COVID-19 ကာကွယ်ရေး ဟိုတယ်၊မိုတယ်နှင့်တည်းခိုခန်းများ လိုက်နာရန်အချက်များထုတ်ပြန်

COVID-19 ကာကွယ်ရေး ဟိုတယ်၊မိုတယ်နှင့်တည်းခိုခန်းများ လိုက်နာရန်အချက်များထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
8 Jun 2020 10:44 am တွင် တင်ခဲ့သည်
962 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟိုတယ်၊ မိုတယ် နှင့်တည်းခိုခန်းများတွင် လိုက်နာရန်အချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇွန်လဆန်းတွင် ထုတ်ပြန်သည်။

ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းများသည် ဧည့်သည်များကို ဝန်ဆောင်မှုပေးရခြင်းကြောင့် ဧည့်သည်နှင့် ဝန်ထမ်းကြား ထိတွေ့မှုများရှိ၍ ညွှန်ကြားချက်ကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ဟိုတယ်၊ တည်းခိုခန်းများ သည် ခရီးသွားများခေတ္တတည်းခိုနေထိုင်ခြင်းနှင့်အတူ အစားအသောက်များစီစဉ် ဆောင်ရွက် ပေးခြင်း၊ သန့်ရှင်းရေးဝန်ဆောင်မှုပေးခြင်း၊ လုပ်ငန်းများဆောင်ရွက်ခြင်းစသည့် ဝန်ဆောင်မှု လုပ်ငန်းများကိုပါ ဆောင်ရွက်ရ၍ ဧည့်သည်အချင်းချင်းကြား၊ ဧည့်သည်နှင့်ဝန်ထမ်းများကြား ထိတွေ့ဆက်သွယ်မှု ရှိနိုင်ခြင်း ကြောင့် အလေးထားရန်လိုအပ်သဖြင့် ထိုကဲ့သို့ လမ်းညွှန်ချက် များထုတ်ပြန်ခြင်းဖြစ်သည်။

ဝန်ထမ်းတစ်ဦးချင်းစီတိုင်း သည် COVID-19 ကာကွယ်ရေးအတွက် လက်ဆေးခြင်း၊ ခြောက် ပေအကွာ ခပ်ခွာခွာ နေထိုင်ခြင်း၊ မျက်လုံး၊ နှာခေါင်းနှင့်ပါးစပ်တို့ကို မကြာခဏကိုင်တွယ်မှုမှ ရှောင်ကြဉ်ခြင်း၊ နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း လိုက်နာရမည့် ကျင့်ဝတ်များအား လိုက်နာ ခြင်း၊ သံသယလက္ခဏာများခံ စားရပါက မိမိနေအိမ်တွင်သာ နေထိုင်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုခံယူခြင်းတို့ကို လိုက်နာရန်လိုအပ်ကြောင်း ဆို သည်။

ဧည့်လက်ခံကြိုဆိုရေးဌာန တွင် COVID-19 နှင့်ပတ်သက်သော ရောဂါကွယ်ရေးနည်းလမ်းများ၊ ဧည့်သည်များမှ မေးမြန်းလာပါက ဆေးရုံဆေးခန်း၊ဆေးဆိုင် နေရာများကို သတင်းအချက်အလက်ပေးခြင်းနှင့် ဧည့်သည်တစ်ဦး နာမကျန်းဖြစ်ပါကအကြောင်း ကြားနိုင်ရန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ၊ ကျန်းမာရေးစင်တာများ၊ အစိုးရနှင့်ပုဂ္ဂလိကဆေးရုံ ဖုန်းနံပါတ်များကို ပြုစုထားခြင်း၊ မိမိတို့ဝန်ထမ်းများနှင့် ဧည့်သည်များကြားတွင် လိုက်နာရမည့် ကျင့်ဝတ်များကို သိရှိနိုင်စေရန် ဆောင်ရွက်ထားခြင်းနှင့် နေမကောင်းသောဧည့်သည်ကို မှတ်တမ်းတင်ထားရန်လိုအပ်ပြီးတွေ့ ရှိပါက စီမံခန့်ခွဲမှုနှင့်ကျန်းမာရေး စောင့်ရှောက်မှုပေးသော ဌာန များသို့ သတင်းပေးပို့ရမည်ဖြစ် သည်။

