ကန်ဒေါ်လာ ၁၈၉ သန်းတန် လူမနေသော စံအိမ်ကြီး

ကန်ဒေါ်လာ ၁၈၉ သန်းတန် လူမနေသော စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
2 Jun 2020 1:29 pm တွင် တင်ခဲ့သည်
873 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၁၉ ရာစု သတ္တုတွင်း သူဌေးကြီးများသည် ကြီးကျယ်ခမ်းနားသော ဘဝနေထိုင်မှု ပုံစံမျိုးဖြင့် နေထိုင်လေ့ရှိခဲ့ကြသည်။

၎င်းတို့၏ စံအိမ်များမှာ မည်သူနှင့်မှမတူ တမူထူးခြားအောင် ဆောက်လုပ်လေ့ရှိပြီး ဆောက်လုပ်မှု ကုန်ကျစရိတ်လည်း အလွန်တရာ များပြားလှသည်။

သတ္တုတွင်းလုပ်ငန်းရှင်၊ နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်သော ဝီလျံ အေ-ကလာ့ခ်ပိုင်ဆိုင်ခဲ့သော စံအိမ်ကြီးသည် လွန်စွာကြီးကျယ်ခမ်းနားလှပြီး ထိုခေတ်ထိုအခါက အများပြည်သူတို့ အံ့သြမင်သက်ခဲ့ကြရပြီး အတွင်းပိုင်းတွင် မည်သည့်အရာများရှိသည်ကို အမျိုးမျိုးမှန်းဆ ဖွဲ့နွဲ့ခဲ့ကြသည်။

ဝီလျံ အေ-ကလာ့ခ်သည် မိသားစုနှင့်အတူ အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်သို့ ပြောင်းရွှေ့အခြေချစဉ်က အသက် ၁၇ နှစ် အရွယ်သာ ရှိသေးသည်။

ဝီလျံသည် အိုင်အိုဝါပြည်နယ်၊ Wesleyan ကောလိပ်တွင် ဥပဒေပညာသင်ယူခဲ့ပြီး ၄ နှစ်အကြာတွင် သူ၏ ဘဝခရီးကို လမ်းကြောင်းပြောင်းလဲခဲ့၏။

ကော်လိုရာဒိုပြည်နယ်ဘက်သို့ ခရီးထွက်ခဲ့ကာ အဆိုပါဒေသရှိ သတ္တှုတွင်းများတွင် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

၁၈၆၃ ခုနှစ်သည်ကား ဝီလျံအတွက် ကံကြမ္မာက မျက်နှာသာပေးသည့် နှစ်တစ်နှစ် ဖြစ်ခဲ့သည်။

မွန်တားနား ရွှေရှာသည့်ကာလ (Montana Gold Rush) အတွင်း ဝီလျံသည်လည်း ရွှေအချို့ ရှာဖွေရရှိခဲ့ပြီး အခြေအနေများ စတင်ပြောင်းလဲလာခဲ့သည်။

သူရှာဖွေရရှိခဲ့သည့်ရွှေမှာ အနည်းငယ်မျှသာဖြစ်သော်လည်း အဆိုပါရွှေတို့ကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာမှတဆင့် ကုန်သည်တစ်ဦး ဖြစ်လာသည်။

နောက်ပိုင်းတွင် ဝီလျံသည် အသက်မွေးဝမ်းကျောင်းမှုနယ်ပယ်ပြောင်းလဲလိုက်ပြီး သူ၏ ဇာတိမြို့ဖြစ်သော မွန်တားနားပြည်နယ်၊ Deer Lodge တွင် ဘဏ်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

သို့သော် သတ္တုတူးဖော်ရေးဘက်သို့သာ ပြန်လည်ရောက်ရှိလာပြန်ပြီး ယခုတစ်ကြိမ်တွင်မူ တွင်းလုပ်သားအဖြစ်မဟုတ်ဘဲ တွင်းပိုင်ရှင် အဖြစ် ဖြစ်သည်။

