ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အမေရိကန်ဘီလျံနာများ ကန်ဒေါ်လာ ၅၆၅ ဘီလီယံ ပိုမိုချမ်းသာလာ
ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အမေရိကန်ဘီလျံနာများ ကန်ဒေါ်လာ ၅၆၅ ဘီလီယံ ပိုမိုချမ်းသာလာ - Property News in Myanmar from iMyanmarHouse.com
9 Jun 2020 12:22 pm တွင် တင်ခဲ့သည်
5532 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
လွန်ခဲ့သော ၃ လတာကာလသည် အမေရိကန်နိုင်ငံသား များစွာအတွက် ဘဏ္ဍာရေးအရ အထိနာသော ကာလများ ဖြစ်ခဲ့သော်လည်း ဘီလျံနာများအတွက်ကား ယင်းသို့မဟုတ်ချေ။
အမေရိကန်ဘီလျံနာတို့သည် မတ်လ ၁၈ ရက်နောက်ပိုင်း ကန်ဒေါ်လာ ၅၆၅ ဘီလီယံ ပိုမိုချမ်းသာလာကြောင်း Think Tank အဖွဲ့တစ်ခုဖြစ်သော Institute for Policy Studies (IPS ) မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြသည်။
ယခုအခါ အမေရိကန်ဘီလျံနာတို့၏ စုစုပေါင်းကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံခန့်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီး စတင်ချိန်နှင့် နှိုင်းယှဉ်လျှင် ၁၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြသည်။
အမေဇုန် (Amazon) သူဌေးကြီး ဂျက်ဖ်ဘီဇော့စ်တစ်ဦးတည်းပင်လျှင် မတ်လ ၁၈ ရက်နောက်ပိုင်း ကန်ဒေါ်လာ ၃၆ ဒသမ ၂ ဘီလီယံ ပိုမိုချမ်းသာလာသည်ဟု ဆိုသည်။
မတ်လ ၁၈ ရက်မှ စတင်ပြီး ယခုအချိန်ထိ အမေရိကန်နိုင်ငံသား ၄၃ သန်းနီးပါးမှာ အလုပ်လက်မဲ့ဖြစ်သွားပြီး အလုပ်လက်မဲ့ခံစားခွင့်များ လျှောက်ထားခဲ့ကြရသည်။
ဝင်ငွေနည်းပါးသော အလုပ်သမားများ ၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်မှ အလုပ်သမားများမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆိုးရွားဆုံး ထိခိုက်ခဲ့ကြရကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။
အမေရိက အချမ်းသာဆုံးပုဂ္ဂိုလ်များ၏ ကြွယ်ဝမှု အရှိန်ဟုန်မြင့်မားလာခြင်းမှာ စတော့ဈေးကွက်ပြန်လည် နာလံထူလာခြင်းကြောင့် ဖြစ်ပြီး ပြည်ထောင်စုအစိုးရ ရန်ပုံငွေအဖွဲ့မှ ယခင်က မရှိခဲ့ဖူးသည့်ခြေလှမ်းမျိုး အကောင်အထည်ဖော်ခဲ့ခြင်းကြောင့် ရှယ်ယာဈေးများ ထိုးတက်သွားခြင်း ဖြစ်သည်။
ပြည်ထောင်စုအစိုးရ၏ အရေးပေါ် ကိုင်တွယ်အစီအမံများတွင် ဘဏ်တိုးနှုန်းကို ၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ခြင်း၊ ရှယ်ယာများ ကန့်သတ်ချက်မရှိ ဝယ်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တို့ကြောင့် စတော့ဈေးကွက်မှာ အလွန်အားကောင်းလာခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများမှာလည်း စတော့ရှယ်ယာများဘက်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဖိအားပေးခံရရာ နည်းပညာကုမ္ပဏီကြီးများမှာ များစွာအကျိုးဖြစ်ထွန်းလာကြသည်။
နည်းပညာကုမ္ပဏီကြီးများသည် ကိုရိုနာကပ်ရောဂါဘေးကြီးတွင် ရှင်သန်နိုင်ခဲ့ရုံမျှမက အများစုမှာ များစွာကြီးပွားချမ်းသာလာကြသည်။
