ကိုရိုနာဗိုင်းရပ်စ်နှင့် ဝက်သက်ရောဂါများ ပျံ့ပွားနေသော ကွန်ဂိုနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ် ထပ်မံပေါ်ပေါက်လာ

ကိုရိုနာဗိုင်းရပ်စ်နှင့် ဝက်သက်ရောဂါများ ပျံ့ပွားနေသော ကွန်ဂိုနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ် ထပ်မံပေါ်ပေါက်လာ - Property News in Myanmar from iMyanmarHouse.com
2 Jun 2020 1:39 pm တွင် တင်ခဲ့သည်
709 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့အကြီးမားဆုံး ဝက်သက်ရောဂါကပ်ကြီးနှင့် ကိုရိုနာဗိုင်းရပ်စ်တို့ဖြင့် ရင်ဆိုင်နေရသော ကွန်ဂိုနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ် ပျံ့ပွားမှု ပေါ်ပေါက်လာသည်။

ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် အီဘိုလာဗိုင်းရပ်စ်ပေါ်ပေါက်နေပြီး လူ ၄ ဦးသေဆုံးသွားပြီဖြစ်ကြောင်း၊ အခြား ၂ ဦးခန့်လည်း ကူးစက်ခံထားရကြောင်း ထုတ်ပြန်သည်။

ကူးစက်မှု ဖြစ်ပွားသည်မှာ နိုင်ငံအနောက်ပိုင်း လူဦးရေ ၁ ဒသမ ၂ သန်းရှိသည့် Mbandaka မြို့တွင်ဖြစ်သည်။

ဆက်လက်ပြီး တနင်္လာနေ့ကလည်း ပဉ္စမမြောက်လူနာတစ်ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သော ၂ လခန့်ကမှ ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုကြီး အဆုံးသတ်သွားကြောင်း တရားဝင် ကြေညာတော့မည့် အခြေအနေတွင် ရှိခဲ့သည်။ အီဘိုလာဗိုင်းရပ်စ်သည် ၂ နှစ်နီးပါး ကြာမြင့်ခဲ့ပြီး လူပေါင်း ၂၂၇၅ ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။

ကြေညာရန် ၂ ရက်သာ လိုတော့သည့်အချိန်တွင် လူနာသစ် ၁ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ကပ်ကြီးပြီးဆုံးကြောင်း မကြေညာနိုင်ခဲ့ချေ။

အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုကြီး အဆုံးသတ်လုနီးပါးဖြစ်ခဲ့သည့် နိုင်ငံအရှေ့ပိုင်းမှ မိုင်ပေါင်း ၇၅၀ ခန့် ဝေးကွာသော နိုင်ငံအနောက်ဘက် Mbandaka မြို့တွင် အီဘိုလာဗိုင်းရပ်စ် မည်သို့မည်ပုံ ပေါ်ပေါက်လာသည်ကိုမူ မသိရသေးချေ။

ဆာဟာရသဲကန္တာရ၏ တောင်ဘက်တွင် အကြီးမားဆုံးနိုင်ငံဖြစ်သော ကွန်ဂိုတွင် ခရီးသွားလာမှု တင်းကျပ်ထားသည့်ကြားမှ အဘယ်ကြောင့် အီဘိုလာရောဂါ ပေါ်ပေါက်လာသည်ကို ကျွမ်းကျင်ပညာရှင်များက နားလည်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများစုရှိနေသည့် နိုင်ငံမြို့တော် Kinshasa မှာလည်း နိုင်ငံအနောက်ပိုင်းတွင် တည်ရှိသည်။

ကွန်ဂိုတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၃၀၄၉ ဦးရှိပြီး သေဆုံးသူ ၇၁ ဦးရှိသည်။ သို့သော် စမ်းသပ်နိုင်မှုမှာ အကန့်အသတ်သာ ရှိရာ အမှန်တကယ် ကူးစက်ခံရသည့် ပမာဏကို မသိရှိနိုင်ချေ။

ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြီး လူပေါင်း ၃၅၀၀၀၀ ကျော် ဝက်သက်ရောဂါ ကူးစက်ခံခဲ့ရကာ လူပေါင်း ၆၅၀၀ ကျော် သေဆုံးခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ အာဖရိကဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ Marshidiso Rebecca Moeti က တွစ်တာတွင် ရေးသားခဲ့ရာ၌ အီဘိုလာဗိုင်းရပ်စ် ပြန်လည်ပေါ်ပေါက်လာမှုသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသော်လည်း WHO သည် ကွန်ဂိုကျန်းမာရေး ဝန်ကြီးဌာန၊ အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဗဟိုများနှင့် လက်တွဲကာ ရင်ဆိုင်ရန် အသင့်ရှိကြောင်း ရေးသားခဲ့သည်။

