ကမ္ဘာတစ်လွှားမှ လူမနေသော ခြောက်ခြားဖွယ်စံအိမ်ကြီးများ

ကမ္ဘာတစ်လွှားမှ လူမနေသော ခြောက်ခြားဖွယ်စံအိမ်ကြီးများ - Property News in Myanmar from iMyanmarHouse.com
5 Jun 2020 12:39 pm တွင် တင်ခဲ့သည်
1182 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာတစ်လွှားတွင် တစ်ချိန်က သိုက်မြိုက်ခမ်းနားခဲ့ပြီး ယခုအခါ ခြောက်ခြားဖွယ်အတိဖြစ်နေသည့် စံအိမ်ကြီးများ များစွာရှိနေသည်။

ကျိုးပဲ့နေသော ပြတင်းပေါက်များ၊ ပျက်စီးနေသော အမိုးများ၊ ပြိုကျပျက်စီးနေသော အုတ်နံရံများဖြင့် အဆောက်အအုံတို့၏ မြင်ကွင်းမှာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်သည်။

အဆိုပါစံအိမ်ကြီးများသည် ကျူးကျော်နေထိုင်သူများနှင့် တိရ စ္ဆာန်များ ခြေချရာနေရာ ဖြစ်လာသည်။

၁။ Mudhouse လမ်း

အမေရိကန်ပြည်ထောင်စု၊ ဖဲရ်ဖီးခရိုင်၊ လန်ကက်စ်တာမြို့၊ Mudhouse လမ်းပေါ်တွင် တစ်ချိန်က အလွန်ကြီးကျယ်ခမ်းနားခဲ့သော စံအိမ်ကြီးတစ်လုံးရှိသည်။

မူလပိုင်ဆိုင်ခဲ့သည်မှာ အေဘရာဟမ် ကာဂျီနှင့် ဟင်နရီ ဘိုင်လာဆိုသူတို့ဖြစ်ပြီး နောက်ပိုင်းတွင် ခရစ္စတီယန် ရုချ်နှင့် အယ်လီနာ ရုဂျ်တို့ စုံတွဲထံ ရောင်းချခဲ့သည်။

စံအိမ်ကြီးကို စတင်ဆောက်လုပ်ခဲ့သည်မှာ ၁၈၇၅ ခုနှစ်တွင်ဖြစ်သည်။

၁၉၁၉ ခုနှစ်တွင်ကား ဟင်နရီ ဟာ့ထ်မန်းနှင့် မာသာဟာ့ထ်မန်းတို့ ဇနီးမောင်နှံထံ ရောင်းချလိုက်ပြန်သည်။

၁၉၃၀ ပြည့်နှစ်တွင် ဟင်နရီ ဟာ့ထ်မန်း ကွယ်လွန်ပြီးနောက်ပိုင်း သမီးဖြစ်သူ လူလူဟာ့ထ်မန်းမတ်စ်က အမွေဆက်ခံခဲ့ပြီး ယနေ့အထိ လူလူဟာ့ထ်မန်း၏ မိသားစုများ ဆက်လက်ပိုင်ဆိုင်ထားသည်။

အဆိုပါအိမ်ကြီးတွင် လူသတ်မှုများစွာ ပေါ်ပေါက်ခဲ့ပြီး ကလေးငယ်များ အသတ်ခံခဲ့ရရာ နေထိုင်သူမရှိဘဲ လူသူကင်းမဲ့သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဒေသခံများက ပြောကြားရာတွင် လူလူဟာ့ထ်မန်းမိသားစု၏ စံအိမ်ကြီးမှာ အလွန်သရဲခြောက်သည်ဟု ဆိုသည်။

၁၉၃၀ ပြည့်လွန်ကာလများကတည်းက လူနေခြင်းမရှိတော့သော်လည်း ပိုင်ရှင်တို့က အဆိုပါစံအိမ်ကြီးကို အစောင့်ချထားပြီး ကျူးကျော်ဝင်ရောက်သူများ တွေ့ရှိပါက တရားစွဲမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် အမိုးနှင့် အခြားသော အတွင်းပိုင်းပစ္စည်းအချို့ကို မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း နေအိမ်ကြီးတစ်ခုလုံး မီးမသင့်အောင် ကာကွယ်နိုင်ခဲ့သည်။

