တရုတ် - မြန်မာကုန်သွယ်မှုမြှင့်တင်နိုင်ရန် မူဆယ် - မန္တလေးရထားလမ်းကို အမြန်ဆုံးတည်ဆောက်ရန် တရုတ်သံအမတ်တောင်းဆို

တရုတ် - မြန်မာကုန်သွယ်မှုမြှင့်တင်နိုင်ရန် မူဆယ် - မန္တလေးရထားလမ်းကို အမြန်ဆုံးတည်ဆောက်ရန် တရုတ်သံအမတ်တောင်းဆို - Property News in Myanmar from iMyanmarHouse.com
9 Jun 2020 11:12 am တွင် တင်ခဲ့သည်
1047 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် မူဆယ်-မန္တလေး ရထားလမ်းကိုလည်း အမြန်ဆုံးတည်ဆောက်နိုင်ရေး တရုတ်သံအမတ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကို တိုက်တွန်းလိုက်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် H.E. Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဇွန် ၈ ရက်တွင် တွေ့ဆုံစဉ် သံအမတ်က ဝန်ကြီးကို ယခုလိုက်တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ Chen Hai က ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းများအရ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှုပမာဏမှာ ၁ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ဟုဆိုသည်။

နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုဆက်လက် တိုးတက်ရန်အတွက် မူဆယ် (၁၀၅) မိုင်မှ ရွှေလီအထိ ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်စည်များမပါရှိဘဲ ရပ်နားထားသည့်ယာဉ်များအား ရှင်းလင်းပြီး ကုန်တင်ယာဉ်များကို ဦးစားပေးစေလိုသည်ဟု သံအမတ်ကဆိုသည်။

ထိုပြင် ရွှေလီ-မူဆယ်ဂိတ်တွင် လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ည (၁၀:၀၀) နာရီအထိ ဖွင့်လှစ်ဆောင်ရွက်ပေးစေလိုပြီး မန်းမန်-နွမ်းရင်နယ်စပ်ဂိတ်တွင် ကုန်စည်များစစ်ဆေးရန်အတွက် အဆောက်အဦ လိုအပ်လျက်ရှိသည်ဟု သံအမတ်ကဆိုသည်။

သံအမတ်က နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံမှ ယာဉ်မောင်းများအား ကျန်းမာရေးထောက်ခံစာ (Health Certificate) ပြသနိုင်ပါက မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့် ပြုပေးစေလိုသည်ဟုလည်းတောင်းဆိုခဲ့သည်။

နောက်ဆုံးတွင် ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် မူဆယ်-မန္တလေး ရထားလမ်းကိုလည်း အမြန်ဆုံးတည်ဆောက်နိုင်ရေး တောင်းဆိုခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က COVID- 19 ကာလအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့တွင် တရုတ်နိုင်ငံမှလှူဒါန်းမှုများအတွက်လည်း ကျေးဇူးတင်သည်ဟုဆိုသည်။ ထိုနောက် မြန်မာဘက်မှ လိုအပ်ချက်များကို တောင်းဆိုခဲ့သည်။

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုအဆင့်သာမက အောက်ခြေအဆင့်တွင် ကုန်သည်များ အချင်းချင်း ဘက်ပေါင်းစုံမှတွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိသည်ကို အားရကြောင်းဝန်ကြီးက ဆိုသည်။

ထိုပြင် ဝန်ကြီးက မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံမှ ကုန်စည်ကန့်သတ် စစ်ဆေးမှုများကြောင့် ယာဉ်ကြောများပိတ်ဆို့၍ ကုန်စည်စီးဆင်းမှုတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုကိစ္စကို အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးစေလိုသည်ဟုဆိုသည်။

ရေထွက်ကုန်ပစ္စည်းနှင့် သစ်သီးဝလံများအတွက်အရည်အသွေးစစ်ဆေးခြင်းများကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးစေလိုသည်ကိုလည်းပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှထွက်ရှိသည့် ပြောင်းစေ့များ ယူနန်ပြည်နယ်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ပေးရန်၊ ဝဥ၊ လျှော်ဖြူ၊ ထောပတ်သီးစသည့် ပို့ကုန်အမယ်သစ်များအား တရုတ်နိုင်ငံဘက်သို့ တင်ပို့ရာတွင် စိစစ်ဆောင်ရွက်မှုများကိုလည်း ဖြေလျှော့ပေးရန်၊ နယ်စပ်ကုန်သွယ်မှုတွင် နှစ်ဖက်ကုန်သည်များအကြား ငွေပေးချေမှုဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့နေရသဖြင့် နှစ်ဖက်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ရန်လည်း ပြောကြားခဲ့သည်။

