ဟင်းနုနွယ်တွင် ပါဝင်သော ဗိုက်တာမင် K ဓာတ် ချို့တဲ့သူများ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝေဒနာပြင်းထန်စွာခံစားကြရကြောင်း နယ်သာလန် သိပ္ပံပညာရှင်များ တွေ့ရှိ

ဟင်းနုနွယ်တွင် ပါဝင်သော ဗိုက်တာမင် K ဓာတ် ချို့တဲ့သူများ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝေဒနာပြင်းထန်စွာခံစားကြရကြောင်း နယ်သာလန် သိပ္ပံပညာရှင်များ တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
7 Jun 2020 12:13 pm တွင် တင်ခဲ့သည်
24606 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူများ (သို့မဟုတ်) အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ကုသခြင်းခံရသည့် လူနာများတွင် ဗိုက်တာမင် K ချို့တဲ့နေကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြသည်။

ဗိုက်တာမင် K သည် ဟင်းနုနွယ်၊ ဥအမျိုးမျိုးနှင့် ဒိန်ခဲတို့တွင် ပါဝင်သောကြောင့် စားသောက်မှုအလေ့အထများ ပြောင်းလဲခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးတွင် အရေးပါသည့်အဖြေ တစိတ်တပိုင်း ဖြစ်လာနိုင်ကြောင်း မျှော်လင့်ချက်များ ပေါ်ပေါက်လာသည်။

နယ်သာလန် သိပ္ပံပညာရှင်တို့သည် နယ်သာလန်နိုင်ငံ၊ Nijmegen မြို့ရှိ Canisius Wilhelmina ဆေးရုံသို့ တက်ရောက်ခဲ့ကြသည့် ကိုရိုနာဗိုင်းရပ်စ်လူနာများကို လေ့လာရာတွင် ဗိုက်တာမင် K ချို့တဲ့မှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝေဒနာပြင်းထန်စွာခံစားရမှုအကြား ဆက်နွှယ်နေကြောင်း တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

Covid-19 သည် သွေးခဲမှုများဖြစ်စေပြီး အဆုပ်များအတွင်းရှိ ဆန့်ကျုံ့သတ္တိရှိသော ဖိုက်ဘာတစ်သျှူးများ၏ အရည်အသွေးပျက်စီးစေခြင်း ဖြစ်ပေါ်စေသည်။

ဗိုက်တာမင် K ကို အစားအစာတို့အား အစာအိမ်နှင့် အူလမ်းကြောင်းတွင် ခြေဖျက်ရာမှတဆင့်ရရှိစေသည်။ ဗိုက်တာမင် K သည် သွေးခဲမှုများကို ထိန်းညှိပေးပြီး အဆုပ်ရောဂါဖြစ်စေခြင်းမှ ကာကွယ်ပေးနိုင်သော ပရိုတိန်းများ ထုတ်လုပ်ရာတွင် အရေးပါသည်။

နယ်သာလန် သိပ္ပံပညာရှင်များက ယခုအခါ စမ်းသပ်မှုများ ပြုလုပ်ရန်အတွက် ရန်ပုံငွေ ရှာဖွေလျက်ရှိသည်။ ယခုလေ့လာမှုတွင် ပါဝင်သူ သိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာ Rob Janssen က ပြောကြားရာတွင် ကနဦးတွေ့ရှိချက်များအရ သွေးကြဲဆေး သောက်သုံးနေရသည့် လူနာများမှ လွဲပြီး ဗိုက်တာမင် K ကို သောက်သုံးသင့်သည်ဟု ၎င်းအနေဖြင့် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ကြောက်မက်ဖွယ် ခြောက်ခြားစရာအခြေအနေနဲ့ ရင်ဆိုင်နှေရပါတယ်။ အခုကျွန်တော်တို့မှာ ဘေးထွက်ဆိုးကျိုးမရှိတဲ့အရာတစ်ခု ရထားပါပြီ။ ချွင်းချက်တစ်ခုတော့ ရှိပါတယ်။ သွေးမခဲဆေးတွေ သောက်သုံးနေရသူတွေကလွဲပြီး ကျန်တဲ့သူတွေမှာ လုံးဝဘေးကင်းပါတယ်”

“ကျွန်တော် အကြံပြုတာကတော့ ဗိုက်တာမင် K ကို ဖြည့်စွက်ဆေးအနေနဲ့ သောက်သုံးသင့်ပါတယ်။ ဒါက covid-19 အခြေအနေ ဆိုးရွားမှုကို အထောက်အကူမပေးဘူးဆိုရင်တောင်မှ သွေးကြောတွေ၊ အရိုးနဲ့ အဆုပ်တို့အတွက် ကောင်းကျိုးပြုပါတယ်”