ထိုအချိန်တွင်ကား ဝီလျံသည် များစွာကြွယ်ဝနေပြီဖြစ်ပြီး ကြေးနီတွင်းလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားကုမ္ပဏီများ၊ သတင်းစာများနှင့် မီးရထားလမ်းကုမ္ပဏီများ ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

ထိုအချိန်တွင် ကြေးနီဘုရင်ဟူသော အမည်ကိုလည်း အများက ပေးထားခြင်း ခံနေရပြီ ဖြစ်၏။

၁၈၈၈ ခုနှစ်တွင်ကား ဝီလျံက ကိုယ်တိုင်နေထိုင်ရန်အတွက် မွန်တားနားပြည်နယ်၊ Butte မြို့တွင် အခန်းပေါင်း ၃၄ ခန်းပါ ကြီးမားလှသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ခဲ့သည်။

ဝီလျံသည် အဆိုပါစံအိမ်တွင် ဆယ်စုနှစ်တစ်ခုနီးပါးနေထိုင်ခဲ့ပြီးနောက် နယူးယောက်မြို့သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။

၁၈၉၇ ခုနှစ်တွင် ဝီလျံသည် Lord and Hewlett ကုမ္ပဏီကို ငှားရမ်းပြီး နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၊ ပဉ္စမ ရိပ်သာလမ်း ၊ အမှတ် ၇၇ တွင် ထိုခေတ်ထိုကာလက တွေ့ဖူးသမျှတွင် အကြီးမားဆုံးစံအိမ်ကြီးကို ဆောက်လုပ်စေခဲ့သည်။

အဆိုပါစံအိမ်ကို ၁၄ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့ရပြီး ပြီးဆုံးချိန်တွင် ရှေးခေတ်ငွေ ဒေါ်လာ ၇ သန်း (၂၀၁၇ ခုနှစ် တန်ဖိုးအရ ကန်ဒေါ်လာ ၁၈၉၂၃၀၀၀၀ ရှိပြီး ငွေကြေးဖောင်းပွမှုကို ချိန်ညှိတွက်ချက်ထားသည့် ပမာဏဖြစ်သည်) ကုန်ကျခဲ့သည်။

ဝီလျံသည် စံအိမ်ကြီးဆောက်လုပ်ရန်အတွက် ကျောက်ကျင်းလုပ်ငန်း၊ ကြေးသွန်းလုပ်ငန်းတစ်ခုတို့ကိုပင် ဝယ်ယူခဲ့ရသည်။

စံအိမ်တွင် ထည့်သွင်းမည့် ကြေးပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် လူပေါင်း ၂၀၀ ခန့် ကြေးသွန်းလုပ်ငန်းတွင် ထပ်မံ ခန့်အပ်ခဲ့ရသည်။

စံအိမ်ကြီးမှာ အလွန်တရာကြီးမားလှသောကြောင့် အတင်းအဖျင်းများ ၊ ကောလာဟလများလည်း အမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။

စံအိမ်အောက်တွင် မြေအောက်လမ်းများ၊ လျှို့ဝှက်တံခါးများ၊ အလိုအလျောက်ပွင့်သည့် တံခါးများရှိကြောင်း အမျိုးမျိုး အဖုံဖုံ ပြောကြားမှုများ ရှိသည်။

အဆိုပါစံအိမ်တွင် အခန်းပေါင်း ၁၂၁ ခန်း ပါဝင်ပြီး ယင်းအနက် ၂၆ ခန်းမှာ အစေခံများအတွက်ဖြစ်သည်။ ရေချိုးခန်း ၃၁ ခန်း၊ ရေကူးကန်၊ အဆောက်အအုံကြီးကို အပူပေးရန်အတွက် လိုအပ်သော ကျောက်မီးသွေးများ သယ်ဆောင်ရန် ကိုယ်ပိုင်မီးရထားလမ်းပင် ပါဝင်သည်။