အီဘိုလာဗိုင်းရပ်စ် ပြန်လည်ပေါ်ပေါက်လာမှုကြောင့် လူ ၅ ဦးသေဆုံးခဲ့ရာတွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ပါဝင်ကြောင်း UNICEF က ထုတ်ပြန်သည်။

အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရလျှင် ဖျားခြင်း၊ သွေးထွက်ခြင်း၊ အားနည်းခြင်းနှင့် ဗိုက်နာခြင်းတို့ ခံစားရပြီး ကူးစက်ခံရသူ ထက်ဝက်ခန့် သေဆုံးကြရသည်။

ဗိုင်းရပ်စ်ရှိနေသူ၊ သေဆုံးသူ (သို့မဟုတ်) ရောဂါရှိသည့် တိရ စ္ဆာန်များနှင့် ထိတွေ့ရာမှ ကူးစက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

ဗိုင်းရပ်စ်ကို ပထမဆုံးစတင်ခြေရာခံနိုင်ခဲ့သည်မှာ ၁၉၇၆ ခုနှစ်တွင်ဖြစ်ပြီး ကွန်ဂိုနိုင်ငံရှိ အီဘိုလာမြစ်ကို အစွဲပြုကာ အမည်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: New Ebola Outbreak in Congo, Already Hit by Measles and Coronavirus(New York Times)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ႏွင့္ ဝက္သက္ေရာဂါမ်ား ပ်ံ ႔ပြားေနေသာ ကြန္ဂိုႏိုင္ငံတြင္ အီဘိုလာဗိုင္းရပ္စ္ ထပ္မံေပၚေပါက္လာ

ကမၻာ့အၾကီးမားဆံုး ဝက္သက္ေရာဂါကပ္ၾကီးႏွင့္ ကိုရိုနာဗိုင္းရပ္စ္တို႔ျဖင့္ ရင္ဆိုင္ေနရေသာ ကြန္ဂိုႏိုင္ငံတြင္ အီဘိုလာဗိုင္းရပ္စ္ ပ်ံ ႔ပြားမႈ ေပၚေပါက္လာသည္။

ကြန္ဂိုက်န္းမာေရးဝန္ၾကီးဌာနက ထုတ္ျပန္ရာတြင္ အီဘိုလာဗိုင္းရပ္စ္ေပၚေပါက္ေနျပီး လူ ၄ ဦးေသဆံုးသြားျပီျဖစ္ေၾကာင္း၊ အျခား ၂ ဦးခန္႔လည္း ကူးစက္ခံထားရေၾကာင္း ထုတ္ျပန္သည္။

ကူးစက္မႈ ျဖစ္ပြားသည္မွာ ႏိုင္ငံအေနာက္ပိုင္း လူဦးေရ ၁ ဒသမ ၂ သန္းရွိသည့္ Mbandaka ျမိဳ ႔တြင္ျဖစ္သည္။

ဆက္လက္ျပီး တနလၤာေန႔ကလည္း ပဥၥမေျမာက္လူနာတစ္ဦး ထပ္မံေသဆံုးသြားခဲ့ေၾကာင္း UNICEF ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ျပီးခဲ့ေသာ ၂ လခန္႔ကမွ ကြန္ဂိုႏိုင္ငံအေရွ႕ပိုင္းတြင္ အီဘိုလာဗိုင္းရပ္စ္ကူးစက္မႈၾကီး အဆံုးသတ္သြားေၾကာင္း တရားဝင္ ေၾကညာေတာ့မည့္ အေျခအေနတြင္ ရွိခဲ့သည္။ အီဘိုလာဗိုင္းရပ္စ္သည္ ၂ ႏွစ္နီးပါး ၾကာျမင့္ခဲ့ျပီး လူေပါင္း ၂၂၇၅ ဦး ေသဆံုးခဲ့ရျပီး ျဖစ္သည္။

ေၾကညာရန္ ၂ ရက္သာ လိုေတာ့သည့္အခ်ိန္တြင္ လူနာသစ္ ၁ ဦး ထပ္မံေတြ႔ရွိခဲ့ေသာေၾကာင့္ ကပ္ၾကီးျပီးဆံုးေၾကာင္း မေၾကညာႏိုင္ခဲ့ေခ်။