“ဗိုက်တာမင် K1 နဲ့ K2 နှစ်မျိုးရှိပါတယ်။ K1 ကို ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ ဘလူးဘယ်ရီ၊ သစ်သီးအမျိုးမျိုးမှာ တွေ့ရပါတယ်။ ဗိုက်တာမင် K2 ကတော့ ခန္ဓာကိုယ်က ပိုပြီး စုပ်ယူနိုင်မှု ကောင်းပါတယ်။ ဒိန်ခဲတွေမှာ တွေ့ရပါတယ်”

“ဂျပန်ရိုးရာ စားစရာတစ်ခုဖြစ်တဲ့ နာတိုလို့ ခေါ်တဲ့ ပဲပုပ်ချဉ်မှာလည်း ဗိုက်တာမင် K2 အမျိုးအစားကြွယ်ဝပါတယ်။ လန်ဒန်မှာတုန်းက ကျွန်တော်ဟာ ဂျပန်သိပ္ပံပညာရှင် အမျိုးသမီးတစ်ဦးနဲ့ လက်တွဲအလုပ်လုပ်ခဲ့ဖူးတယ်။ သူပြောပြတာက ဂျပန်မှာ နာတိုစားသုံးမှု များပြားတဲ့ နေရာတွေရှိတဲ့အကြောင်း၊ အဲဒီဒေသတွေမှာ covid-19 နဲ့ သေဆုံးတဲ့သူ တစ်ဦးမှ မရှိတဲ့အကြောင်း ပြောပြဖူးပါတယ်” ဟု ဒေါက်တာ Janssen က ပြောကြားသည်။

ယခုလေ့လာမှုကို ဥရောပ၏ နှလုံးနှင့် သွေးကြောဆိုင်ရာ သုတေသနပြုလုပ်သည့် အကြီးမားဆုံးဌာနတစ်ခုဖြစ်သော Cardiovascular Research Institute Maastricht နှင့် ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Vitamin K found in some cheeses could help fight Covid-19, study suggests (The Guardian )

[Zawgyi]

ဟင္းႏုႏြယ္တြင္ ပါဝင္ေသာ ဗိုက္တာမင္ K ဓာတ္ ခ်ဳိ ႔တဲ့သူမ်ား ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေဝဒနာျပင္းထန္စြာခံစားၾကရေၾကာင္း နယ္သာလန္ သိပၸံပညာရွင္မ်ား ေတြ႔ရွိ

ကိုရိုနာဗိုင္းရပ္စ္ျဖင့္ ေသဆံုးသူမ်ား (သို႔မဟုတ္) အထူးၾကပ္မတ္ကုသေဆာင္သို႔ ပို႔ေဆာင္ကုသျခင္းခံရသည့္ လူနာမ်ားတြင္ ဗိုက္တာမင္ K ခ်ဳိ ႔တဲ့ေနေၾကာင္း သိပၸံပညာရွင္မ်ား ေတြ႔ရွိခဲ့ၾကသည္။

ဗိုက္တာမင္ K သည္ ဟင္းႏုႏြယ္၊ ဥအမ်ဳိးမ်ဳိးႏွင့္ ဒိန္ခဲတို႔တြင္ ပါဝင္ေသာေၾကာင့္ စားေသာက္မႈအေလ့အထမ်ား ေျပာင္းလဲျခင္းသည္ ကိုရိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္ေရးတြင္ အေရးပါသည့္အေျဖ တစိတ္တပိုင္း ျဖစ္လာႏိ္ုင္ေၾကာင္း ေမွ်ာ္လင့္ခ်က္မ်ား ေပၚေပါက္လာသည္။

နယ္သာလန္ သိပၸံပညာရွင္တို႔သည္ နယ္သာလန္ႏိုင္ငံ၊ Nijmegen ျမိဳ ႔ရွိ Canisius Wilhelmina ေဆးရံုသို႔ တက္ေရာက္ခဲ့ၾကသည့္ ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားကို ေလ့လာရာတြင္ ဗိုက္တာမင္ K ခ်ဳိ ႔တဲ့မႈႏွင့္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေဝဒနာျပင္းထန္စြာခံစားရမႈအၾကား ဆက္ႏႊယ္ေနေၾကာင္း ေတြ႔ရွိခဲ့ၾကျခင္း ျဖစ္သည္။

Covid-19 သည္ ေသြးခဲမႈမ်ားျဖစ္ေစျပီး အဆုပ္မ်ားအတြင္းရွိ ဆန္႔က်ံဳ ႔သတၱိရွိေသာ ဖိုက္ဘာတစ္သွ်ဴးမ်ား၏ အရည္အေသြးပ်က္စီးေစျခင္း ျဖစ္ေပၚေစသည္။

ဗိုက္တာမင္ K ကို အစားအစာတို႔အား အစာအိမ္ႏွင့္ အူလမ္းေၾကာင္းတြင္ ေျခဖ်က္ရာမွတဆင့္ရရွိေစသည္။ ဗိုက္တာမင္ K သည္ ေသြးခဲမႈမ်ားကို ထိန္းညွိေပးျပီး အဆုပ္ေရာဂါျဖစ္ေစျခင္းမွ ကာကြယ္ေပးႏိုင္ေသာ ပရိုတိန္းမ်ား ထုတ္လုပ္ရာတြင္ အေရးပါသည္။

