မြေဧက ၄၇၀၀ ရှိသည့် မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်မှုဇုန်စီမံကိန်းတွင် တရုတ်ကုမ္ပဏီက အသာစီးယူထားသည့်အချက်များစွာရှိဟုဆို

မြေဧက ၄၇၀၀ ရှိသည့် မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်မှုဇုန်စီမံကိန်းတွင် တရုတ်ကုမ္ပဏီက အသာစီးယူထားသည့်အချက်များစွာရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
11 Jun 2020 10:52 am တွင် တင်ခဲ့သည်
2381 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်မှုဇုန်စီမံကိန်းနားလည်မှုစာချွန်လွှာတွင် တရုတ်ကုမ္ပဏီက အသာစီးယူထားပြီး မြန်မာနိုင်ငံအတွက် ဆုံးရှုံးနိုင်သည့် အချက်များစွာရှိနေသည်ဟု Sandhi Governance Institute က ဇွန် ၈ ရက်၌ ထုတ်ပြန်သောအစီရင်ခံတွင်ဖော်ပြထားသည်။

မြစ်ကြီးနားစီးပွားရေးဖွံဖြိုးမှုဇုန် စီမံကိန်းနှင့်ပတ်သတ်သည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ စောင့်ကြည်ရေးအစီရင်ခံကို Sandhi Governance Instituteက ဇွန် ၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းသည် မြစ်ကြီးနားမြို့ရှိ မြေဧက ၄၇၀၀ ခန့်တွင် တည်ဆောက်ရန် ကချင်ပြည်နယ်အစိုးရနှင့် ယူနန်ထိန်ချုံးဟန်ရင်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတို့က အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ၂၀၁၈ မေလတွင် နားလည်မှု စာချွန်လွှာရေးထိုးခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြန်နှင့်ချိတ်ဆက်နေသည့် စီမံကိန်းတစ်ခုလည်းဖြစ်သည်။

အဆိုပါစာချုပ်တွင် တရုတ်စီမံကိန်းဆောင်ရွက်နေသည့် ၁၅ နှစ်တာကာလအတွင်း ကချင်ပြည်နယ်အစိုးရသည် မြစ်ကြီးနားမြို့နယ်တွင် အလားတူစီမံကိန်းကို ထပ်မံခွင့်ပြုခြင်းမပြုရန်နှင့် စီမံကိန်းအကောင်အထည်ဖော်ပြီးပါက ရင်းနှီးမြှုပ်နှံသူဖိတ်ခေါ်ရာတွင် ကုန်ကျစရိတ်ကို အချိုးကျ တရုတ်ကုမ္ပဏီကို ပေးရမည်ဟူသောအချက်များ ပါဝင်သည်ဟု Sandhi Givernance Institute အမှုဆောင်ဒါရိုက်တာဦးခိုင်ဝင်းကပြောသည်။

“မြစ်ကြီးနားမှာ အလားတူစီမံကိန်းမျိုးခွင့်မပြုရဘူးဆိုတဲ့ ပိတ်ထားတဲ့အချက်တွေပါတယ်၊ ကျွန်တော်တို့ စိုးရိမ်တာ သူတို့က မလုပ်နိုင်လို့ရပ်ထားရင်တောင် အခြားစီမံကိန်းတွေ ထပ်ခွင့်ပြုလို့မရဘူး သဘောဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။

ထိုအချက်များကို Sandhi Governance Institute က ရရှိထားသည့် နားလည်မှုစာချွန်လွှာတွင် ဖော်ပြထားသည်ဟု ၎င်းကဆိုသည်။ သို့သော် ပြည်နယ်အစိုးရက စာချုပ်ပါအချက်များကို ပြန်လည်ပြင်ဆင်ရန် မှတ်ချက်ပေးထားသည်ဟုဆိုသည်။

ယနေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် အထက်ပါစီမံကိန်းကို အကောင်အထည်ဖော်ပါက ဆုံးရှုံးနိုင်ချေအန္တရာယ် ရှိသည့် ကဏ္ဍလေးခုရှိသည်ဟုဆိုသည်။ ၎င်းတို့မှာ ဖွံ့ဖြိုးရေးနှင့်ဆောက်လုပ်ရေး၊ လုပ်ငန်းလည်ပတ်ရေးနှင့် ထိန်းသိမ်းရေး၊ ဘဏ္ဍာရေးနှင့်စီးပွားရေး၊ ဥပဒေစည်းမျဉ်းနှင့်သဘာဝပတ်ဝန်းကျင်တို့ဖြစ်သည်ဟုဆိုသည်။