ထိုနောက်ဝန်ကြီးက မူဆယ် နယ်စပ်ကုန်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက် လမ်းပိုင်းချဲ့ထွင်ရာတွင် ကူညီဆောင်ရွက်ပေးရန်၊ ပုံမှန်ကုန်သွယ်မှုအပြင် နယ်စပ်နေပြည်သူများအကြား နယ်စပ်ထွက်ကုန်များ အပြန်အလှန်လဲလှယ်မှုများကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးရန် နှင့် နှစ်နိုင်ငံနယ်စပ်ကုန်စည်ပြပွဲများ အပြန်အလှန်ပုံမှန်ကျင်းပနိုင်ရန် ပြောကြားခဲ့သည်ဟုဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

တ႐ုတ္ - ျမန္မာကုန္သြယ္မႈျမႇင့္တင္ႏိုင္ရန္ မူဆယ္ - မႏၲေလးရထားလမ္းကို အျမန္ဆုံးတည္ေဆာက္ရန္ တ႐ုတ္သံအမတ္ေတာင္းဆို

ကုန္သြယ္မႈျမႇင့္တင္ႏိုင္ရန္အတြက္ မူဆယ္-မႏၲေလး ရထားလမ္းကိုလည္း အျမန္ဆုံးတည္ေဆာက္ႏိုင္ေရး တ႐ုတ္သံအမတ္က စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးကို တိုက္တြန္းလိုက္သည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ H.E. Mr. Chen Hai ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕တို႔ ဇြန္ ၈ ရက္တြင္ ေတြ႕ဆုံစဥ္ သံအမတ္က ဝန္ႀကီးကို ယခုလိုက္တိုက္တြန္းလိုက္ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ မစၥတာ Chen Hai က ကုန္သြယ္မႈဆိုင္ရာ ကိန္းဂဏန္းမ်ားအရ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလမွ ဧၿပီလအတြင္း ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔မႈပမာဏမွာ ၁ ရာခိုင္ႏႈန္းခန္႔ တိုးတက္လာသည္ဟုဆိုသည္။

ႏွစ္ႏိုင္ငံအၾကား နယ္စပ္ကုန္သြယ္မႈဆက္လက္ တိုးတက္ရန္အတြက္ မူဆယ္ (၁၀၅) မိုင္မွ ေ႐ႊလီအထိ ကုန္သြယ္ေရးလမ္းေၾကာင္းတြင္ ကုန္စည္မ်ားမပါရွိဘဲ ရပ္နားထားသည့္ယာဥ္မ်ားအား ရွင္းလင္းၿပီး ကုန္တင္ယာဥ္မ်ားကို ဦးစားေပးေစလိုသည္ဟု သံအမတ္ကဆိုသည္။

ထိုျပင္ ေ႐ႊလီ-မူဆယ္ဂိတ္တြင္ လုပ္ငန္းမ်ား လ်င္ျမန္ေခ်ာေမြ႕ေစေရးအတြက္ ည (၁၀:၀၀) နာရီအထိ ဖြင့္လွစ္ေဆာင္႐ြက္ေပးေစလိုၿပီး မန္းမန္-ႏြမ္းရင္နယ္စပ္ဂိတ္တြင္ ကုန္စည္မ်ားစစ္ေဆးရန္အတြက္ အေဆာက္အဦ လိုအပ္လ်က္ရွိသည္ဟု သံအမတ္ကဆိုသည္။

သံအမတ္က နယ္စပ္ဂိတ္မ်ားတြင္ တ႐ုတ္ႏိုင္ငံမွ ယာဥ္ေမာင္းမ်ားအား က်န္းမာေရးေထာက္ခံစာ (Health Certificate) ျပသႏိုင္ပါက ျမန္မာႏိုင္ငံအတြင္း ဝင္ေရာက္ခြင့္ ျပဳေပးေစလိုသည္ဟုလည္းေတာင္းဆိုခဲ့သည္။

ေနာက္ဆုံးတြင္ ကုန္သြယ္မႈျမႇင့္တင္ႏိုင္ရန္အတြက္ မူဆယ္-မႏၲေလး ရထားလမ္းကိုလည္း အျမန္ဆုံးတည္ေဆာက္ႏိုင္ေရး ေတာင္းဆိုခဲ့သည္။