၁၉၂၅ ခုနှစ်တွင် ဝီလျံ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ပြီးနောက်ပိုင်း သမီးဖြစ်သူ Huguette Marcelle Clark က ဆက်လက်ပိုင်ဆိုင်ခဲ့သော်လည်း အဆိုပါစံအိမ်တွင် နေထိုင်ခဲ့ခြင်းမရှိရာ ထိုအချိန်မှ စတင်ပြီး စံအိမ်ကြီးတွင် လူသူကင်းမဲ့သွားခဲ့သည်။

Huguette က အဆိုပါစံအိမ်ကို Anthony Compagana ဆိုသူထံ ရောင်းချလိုက်၏။ Anthony က အဆိုပါစံအိမ်ကြီးကို ဝယ်ယူခဲ့သော်လည်း နေထိုင်ခြင်းမရှိဘဲ ၁၉၂၇ ခုနှစ်တွင် ဖျက်သိမ်းလိုက်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Clark’s Folly – a $189 million mansion (Abandoned Spaces)

[Zawgyi]

ကန္ေဒၚလာ ၁၈၉ သန္းတန္ လူမေနေသာ စံအိမ္ၾကီး

၁၉ ရာစု သတၱဳတြင္း သူေဌးၾကီးမ်ားသည္ ၾကီးက်ယ္ခမ္းနားေသာ ဘဝေနထိုင္မႈ ပံုစံမ်ဳိးျဖင့္ ေနထိုင္ေလ့ရွိခဲ့ၾကသည္။

၎တို႔၏ စံအိမ္မ်ားမွာ မည္သူႏွင့္မွမတူ တမူထူးျခားေအာင္ ေဆာက္လုပ္ေလ့ရွိျပီး ေဆာက္လုပ္မႈ ကုန္က်စရိတ္လည္း အလြန္တရာ မ်ားျပားလွသည္။

သတၱဳတြင္းလုပ္ငန္းရွင္၊ ႏိုင္ငံေရးသမား၊ စီးပြားေရးသမား၊ ဘဏ္လုပ္ငန္းရွင္တစ္ဦးျဖစ္ေသာ ဝီလ်ံ ေအ-ကလာ့ခ္ပိုင္ဆိုင္ခဲ့ေသာ စံအိမ္ၾကီးသည္ လြန္စြာၾကီးက်ယ္ခမ္းနားလွျပီး ထိုေခတ္ထိုအခါက အမ်ားျပည္သူတို႔ အံ့ၾသမင္သက္ခဲ့ၾကရျပီး အတြင္းပိုင္းတြင္ မည္သည့္အရာမ်ားရွိသည္ကို အမ်ဳိးမ်ဳိးမွန္းဆ ဖြဲ႔ႏြဲ႔ခဲ့ၾကသည္။

ဝီလ်ံ ေအ-ကလာ့ခ္သည္ မိသားစုႏွင့္အတူ အေမရိကန္ျပည္ေထာင္စု၊ အိုင္အိုဝါျပည္နယ္သို႔ ေျပာင္းေရႊ႕အေျခခ်စဥ္က အသက္ ၁၇ ႏွစ္ အရြယ္သာ ရွိေသးသည္။

ဝီလ်ံသည္ အိုင္အိုဝါျပည္နယ္၊ Wesleyan ေကာလိပ္တြင္ ဥပေဒပညာသင္ယူခဲ့ျပီး ၄ ႏွစ္အၾကာတြင္ သူ၏ ဘဝခရီးကို လမ္းေၾကာင္းေျပာင္းလဲခဲ့၏။

ေကာ္လိုရာဒိုျပည္နယ္ဘက္သို႔ ခရီးထြက္ခဲ့ကာ အဆိုပါေဒသရွိ သတၱွဳတြင္းမ်ားတြင္ လုပ္ကိုင္ခဲ့ျခင္း ျဖစ္သည္။

