အာဆီယံ (၃) နိုင်ငံက မြန်မာဆန်ကို တန်ချိန်အမြောက်အမြားဝယ်ယူရန် ကမ်းလှမ်းထား

အာဆီယံ (၃) နိုင်ငံက မြန်မာဆန်ကို တန်ချိန်အမြောက်အမြားဝယ်ယူရန် ကမ်းလှမ်းထား - Property News in Myanmar from iMyanmarHouse.com
5 Jun 2020 10:46 am တွင် တင်ခဲ့သည်
903 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာဆီယံသုံးနိုင်ငံက မြန်မာနိုင်ငံမှ ဆန်ကိုတန်ချိန်အမြောက်အမြားဝယ်ယူရန် ကမ်းလှမ်းထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကပြောသည်။

မလေးရှား၊ အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်နိုင်ငံတို့က မြန်မာနိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု ဦးခင်မောင်လွင်ကပြောသည်။

ဖိလစ်ပိုင်နိုင်ငံက တန်ချိန် သုံးသိန်းနှင့် မလေးရှားနိုင်ငံက တန်ချိန် ၅သောင်းဝယ်ယူရန်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံက အရေအသွေးစစ်ဆေးနေဆဲဖြစ်သည်ဟုဆိုသည်။အရည်အသွေးကြိုက်နှစ်သက်ပါက ဝယ်ယူမည့် ပမာဏကို ကမ်းလှမ်းမည်ဟုဆိုသည်။ ဖိလစ်ပိုင်နိုင်ငံသည် ပုံမှန်ဆန်ဝယ်လိုအားရှိသည့်နိုင်ငံဖြစ်ပြီး နှစ်စဉ် ဆန်တန်ချိန် ၆သောင်းဝန်းကျင်တင်ပို့နေရသည်။

COVID-19 ကာလတွင် နိုင်ငံတိုင်းတွင် ရိက္ခာစုဆောင်းရန် ဆန်ဝယ်ယူစုဆောင်းလျက်ရှိပြီး ယခုကမ်းလှမ်းမှုအပြင် ရေရှည်ဈေးကွက်ဖြစ်ရန် ညှိနှိုင်းဆောင်ရွက်ရမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုထားသည်။

မလေးရှားနိုင်ငံက ဆန်ဝယ်ယူရေးကို အစိုးရချင်းချိတ်ဆက်ဝယ်ယူရန် လက်မှတ်ရေးထိုးလိုပြီး ညှိနှိုင်းနေဆဲကာလဖြစ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံက ဆန်ကို လက်ရှိပုံမှန်တင်ပို့နေသည့် နိုင်ငံပေါင်း ၈၀ ရှိပြီး ဈေးကွက်သစ်များ ကမ်းလှမ်းလာမှုအပေါ်မူတည်၍ ပြည်ပတင်ပို့နေရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်ပသို့ ဆန်တင်ပို့မှုကို ဧပြီလတွင် လိုင်စင်ထုတ်ပေးခြင်းရပ်ဆိုင်းခဲ့ပြီး မေလတွင် ပြန်လည်စတင်ကာ တန်ချိန်တစ်သိန်းခွဲတင်ပို့စေခဲ့သည်။

ပြည်ပတင်ပို့မှုထဲမှ ၁ဝ ရာခိုင်နှုန်းစီဖြင့် အရန်ဆန်အတွက် ရောင်းချရန်သတ်မှတ်ခဲ့ပြီး အစိုးရကအရေးပေါ်အရန်ဆန် တန်ချိန် ၅ဝ,ဝဝဝ ဝယ်ယူရန်လျာထားသည်။

မြန်မာသည်၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွက် ပြည်ပသို့ဆန်တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့ရန်လျာထားပြီးစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းများအရ ၂ဝ၂ဝ မေလ ၁၅ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ထားမှုမှ ပို့ကုန်ဝင်ငွေ ၅၄၂ သန်းကျော်ရရှိထားသည်။

ဆန်ကို နိုင်ငံပေါင်း ၆၂ နိုင်ငံသို့ မက်ထရစ်တန်ချိန်ပေါင်း ၁ ဒသမ ၂ သန်းကျော်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၃၇၄ သန်းကျော်၊ဆန်ကွဲကို နိုင်ငံပေါင်း ၅၃ နိုင်ငံသို့ တန်ချိန်ပေါင်း၆ သိန်းကျော်တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၆၈ သန်းကျော် ရရှိထားသည်။ ထိုသို့တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ၁၄ ရာခိုင်နှုန်း၊ ပင်လယ်ရေကြောင်းမှ ၈၅ ရာခိုင်နှုန်းကျော်တင်ပို့ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အာဆီယံ (၃) ႏိုင္ငံက ျမန္မာဆန္ကို တန္ခ်ိန္အေျမာက္အျမားဝယ္ယူရန္ ကမ္းလွမ္းထား

အာဆီယံသုံးႏိုင္ငံက ျမန္မာႏိုင္ငံမွ ဆန္ကိုတန္ခ်ိန္အေျမာက္အျမားဝယ္ယူရန္ ကမ္းလွမ္းထားသည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္ဝယ္ေရးဝန္ႀကီးဌာန၊ လက္ေထာက္အတြင္းဝန္ဦးခင္ေမာင္လြင္ကေျပာသည္။