လူလူဟာ့ထ်မန်း မိသားစုကမူ ရောင်းချရန် အမြဲငြင်းပယ်လေ့ရှိသည်။ ၎င်းတို့ကပြောကြားရာတွင် စံအိမ်ကြီးကို လူနေထိုင်နိုင်သည့် စံချိန်စံညွှန်းများ ပြည့်မီအောင် ပြန်လည်မွမ်းမံမည်ဆိုပါက ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျမည်ဖြစ်ကြောင်း ပြောကြားသည်။

စံအိမ်ကြီးတွင် လျှပ်စစ်သွယ်တန်းထားသည့်နေရာအနည်းငယ်သာရှိပြီး ရေပိုက်စနစ် မပါဝင်ချေ။

၂။ ကမ်ဘတ်စ်နသန် စံအိမ်

စကော့တလန်နိုင်ငံ၊ မြောက်ပိုင်း လာနာ့ခ်ရှိုင်းယား နယ်မြေတွင် လူသူနေထိုင်ခြင်းမရှိဘဲ စွန့်ပစ်ထားသော စံအိမ်ကြီးတစ်လုံး တည်ရှိနေသည်။

ဂေါ့သစ် ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ၁၈၂၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကမ်ဘတ်စ်နသန်စံအိမ်ဟု ခေါ်ကြသည်။

မူလတည်ရှိခဲ့သော နော်မန်ခေတ် တာဝါကြီးနှင့် စံအိမ်ကို ၁၈၁၆ ခုနှစ်အတွင်း မီးလောင်ခဲ့ပြီးနောက် ယခုစံအိမ်ကို အစားထိုးဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

မူလစံအိမ်တွင် ပန်းသီးခြံများဖြင့် ဝန်းပတ်နေခဲ့သည်။ စံအိမ်ကြီးတွင် ဥယျာဉ်မှူးအဖြစ် လုပ်ကိုင်ခဲ့သူ မစ္စတာ ပါတန်သည် ၁၇၇၀ ပြည့်လွန် အလယ်ပိုင်းကာလများတွင် Cambusnethan Pippin ဟုခေါ်သည့် ပန်းသီးမျိုးစိတ်သစ်ကို စိုက်ပျိုးထုတ်လုပ်ခဲ့သည်ဟူသော ပြောဆိုမှုများလည်း ရှိသည်။

ပိုင်ရှင်များမှာ Lockhart မိသားစုဖြစ်သည်။ ၁၉၈၄ ခုနှစ်တွင် စံအိမ်အတွင်း မီးမလောင်မီအထိ လူနေထိုင်ခဲ့မှုများရှိသည်။

စကော့တလန် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ The Scottish Civic Trust က ၂၀၁၄ ခုနှစ်၊ မတ်လတွင် ကမ်ဘတ်စ်နသန်စံအိမ်ကို လူနေရန်အန္တရာယ်ရှိသော စံအိမ်အဖြစ် သတ်မှတ်ခဲ့သည်။

၃။ မီရန်ဒါ ရဲတိုက်

ဘယ်လ်ဂျီယမ်နိုင်ငံတွင် ၁၈၆၆ ခုနှစ်က ဆောက်လုပ်ခဲ့သော မီရန်ဒါအမည်ရှိ ရဲတိုက်ကြီး တည်ရှိသည်။

ရဲတိုက်ကြီးကို ဆောက်လုပ်ပေးသည့် ဗိသုကာပညာရှင်မှာ အင်္ဂလန်နိုင်ငံသား အက်ဒ်ဝါ့ မီလ်နာဖြစ်ပြီး ရဲတိုက်ကြီး အပြီးမသတ်မီတွင် ပင် ကွယ်လွန်သွားခဲ့သည်။

ယင်းနောက် ပြင်သစ်ဗိသုကာပညာရှင် Pelchner က ၁၉၀၃ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်ပေးခဲ့သည်ဟု ဆိုသည်။