၁၈၆၃ ခုႏွစ္သည္ကား ဝီလ်ံအတြက္ ကံၾကမၼာက မ်က္ႏွာသာေပးသည့္ ႏွစ္တစ္ႏွစ္ ျဖစ္ခဲ့သည္။

မြန္တားနား ေရႊရွာသည့္ကာလ (Montana Gold Rush) အတြင္း ဝီလ်ံသည္လည္း ေရႊအခ်ဳိ ႔ ရွာေဖြရရွိခဲ့ျပီး အေျခအေနမ်ား စတင္ေျပာင္းလဲလာခဲ့သည္။

သူရွာေဖြရရွိခဲ့သည့္ေရႊမွာ အနည္းငယ္မွ်သာျဖစ္ေသာ္လည္း အဆိုပါေရႊတို႔ကို ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ရာမွတဆင့္ ကုန္သည္တစ္ဦး ျဖစ္လာသည္။

ေနာက္ပိုင္းတြင္ ဝီလ်ံသည္ အသက္ေမြးဝမ္းေက်ာင္းမႈနယ္ပယ္ေျပာင္းလဲလုိက္ျပီး သူ၏ ဇာတိျမိဳ ႔ျဖစ္ေသာ မြန္တားနားျပည္နယ္၊ Deer Lodge တြင္ ဘဏ္လုပ္ငန္းကို လုပ္ကိုင္ခဲ့သည္။

သို႔ေသာ္ သတၱဳတူးေဖာ္ေရးဘက္သို႔သာ ျပန္လည္ေရာက္ရွိလာျပန္ျပီး ယခုတစ္ၾကိမ္တြင္မူ တြင္းလုပ္သားအျဖစ္မဟုတ္ဘဲ တြင္းပိုင္ရွင္ အျဖစ္ ျဖစ္သည္။

ထိုအခ်ိန္တြင္ကား ဝီလ်ံသည္ မ်ားစြာၾကြယ္ဝေနျပီျဖစ္ျပီး ေၾကးနီတြင္းလုပ္ငန္း၊ လွ်ပ္စစ္ဓာတ္အားကုမၸဏီမ်ား၊ သတင္းစာမ်ားႏွင့္ မီးရထားလမ္းကုမၸဏီမ်ား ပိုင္ဆိုင္ထားျပီ ျဖစ္သည္။

ထိုအခ်ိန္တြင္ ေၾကးနီဘုရင္ဟူေသာ အမည္ကိုလည္း အမ်ားက ေပးထားျခင္း ခံေနရျပီ ျဖစ္၏။

၁၈၈၈ ခုႏွစ္တြင္ကား ဝီလ်ံက ကိုယ္တိုင္ေနထိုင္ရန္အတြက္ မြန္တားနားျပည္နယ္၊ Butte ျမိဳ ႔တြင္ အခန္းေပါင္း ၃၄ ခန္းပါ ၾကီးမားလွေသာ စံအိမ္ၾကီးတစ္လံုး ေဆာက္လုပ္ခဲ့သည္။

ဝီလ်ံသည္ အဆိုပါစံအိမ္တြင္ ဆယ္စုႏွစ္တစ္ခုနီးပါးေနထိုင္ခဲ့ျပီးေနာက္ နယူးေယာက္ျမိဳ ႔သို႔ ေျပာင္းေရႊ႕ရန္ ဆံုးျဖတ္ခဲ့သည္။

၁၈၉၇ ခုႏွစ္တြင္ ဝီလ်ံသည္ Lord and Hewlett ကုမၸဏီကို ငွားရမ္းျပီး နယူးေယာက္ျမိဳ ႔၊ မန္ဟက္တန္အရပ္၊ ပဥၥမ ရိပ္သာလမ္း ၊ အမွတ္ ၇၇ တြင္ ထိုေခတ္ထိုကာလက ေတြ႔ဖူးသမွ်တြင္ အၾကီးမားဆံုးစံအိမ္ၾကီးကို ေဆာက္လုပ္ေစခဲ့သည္။

