လို႔ေခၚတဲ့ “ေရာဂါကာကြယ္ရန္ တစ္ကိုယ္ေရႏွင့္ ပတ္ဝန္းက်င္သန႔္ရွင္းေရး” ရွိမႈနဲ႔ Mask ေခၚ ႏွာေခါင္းစည္းေတြကို တပ္ဆင္ၾကတာေၾကာင့္ပဲ ျဖစ္ပါတယ္။

ႏွာေခါင္းစည္းဝတ္ဆင္မႈဟာ အေမရိကန္နဲ႔ ဥေရာပႏိုင္ငံအခ်ိဳ႕အတြက္ မႏွစ္ၿမိဳ႕ဖြယ္ရာျဖစ္လာေပမဲ့ ဂ်ပန္နဲ႔ အျခားအာရွႏိုင္ငံအမ်ားအျပားမွာ အဆိုပါႏိုင္ငံေတြနဲ႔ႏႈိင္းစာရင္ ကို႐ိုနာဗိုင္းရပ္စ္အေျခအေန ေကာင္းမြန္စြာႀကဳံေတြ႕ရျခင္းရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ႏိုင္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈႏႈန္းကို ၾကည့္မယ္ဆိုရင္ ဥေရာပႏိုင္ငံအမ်ားအျပားနဲ႔ အေမရိကန္တို႔ထက္ အာရွႏိုင္ငံအမ်ားအျပားမွာ သိသိသာသာနိမ့္ပါးတာကို ေတြ႕ပါမယ္။

အထူးသျဖင့္ ဂ်ပန္က ေပၚလြင္ထင္ရွားတဲ့ဥပမာပဲ ျဖစ္ပါတယ္။ အဓိကစီးပြားေရးခုနစ္ခုအဖြဲ႕ ဂ်ီ-၇ ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကိန္းဂဏန္းနဲ႔ပတ္သက္ရင္ အျပတ္အသတ္အနည္းဆုံးျဖစ္တဲ့ ဂ်ပန္မွာ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးက ၿပီးခဲ့တဲ့သီတင္းပတ္ကပဲ တစ္ႏိုင္ငံလုံးဆိုင္ရာအေရးေပၚအေျခအေနကို အဆုံးသတ္လိုက္ပါၿပီ။

ဂ်ပန္ဟာ ႏိုင္ငံရဲ႕ဖြဲ႕စည္းပုံအေျခခံဥပေဒအရ Lockdown ခ်ခြင့္မရွိတာေၾကာင့္ ျပည္သူလူထုရဲ႕ အသိစိတ္ဓာတ္ကိုပဲ အဓိကမွီခိုခဲ့ရတာျဖစ္ပါတယ္။

နိဂုံးခ်ဳပ္ဖို႔ COVID-19 အက်ပ္အတည္းႀကီး ဆိုက္ေနစဥ္ ဂ်ပန္ဟာ ေရာဂါကူးစက္မႈေတြကို အေတာ္ေလးနည္းပါးေအာင္ စီမံခဲ့ပါတယ္။ လူဦးေရ ၁၂၆ သန္း ေက်ာ္ရွိတဲ့ ႏိုင္ငံမွာ ကူးစက္ခံရသူဦး‌ေရ ၂၀,၀၀၀ ေအာက္ဆိုတာ အံ့ၾသဖြယ္ရာပါပဲ။

မၾကာေသးမီကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဂ်ပန္ရဲ႕ႏိုင္ငံအဆင့္ကြၽမ္းက်င္ပညာရွင္အဖြဲ႕က ႏွာေခါင္းစည္းေတြကို COVID-19 ကူးစက္မႈမွာ သူတို႔ႏိုင္ငံအေျခအေနေကာင္းမြန္ခဲ့ျခင္းရဲ႕ အေရးပါတဲ့အေၾကာင္းအခ်က္အျဖစ္ ရည္ၫႊန္းခဲ့ပါတယ္။

“လက္ေဆးတဲ့အေလ့အက်င့္အပါအဝင္ ျပည္သူလူထုက hygiene လို႔ေခၚတဲ့ “ေရာဂါကာကြယ္ရန္ တစ္ကိုယ္ေရႏွင့္ ပတ္ဝန္းက်င္သန႔္ရွင္းေရး” ကို ေျခေျချမစ္ျမစ္သိရွိလိုက္နာမႈရွိပါတယ္။ အရင့္အရင္အေတြ႕အႀကဳံေတြေၾကာင့္ ကူးစက္ေရာဂါတားဆီးကာကြယ္ေရးနဲ႔ပတ္သက္လို႔ လူထုရဲ႕ဗဟုသုတက ႏွံ႔ႏွံ႔စပ္စပ္ရွိထားၾကၿပီးသားျဖစ္ပါတယ္။” ဟု ထိုအဖြဲ႕က ရွင္းျပခဲ့ပါတယ္။

“ၿပီးေတာ့လည္း ေနာက္တစ္ခ်က္က ဂ်ပန္လူထုဟာ ႏွာေခါင္းစည္းေတြကို ေန႔စဥ္အေျခခံဝတ္ဆင္ရတာနဲ႔ပတ္သက္ၿပီး သက္ေသာင့္သက္သာရွိၾကပါတယ္။ ေတာ္ေတာ္မ်ားမ်ားက ဝတ္မႈန္ေတြကို ဓာတ္မတည့္ၾကဘူး။ ဒီေတာ့ ႏွစ္စကေန ေႏြဦးကာလအထိ တမာပန္းပြင့္ဝတ္မႈန္ရာသီအတြင္းမွာ ႏွာေခါင္းစည္းေတြ တပ္ၾကသလို တုပ္ေကြးကာကြယ္ဖို႔လည္း တပ္ၾကပါတယ္။” ဟုလည္း ရွင္းျပခဲ့ပါတယ္။

သို႔ေသာ္လည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဒုတိယလႈိင္းျဖစ္ႏိုင္ေျခကို စိုး႐ြံ႕ေနခဲ့လို႔ အဲဒီအတြက္ျပင္ဆင္ေနခဲ့တဲ့ ဂ်ပန္ဟာ ဃခုလဆန္းမွာပဲ တိုက်ိဳနဲ႔ ကီတာက်ဴရႉးၿမိဳ႕ေတြမွာ ကူးစက္မႈသစ္ေတြျပန္လည္ျမင့္တက္လာၿပီး ဒုတိယလႈိင္းကို စတင္ႀကဳံေတြ႕လိုက္ရၿပီျဖစ္တာေၾကာင့္ ကူးစက္မႈမ်ားမပ်ံ႕ႏွံေအာင္ အစိုးရက ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Face masks helped Japan avoid a coronavirus disaster (ZMEscience)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service