ရဲတိုက်ကြီးကို ပိုင်ဆိုင်သည့် Liedekerke-De Beaufort မိသားစုသည် ပြင်သစ်တော်လှန်ရေးတွင် ပြင်သစ်မှ ထွက်ပြေးကာ ဘယ်လ်ဂျီယံတွင် အခြေချနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့ မိသားစုသည် ဒုတိယကမ္ဘာစစ်အထိ အဆိုပါရဲတိုက်ကြီးတွင် နေထိုင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီး အပြီးသတ်ခါနီး ဟစ်တလာ အားကုန်သုံး တိုက်ခိုက်ခဲ့သည့် Battle of the Bulge ဟူသော တိုက်ပွဲကြီးတွင် မီရန်ဒါရဲတိုက်မှာ ရှေ့တန်းစစ်မျက်နှာအတွင်း ရောက်ရှိနေခဲ့သည်။ နာဇီတပ်များက ရဲတိုက်ကြီးကို သိမ်းယူလိုက်ရာ Liedekerke-De Beaufort မိသားစုမှာ ထွက်ပြေးရပြန်သည်။

၁၉၅၀ ပြည့်နှစ်တွင် ဘယ်လ်ဂျီယံ အမျိုးသား မီးရထားကုမ္ပဏီက ရဲတိုက်ကြီးကို ရယူလိုက်ပြီး မိဘမဲ့များနှင့် ကျန်းမာရေးမကောင်းသည့် ကလေးငယ်များကို ၁၉၇၀ ပြည့်လွန်ကာလများအထိ ထားရှိစောင့်ရှောက်ခဲ့သည်။

ရဲတိုက်ကြီးမှာ မွမ်းမံထိန်းသိမ်းစရိတ် အလွန်ကြီးမားသောကြောင့် ၁၉၉၁ ခုနှစ်တွင် လူသူကင်းမဲ့သွားပြန်သည်။

Celles မြို့စည်ပင်သာယာအဖွဲ့က ရဲတိုက်ကြီးကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း ပြောကြားကြသော်လည်း ပိုင်ရှင်များက ရောင်းချရန် ငြင်းပယ်ခဲ့သည်။

၄။ ထိုင်ဝမ်မှ လျူမိသားစုစံအိမ်

ဝင်း ၃ ဝင်းစံအိမ် (Three-Courtyard Mansion) ဟု အမည်ပေးထားသည့် ထိုင်ဝမ်မှ စံအိမ်ကြီးကို ၁၉၂၉ ခုနှစ်တွင် လီဘင်ယွမ်မိသားစုက ထိုင်ဝမ်ရှိ ဘန်းချောင်အရပ်တွင် ဆောက်လုပ်ခဲ့ပြီး မိသားစုစံအိမ်အဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်၊ ချန်ကျိုးဒေသမှ ပြောင်းရွှေ့လာသူတို့၏ ခေါင်းဆောင်များဖြစ်သည့် လီဘင်ယွမ်မိသားစုသည် ထိုင်ဝမ်ကို ဂျပန်တို့ သိမ်းပိုက်ထားသည့် ကာလကုန်ဆုံးချိန် ၁၉၅၀ ပြည့်လွန်ကာလများအထိ အဆိုပါစံအိမ်ကြီးတွင် နေထိုင်ခဲ့ကြသည်။

ယင်းစံအိမ်ကြီးတွင် အစေခံတစ်ဦး အဆုံးစီရင်သွားမှုအပါအဝင် ထိုင်ဝမ်ကို ဂျပန်တို့သိမ်းပိုက်ထားစဉ်ကာလအတွင်း ဂျပန်စစ်သားများသည် အဆိုပါစံအိမ်ကို ဝင်ရောက်နေထိုင်ကြရာ စံအိမ်တွင်ဖြစ်ပွားသည့်တိုက်ပွဲတစ်ခုတွင် ဂျပန်စစ်သားများ သေဆုံးသွားခဲ့မှုများ ဖြစ်ပွားခဲ့သည်။

