ဗြိတိန်နိုင်ငံတစ်ဝန်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ကျောင်းတစ်ကျောင်းတည်းမှ ဝန်ထမ်း ၇ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဗြိတိန်နိုင်ငံတစ်ဝန်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ကျောင်းတစ်ကျောင်းတည်းမှ ဝန်ထမ်း ၇ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ - Property News in Myanmar from iMyanmarHouse.com
3 Jun 2020 11:53 am တွင် တင်ခဲ့သည်
616 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်နိုင်ငံတစ်ဝန်းတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် မူလတန်းကျောင်းတစ်ကျောင်းတည်းမှ ဝန်ထမ်း ၇ ဦး covid-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဒါဘီခရိုင်၊ Arboretum မူလတန်းကျောင်းတွင် ကိုရိုနာဗိုင်းရပ်စ် positive လူနာများ စစ်ဆေးတွေ့ရှိပြီးနောက် ကျောင်းပိတ်လိုက်ရသည်။

Derby Diocesan Academy Trust မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က အဆိုပါကျောင်းတွင် ဝန်ထမ်းအချို့ covid-19 ကူးစက်ခံရကြောင်း တွေ့ရှိပြီးနောက် ကျောင်းပိတ်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ကူးစက်ခံရသူ ၇ ဦးလုံးမှာ ကိုရိုနာဗိုင်းရပ်စ် အပျော့စားရောဂါလက္ခဏာများသာရှိပြီး နေအိမ်တွင် အနားယူနေကြကြောင်း ၎င်းက ပြောကြားသည်။

ဒါဘီရှိ မူလတန်းကျောင်းပိတ်လိုက်ရသော်လည်း အင်္ဂလန်ရှိ မူလတန်းကျောင်းအများစုမှာ ၂ လကျော်ကြာ ကျောင်းပိတ်ထားခဲ့ရအပြီး ဇွန်လ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

သုတေသနများအရ ကလေးငယ်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနှင့် ပျံ့ပွားစေမှုအန္တရာယ်နည်းပါးသောကြောင့် စာသင်ကျောင်းများ၊ နေ့ထိန်းကလေးကျောင်းများ ဖွင့်လှစ်ခြင်းမှာ သက်ကြီးရွယ်အိုများ သေဆုံးနှုန်းအပေါ် သက်ရောက်မှု မရှိစေနိုင်ဟု ဆိုသည်။

Derby Diocesan Academy Trust မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က Derbyshire Live သို့ ပြောကြားရာတွင် “ကျောင်းက ဝန်ထမ်းတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ တွေ့ရှိရပြီးနောက် အခြားဝန်ထမ်းတွေ၊ မိဘအုပ်ထိန်းသူတွေ၊ ရောဂါရှိသူနဲ့ ထိတွေ့ခဲ့နိုင်သူတွေကို ဖော်ထုတ်ခဲ့ပြီး ၁၄ ရက်သီးခြားနေဖို့ လမ်းညွှန်ခဲ့ပါတယ်” ဟု ပြောကြားသည်။

“အဲဒီနောက်ပိုင်း ဝန်ထမ်း ၆ ဦးမှာ positive ဆက်လက်စစ်ဆေးတွေ့ရှိခဲ့ပြီး သူုတို့နဲ့ ထိတွေ့ခဲ့တဲ့ ၄ ဦးကတော့ ရောဂါမရှိကြောင်း တွေ့ရပါတယ်။ မိဘ၊ အုပ်ထိန်းသူတွေနဲ့ ကလေးငယ်တွေမှာတော့ ရောဂါလက္ခဏာပြတယ်လို့ မကြားရပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လမ်းညွှန်ချက်များနှင့်အညီ ဖိဖိစီးစီး ပိုးမွှားသန့်စင်မှုများ ပြုလုပ်ရန်အတွက် စာသင်ကျောင်းများကို ယခုသီတင်းပတ်တွင် ပိတ်ထား လိုက်ပြီး လာမည့် ရက်သတ္တပတ်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရပုဂ္ဂိလ်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Seven employees at same school test positive for coronavirus as schools reopen across UK (The Sun)

[Zawgyi]

ျဗိတိန္ႏိုင္ငံတစ္ဝန္း စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ျပီးေနာက္ ေက်ာင္းတစ္ေက်ာင္းတည္းမွ ဝန္ထမ္း ၇ ဦး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရ

ျဗိတိန္ႏိုင္ငံတစ္ဝန္းတြင္ စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ျပီးေနာက္ မူလတန္းေက်ာင္းတစ္ေက်ာင္းတည္းမွ ဝန္ထမ္း ၇ ဦး covid-19 ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

ဒါဘီခရိုင္၊ Arboretum မူလတန္းေက်ာင္းတြင္ ကိုရိုနာဗိုင္းရပ္စ္ positive လူနာမ်ား စစ္ေဆးေတြ႔ရွိျပီးေနာက္ ေက်ာင္းပိတ္လိုက္ရသည္။

Derby Diocesan Academy Trust မွ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က အဆိုပါေက်ာင္းတြင္ ဝန္ထမ္းအခ်ဳိ ႔ covid-19 ကူးစက္ခံရေၾကာင္း ေတြ႔ရွိျပီးေနာက္ ေက်ာင္းပိတ္ခဲ့ေၾကာင္း အတည္ျပဳေျပာၾကားခဲ့သည္။ ကူးစက္ခံရသူ ၇ ဦးလံုးမွာ ကိုရိုနာဗိုင္းရပ္စ္ အေပ်ာ့စားေရာဂါလကၡဏာမ်ားသာရွိျပီး ေနအိမ္တြင္ အနားယူေနၾကေၾကာင္း ၎က ေျပာၾကားသည္။

ဒါဘီရွိ မူလတန္းေက်ာင္းပိတ္လုိက္ရေသာ္လည္း အဂၤလန္ရွိ မူလတန္းေက်ာင္းအမ်ားစုမွာ ၂ လေက်ာ္ၾကာ ေက်ာင္းပိတ္ထားခဲ့ရအျပီး ဇြန္လ ၁ ရက္တြင္ ျပန္လည္ဖြင့္လွစ္လိုက္ျပီ ျဖစ္သည္။

သုေတသနမ်ားအရ ကေလးငယ္မ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈႏွင့္ ပ်ံ ႔ပြားေစမႈအႏၱရာယ္နည္းပါးေသာေၾကာင့္ စာသင္ေက်ာင္းမ်ား၊ ေန႔ထိန္းကေလးေက်ာင္းမ်ား ဖြင့္လွစ္ျခင္းမွာ သက္ၾကီးရြယ္အိုမ်ား ေသဆံုးႏႈန္းအေပၚ သက္ေရာက္မႈ မရွိေစႏိုင္ဟု ဆိုသည္။

Derby Diocesan Academy Trust မွ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က Derbyshire Live သို႔ ေျပာၾကားရာတြင္ “ေက်ာင္းက ဝန္ထမ္းတစ္ဦးမွာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာေတြ ေတြ႔ရိွရျပီးေနာက္ အျခားဝန္ထမ္းေတြ၊ မိဘအုပ္ထိန္းသူေတြ၊ ေရာဂါရွိသူနဲ႔ ထိေတြ႔ခဲ့ႏိုင္သူေတြကို ေဖာ္ထုတ္ခဲ့ျပီး ၁၄ ရက္သီးျခားေနဖို႔ လမ္းညႊန္ခဲ့ပါတယ္” ဟု ေျပာၾကားသည္။

“အဲဒီေနာက္ပိုင္း ဝန္ထမ္း ၆ ဦးမွာ positive ဆက္လက္စစ္ေဆးေတြ႔ရွိခဲ့ျပီး သူုတို႔နဲ႔ ထိေတြ႔ခဲ့တဲ့ ၄ ဦးကေတာ့ ေရာဂါမရွိေၾကာင္း ေတြ႔ရပါတယ္။ မိဘ၊ အုပ္ထိန္းသူေတြနဲ႔ ကေလးငယ္ေတြမွာေတာ့ ေရာဂါလကၡဏာျပတယ္လို႔ မၾကားရပါဘူး” ဟု ၎က ဆက္လက္ေျပာၾကားသည္။

လမ္းညႊန္ခ်က္မ်ားႏွင့္အညီ ဖိဖိစီးစီး ပိုးမႊားသန္႔စင္မႈမ်ား ျပဳလုပ္ရန္အတြက္ စာသင္ေက်ာင္းမ်ားကို ယခုသီတင္းပတ္တြင္ ပိတ္ထား လိုက္ျပီး လာမည့္ ရက္သတၱပတ္တြင္ ျပန္လည္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ေျပာေရးဆိုခြင့္ရပုဂၢိလ္က ဆက္လက္ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Seven employees at same school test positive for coronavirus as schools reopen across UK (The Sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service