ျပည္ေထာင္စုဝန္ႀကီးေဒါက္တာသန္းျမင့္က COVID- 19 ကာလအတြင္း ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးတို႔တြင္ တ႐ုတ္ႏိုင္ငံမွလႉဒါန္းမႈမ်ားအတြက္လည္း ေက်းဇူးတင္သည္ဟုဆိုသည္။ ထိုေနာက္ ျမန္မာဘက္မွ လိုအပ္ခ်က္မ်ားကို ေတာင္းဆိုခဲ့သည္။

ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္မႈဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဗဟိုအဆင့္သာမက ေအာက္ေျခအဆင့္တြင္ ကုန္သည္မ်ား အခ်င္းခ်င္း ဘက္ေပါင္းစုံမွေတြ႕ဆုံညႇိႏႈိင္းမႈမ်ား ေဆာင္႐ြက္လ်က္ရွိသည္ကို အားရေၾကာင္းဝန္ႀကီးက ဆိုသည္။

ထိုျပင္ ဝန္ႀကီးက မူဆယ္နယ္စပ္ကုန္သြယ္ေရးတြင္ တ႐ုတ္ႏိုင္ငံမွ ကုန္စည္ကန္႔သတ္ စစ္ေဆးမႈမ်ားေၾကာင့္ ယာဥ္ေၾကာမ်ားပိတ္ဆို႔၍ ကုန္စည္စီးဆင္းမႈတြင္ ေႏွာင့္ေႏွးၾကန္႔ၾကာမႈမ်ား ျဖစ္ေပၚလ်က္ရွိသည္။ ထိုကိစၥကို အဆင္ေျပေအာင္ ညႇိႏႈိင္းေဆာင္႐ြက္ေပးေစလိုသည္ဟုဆိုသည္။

ေရထြက္ကုန္ပစၥည္းႏွင့္ သစ္သီးဝလံမ်ားအတြက္အရည္အေသြးစစ္ေဆးျခင္းမ်ားကိုလည္း အျမန္ဆုံး ေဆာင္႐ြက္ေပးေစလိုသည္ကိုလည္းေျပာၾကားသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွထြက္ရွိသည့္ ေျပာင္းေစ့မ်ား ယူနန္ျပည္နယ္သို႔ တင္ပို႔ေရာင္းခ်ႏိုင္ေရးအတြက္ စဥ္းစားေဆာင္႐ြက္ေပးရန္၊ ဝဥ၊ ေလွ်ာ္ျဖဴ၊ ေထာပတ္သီးစသည့္ ပို႔ကုန္အမယ္သစ္မ်ားအား တ႐ုတ္ႏိုင္ငံဘက္သို႔ တင္ပို႔ရာတြင္ စိစစ္ေဆာင္႐ြက္မႈမ်ားကိုလည္း ေျဖေလွ်ာ့ေပးရန္၊ နယ္စပ္ကုန္သြယ္မႈတြင္ ႏွစ္ဖက္ကုန္သည္မ်ားအၾကား ေငြေပးေခ်မႈေဆာင္႐ြက္ရာတြင္ အခက္အခဲမ်ား ႀကဳံေတြ႕ေနရသျဖင့္ ႏွစ္ဖက္ညႇိႏႈိင္း ေဆြးေႏြးေဆာင္႐ြက္ရန္လည္း ေျပာၾကားခဲ့သည္။

ထိုေနာက္ဝန္ႀကီးက မူဆယ္ နယ္စပ္ကုန္သြယ္ေရး၊ ကုန္စည္စီးဆင္းမႈ လြယ္ကူေခ်ာေမြ႕ေစေရးအတြက္ လမ္းပိုင္းခ်ဲ႕ထြင္ရာတြင္ ကူညီေဆာင္႐ြက္ေပးရန္၊ ပုံမွန္ကုန္သြယ္မႈအျပင္ နယ္စပ္ေနျပည္သူမ်ားအၾကား နယ္စပ္ထြက္ကုန္မ်ား အျပန္အလွန္လဲလွယ္မႈမ်ားကိုလည္း အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးရန္ ႏွင့္ ႏွစ္ႏိုင္ငံနယ္စပ္ကုန္စည္ျပပြဲမ်ား အျပန္အလွန္ပုံမွန္က်င္းပႏိုင္ရန္ ေျပာၾကားခဲ့သည္ဟုဆိုသည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service