ယင်းနောက်ပိုင်းကတည်းက စံအိမ်ကြီးတွင် သရဲခြောက်သည့် ဖြစ်ရပ်များ ကြုံတွေ့လာခဲ့ရသည်။ စံအိမ်ကြီးမှာ လူသူကင်းမဲ့သွားခဲ့ပြီး သစ်ပင်များ၊ ခြုံတောများ ကြီးစိုးလာသည်။

စံအိမ်ကြီးတည်ရှိရာနေရာမှာ လာရောက်လည်ပတ်သူ များပြားသည့်ဒေသဖြစ်ခြင်းကြောင့် အကွက်မြင်သော လုပ်ငန်းရှင်တစ်ဦးက စံအိမ်ကြီးနှင့် ကပ်လျက်တွင် “သရဲခြောက်သော ကော်ဖီဆိုင်” ဟူသောအမည်ဖြင့် ကော်ဖီဆိုင်တစ်ခု ဖွင့်လှစ်ခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The creepiest abandoned mansions in the world (thevintagenews)

 

[Zawgyi]

ကမၻာတစ္လႊားမွ လူမေနေသာ ေျခာက္ျခားဖြယ္စံအိမ္ၾကီးမ်ား

ကမၻာတစ္လႊားတြင္ တစ္ခ်ိန္က သိုက္ျမိဳက္ခမ္းနားခဲ့ျပီး ယခုအခါ ေျခာက္ျခားဖြယ္အတိျဖစ္ေနသည့္ စံအိမ္ၾကီးမ်ား မ်ားစြာရွိေနသည္။

က်ဳိးပဲ့ေနေသာ ျပတင္းေပါက္မ်ား၊ ပ်က္စီးေနေသာ အမိုးမ်ား၊ ျပိဳက်ပ်က္စီးေနေသာ အုတ္နံရံမ်ားျဖင့္ အေဆာက္အအံုတို႔၏ ျမင္ကြင္းမွာ စိတ္မခ်မ္းေျမ႕ဖြယ္ရာ ျဖစ္သည္။

အဆိုပါစံအိမ္ၾကီးမ်ားသည္ က်ဴးေက်ာ္ေနထိုင္သူမ်ားႏွင့္ တိရ စၦာန္မ်ား ေျခခ်ရာေနရာ ျဖစ္လာသည္။

၁။ Mudhouse လမ္း

အေမရိကန္ျပည္ေထာင္စု၊ ဖဲရ္ဖီးခရိုင္၊ လန္ကက္စ္တာျမိဳ႕၊ Mudhouse လမ္းေပၚတြင္ တစ္ခ်ိန္က အလြန္ၾကီးက်ယ္ခမ္းနားခဲ့ေသာ စံအိမ္ၾကီးတစ္လံုးရွိသည္။

မူလပိုင္ဆိုင္ခဲ့သည္မွာ ေအဘရာဟမ္ ကာဂ်ီႏွင့္ ဟင္နရီ ဘိုင္လာဆိုသူတို႔ျဖစ္ျပီး ေနာက္ပိုင္းတြင္ ခရစၥတီယန္ ရုခ်္ႏွင့္ အယ္လီနာ ရုဂ်္တို႔ စံုတြဲထံ ေရာင္းခ်ခဲ့သည္။

စံအိမ္ၾကီးကို စတင္ေဆာက္လုပ္ခဲ့သည္မွာ ၁၈၇၅ ခုႏွစ္တြင္ျဖစ္သည္။

၁၉၁၉ ခုႏွစ္တြင္ကား ဟင္နရီ ဟာ့ထ္မန္းႏွင့္ မာသာဟာ့ထ္မန္းတို႔ ဇနီးေမာင္ႏွံထံ ေရာင္းခ်လိုက္ျပန္သည္။

၁၉၃၀ ျပည့္ႏွစ္တြင္ ဟင္နရီ ဟာ့ထ္မန္း ကြယ္လြန္ျပီးေနာက္ပိုင္း သမီးျဖစ္သူ လူလူဟာ့ထ္မန္းမတ္စ္က အေမြဆက္ခံခဲ့ျပီး ယေန႔အထိ လူလူဟာ့ထ္မန္း၏ မိသားစုမ်ား ဆက္လက္ပိုင္ဆိုင္ထားသည္။

