အေသွေးပိုင်ရှင်များ ကိုရိုနာဗိုင်းရပ်စ်ကို ပိုမိုပြင်းထန်စွာ ခံစားရကြောင်း ဂျာမနီသိပ္ပံပညာရှင်များတွေ့ရှိ

အေသွေးပိုင်ရှင်များ ကိုရိုနာဗိုင်းရပ်စ်ကို ပိုမိုပြင်းထန်စွာ ခံစားရကြောင်း ဂျာမနီသိပ္ပံပညာရှင်များတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
9 Jun 2020 11:30 am တွင် တင်ခဲ့သည်
1285 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော အချို့သူများတွင် မပြင်းထန်သော ရောဂါလက္ခဏာများသာ ခံစားရပြီး အချို့သူများတွင်မူ အဘယ်ကြောင့် ပြင်းထန်သည့် ရောဂါလက္ခဏာများ ခံစားကြရပါသနည်း။

မျိုးဗီဇဗေဒပညာရှင်များသည် အဆိုပါမေးခွန်းအတွက် DNA များနှင့်စပ်လျဉ်းပြီး စူးစမ်းလေ့လာမှု ပြုလုပ်ခဲ့ကြသည်။

ယခုအခါ မျိုးဗီဇအမျိုးမျိုးနှင့် covid-19 အကြား ခိုင်မာသော ဆက်န့ွှယ်နေမှုအပေါ် ဥရောပသိပ္ပံပညာရှင်များ၏ လေ့လာချက် ပထမဆုံး ထွက်ပေါ်လာသည်။

ယခုလေ့လာမှုအရ အေသွေးပိုင်ရှင်တို့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပါက အောက်ဆီဂျင်စက် (သို့မဟုတ်) အသက်ရှူစက်ဖြင့် အသက်ရှူရသည့် အခြေအနေအထိ ရောက်ရှိနိုင်မှု ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ်သည် လူတို့၏ ဆဲလ်များအတွင်း ဝင်ရောက်ရာတွင် ဆဲလ်မျက်နှာပြင်ရှိ ACE2 ပရိုတိန်းတွင် စွဲကပ်ကာ ဝင်ရောက်ခြင်းဖြစ်သည်။

မျိုးဗီဇအမျိုးမျိုးကွဲပြားသော်လည်း ACE2 မှတဆင့် ဗိုင်းရပ်စ်ကူးစက်ခံရမှုမှာမူ ကွဲပြားခြင်းမရှိကြောင်းလည်း တွေ့ရှိခဲ့ကြသည်။

ယခုတွေ့ရှိချက်ကဲ့သို့ ယခင်က စူးစမ်းလေ့လာမှု မပြုခဲ့ရသေးသည့်အချက်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဖွယ်ရှိနေသည်။

ယခုလေ့လာမှုတွင် ပူးတွဲပါဝင်သူမှာ ဂျာမနီရှိ University of Kiel မှ မော်လီကျူးမျိုးဗီဇပညာရှင် ဒေါက်တာ Andre Franke ဖြစ်ပြီး လေ့လာချက်ကို အခြားသိပ္ပံပညာရှင်များ သုံးသပ်နိုင်ရန် တင်ပြထားခဲ့ပြီး ဖြစ်သည်။

အသက်အရွယ်နှင့် ရောဂါအခံရှိခြင်းတို့မှာလည်း covid-19 ပြင်းထန်စွာခံစားရနိုင်သည့် အကြောင်းရင်းများဖြစ်ကြောင်း သိပ္ပံပညာရှင်များ သဘောတူထားကြပြီး ဖြစ်သည်။

ဖေဖော်ဝါရီလအတွင်း ရောဂါကူးစက်မှု အရှိန်အဟုန်မြင့်မားနေစဉ်တွင် ဒေါက်တာ Franke နှင့် အဖွဲ့သည် covid-19 လှိုင်းကြီး၏ ပြင်းထန်စွာရိုက်ခတ်မှု ရင်ဆိုင်နေရသော စပိန်၊ ပြင်သစ်တို့မှ ဆရာဝန်များနှင့် ပူးပေါင်းအဖွဲ့ဖွဲ့စည်းကာ လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။

ဆရာဝန်အဖွဲ့သည် အောက်ဆီဂျင်ပေးထားရသော လူနာ ၁၆၁၀ ဦးထံမှ သွေးနမူနာများ ရယူခဲ့ကာ အလျင်အမြန် စစ်ဆေးနိုင်သည့် genotyping နည်းစနစ်ကိုအသုံးပြုပြီး DNA စစ်ဆေးခဲ့ကြသည်။