အဆိုပါ မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်းကို မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာအုပ်စုအတွင်းရှိ မြေဧက ၄၇ဝဝ ကို အသုံးပြုသွားမည်ဖြစ်သည်။ စက်မှုဇုန်သီးသန့်မဟုတ်ဘဲ လူနေရပ်ဝန်းများ၊ ဆေးရုံများ၊ ကျောင်းများ၊ စူပါမားကက် များ၊ သယ်ယူပို့ဆောင်ရေးအတွက် အဝေးပြေးလမ်းများနှင့် ရထားလမ်းများ တည်ဆောက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် CMEC အတွက် အချက် ၁၅ ချက်ပါသော နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး BRI ၏ တရားဝင်အဖွဲ့ဝင် ဖြစ်လာသည်။

ထိုစီးပွားရေးဇုန်သည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) သဘောတူညီချက်အရ ထူထောင်မည့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန် ၃ ခုအနက် တခုဖြစ်သည်။

CMEC သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးကိုဖြတ်သန်းပြီး တောင်ဖက်တွင် ရန်ကုန်နှင့် အနောက်ဖက်တွင် ရခိုင်ပြည်နယ်မှ ကျောက်ဖြူအထူးစီးပွားရေးဇုန်အထိ ကျယ်ပြန့်သော စီမံကိန်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေျမဧက ၄၇၀၀ ရွိသည့္ ျမစ္ႀကီးနားစီးပြားဖြံ႕ၿဖိဳးတိုးတက္မႈဇုန္စီမံကိန္းတြင္ တ႐ုတ္ကုမၸဏီက အသာစီးယူထားသည့္အခ်က္မ်ားစြာရွိဟုဆို

ျမစ္ႀကီးနားစီးပြားဖြံ႕ၿဖိဳးတိုးတက္မႈဇုန္စီမံကိန္းနားလည္မႈစာခြၽန္လႊာတြင္ တ႐ုတ္ကုမၸဏီက အသာစီးယူထားၿပီး ျမန္မာႏိုင္ငံအတြက္ ဆုံးရႈံးႏိုင္သည့္ အခ်က္မ်ားစြာရွိေနသည္ဟု Sandhi Governance Institute က ဇြန္ ၈ ရက္၌ ထုတ္ျပန္ေသာအစီရင္ခံတြင္ေဖာ္ျပထားသည္။

ျမစ္ႀကီးနားစီးပြားေရးဖြံၿဖိဳးမႈဇုန္ စီမံကိန္းႏွင့္ပတ္သတ္သည့္ အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈမ်ား ေစာင့္ၾကည္ေရးအစီရင္ခံကို Sandhi Governance Instituteက ဇြန္ ၈ ရက္တြင္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ထိုစီမံကိန္းသည္ ျမစ္ႀကီးနားၿမိဳ႕ရွိ ေျမဧက ၄၇၀၀ ခန႔္တြင္ တည္ေဆာက္ရန္ ကခ်င္ျပည္နယ္အစိုးရႏွင့္ ယူနန္ထိန္ခ်ဳံးဟန္ရင္း ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီတို႔က အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ရန္ ၂၀၁၈ ေမလတြင္ နားလည္မႈ စာခြၽန္လႊာေရးထိုးခဲ့ျခင္းျဖစ္သည္။

ထိုစီမံကိန္းသည္ တ႐ုတ္-ျမန္မာစီးပြားေရးစၾကၤန္ႏွင့္ခ်ိတ္ဆက္ေနသည့္ စီမံကိန္းတစ္ခုလည္းျဖစ္သည္။

အဆိုပါစာခ်ဳပ္တြင္ တ႐ုတ္စီမံကိန္းေဆာင္႐ြက္ေနသည့္ ၁၅ ႏွစ္တာကာလအတြင္း ကခ်င္ျပည္နယ္အစိုးရသည္ ျမစ္ႀကီးနားၿမိဳ႕နယ္တြင္ အလားတူစီမံကိန္းကို ထပ္မံခြင့္ျပဳျခင္းမျပဳရန္ႏွင့္ စီမံကိန္းအေကာင္အထည္ေဖာ္ၿပီးပါက ရင္းႏွီးျမႇဳပ္ႏွံသူဖိတ္ေခၚရာတြင္ ကုန္က်စရိတ္ကို အခ်ိဳးက် တ႐ုတ္ကုမၸဏီကို ေပးရမည္ဟူေသာအခ်က္မ်ား ပါဝင္သည္ဟု Sandhi Givernance Institute အမႈေဆာင္ဒါ႐ိုက္တာဦးခိုင္ဝင္းကေျပာသည္။