အဆိုပါအိမ္ၾကီးတြင္ လူသတ္မႈမ်ားစြာ ေပၚေပါက္ခဲ့ျပီး ကေလးငယ္မ်ား အသတ္ခံခဲ့ရရာ ေနထိုင္သူမရွိဘဲ လူသူကင္းမဲ့သြားသည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ျပီျဖစ္သည္။

ေဒသခံမ်ားက ေျပာၾကားရာတြင္ လူလူဟာ့ထ္မန္းမိသားစု၏ စံအိမ္္ၾကီးမွာ အလြန္သရဲေျခာက္သည္ဟု ဆိုသည္။

၁၉၃၀ ျပည့္လြန္ကာလမ်ားကတည္းက လူေနျခင္းမရွိေတာ့ေသာ္လည္း ပိုင္ရွင္တို႔က အဆိုပါစံအိမ္ၾကီးကို အေစာင့္ခ်ထားျပီး က်ဴးေက်ာ္ဝင္ေရာက္သူမ်ား ေတြ႔ရွိပါက တရားစြဲမႈမ်ားျပဳလုပ္ခဲ့သည္ဟု ဆိုသည္။

ေနာက္ပိုင္းတြင္ အမိုးႏွင့္ အျခားေသာ အတြင္းပိုင္းပစၥည္းအခ်ဳိ႕ကို မီးေလာင္မႈျဖစ္ပြားခဲ့ေသာ္လည္း ေနအိမ္ၾကီးတစ္ခုလံုး မီးမသင့္ေအာင္ ကာကြယ္ႏိုင္ခဲ့သည္။

လူလူဟာ့ထ္မန္း မိသားစုကမူ ေရာင္းခ်ရန္ အျမဲျငင္းပယ္ေလ့ရွိသည္။ ၎တို႔ကေျပာၾကားရာတြင္ စံအိမ္ၾကီးကို လူေနထိုင္ႏိုင္သည့္ စံခ်ိန္စံညႊန္းမ်ား ျပည့္မီေအာင္ ျပန္လည္မြမ္းမံမည္ဆိုပါက ေဒၚလာ သန္းေပါင္းမ်ားစြာ ကုန္က်မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

စံအိမ္ၾကီးတြင္ လွ်ပ္စစ္သြယ္တန္းထားသည့္ေနရာအနည္းငယ္သာရွိျပီး ေရပိုက္စနစ္ မပါဝင္ေခ်။

၂။ ကမ္ဘတ္စ္နသန္ စံအိမ္

စေကာ့တလန္ႏိုင္ငံ၊ ေျမာက္ပိုင္း လာနာ့ခ္ရႈိင္းယား နယ္ေျမတြင္ လူသူေနထိုင္ျခင္းမရွိဘဲ စြန္႔ပစ္ထားေသာ စံအိမ္ၾကီးတစ္လံုး တည္ရွိေနသည္။

ေဂါ့သစ္ ရီဗိုက္ဗယ္လ္ဗိသုကာဟန္ျဖင့္ ၁၈၂၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ကမ္ဘတ္စ္နသန္စံအိမ္ဟု ေခၚၾကသည္။

မူလတည္ရွိခဲ့ေသာ ေနာ္မန္ေခတ္ တာဝါၾကီးႏွင့္ စံအိမ္ကို ၁၈၁၆ ခုႏွစ္အတြင္း မီးေလာင္ခဲ့ျပီးေနာက္ ယခုစံအိမ္ကို အစားထိုးေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

