ကိုရိုနာဗိုင်းရပ်စ်သည် တစ်ရက်လျှင် လူပေါင်းတစ်သိန်းကျော် ကူးစက်နေပြီး အလွန်လျင်မြန်သည့်နှုန်းဖြင့် ကူးစက်လျက်ရှိ

ကိုရိုနာဗိုင်းရပ်စ်သည် တစ်ရက်လျှင် လူပေါင်းတစ်သိန်းကျော် ကူးစက်နေပြီး အလွန်လျင်မြန်သည့်နှုန်းဖြင့် ကူးစက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
7 Jun 2020 12:43 pm တွင် တင်ခဲ့သည်
1117 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ယခင်ကထက် အလွန်လျင်မြန်နေပြီး ပြီးခဲ့သော ၇ ရက်အတွင်း ပျှမ်းမျှအားဖြင့် တစ်ရက်လျှင် လူပေါင်း ၁၀၀၀၀၀ ကျော် ကူးစက်ခံရလျက်ရှိသည်။

ဧပြီလအတွင်း ကူးစက်မှုမှာ တစ်ရက်လျှင် မည်သည့်အခါမျှ ၁၀၀,၀၀၀ မကျော်ခဲ့ချေ။ သို့သော် မေလ ၂၁ ရက်မှစတင်ပြီး တစ်ရက်လျှင် ကူးစက်ခံရသူ တစ်သိန်းအောက်ရှိသည့်ရက် ၅ ရက်သာ ရှိခဲ့ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် (Johns Hopkins University) မှ ထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြသည်။

ဇွန်လ ၃ ရက်နေ့တွင် ကူးစက်ခံရသူ ၁၃၀၄၀၀ အထိ ရှိခဲ့သည်။

ယခုကဲ့သို့ ကူးစက်ခံရသူ ပိုမိုများပြားစွာ တွေ့လာရခြင်းမှာ စစ်ဆေးနိုင်စွမ်း မြင့်တက်လာခြင်းကြောင့်လည်း တစိတ်တပိုင်း ပါဝင်နိုင်သည်။ သို့သော် နိုင်ငံများစွာတွင်မူ လုံလောက်စွာ စစ်ဆေးနိုင်ခြင်း မရှိသေးသည့်အတွက် အမှန်တကယ်ကူးစက်ခံရသူပမာဏ တိကျစွာ မပေါ်ပေါက်နိုင်သေးချေ။ ကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံအမျိုးမျိုးတွင် လမ်းကြောင်းအလားအလာအမျိုးမျိုး ဖြစ်ပေါ်နေသည်။

ရောဂါစတင်ပေါ်ပေါက်စဉ်က ဆိုးရွားစွာကူးစက်မှုများ ပေါ်ပေါက်ခဲ့သည့် တရုတ်၊ အမေရိကန်၊ ဗြိတိန်၊ အီတလီ၊ စပိန်နှင့် ပြင်သစ်တို့တွင် လူနာသစ်တွေ့ရှိရမှု ကျဆင်းသွားသည်။

သို့သော် တောင်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့တွင်ကား ကူးစက်နှုန်း အားကောင်းနေဆဲဖြစ်ကြောင်း ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်၏ အချက်အလက်များတွင် ဖော်ပြသည်။

လစ်ဗျား၊ အီရတ်၊ ယူဂန်ဒါ၊ မိုဇမ်ဘစ်နှင့် ဟေတီတို့တွင် ရက်သတ္တပတ်တိုင်း ကူးစက်နှုန်း ၂ ဆမြင့်တက်နေသည်။

ဘရာဇီး၊ အိန္ဒိယ၊ ချီလီ၊ ကိုလံဘီယာနှင့် တောင်အာဖရိက နိုင်ငံတို့တွင် ရက်သတ္တ ၂ ပတ်ကြာတိုင်း ကူးစက်ခံရသူ ၂ ဆ မြင့်တက်လာနေသည်။

“ရောဂါကူးစက်ခံရမှု အများဆုံးအဖြစ် အမေရိကန်က ဆက်လက်ရပ်တည်နေပါတယ်။ ရက်သတ္တပတ်များစွာအတွင်း အမေရိကန်မှာ နေ့စဉ် လူနာသစ်တွေ့ရှိရမှု ပမာဏဟာ ကျန်ကမ္ဘာ့နိုင်ငံတွေ အားလုံးပေါင်းထက် များပြားပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ပြောကြားသည်။