မေလးရွား၊ အင္ဒိုနီးရွားႏွင့္ဖိလစ္ပိုင္ႏိုင္ငံတို႔က ျမန္မာႏိုင္ငံမွ ဝယ္ယူရန္ ကမ္းလွမ္းခဲ့ျခင္းျဖစ္သည္ဟု ဦးခင္ေမာင္လြင္ကေျပာသည္။

ဖိလစ္ပိုင္ႏိုင္ငံက တန္ခ်ိန္ သုံးသိန္းႏွင့္ မေလးရွားႏိုင္ငံက တန္ခ်ိန္ ၅ေသာင္းဝယ္ယူရန္ျဖစ္ၿပီး အင္ဒိုနီးရွားႏိုင္ငံက အေရအေသြးစစ္ေဆးေနဆဲျဖစ္သည္ဟုဆိုသည္။အရည္အေသြးႀကိဳက္ႏွစ္သက္ပါက ဝယ္ယူမည့္ ပမာဏကို ကမ္းလွမ္းမည္ဟုဆိုသည္။ ဖိလစ္ပိုင္ႏိုင္ငံသည္ ပုံမွန္ဆန္ဝယ္လိုအားရွိသည့္ႏိုင္ငံျဖစ္ၿပီး ႏွစ္စဥ္ ဆန္တန္ခ်ိန္ ၆ေသာင္းဝန္းက်င္တင္ပို႔ေနရသည္။

COVID-19 ကာလတြင္ ႏိုင္ငံတိုင္းတြင္ ရိကၡာစုေဆာင္းရန္ ဆန္ဝယ္ယူစုေဆာင္းလ်က္ရွိၿပီး ယခုကမ္းလွမ္းမႈအျပင္ ေရရွည္ေဈးကြက္ျဖစ္ရန္ ညႇိႏႈိင္းေဆာင္႐ြက္ရမည္ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ဆိုထားသည္။

မေလးရွားႏိုင္ငံက ဆန္ဝယ္ယူေရးကို အစိုးရခ်င္းခ်ိတ္ဆက္ဝယ္ယူရန္ လက္မွတ္ေရးထိုးလိုၿပီး ညႇိႏႈိင္းေနဆဲကာလျဖစ္သည္ဟုဆိုသည္။

ျမန္မာႏိုင္ငံက ဆန္ကို လက္ရွိပုံမွန္တင္ပို႔ေနသည့္ ႏိုင္ငံေပါင္း ၈၀ ရွိၿပီး ေဈးကြက္သစ္မ်ား ကမ္းလွမ္းလာမႈအေပၚမူတည္၍ ျပည္ပတင္ပို႔ေနရသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနသည္ ျပည္ပသို႔ ဆန္တင္ပို႔မႈကို ဧၿပီလတြင္ လိုင္စင္ထုတ္ေပးျခင္းရပ္ဆိုင္းခဲ့ၿပီး ေမလတြင္ ျပန္လည္စတင္ကာ တန္ခ်ိန္တစ္သိန္းခြဲတင္ပို႔ေစခဲ့သည္။

ျပည္ပတင္ပို႔မႈထဲမွ ၁ဝ ရာခိုင္ႏႈန္းစီျဖင့္ အရန္ဆန္အတြက္ ေရာင္းခ်ရန္သတ္မွတ္ခဲ့ၿပီး အစိုးရကအေရးေပၚအရန္ဆန္ တန္ခ်ိန္ ၅ဝ,ဝဝဝ ဝယ္ယူရန္လ်ာထားသည္။

ျမန္မာသည္၂ဝ၁၉-၂ဝ၂ဝ ဘ႑ာႏွစ္အတြက္ ျပည္ပသို႔ဆန္တန္ခ်ိန္ ၂ ဒသမ ၅ သန္းတင္ပို႔ရန္လ်ာထားၿပီးစီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနစာရင္းမ်ားအရ ၂ဝ၂ဝ ေမလ ၁၅ ရက္အထိ ျပည္ပသို႔ ဆန္ႏွင့္ ဆန္ကြဲ စုစုေပါင္းတန္ခ်ိန္ ၁ ဒသမ ၈ သန္းေက်ာ္ တင္ပို႔ထားမႈမွ ပို႔ကုန္ဝင္ေငြ ၅၄၂ သန္းေက်ာ္ရရွိထားသည္။

ဆန္ကို ႏိုင္ငံေပါင္း ၆၂ ႏိုင္ငံသို႔ မက္ထရစ္တန္ခ်ိန္ေပါင္း ၁ ဒသမ ၂ သန္းေက်ာ္တင္ပို႔မႈမွ ပို႔ကုန္ဝင္ေငြ ကန္ေဒၚလာ ၃၇၄ သန္းေက်ာ္၊ဆန္ကြဲကို ႏိုင္ငံေပါင္း ၅၃ ႏိုင္ငံသို႔ တန္ခ်ိန္ေပါင္း၆ သိန္းေက်ာ္တင္ပို႔ထားၿပီး ပို႔ကုန္ဝင္ေငြ ကန္ေဒၚလာ ၁၆၈ သန္းေက်ာ္ ရရွိထားသည္။ ထိုသို႔တင္ပို႔ရာတြင္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ ၁၄ ရာခိုင္ႏႈန္း၊ ပင္လယ္ေရေၾကာင္းမွ ၈၅ ရာခိုင္ႏႈန္းေက်ာ္တင္ပို႔ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service