မူလစံအိမ္တြင္ ပန္းသီးျခံမ်ားျဖင့္ ဝန္းပတ္ေနခဲ့သည္။ စံအိမ္ၾကီးတြင္ ဥယ်ာဥ္မွဴးအျဖစ္ လုပ္ကိုင္ခဲ့သူ မစၥတာ ပါတန္သည္ ၁၇၇၀ ျပည့္လြန္ အလယ္ပိုင္းကာလမ်ားတြင္ Cambusnethan Pippin ဟုေခၚသည့္ ပန္းသီးမ်ဳိးစိတ္သစ္ကို စိုက္ပ်ဳိးထုတ္လုပ္ခဲ့သည္ဟူေသာ ေျပာဆိုမႈမ်ားလည္း ရွိသည္။

ပိုင္ရွင္မ်ားမွာ Lockhart မိသားစုျဖစ္သည္။ ၁၉၈၄ ခုႏွစ္တြင္ စံအိမ္အတြင္း မီးမေလာင္မီအထိ လူေနထိုင္ခဲ့မႈမ်ားရွိသည္။

စေကာ့တလန္ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္အေဆာက္အအံုမ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔ The Scottish Civic Trust က ၂၀၁၄ ခုႏွစ္၊ မတ္လတြင္ ကမ္ဘတ္စ္နသန္စံအိမ္ကို လူေနရန္အႏၱရာယ္ရွိေသာ စံအိမ္အျဖစ္ သတ္မွတ္ခဲ့သည္။

၃။ မီရန္ဒါ ရဲတိုက္

ဘယ္လ္ဂ်ီယမ္ႏိုင္ငံတြင္ ၁၈၆၆ ခုႏွစ္က ေဆာက္လုပ္ခဲ့ေသာ မီရန္ဒါအမည္ရွိ ရဲတိုက္ၾကီး တည္ရွိသည္။

ရဲတိုက္ၾကီးကို ေဆာက္လုပ္ေပးသည့္ ဗိသုကာပညာရွင္မွာ အဂၤလန္ႏိုင္ငံသား အက္ဒ္ဝါ့ မီလ္နာျဖစ္ျပီး ရဲတိုက္ၾကီး အျပီးမသတ္မီတြင္ ပင္ ကြယ္လြန္သြားခဲ့သည္။

ယင္းေနာက္ ျပင္သစ္ဗိသုကာပညာရွင္ Pelchner က ၁၉၀၃ ခုႏွစ္တြင္ အျပီးသတ္ ေဆာက္လုပ္ေပးခဲ့သည္ဟု ဆိုသည္။

ရဲတိုက္ၾကီးကို ပိုင္ဆိုင္သည့္ Liedekerke-De Beaufort မိသားစုသည္ ျပင္သစ္ေတာ္လွန္ေရးတြင္ ျပင္သစ္မွ ထြက္ေျပးကာ ဘယ္လ္ဂ်ီယံတြင္ အေျခခ်ေနထုိင္ခဲ့ၾကျခင္း ျဖစ္သည္။

၎တို႔ မိသားစုသည္ ဒုတိယကမၻာစစ္အထိ အဆိုပါရဲတိုက္ၾကီးတြင္ ေနထိုင္ခဲ့ၾကသည္။ ဒုတိယကမၻာစစ္ၾကီး အျပီးသတ္ခါနီး ဟစ္တလာ အားကုန္သံုး တိုက္ခိုက္ခဲ့သည့္ Battle of the Bulge ဟူေသာ တိုက္ပြဲၾကီးတြင္ မီရန္ဒါရဲတိုက္မွာ ေရွ႕တန္းစစ္မ်က္ႏွာအတြင္း ေရာက္ရွိေနခဲ့သည္။ နာဇီတပ္မ်ားက ရဲတိုက္ၾကီးကို သိမ္းယူလိုက္ရာ Liedekerke-De Beaufort မိသားစုမွာ ထြက္ေျပးရျပန္သည္။

၁၉၅၀ ျပည့္ႏွစ္တြင္ ဘယ္လ္ဂ်ီယံ အမ်ဳိးသား မီးရထားကုမၸဏီက ရဲတိုက္ၾကီးကို ရယူလိုက္ျပီး မိဘမဲ့မ်ားႏွင့္ က်န္းမာေရးမေကာင္းသည့္ ကေလးငယ္မ်ားကို ၁၉၇၀ ျပည့္လြန္ကာလမ်ားအထိ ထားရွိေစာင့္ေရွာက္ခဲ့သည္။