ထို့အပြင် covid-19 မရှိသော သွေးလှူရှင် ၂၂၀၅ ဦးတို့၏ သွေးများကိုလည်း DNA လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့လေ့လာရာတွင် မျိုးဗီဇအတွင်းရှိ loci ဟုခေါ်သောနေရာကို ရောဂါမရှိသူများနှင့် နှိုင်းယှဉ်လေ့လာမှု ပြုလုပ်ခဲ့သည်။

Loci သည် သွေးအမျိုးအစားကို အဆုံးအဖြတ်ပေးသည့် မျိုးဗီဇတည်ရှိရာနေရာဖြစ်ပြီး သွေးတွင်းရှိ ဆဲလ်များ၏ မျက်နှာပြင်တွင် ပရိုတိန်း ထုတ်လုပ်ရန် ထိန်းချုပ်ပဲ့ကိုင်သော မျိုးဗီဇလည်း ဖြစ်သည်။

အေသွေး ပိုင်ရှင်များသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွင် ပိုမိုအန္တရာယ်ရှိကြောင်း တွေ့ရှိသည်မှာ ပထမဆုံးအကြိမ်ကား မဟုတ်သေးချေ။

တရုတ် သိပ္ပံပညာရှင်များကလည်း အေသွေးပိုင်ရှင်တို့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလျှင် ပြင်းထန်သည့် ရောဂါလက္ခဏာများ ခံစားရနိုင်ကြောင်း တွေ့ရှိခဲ့ကြပြီး ဖြစ်သည်။

သို့သော် အဘယ်ကြောင့် ထိုသို့ဖြစ်သည်ကို မသိခဲ့ကြ။

ယခုအခါ ဒေါက်တာ Franke က သွေးအမျိုးအစားသည် ကိုရိုနာဗိုင်းရပ်စ်အပေါ် မည်သို့ သက်ရောက်စေသည်ကို ထုတ်ဖော်လိုက်ခြင်းလည်း ဖြစ်သည်။

အားကောင်းသည့် ကိုယ်ခံအားစနစ် တုံ့ပြန်မှုကို ဖြစ်ပေါ်စေသည့် ပရိုတိန်းထုတ်လုပ်ပေးသော မျိုးဗီဇကို ထိန်းချုပ်သည့်အရာအဖြစ် အဆိုပါ DNA က ပြုမူပြီး A သွေးအမျိုးအစားများ၏ loci တည်နေရာတွင် တည်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်သည် အချို့သူများတွင် ကိုယ်ခံအားစနစ်က အလွန်အကျွံတုန့်ပြန်တိုက်ခိုက်မှုများ ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်တွင်း အင်္ဂ ါများ လုပ်ဆောင်မှုရပ်ဆိုင်းကာ အဆုပ်ကိုလည်း ပြင်းထန်စွာ ထိခိုက်စေပြီး အဆိုပါဖြစ်စဉ်ကို cytokine strom ဟု ခေါ်ကြသည်။

ဒုတိယ loci တစ်ခုဖြစ်သော Chromosome 3 မှာမူ covid-19 နှင့် ပိုမိုကြီးမားသော ဆက်နွှယ်မှုများပင် ရှိနေကြောင်း ဒေါက်တာ Franke နှင့်အဖွဲ့က တွေ့ရှိခဲ့ကြသည်။

သို့သော် အဆိုပါ loci နေရာတွင် မျိုးဗီဇ ၆ ခုအထိ ရှိနေပြီး မည်သည့်တစ်ခုက covid-19 အပေါ် လွှမ်းမိုးမှုများရှိသည်ကိုမူ သိရှိရန် မဖြစ်နိုင်သေးချေ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Genes may leave some people more vulnerable to severe Covid-19 (Today online)

  [Zawgyi]

ေအေသြးပိုင္ရွင္မ်ား ကိုရိုနာဗိုင္းရပ္စ္ကို ပိုမိုျပင္းထန္စြာ ခံစားရေၾကာင္း ဂ်ာမနီသိပၸံပညာရွင္မ်ားေတြ႔ရွိ

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရေသာ အခ်ဳိ ႔သူမ်ားတြင္ မျပင္းထန္ေသာ ေရာဂါလကၡဏာမ်ားသာ ခံစားရျပီး အခ်ဳိ ႔သူမ်ားတြင္မူ အဘယ္ေၾကာင့္ ျပင္းထန္သည့္ ေရာဂါလကၡဏာမ်ား ခံစားၾကရပါသနည္း။