နယ္သာလန္ သိပၸံပညာရွင္မ်ားက ယခုအခါ စမ္းသပ္မႈမ်ား ျပဳလုပ္ရန္အတြက္ ရန္ပံုေငြ ရွာေဖြလ်က္ရွိသည္။ ယခုေလ့လာမႈတြင္ ပါဝင္သူ သိပၸံပညာရွင္တစ္ဦးျဖစ္သည့္ ေဒါက္တာ Rob Janssen က ေျပာၾကားရာတြင္ ကနဦးေတြ႔ရွိခ်က္မ်ားအရ ေသြးၾကဲေဆး ေသာက္သံုးေနရသည့္ လူနာမ်ားမွ လြဲျပီး ဗိုက္တာမင္ K ကို ေသာက္သံုးသင့္သည္ဟု ၎အေနျဖင့္ တိုက္တြန္းလိုေၾကာင္း ေျပာၾကားသည္။

“ကၽြႏ္ေတာ္တို႔ဟာ ကမၻာေပၚမွာ ေၾကာက္မက္ဖြယ္ ေျခာက္ျခားစရာအေျခအေနနဲ႔ ရင္ဆိုင္ေနွရပါတယ္။ အခုကၽြန္ေတာ္တို႔မွာ ေဘးထြက္ဆိုးက်ဳိးမရွိတဲ့အရာတစ္ခု ရထားပါျပီ။ ခၽြင္းခ်က္တစ္ခုေတာ့ ရွိပါတယ္။ ေသြးမခဲေဆးေတြ ေသာက္သံုးေနရသူေတြကလြဲျပီး က်န္တဲ့သူေတြမွာ လံုးဝေဘးကင္းပါတယ္”

“ကၽြန္ေတာ္ အၾကံျပဳတာကေတာ့ ဗိုက္တာမင္ K ကို ျဖည့္စြက္ေဆးအေနနဲ႔ ေသာက္သံုးသင့္ပါတယ္။ ဒါက covid-19 အေျခအေန ဆိုးရြားမႈကို အေထာက္အကူမေပးဘူးဆိုရင္ေတာင္မွ ေသြးေၾကာေတြ၊ အရိုးနဲ႔ အဆုပ္တို႔အတြက္ ေကာင္းက်ဳိးျပဳပါတယ္”

“ဗိုက္တာမင္ K1 နဲ႔ K2 ႏွစ္မ်ဳိးရွိပါတယ္။ K1 ကို ဟင္းႏုႏြယ္၊ ပန္းေဂၚဖီစိမ္း၊ အစိမ္းေရာင္ဟင္းသီးဟင္းရြက္၊ ဘလူးဘယ္ရီ၊ သစ္သီးအမ်ဳိးမ်ဳိးမွာ ေတြ႔ရပါတယ္။ ဗိုက္တာမင္ K2 ကေတာ့ ခႏၶာကိုယ္က ပိုျပီး စုပ္ယူႏိုင္မႈ ေကာင္းပါတယ္။ ဒိန္ခဲေတြမွာ ေတြ႔ရပါတယ္”

“ဂ်ပန္ရိုးရာ စားစရာတစ္ခုျဖစ္တဲ့ နာတိုလို႔ ေခၚတဲ့ ပဲပုပ္ခ်ဥ္မွာလည္း ဗိုက္တာမင္ K2 အမ်ဳိးအစားၾကြယ္ဝပါတယ္။ လန္ဒန္မွာတုန္းက ကၽြန္ေတာ္ဟာ ဂ်ပန္သိပံၸပညာရွင္ အမ်ဳိးသမီးတစ္ဦးနဲ႔ လက္တြဲအလုပ္လုပ္ခဲ့ဖူးတယ္။ သူေျပာျပတာက ဂ်ပန္မွာ နာတိုစားသံုးမႈ မ်ားျပားတဲ့ ေနရာေတြရွိတဲ့အေၾကာင္း၊ အဲဒီေဒသေတြမွာ covid-19 နဲ႔ ေသဆံုးတဲ့သူ တစ္ဦးမွ မရွိတဲ့အေၾကာင္း ေျပာျပဖူးပါတယ္” ဟု ေဒါက္တာ Janssen က ေျပာၾကားသည္။

ယခုေလ့လာမႈကို ဥေရာပ၏ ႏွလံုးႏွင့္ ေသြးေၾကာဆိုင္ရာ သုေတသနျပဳလုပ္သည့္ အၾကီးမားဆံုးဌာနတစ္ခုျဖစ္ေသာ Cardiovascular Research Institute Maastricht ႏွင့္ ပူးေပါင္းကာ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Vitamin K found in some cheeses could help fight Covid-19, study suggests (The Guardian )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service