အမေဇုန်၏ ရှယ်ယာများဆိုလျှင် မတ်လလယ်ပိုင်းထက် ၄၇ ရာခိုင်နှုန်းခန့် ထိုးတက်သွားသည်။
ဖေ့စ်ဘုတ်၏ ရှယ်ယာများသည်လည်း စံချိန်တင်အောင် လျင်မြန်စွာဈေးတက်သွားခဲ့သည်။
ဖေ့စ်ဘုတ် ပူးတွဲတည်ထောင်သူ ၊ အမှုဆောင်အရာရှိချုပ် မာ့ခ် ဇပ်ကာဘာ့ဂျ်၏ ကြွယ်ဝမှုမှာ မတ်လ ၁၈ ရက်နောက်ပိုင်းတွင် ကန်ဒေါ်လာ ၃၀ ဒသမ ၁ ဘီလီယံ ပိုမိုချမ်းသာလာကြောင်း IPS ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
Tesla သူဌေးကြီး Elon Musk ၊ Google တည်ထောင်သူများဖြစ်သော Sergey Brin နှင့် Larry Page၊ မိုက္ကရိုဆော့ဖ် အမှုဆောင်အရာရှိချုပ်ဟောင်း Steve Ballmer တို့သည်လည်း မတ်လ ၁၈ ရက်နောက်ပိုင်းတွင် ကန်ဒေါ်လာ ၁၃ ဘီလီယံကျော် ပိုမိုချမ်းသာလာခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။ (ကိုရိုနာဗိုင်းရပ်စ်ကပ်ကြီးအတွင်း ကန်ဒေါ်လာ ၁ ဘီလီယံနှင့်အထက် ပိုမိုချမ်းသာလာသည့် သူဌေးကြီးများ)
၁။ ဂျက်ဘ်ဘီဇော့စ်။ Amazon တည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ်။ ပိုမိုချမ်းသာလာသည့်ပမာဏ = ကန်ဒေါ်လာ ၁၀ ဘီလီယံ
၂။ အီလွန် မတ်စ်။ Tesla အမှုဆောင်အရာရှိချုပ်၊ SpaceX တည်ထောင်သူ။ ပိုမိုချမ်းသာလာသည့်ပမာဏ = ကန်ဒေါ်လာ ၅ ဘီလီယံ
၃။ မက်ကင်ဇီ ဘီဇော့စ်။ အမေရိကန်စာရေးဆရာမ။ ပိုမိုချမ်းသာလာသည့်ပမာဏ = ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ
၄။ အဲရစ် ယွမ် (Eric Yuan) ။ Zoom တည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ်။ ပိုမိုချမ်းသာလာသည့်ပမာဏ = ကန်ဒေါ်လာ ၂ ဒသမ ၅၈ ဘီလီယံ
၅။ စတိဗ် ဘောလ်မား (Steve Ballmer) ။ Los Angeles Clippers ဘတ်စ်ကက်ဘောအသင်းပိုင်ရှင်၊ မိုက္ကရိုဆော့ဖ် အမှုဆောင်အရာရှိချုပ်ဟောင်း။ ပိုမိုချမ်းသာလာသည့်ပမာဏ = ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ
၆။ ဂျွန် အဲလ်ဘတ် ဆိုဘရာတို (John Albert Sobrato) ။ ဆီလီကွန်တောင်ကြား အိမ်ခြံမြေသူဌေးကြီး။ ပိုမိုချမ်းသာလာသည့်ပမာဏ = ကန်ဒေါ်လာ ၂ ဒသမ ၀၇ ဘီလီယံ
၇။ ဂျိုရွှာ ဟာရစ် (Joshua Harris) ။ Apollo Global Management ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးကုမ္ပဏီတည်ထောင်သူ၊ အားကစားအသင်းများစွာ ပိုင်ဆိုင်ထားသူ။ ပိုမိုချမ်းသာလာသည့်ပမာဏ = ကန်ဒေါ်လာ ၁ ဒသမ ၇၂ ဘီလီယံ
၈။ ရော့ကို ကွန်မိဆို (Rocco Commisso) ။ Mediacom Communications ရုပ်သံကုမ္ပဏီ တည်ထောင်သူ၊ ဘောလုံးအသင်း ၂ ခု ပိုင်ရှင်။ ပိုမိုချမ်းသာလာသည့်ပမာဏ = ကန်ဒေါ်လာ ၁ ဒသမ ၀၉ ဘီလီယံ
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: US billionaires have regained $565 billion in wealth since the pit of the crisis (CNN, ips-dc.org )
[Zawgyi]
ဖေ့စ်ဘုတ် ပူးတွဲတည်ထောင်သူ ၊ အမှုဆောင်အရာရှိချုပ် မာ့ခ် ဇပ်ကာဘာ့ဂ်ျ၏ ကြွယ်ဝမှုမှာ မတ်လ ၁၈ ရက်နောက်ပိုင်းတွင် ကန်ဒေါ်လာ ၃၀ ဒသမ ၁ ဘီလီယံ ပိုမိုချမ်းသာလာကြောင်း IPS ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service