မ်ဳိးဗီဇေဗဒပညာရွင္မ်ားသည္ အဆိုပါေမးခြန္းအတြက္ DNA မ်ားႏွင့္စပ္လ်ဥ္းျပီး စူးစမ္းေလ့လာမႈ ျပဳလုပ္ခဲ့ၾကသည္။

ယခုအခါ မ်ဳိးဗီဇအမ်ဳိးမ်ဳိးႏွင့္ covid-19 အၾကား ခိုင္မာေသာ ဆက္ႏ႔ႊယ္ေနမႈအေပၚ ဥေရာပသိပၸံပညာရွင္မ်ား၏ ေလ့လာခ်က္ ပထမဆံုး ထြက္ေပၚလာသည္။

ယခုေလ့လာမႈအရ ေအေသြးပိုင္ရွင္တို႔သည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရပါက ေအာက္ဆီဂ်င္စက္ (သို႔မဟုတ္) အသက္ရွဴစက္ျဖင့္ အသက္ရွဴရသည့္ အေျခအေနအထိ ေရာက္ရွိႏိုင္မႈ ၅၀ ရာခိုင္ႏႈန္း ပိုမိုျမင့္မားေၾကာင္း ေတြ႔ရွိခဲ့ၾကသည္။

ကိုရိုနာဗိုင္းရပ္စ္သည္ လူတို႔၏ ဆဲလ္မ်ားအတြင္း ဝင္ေရာက္ရာတြင္ ဆဲလ္မ်က္ႏွာျပင္ရွိ ACE2 ပရိုတိန္းတြင္ စြဲကပ္ကာ ဝင္ေရာက္ျခင္းျဖစ္သည္။

မ်ဳိးဗီဇအမ်ဳိးမ်ဳိးကြဲျပားေသာ္လည္း ACE2 မွတဆင့္ ဗိုင္းရပ္စ္ကူးစက္ခံရမႈမွာမူ ကြဲျပားျခင္းမရွိေၾကာင္းလည္း ေတြ႔ရွိခဲ့ၾကသည္။

ယခုေတြ႔ရွိခ်က္ကဲ့သို႔ ယခင္က စူးစမ္းေလ့လာမႈ မျပဳခဲ့ရေသးသည့္အခ်က္မ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈတြင္ အေရးပါသည့္ အခန္းက႑မွ ပါဝင္ဖြယ္ရွိေနသည္။

ယခုေလ့လာမႈတြင္ ပူးတြဲပါဝင္သူမွာ ဂ်ာမနီရွိ University of Kiel မွ ေမာ္လီက်ဴးမ်ဳိးဗီဇပညာရွင္ ေဒါက္တာ Andre Franke ျဖစ္ျပီး ေလ့လာခ်က္ကို အျခားသိပၸံပညာရွင္မ်ား သံုးသပ္ႏိုင္ရန္ တင္ျပထားခဲ့ျပီး ျဖစ္သည္။

အသက္အရြယ္ႏွင့္ ေရာဂါအခံရွိျခင္းတို႔မွာလည္း covid-19 ျပင္းထန္စြာခံစားရႏိုင္သည့္ အေၾကာင္းရင္းမ်ားျဖစ္ေၾကာင္း သိပၸံပညာရွင္မ်ား သေဘာတူထားၾကျပီး ျဖစ္သည္။

ေဖေဖာ္ဝါရီလအတြင္း ေရာဂါကူးစက္မႈ အရွိန္အဟုန္ျမင့္မားေနစဥ္တြင္ ေဒါက္တာ Franke ႏွင့္ အဖြဲ႔သည္ covid-19 လိႈင္းၾကီး၏ ျပင္းထန္စြာရိုက္ခတ္မႈ ရင္ဆိုင္ေနရေသာ စပိန္၊ ျပင္သစ္တို႔မွ ဆရာဝန္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔ဖြဲ႔စည္းကာ ေလ့လာမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ဆရာဝန္အဖြဲ႔သည္ ေအာက္ဆီဂ်င္ေပးထားရေသာ လူနာ ၁၆၁၀ ဦးထံမွ ေသြးနမူနာမ်ား ရယူခဲ့ကာ အလ်င္အျမန္ စစ္ေဆးႏိုင္သည့္ genotyping နည္းစနစ္ကိုအသံုးျပဳျပီး DNA စစ္ေဆးခဲ့ၾကသည္။