အီဘိုလာဗိုင္းရပ္စ္ကူးစက္မႈၾကီး အဆံုးသတ္လုနီးပါးျဖစ္ခဲ့သည့္ ႏိုင္ငံအေရွ ႔ပိုင္းမွ မိုင္ေပါင္း ၇၅၀ ခန္႔ ေဝးကြာေသာ ႏိုင္ငံအေနာက္ဘက္ Mbandaka ျမိဳ ႔တြင္ အီဘိုလာဗိုင္းရပ္စ္ မည္သို႔မည္ပံု ေပၚေပါက္လာသည္ကိုမူ မသိရေသးေခ်။

ဆာဟာရသဲကႏၱာရ၏ ေတာင္ဘက္တြင္ အၾကီးမားဆံုးႏုိင္ငံျဖစ္ေသာ ကြန္ဂိုတြင္ ခရီးသြားလာမႈ တင္းက်ပ္ထားသည့္ၾကားမွ အဘယ္ေၾကာင့္ အီဘိုလာေရာဂါ ေပၚေပါက္လာသည္ကို ကၽြမ္းက်င္ပညာရွင္မ်ားက နားလည္ႏိုင္ရန္ ၾကိဳးပမ္းလ်က္ရွိသည္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ အမ်ားစုရွိေနသည့္ ႏိုင္ငံျမိဳ ႔ေတာ္ Kinshasa မွာလည္း ႏိုင္ငံအေနာက္ပိုင္းတြင္ တည္ရွိသည္။

ကြန္ဂိုတြင္ ကိုရိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ ၃၀၄၉ ဦးရွိျပီး ေသဆံုးသူ ၇၁ ဦးရွိသည္။ သို႔ေသာ္ စမ္းသပ္ႏိုင္မႈမွာ အကန္႔အသတ္သာ ရွိရာ အမွန္တကယ္ ကူးစက္ခံရသည့္ ပမာဏကို မသိရွိႏိုင္ေခ်။

ထို႔အျပင္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလမွ စတင္ျပီး လူေပါင္း ၃၅၀၀၀၀ ေက်ာ္ ဝက္သက္ေရာဂါ ကူးစက္ခံခဲ့ရကာ လူေပါင္း ၆၅၀၀ ေက်ာ္ ေသဆံုးခဲ့သည္။

ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) ၏ အာဖရိကဆိုင္ရာ ဒါရိုက္တာ ေဒါက္တာ Marshidiso Rebecca Moeti က တြစ္တာတြင္ ေရးသားခဲ့ရာ၌ အီဘိုလာဗိုင္းရပ္စ္ ျပန္လည္ေပၚေပါက္လာမႈသည္ စိန္ေခၚမႈတစ္ရပ္ျဖစ္လာေသာ္လည္း WHO သည္ ကြန္ဂိုက်န္းမာေရး ဝန္ၾကီးဌာန၊ အာဖရိက ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ၾကိဳတင္ကာကြယ္ေရးဗဟိုမ်ားႏွင့္ လက္တြဲကာ ရင္ဆိုင္ရန္ အသင့္ရွိေၾကာင္း ေရးသားခဲ့သည္။

အီဘိုလာဗိုင္းရပ္စ္ ျပန္လည္ေပၚေပါက္လာမႈေၾကာင့္ လူ ၅ ဦးေသဆံုးခဲ့ရာတြင္ အသက္ ၁၅ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးလည္း ပါဝင္ေၾကာင္း UNICEF က ထုတ္ျပန္သည္။

အီဘိုလာဗုိင္းရပ္စ္ ကူးစက္ခံရလွ်င္ ဖ်ားျခင္း၊ ေသြးထြက္ျခင္း၊ အားနည္းျခင္းႏွင့္ ဗိုက္နာျခင္းတို႔ ခံစားရျပီး ကူးစက္ခံရသူ ထက္ဝက္ခန္႔ ေသဆံုးၾကရသည္။

ဗိုင္းရပ္စ္ရွိေနသူ၊ ေသဆံုးသူ (သို႔မဟုတ္) ေရာဂါရွိသည့္ တိရ စၦာန္မ်ားႏွင့္ ထိေတြ႔ရာမွ ကူးစက္မႈ ျဖစ္ပြားျခင္း ျဖစ္သည္။

ဗိုင္းရပ္စ္ကို ပထမဆံုးစတင္ေျခရာခံႏိုင္ခဲ့သည္မွာ ၁၉၇၆ ခုႏွစ္တြင္ျဖစ္ျပီး ကြန္ဂိုႏိုင္ငံရွိ အီဘိုလာျမစ္ကို အစြဲျပဳကာ အမည္ေပးခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: New Ebola Outbreak in Congo, Already Hit by Measles and Coronavirus (New York Times)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service