“အထူးသဖြင့် ကျွန်တော်တို့ဟာ ဗဟိုနဲ့ တောင်အမေရိကနိုင်ငံတွေအတွက် စိုးရိမ်ရပါတယ်။ အဲဒီကနိုင်ငံများစွာမှာ ရောဂါကူးစက်မှု အားကောင်းနေတာ တွေ့နေရပါတယ်”

WHO ၏ ကျန်းမာရေးအရေးပေါ်စီမံကိန်း အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မိုက်ခ် ရိုင်ယန်က ပြောကြားရာတွင် ဗဟိုအမေရိကနှင့် တောင်အမေရိကနိုင်ငံများသည် ကူးစက်မှုအထွတ်အထိပ်သို့ ရောက်ခဲ့ပြီဟု မိမိအနေဖြင့် မတွက်ဆသေးကြောင်း ပြောကြားသည်။

တောင်အမေရိကနှင့် ကာရစ်ဘီယံဒေသတို့တွင် သေဆုံးနှုန်းအားဖြင့်လည်း မြင့်တက်နေဆဲ ဖြစ်သည်။

ဘရာဇီးတွင် ကြာသပတေးနေ့က လူနာသစ် ၃၀၀၀၀ ကျော် တွေ့ရှိခဲ့ရာ စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၁၅၀၀၀ ခန့် ရှိခဲ့ပြီဖြစ်ပြီး သေဆံးသူ ၃၄၀၀၀ ကျော် ရှိသွားပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Confirmed coronavirus cases are rising faster than ever (CNN)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္သည္ တစ္ရက္လွ်င္ လူေပါင္းတစ္သိန္းေက်ာ္ ကူးစက္ေနျပီး အလြန္လ်င္ျမန္သည့္ႏႈန္းျဖင့္ ကူးစက္လ်က္ရွိ

ကမၻာတစ္ဝန္းတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ယခင္ကထက္ အလြန္လ်င္ျမန္ေနျပီး ျပီးခဲ့ေသာ ၇ ရက္အတြင္း ပွ်မ္းမွ်အားျဖင့္ တစ္ရက္လွ်င္ လူေပါင္း ၁၀၀၀၀၀ ေက်ာ္ ကူးစက္ခံရလ်က္ရွိသည္။

ဧျပီလအတြင္း ကူးစက္မႈမွာ တစ္ရက္လွ်င္ မည္သည့္အခါမွ် ၁၀၀,၀၀၀ မေက်ာ္ခဲ့ေခ်။ သို႔ေသာ္ ေမလ ၂၁ ရက္မွစတင္ျပီး တစ္ရက္လွ်င္ ကူးစက္ခံရသူ တစ္သိန္းေအာက္ရွိသည့္ရက္ ၅ ရက္သာ ရွိခဲ့ေၾကာင္း ဂၽြန္ေဟာ့ပ္ကင္းတကၠသိုလ္ (Johns Hopkins University) မွ ထုတ္ျပန္သည့္အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ဇြန္လ ၃ ရက္ေန႔တြင္ ကူးစက္ခံရသူ ၁၃၀၄၀၀ အထိ ရွိခဲ့သည္။

ယခုကဲ့သို႔ ကူးစက္ခံရသူ ပိုမိုမ်ားျပားစြာ ေတြ႔လာရျခင္းမွာ စစ္ေဆးႏိုင္စြမ္း ျမင့္တက္လာျခင္းေၾကာင့္လည္း တစိတ္တပိုင္း ပါဝင္ႏိုင္သည္။ သို႔ေသာ္ ႏိုင္ငံမ်ားစြာတြင္မူ လံုေလာက္စြာ စစ္ေဆးႏိုင္ျခင္း မရွိေသးသည့္အတြက္ အမွန္တကယ္ကူးစက္ခံရသူပမာဏ တိက်စြာ မေပၚေပါက္ႏိုင္ေသးေခ်။ ကိုရိုနာဗိုင္းရပ္စ္သည္ ႏိုင္ငံအမ်ဳိးမ်ဳိးတြင္ လမ္းေၾကာင္းအလားအလာအမ်ဳိးမ်ဳိး ျဖစ္ေပၚေနသည္။