“ျမစ္ႀကီးနားမွာ အလားတူစီမံကိန္းမ်ိဳးခြင့္မျပဳရဘူးဆိုတဲ့ ပိတ္ထားတဲ့အခ်က္ေတြပါတယ္၊ ကြၽန္ေတာ္တို႔ စိုးရိမ္တာ သူတို႔က မလုပ္ႏိုင္လို႔ရပ္ထားရင္ေတာင္ အျခားစီမံကိန္းေတြ ထပ္ခြင့္ျပဳလို႔မရဘူး သေဘာျဖစ္ေနတယ္”ဟု ၎ကဆိုသည္။

ထိုအခ်က္မ်ားကို Sandhi Governance Institute က ရရွိထားသည့္ နားလည္မႈစာခြၽန္လႊာတြင္ ေဖာ္ျပထားသည္ဟု ၎ကဆိုသည္။ သို႔ေသာ္ ျပည္နယ္အစိုးရက စာခ်ဳပ္ပါအခ်က္မ်ားကို ျပန္လည္ျပင္ဆင္ရန္ မွတ္ခ်က္ေပးထားသည္ဟုဆိုသည္။

ယေန႔ ထုတ္ျပန္ေသာ အစီရင္ခံစာတြင္ အထက္ပါစီမံကိန္းကို အေကာင္အထည္ေဖာ္ပါက ဆုံးရႈံးႏိုင္ေခ်အႏၲရာယ္ ရွိသည့္ က႑ေလးခုရွိသည္ဟုဆိုသည္။ ၎တို႔မွာ ဖြံ႕ၿဖိဳးေရးႏွင့္ေဆာက္လုပ္ေရး၊ လုပ္ငန္းလည္ပတ္ေရးႏွင့္ ထိန္းသိမ္းေရး၊ ဘ႑ာေရးႏွင့္စီးပြားေရး၊ ဥပေဒစည္းမ်ဥ္းႏွင့္သဘာဝပတ္ဝန္းက်င္တို႔ျဖစ္သည္ဟုဆိုသည္။

အဆိုပါ ျမစ္ႀကီးနား စီးပြားဖြံ႕ၿဖိဳးေရးဇုန္ စီမံကိန္းကို ျမစ္ႀကီးနားၿမိဳ႕နယ္ နန္က်င္ေက်း႐ြာအုပ္စုအတြင္းရွိ ေျမဧက ၄၇ဝဝ ကို အသုံးျပဳသြားမည္ျဖစ္သည္။ စက္မႈဇုန္သီးသန႔္မဟုတ္ဘဲ လူေနရပ္ဝန္းမ်ား၊ ေဆး႐ုံမ်ား၊ ေက်ာင္းမ်ား၊ စူပါမားကက္ မ်ား၊ သယ္ယူပို႔ေဆာင္ေရးအတြက္ အေဝးေျပးလမ္းမ်ားႏွင့္ ရထားလမ္းမ်ား တည္ေဆာက္သြားမည္ ျဖစ္သည္။

ျမန္မာႏိုင္ငံသည္ တ႐ုတ္-ျမန္မာစီးပြားေရးစၾကၤန္ CMEC အတြက္ အခ်က္ ၁၅ ခ်က္ပါေသာ နားလည္မႈ စာခြၽန္လႊာကို ၂၀၁၈ ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး BRI ၏ တရားဝင္အဖြဲ႕ဝင္ ျဖစ္လာသည္။

ထိုစီးပြားေရးဇုန္သည္ တ႐ုတ္-ျမန္မာ စီးပြားေရး စၾကၤန္ (CMEC) သေဘာတူညီခ်က္အရ ထူေထာင္မည့္ နယ္စပ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ ဇုန္ ၃ ခုအနက္ တခုျဖစ္သည္။

CMEC သည္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္မွ ျမန္မာႏိုင္ငံအလယ္ပိုင္း မႏၲေလးကိုျဖတ္သန္းၿပီး ေတာင္ဖက္တြင္ ရန္ကုန္ႏွင့္ အေနာက္ဖက္တြင္ ရခိုင္ျပည္နယ္မွ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္အထိ က်ယ္ျပန္႔ေသာ စီမံကိန္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service