ထုိ႔အျပင္ covid-19 မရွိေသာ ေသြးလွဴရွင္ ၂၂၀၅ ဦးတို႔၏ ေသြးမ်ားကိုလည္း DNA ေလ့လာမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ထိုသို႔ေလ့လာရာတြင္ မ်ဳိးဗီဇအတြင္းရွိ loci ဟုေခၚေသာေနရာကို ေရာဂါမရွိသူမ်ားႏွင့္ ႏႈိင္းယွဥ္ေလ့လာမႈ ျပဳလုပ္ခဲ့သည္။

Loci သည္ ေသြးအမ်ဳိးအစားကို အဆံုးအျဖတ္ေပးသည့္ မ်ဳိးဗီဇတည္ရွိရာေနရာျဖစ္ျပီး ေသြးတြင္းရွိ ဆဲလ္မ်ား၏ မ်က္ႏွာျပင္တြင္ ပရိုတိန္း ထုတ္လုပ္ရန္ ထိန္းခ်ဳပ္ပဲ့ကိုင္ေသာ မ်ဳိးဗီဇလည္း ျဖစ္သည္။

ေအေသြး ပိုင္ရွင္မ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈတြင္ ပိုမိုအႏၱရာယ္ရွိေၾကာင္း ေတြ႔ရွိသည္မွာ ပထမဆံုးအၾကိမ္ကား မဟုတ္ေသးေခ်။

တရုတ္ သိပၸံပညာရွင္မ်ားကလည္း ေအေသြးပိုင္ရွင္တို႔သည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရလွ်င္ ျပင္းထန္သည့္ ေရာဂါလကၡဏာမ်ား ခံစားရႏိုင္ေၾကာင္း ေတြ႔ရွိခဲ့ၾကျပီး ျဖစ္သည္။

သို႔ေသာ္ အဘယ္ေၾကာင့္ ထိုသုိ႔ျဖစ္သည္ကို မသိခဲ့ၾက။

ယခုအခါ ေဒါက္တာ Franke က ေသြးအမ်ဳိးအစားသည္ ကိုရိုနာဗိုင္းရပ္စ္အေပၚ မည္သို႔ သက္ေရာက္ေစသည္ကို ထုတ္ေဖာ္လိုက္ျခင္းလည္း ျဖစ္သည္။

အားေကာင္းသည့္ ကိုယ္ခံအားစနစ္ တံု႔ျပန္မႈကို ျဖစ္ေပၚေစသည့္ ပရိုတိန္းထုတ္လုပ္ေပးေသာ မ်ဳိးဗီဇကို ထိန္းခ်ဳပ္သည့္အရာအျဖစ္ အဆိုပါ DNA က ျပဳမူျပီး A ေသြးအမ်ဳိးအစားမ်ား၏ loci တည္ေနရာတြင္ တည္ရွိသည္။

ကိုရိုနာဗိုင္းရပ္စ္သည္ အခ်ဳိ႕သူမ်ားတြင္ ကိုယ္ခံအားစနစ္က အလြန္အကၽြံတုန္႔ျပန္တိုက္ခိုက္မႈမ်ား ျဖစ္ေပၚေစျပီး ခႏၶာကိုယ္တြင္း အဂၤ ါမ်ား လုပ္ေဆာင္မႈရပ္ဆိုင္းကာ အဆုပ္ကိုလည္း ျပင္းထန္စြာ ထိခိုက္ေစျပီး အဆိုပါျဖစ္စဥ္ကို cytokine strom ဟု ေခၚၾကသည္။

ဒုတိယ loci တစ္ခုျဖစ္ေသာ Chromosome 3 မွာမူ covid-19 ႏွင့္ ပိုမိုၾကီးမားေသာ ဆက္ႏႊယ္မႈမ်ားပင္ ရွိေနေၾကာင္း ေဒါက္တာ Franke ႏွင့္အဖြဲ႔က ေတြ႔ရွိခဲ့ၾကသည္။

သို႔ေသာ္ အဆိုပါ loci ေနရာတြင္ မ်ဳိးဗီဇ ၆ ခုအထိ ရွိေနျပီး မည္သည့္တစ္ခုက covid-19 အေပၚ လႊမ္းမိုးမႈမ်ားရွိသည္ကိုမူ သိရွိရန္ မျဖစ္ႏိုင္ေသးေခ်။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Genes may leave some people more vulnerable to severe Covid-19 (Today online)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service