ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ပြီဖြစ်ကြောင်း နယူးဇီလန် ကြေညာ

ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ပြီဖြစ်ကြောင်း နယူးဇီလန် ကြေညာ - Property News in Myanmar from iMyanmarHouse.com
9 Jun 2020 11:50 am တွင် တင်ခဲ့သည်
672 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နယူးဇီလန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားခဲ့ရသောလူနာများ၌ ရောဂါပိုးမတွေ့ရှိရတော့ဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာခဲ့ပြီးဖြစ်ကာ ကူးစက်မှုသစ်များလည်း မတွေ့ရှိတော့သဖြင့် တင်းကျပ်ကန့်သတ်ပိတ်ဆို့ထားခဲ့သည့် COVID-19 စီမံချက်အားလုံးကို အစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ လူတစ်ဦးနှင့်တစ်ဦးအကြား အကွာအဝေးတစ်ခုထား၍ ခပ်ခွာခွာနေရသည့် social distancing သည်လည်း မလိုအပ်တော့ပေ။

သို့ဖြစ်ရာ ထိုရုပ်သိမ်းချက်ကြောင့် နယူးဇီလန်ရှိ စားသောက်ဆိုင်များတွင် လူများပြန်လည်စည်ကားတော့မည်ဖြစ်သည်။ မင်္ဂလာဆောင်များလည်း သတို့သားသတို့သမီးတို့အလိုရှိသလောက် ဧည့်သည့်များ ဖိတ်ကြားနိုင်ပြီဖြစ်ကာ စိတ်ကြိုက်ပွေ့ဖက်နှုတ်ဆက်နိုင်ကြပြီဖြစ်သည်။

နယူးဇီလန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရဆဲအခြေအနေမရှိတော့သည့်အပြင် ကူးစက်မှုသစ်လည်း မရှိတော့ကြောင်း၊ COVID-19 မတိုင်မီကကဲ့သို့ လူမှုဘဝကို ပြန်လည်ရှင်သန်နိုင်ကြပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဇွန် ၈ ညသန်းခေါင်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုကပ်ရောဂါစတင်ခဲ့ကတည်းက နယူးဇီလန်တစ်နိုင်ငံလုံးတွင် ကူးစက်ခံရသူ ၁,၅၀၄ ဦး ရှိခဲ့ကာ ၂၂ ဦး သေဆုံးခဲ့သည်။ နယူးဇီလန်သည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတင်းကျပ်သောစီမံချက်များနှင့်ပတ်သက်၍ အများ၏ ချီးကျူးမှုကို ခံလာခဲ့ရသည်။

လူဦးရေ ငါးသန်းရှိသော နယူးဇီလန်သည် ကိုရိုနာဗိုင်းရပ်စ်ကို ရောရေရာရာကြုံတွေ့ပြီးမှ တိုက်ဖျက်နိုင်လိုက်သည့် ပထမဆုံးနိုင်ငံဟု ယူဆရသည်။ ကမ္ဘာတွင် လူဦးရေနည့်အပြင် နိုင်ငံတကာမှလာရောက်လည်ပတ်မှုနည်းသော ပစိဖိတ်ကျွန်းနိုင်ငံအများစုအပါအဝင် နိုင်ငံအချို့တွင်လည်း ကိုရိုနာဗိုင်းရပ်စ် မရှိသေးပေ။

နယူးဇီလန်သည် မတ် ၂၅ ကတည်းက လုပ်ငန်းအများစုနှင့် စာသင်ကျောင်းများကို ပိတ်ပစ်ကာ ပြည်သူများကို နေအိမ်တွင်သာ နေစေခဲ့သည့် ကနဦးစီမံချက်အချို့က ကြေညာချက်မတိုင်မီရက်အနည်းငယ်ကတည်းက တဖြည်းဖြည်းတဆင့်ချင်းစတင်ဖြေလျှော့လာခဲ့ပြီးဖြစ်သည်။