အဆိုပါစံအိမ္ကို ၁၄ ႏွစ္ၾကာ အခ်ိန္ယူေဆာက္လုပ္ခဲ့ရျပီး ျပီးဆံုးခ်ိန္တြင္ ေရွးေခတ္ေငြ ေဒၚလာ ၇ သန္း (၂၀၁၇ ခုႏွစ္ တန္ဖိုးအရ ကန္ေဒၚလာ ၁၈၉၂၃၀၀၀၀ ရွိျပီး ေငြေၾကးေဖာင္းပြမႈကို ခ်ိန္ညွိတြက္ခ်က္ထားသည့္ ပမာဏျဖစ္သည္) ကုန္က်ခဲ့သည္။

ဝီလ်ံသည္ စံအိမ္ၾကီးေဆာက္လုပ္ရန္အတြက္ ေက်ာက္က်င္းလုပ္ငန္း၊ ေၾကးသြန္းလုပ္ငန္းတစ္ခုတို႔ကိုပင္ ဝယ္ယူခဲ့ရသည္။

စံအိမ္တြင္ ထည့္သြင္းမည့္ ေၾကးပစၥည္းမ်ား ထုတ္လုပ္ႏိုင္ရန္အတြက္ လူေပါင္း ၂၀၀ ခန္႔ ေၾကးသြန္းလုပ္ငန္းတြင္ ထပ္မံ ခန္႔အပ္ခဲ့ရသည္။

စံအိမ္ၾကီးမွာ အလြန္တရာၾကီးမားလွေသာေၾကာင့္ အတင္းအဖ်င္းမ်ား ၊ ေကာလာဟလမ်ားလည္း အမ်ဳိးမ်ဳိး ေပၚေပါက္ခဲ့သည္။

စံအိမ္ေအာက္တြင္ ေျမေအာက္လမ္းမ်ား၊ လွ်ိဳ ႔ဝွက္တံခါးမ်ား၊ အလိုအေလ်ာက္ပြင့္သည့္ တံခါးမ်ားရွိေၾကာင္း အမ်ဳိးမ်ဳိး အဖံုဖံု ေျပာၾကားမႈမ်ား ရွိသည္။

အဆိုပါစံအိမ္တြင္ အခန္းေပါင္း ၁၂၁ ခန္း ပါဝင္ျပီး ယင္းအနက္ ၂၆ ခန္းမွာ အေစခံမ်ားအတြက္ျဖစ္သည္။ ေရခ်ဳိးခန္း ၃၁ ခန္း၊ ေရကူးကန္၊ အေဆာက္အအံုၾကီးကို အပူေပးရန္အတြက္ လိုအပ္ေသာ ေက်ာက္မီးေသြးမ်ား သယ္ေဆာင္ရန္ ကိုယ္ပိုင္မီးရထားလမ္းပင္ ပါဝင္သည္။

၁၉၂၅ ခုႏွစ္တြင္ ဝီလ်ံ ကြယ္လြန္သြားခဲ့သည္။ ကြယ္လြန္ျပီးေနာက္ပိုင္း သမီးျဖစ္သူ Huguette Marcelle Clark က ဆက္လက္ပိုင္ဆိုင္ခဲ့ေသာ္လည္း အဆိုပါစံအိမ္တြင္ ေနထိုင္ခဲ့ျခင္းမရွိရာ ထိုအခ်ိန္မွ စတင္ျပီး စံအိမ္ၾကီးတြင္ လူသူကင္းမဲ့သြားခဲ့သည္။

Huguette က အဆိုပါစံအိမ္ကို Anthony Compagana ဆိုသူထံ ေရာင္းခ်လိုက္၏။ Anthony က အဆိုပါစံအိမ္ၾကီးကို ဝယ္ယူခဲ့ေသာ္လည္း ေနထိုင္ျခင္းမရွိဘဲ ၁၉၂၇ ခုႏွစ္တြင္ ဖ်က္သိမ္းလိုက္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Clark’s Folly – a $189 million mansion (Abandoned Spaces)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service