နည်းပညာနှင့်ထိန်းသိမ်းမှု ဝန်ဆောင်ရာဌာနများမှ သုံးရေ နှင့်ရေကူးကန်အတွင်းရှိရေများကို ပိုးသတ်သန့်စင်ရာတွင် ပိုးသန့်စင်ဆေးပမာဏကို နိုင်ငံတကာစံသတ်မှတ်ချက်နှင့်အညီ ထိန်းသိမ်းထားခြင်း၊ ပန်းကန် ဆေးရန်နှင့် လျှော်ဖွပ်ရန်အသုံးပြု သည့် ပစ္စည်းကိရိယာများ၏အပူ ချိန်၊ အသုံးပြုရမည့်သန့်ရှင်းရေး နှင့် ပိုးသန့်ဆေးရည်များ၏ ပမာဏများမှန်ကန်မှုများရှိရန် ညွှန် ကြားထားသည်။

လေအေးပေးစက်များ၏ လေစစ်ဆန်ခါများအား ပုံမှန်စစ် ဆေးရန်နှင့် လေများ ဖယ်ထုတ် နိုင်မှုနှုန်းများကို ထိန်းသိမ်းခြင်း အပြင် ဧည့်သည်များ၊ ဝန်ထမ်း များအသုံးပြုသည့် အများသုံးရေ အိမ်များ၊ ထမင်းစားခန်းအဝင် စားသောက်ဆိုင်၊ဘားများစသည့် လူအများလာရောက်နိုင်သောနေ ရာများတွင် လက်ပိုးသတ်ဆေး ရည်စက်များ၊ လက်အခြောက်ခံ စက်များ၊ လက်သန့်ဆေးရည်နှင့် တစ်ခါသုံးတစ်ရှူးဘူးများကို ထား ရန်လိုအပ်သည်။

ဟိုတယ်တည်းခိုခန်းများရှိ စားသောက်ဆိုင်များ၊စားသောက် ခန်းမများနှင့်ဘားများမှ ဝန်ထမ်း များအား ကိုယ်ပူချိန်တိုင်းတာခြင်း ကို စနစ်တကျလေ့ကျင့်သင်ကြား ပေး၍ ဝန်ထမ်းများနှင့်စားသုံးသူ များကို စစ်ဆေးပေးရန် အလှည့် ကျတာဝန်ချထားခြင်း၊ ဧည့်သည် များစားသောက်ခန်းမအတွင်းသို့ မဝင်မီနှင့် ပြန်လည်ထွက်ခွာချိန် တွင် လက်ဆေးရန်အသိပေးခြင်း၊ ကိုယ်တိုင်ယူစနစ်(ဘူဖေး)အ စားအစာများကို ဆိုင်ဝန်ထမ်းက သာဝန်ဆောင်မှုပေးခြင်း၊ စားပွဲ မျက်နှာပြင်များ၊ ဧည့်သည်လက် နှင့် ထိတွေ့နိုင်သည့်အများသုံး ပစ္စည်းများကို အရက်ပြန်ဖြင့် မကြာခဏသန့်ရှင်းရေးလုပ်ခြင်း တို့ကိုလည်း လမ်းညွှန်ထားသည်။

ထို့အပြင် ကလေးများ၏ ကစားကွင်းနေရာများတွင် က လေးများကို စောင့်ရှောက်ရသူ များသည် ကလေးငယ်များအ သက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာပေါ်ပေါက်လာမှုရှိ၊မရှိ ကိုစောင့်ကြည့်ပြီး ကလေးမိဘ နှင့် သက်ဆိုင်သူများကို ချက်ချင်း သတင်းပို့ရန်၊ ကစားကွင်းများကို အထူးသန့်ရှင်းရေးဆောင်ရွက် ရန်နှင့် ပိုးသတ်ခြင်းတို့ကိုဆောင် ရွက်ရန်လည်း ပါရှိသည်။

ဝန်ထမ်းတစ်ဦးဦး (သို့မဟုတ်) ဧည့်သည်တစ်ဦးဦး ရောဂါကူးစက်ခံရလျှင် လိုက်နာရမည့်အချက်များကိုလည်း ပူးတွဲ ထုတ်ပြန်ထားသည်။ ဝန်ထမ်းသည် ရောဂါလက္ခဏာများဖြစ် ပေါ်လာပါက အလုပ်မှအနားယူ စေပြီး ကျန်းမာရေး စောင့်ရှောက်မှုခံယူစေရန်၊ ဧည့်သည် သည် ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက ဆက်လက်တည်းခိုခွင့် မပြုရန်၊ သက်ဆိုင်ရာကျန်းမာ ရေးဌာနမှလာရောက်သည်အထိ အခန်းတစ်ခုတွင် သီးသန့်ယာ ယီထားရှိရန်၊ သံသယလူနာအား လူနာတင်ယာဉ်ဖြင့် လွှဲပြောင်း ပေးပို့ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ် ပြန်ချက်များနှင့်အညီ ဆောင်ရွက်ရန်တို့ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service