ယခုကြေညာချက်ကို လူအများအပြားက ဝမ်း‌‌မြောက်ဝမ်းသာကြိုဆိုခဲ့ကြသည်။ နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း ဟယ်လင်ကလာ့ခ်ကလည်း “ရှင်းလင်းတဲ့ခေါင်းဆောင်မှုနဲ့ လက်တွဲပါဝင်တဲ့ပြည်သူလူထုတို့က ဒီရလဒ်ကို ဖြစ်ပေါ်စေလိုက်တာပါ။ ပြည်သူအားလုံးပါဝင်ကြမှု၊ ကြံ့ကြံ့ခံမှုနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုနိယာမတွေက နယူးဇီလန်နဲ့ ကမ္ဘာကြီးပြန်လည်နာလန်ထူဖို့ကို လမ်းပြပါလိမ့်မယ်။” ဟု တွစ်တာတွင် ရေးသားခဲ့သည်။

သို့သော်လည်း လွတ်လပ်စွာပြန်လည်လှုပ်ရှား၍ရပြီဆိုသည်မှာ အနည်းငယ်မပြည့်စုံသေးပေ။ အဘယ်ကြောင့်ဆိုသော် နယ်စပ်များကိုမူ ပိတ်ထားဆဲဖြစ်၍ ဖြစ်သည်။

ယခုအခါ နယူးဇီလန်သည် စီးပွားရေးပြန်လည်နာလန်ထူနိုင်ရေးနှင့် ပြည်တွင်းလုပ်ငန်းများကို အရှိန်မြှင့်တင်ရေးအတွက် အာရုံစိုက်နိုင်တော့မည်ဖြစ်ကြောင်း၊ ထိုဗိုင်းရပ်စ်ကင်းစင်ပြီဟု ကြားခါစက သူမအနေဖြင့် ဝမ်းသာလွန်း၍ ထကခဲ့ကြောင်းလည်းဟု နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်က ပြောကြားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: New Zealand Lifts Lockdown as It Declares Virus Eliminated, for Now (nytimes)

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္ ကင္းစင္ၿပီျဖစ္ေၾကာင္း နယူးဇီလန္ ေၾကညာ

နယူးဇီလန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားခဲ့ရေသာလူနာမ်ား၌ ေရာဂါပိုးမေတြ႕ရွိရေတာ့ဘဲ က်န္းမာေရးျပန္လည္ေကာင္းမြန္လာခဲ့ၿပီးျဖစ္ကာ ကူးစက္မႈသစ္မ်ားလည္း မေတြ႕ရွိေတာ့သျဖင့္ တင္းက်ပ္ကန႔္သတ္ပိတ္ဆို႔ထားခဲ့သည့္ COVID-19 စီမံခ်က္အားလုံးကို အစိုးရက ျပန္လည္႐ုပ္သိမ္းလိုက္ၿပီျဖစ္သည္။ လူတစ္ဦးႏွင့္တစ္ဦးအၾကား အကြာအေဝးတစ္ခုထား၍ ခပ္ခြာခြာေနရသည့္ social distancing သည္လည္း မလိုအပ္ေတာ့ေပ။

သို႔ျဖစ္ရာ ထို႐ုပ္သိမ္းခ်က္ေၾကာင့္ နယူးဇီလန္ရွိ စားေသာက္ဆိုင္မ်ားတြင္ လူမ်ားျပန္လည္စည္ကားေတာ့မည္ျဖစ္သည္။ မဂၤလာေဆာင္မ်ားလည္း သတို႔သားသတို႔သမီးတို႔အလိုရွိသေလာက္ ဧည့္သည့္မ်ား ဖိတ္ၾကားႏိုင္ၿပီျဖစ္ကာ စိတ္ႀကိဳက္ေပြ႕ဖက္ႏႈတ္ဆက္ႏိုင္ၾကၿပီျဖစ္သည္။

နယူးဇီလန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရဆဲအေျခအေနမရွိေတာ့သည့္အျပင္ ကူးစက္မႈသစ္လည္း မရွိေတာ့ေၾကာင္း၊ COVID-19 မတိုင္မီကကဲ့သို႔ လူမႈဘဝကို ျပန္လည္ရွင္သန္ႏိုင္ၾကၿပီျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ဇြန္ ၈ ညသန္းေခါင္တြင္ ေၾကညာခဲ့ျခင္းျဖစ္သည္။