ေရာဂါစတင္ေပၚေပါက္စဥ္က ဆိုးရြားစြာကူးစက္မႈမ်ား ေပၚေပါက္ခဲ့သည့္ တရုတ္၊ အေမရိကန္၊ ျဗိတိန္၊ အီတလီ၊ စပိန္ႏွင့္ ျပင္သစ္တို႔တြင္ လူနာသစ္ေတြ႔ရွိရမႈ က်ဆင္းသြားသည္။

သို႔ေသာ္ ေတာင္အေမရိက၊ အေရွ ႔အလယ္ပိုင္းႏွင့္ အာဖရိကတို႔တြင္ကား ကူးစက္ႏႈန္း အားေကာင္းေနဆဲျဖစ္ေၾကာင္း ဂၽြန္ေဟာ့ပ္ကင္း တကၠသိုလ္၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

လစ္ဗ်ား၊ အီရတ္၊ ယူဂန္ဒါ၊ မိုဇမ္ဘစ္ႏွင့္ ေဟတီတိုိ႔တြင္ ရက္သတၱပတ္တိုင္း ကူးစက္ႏႈန္း ၂ ဆျမင့္တက္ေနသည္။

ဘရာဇီး၊ အိႏိၵယ၊ ခ်ီလီ၊ ကိုလံဘီယာႏွင့္ ေတာင္အာဖရိက ႏိုင္ငံတို႔တြင္ ရက္သတၱ ၂ ပတ္ၾကာတိုင္း ကူးစက္ခံရသူ ၂ ဆ ျမင့္တက္လာေနသည္။

“ေရာဂါကူးစက္ခံရမႈ အမ်ားဆံုးအျဖစ္ အေမရိကန္က ဆက္လက္ရပ္တည္ေနပါတယ္။ ရက္သတၱပတ္မ်ားစြာအတြင္း အေမရိကန္မွာ ေန႔စဥ္ လူနာသစ္ေတြ႔ရွိရမႈ ပမာဏဟာ က်န္ကမၻာ့ႏိုင္ငံေတြ အားလံုးေပါင္းထက္ မ်ားျပားပါတယ္” ဟု ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) ၏ ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က ေျပာၾကားသည္။

“အထူးသျဖင့္ ကၽြန္ေတာ္တို႔ဟာ ဗဟိုနဲ႔ ေတာင္အေမရိကႏိုင္ငံေတြအတြက္ စိုးရိမ္ရပါတယ္။ အဲဒီကႏိုင္ငံမ်ားစြာမွာ ေရာဂါကူးစက္မႈ အားေကာင္းေနတာ ေတြ႔ေနရပါတယ္”

WHO ၏ က်န္းမာေရးအေရးေပၚစီမံကိန္း အမႈေဆာင္ဒါရိုက္တာ ေဒါက္တာ မိုက္ခ္ ရိုင္ယန္က ေျပာၾကားရာတြင္ ဗဟိုအေမရိကႏွင့္ ေတာင္အေမရိကႏိုင္ငံမ်ားသည္ ကူးစက္မႈအထြတ္အထိပ္သို႔ ေရာက္ခဲ့ျပီဟု မိမိအေနျဖင့္ မတြက္ဆေသးေၾကာင္း ေျပာၾကားသည္။

ေတာင္အေမရိကႏွင့္ ကာရစ္ဘီယံေဒသတို႔တြင္ ေသဆံုးႏႈန္းအားျဖင့္လည္း ျမင့္တက္ေနဆဲ ျဖစ္သည္။

ဘရာဇီးတြင္ ၾကာသပေတးေန႔က လူနာသစ္ ၃၀၀၀၀ ေက်ာ္ ေတြ႔ရွိခဲ့ရာ စုစုေပါင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၆၁၅၀၀၀ ခန္႔ ရွိခဲ့ျပီျဖစ္ျပီး ေသဆံးသူ ၃၄၀၀၀ ေက်ာ္ ရွိသြားျပီ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Confirmed coronavirus cases are rising faster than ever (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service