ရဲတိုက္ၾကီးမွာ မြမ္းမံထိန္းသိမ္းစရိတ္ အလြန္ၾကီးမားေသာေၾကာင့္ ၁၉၉၁ ခုႏွစ္တြင္ လူသူကင္းမဲ့သြားျပန္သည္။

Celles ျမိဳ ႔စည္ပင္သာယာအဖြဲ႔က ရဲတိုက္ၾကီးကို ဝယ္ယူရန္ စိတ္ဝင္စားေၾကာင္း ေျပာၾကားၾကေသာ္လည္း ပိုင္ရွင္မ်ားက ေရာင္းခ်ရန္ ျငင္းပယ္ခဲ့သည္။

၄။ ထိုင္ဝမ္မွ လ်ဴမိသားစုစံအိမ္

ဝင္း ၃ ဝင္းစံအိမ္ (Three-Courtyard Mansion) ဟု အမည္ေပးထားသည့္ ထိုင္ဝမ္မွ စံအိမ္ၾကီးကို ၁၉၂၉ ခုႏွစ္တြင္ လီဘင္ယြမ္မိသားစုက ထိုင္ဝမ္ရွိ ဘန္းေခ်ာင္အရပ္တြင္ ေဆာက္လုပ္ခဲ့ျပီး မိသားစုစံအိမ္အျဖစ္ ရည္ရြယ္ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

တရုတ္ျပည္၊ ခ်န္က်ဳိးေဒသမွ ေျပာင္းေရႊ႕လာသူတို႔၏ ေခါင္းေဆာင္မ်ားျဖစ္သည့္ လီဘင္ယြမ္မိသားစုသည္ ထိုင္ဝမ္ကို ဂ်ပန္တို႔ သိမ္းပိုက္ထားသည့္ ကာလကုန္ဆံုးခ်ိန္ ၁၉၅၀ ျပည့္လြန္ကာလမ်ားအထိ အဆိုပါစံအိမ္ၾကီးတြင္ ေနထိုင္ခဲ့ၾကသည္။

ယင္းစံအိမ္ၾကီးတြင္ အေစခံတစ္ဦး အဆံုးစီရင္သြားမႈအပါအဝင္ ထိုင္ဝမ္ကို ဂ်ပန္တို႔သိမ္းပိုက္ထားစဥ္ကာလအတြင္း ဂ်ပန္စစ္သားမ်ားသည္ အဆိုပါစံအိမ္ကို ဝင္ေရာက္ေနထိုင္ၾကရာ စံအိမ္တြင္ျဖစ္ပြားသည့္တိုက္ပြဲတစ္ခုတြင္ ဂ်ပန္စစ္သားမ်ား ေသဆံုးသြားခဲ့မႈမ်ား ျဖစ္ပြားခဲ့သည္။

ယင္းေနာက္ပိုင္းကတည္းက စံအိမ္ၾကီးတြင္ သရဲေျခာက္သည့္ ျဖစ္ရပ္မ်ား ၾကံဳေတြ႔လာခဲ့ရသည္။ စံအိမ္ၾကီးမွာ လူသူကင္းမဲ့သြားခဲ့ျပီး သစ္ပင္မ်ား၊ ျခံဳေတာမ်ား ၾကီးစိုးလာသည္။

စံအိမ္ၾကီးတည္ရွိရာေနရာမွာ လာေရာက္လည္ပတ္သူ မ်ားျပားသည့္ေဒသျဖစ္ျခင္းေၾကာင့္ အကြက္ျမင္ေသာ လုပ္ငန္းရွင္တစ္ဦးက စံအိမ္ၾကီးႏွင့္ ကပ္လ်က္တြင္ “သရဲေျခာက္ေသာ ေကာ္ဖီဆိုင္” ဟူေသာအမည္ျဖင့္ ေကာ္ဖီဆိုင္တစ္ခု ဖြင့္လွစ္ခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The creepiest abandoned mansions in the world (thevintagenews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service