ထိုကပ္ေရာဂါစတင္ခဲ့ကတည္းက နယူးဇီလန္တစ္ႏိုင္ငံလုံးတြင္ ကူးစက္ခံရသူ ၁,၅၀၄ ဦး ရွိခဲ့ကာ ၂၂ ဦး ေသဆုံးခဲ့သည္။ နယူးဇီလန္သည္ ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးတင္းက်ပ္ေသာစီမံခ်က္မ်ားႏွင့္ပတ္သက္၍ အမ်ား၏ ခ်ီးက်ဴးမႈကို ခံလာခဲ့ရသည္။

လူဦးေရ ငါးသန္းရွိေသာ နယူးဇီလန္သည္ ကို႐ိုနာဗိုင္းရပ္စ္ကို ေရာေရရာရာႀကဳံေတြ႕ၿပီးမွ တိုက္ဖ်က္ႏိုင္လိုက္သည့္ ပထမဆုံးႏိုင္ငံဟု ယူဆရသည္။ ကမာၻတြင္ လူဦးေရနည့္အျပင္ ႏိုင္ငံတကာမွလာေရာက္လည္ပတ္မႈနည္းေသာ ပစိဖိတ္ကြၽန္းႏိုင္ငံအမ်ားစုအပါအဝင္ ႏိုင္ငံအခ်ိဳ႕တြင္လည္း ကို႐ိုနာဗိုင္းရပ္စ္ မရွိေသးေပ။

နယူးဇီလန္သည္ မတ္ ၂၅ ကတည္းက လုပ္ငန္းအမ်ားစုႏွင့္ စာသင္ေက်ာင္းမ်ားကို ပိတ္ပစ္ကာ ျပည္သူမ်ားကို ေနအိမ္တြင္သာ ေနေစခဲ့သည့္ ကနဦးစီမံခ်က္အခ်ိဳ႕က ေၾကညာခ်က္မတိုင္မီရက္အနည္းငယ္ကတည္းက တျဖည္းျဖည္းတဆင့္ခ်င္းစတင္ေျဖေလွ်ာ့လာခဲ့ၿပီးျဖစ္သည္။

ယခုေၾကညာခ်က္ကို လူအမ်ားအျပားက ဝမ္း‌‌ေျမာက္ဝမ္းသာႀကိဳဆိုခဲ့ၾကသည္။ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ေဟာင္း ဟယ္လင္ကလာ့ခ္ကလည္း “ရွင္းလင္းတဲ့ေခါင္းေဆာင္မႈနဲ႔ လက္တြဲပါဝင္တဲ့ျပည္သူလူထုတို႔က ဒီရလဒ္ကို ျဖစ္ေပၚေစလိုက္တာပါ။ ျပည္သူအားလုံးပါဝင္ၾကမႈ၊ ႀကံ့ႀကံ့ခံမႈနဲ႔ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးမႈနိယာမေတြက နယူးဇီလန္နဲ႔ ကမာၻႀကီးျပန္လည္နာလန္ထူဖို႔ကို လမ္းျပပါလိမ့္မယ္။” ဟု တြစ္တာတြင္ ေရးသားခဲ့သည္။

သို႔ေသာ္လည္း လြတ္လပ္စြာျပန္လည္လႈပ္ရွား၍ရၿပီဆိုသည္မွာ အနည္းငယ္မျပည့္စုံေသးေပ။ အဘယ္ေၾကာင့္ဆိုေသာ္ နယ္စပ္မ်ားကိုမူ ပိတ္ထားဆဲျဖစ္၍ ျဖစ္သည္။

ယခုအခါ နယူးဇီလန္သည္ စီးပြားေရးျပန္လည္နာလန္ထူႏိုင္ေရးႏွင့္ ျပည္တြင္းလုပ္ငန္းမ်ားကို အရွိန္ျမႇင့္တင္ေရးအတြက္ အာ႐ုံစိုက္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း၊ ထိုဗိုင္းရပ္စ္ကင္းစင္ၿပီဟု ၾကားခါစက သူမအေနျဖင့္ ဝမ္းသာလြန္း၍ ထကခဲ့ေၾကာင္းလည္းဟု နယူးဇီလန္ဝန္ႀကီးခ်ဳပ္ ဂ်က္ဆင္ဒါအာဒန္က ေျပာၾကားခဲ့သည္ဟု သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: New Zealand Lifts Lockdown as It Declares Virus Eliminated, for Now (nytimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service