SS အဖွဲ့၏ နေ့စဉ်မှတ်တမ်းစာအုပ်အရ ဒုတိယကမ္ဘာစစ်ကြီးပြီးလုဆဲအချိန်တွင် နာဇီတို့ မြှုပ်နှံထားခဲ့သော ပေါင် ၁ ဘီလီယံတန်ကြေးရှိသော ရွှေချောင်းများရှိနေသည့် ပိုလန်နိုင်ငံမှ ၁၆ ရာစုနှစ် နန်းတော်ကြီး

SS အဖွဲ့၏ နေ့စဉ်မှတ်တမ်းစာအုပ်အရ ဒုတိယကမ္ဘာစစ်ကြီးပြီးလုဆဲအချိန်တွင် နာဇီတို့ မြှုပ်နှံထားခဲ့သော ပေါင် ၁ ဘီလီယံတန်ကြေးရှိသော ရွှေချောင်းများရှိနေသည့် ပိုလန်နိုင်ငံမှ ၁၆ ရာစုနှစ် နန်းတော်ကြီး - Property News in Myanmar from iMyanmarHouse.com
1 Jun 2020 2:15 pm တွင် တင်ခဲ့သည်
1563 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျာမာန် SS အဖွဲ့၏ နေ့စဉ်မှတ်တမ်းအရ ပေါင် ၁ ဘီလီယံတန်ကြေးရှိသော ရွှေချောင်းများသည် ပိုလန်နိုင်ငံရှိ နန်းတော်ကြီးတစ်ခု၏ အောက်ခြေတွင် တည်ရှိကြောင်း တည်နေရာ ဖော်ပြထားသည်ကို တွေ့ရသည်။

ရွှေချောင်းများ၊ ကျောက်မျက်ရတနာနှင့် ရွှေဒင်္ဂ ါးအစုအပုံလိုက်ကြီးသည် ပိုလန်နိုင်ငံတောင်ပိုင်း Wroclaw မြို့အနီး Hochberg Palace နန်းတော်အဆောက်အအုံကြီး၏ အောက်ခြေ ပေ ၂၀၀ အနက်တွင် တည်ရှိပြီး ဖျက်ဆီးခံထားရသည့် ရေတွင်းဟောင်းကြီးအတွင်း တည်ရှိသည်ဟု ယုံကြည်ရသည်။

ပိုလန်-ဂျာမန် Silesian Bridge ဖောင်ဒေးရှင်းမှ သုတေသီတို့က SS အဖွဲ့၏ နေ့စဉ်မှတ်တမ်းစာအုပ်ကို ဖရီးမေဆင်အသင်း၏ အိမ်တစ်လုံးမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါရတနာများကို ဒုတိယကမ္ဘာစစ်ကြီး၏ နောက်ဆုံးနေ့ရက်များတွင် မြှုပ်နှံခဲ့ခြင်းဖြစ်ပြီး မျက်မြင်တွေ့မြင်ခဲ့သူတို့ကိုလည်း သုတ်သင်ကာ ၎င်းတို့၏အလောင်းများနှင့်အတူ မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု သုတေသီတို့က ပြောကြားသည်။

စုစုပေါင်း ၂၈ တန်ခန့်ှရှိသည့် နာဇီရွှေချောင်းများသည် ကာလပေါက်ဈေး ပေါင် ၁ ဒသမ ၂၅ ဘီလီယံခန့် ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

အဆိုပါရွှေချောင်းများသည် Wroclaw မြို့အနီးရှိ Reichsbank ဘဏ်၏ ငွေတိုက်အတွင်းမှ ရွှေချောင်းများဖြစ်နိုင်သည်ဟု ယုံကြည်ရပြီး ရုရှားတို့လက်သို့ ရောက်ရှိမသွားစေရန်အတွက် မြှုပ်နှံခဲ့ခြင်းဖြစ်သည်။

ရွှေချောင်းများတည်နေရာကို နေ့စဉ်မှတ်တမ်းတွင် ရေးသားခဲ့သူမှာ ဟစ်တလာ၏ကိုယ်စား နာဇီရတနာများ သိုဝှက်ပေးရသည့် အရာရှိတစ်ဦးဖြစ်သူ Egon Ollenhauer က ရေးသားခဲ့သည်ဟု ဆိုသည်။

Silesian Bridge ဖောင်ဒေးရှင်း၏ အကြီးအကဲ Roman Furmaniak က ပြောကြားရာတွင် ရတနာများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အစိုးရကို ဖိအားပေးသည့်အနေဖြင့် ယခုအချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

နေ့စဉ်မှတ်တမ်းစာအုပ်သည် အစစ်အမှန်ဖြစ်ကြောင်း ဂျာမနီတွင် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ နေ့စဉ်မှတ်တမ်းစာအုပ်ကို ပိုလန်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပြီးခဲ့သောနှစ်အတွင်း ပေးအပ်ခဲ့ပြီးဖြစ်ကာ ဝန်ကြီးဌာနအနေဖြင့် အတည်ပြုရဦးမည် ဖြစ်သည်။

အစိုးရထံမှ ခွင့်ပြုချက်မရသေးဘဲ တူးဖော်ရေးအတွက် စီမံကိန်းဆွဲခြင်းနှင့် ရန်ပုံငွေရှာရန်မှာ ခက်ခဲသည်။

သို့သော် နန်းတော်၏ လက်ရှိပိုင်ရှင်များထံမှ ခွင့်ပြုချက်ရထားပြီးဖြစ်ကာ ပတ်လည်ခြံစည်းရိုးနှင့် လုံခြုံရေးကင်မရာများ တပ်ဆင်ပြီးဖြစ်ကြောင်း ဖောင်ဒေးရှင်းက ထုတ်ပြန်သည်။

သက်တမ်း ၇၅ နှစ်ရှိပြီဖြစ်သော နေ့စဉ်မှတ်တမ်းအတွင်း ဖော်ပြထားသည်မှာ “Mr Grundman အား များစွာကျေးဇူးတင်ရှိပါသည်။ ကျွနု်ပ်တို့သည် Hochberg မိသားစုပိုင် နန်းတော်ကြီးအတွင်း တွေ့ဆုံခဲ့ကြသည်။ ဒေါက်တာ Grundmann နှင့် သူ့အဖွဲ့က နန်းတော်ကြီးအောက်ခြေရှိ နက်ရှိုင်းသော ရေတွင်းတစ်ခုတွင် နေရာကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။”

“အောက်ဖော်ပြပါအရာများကို သေတ္တာကြီးများတွင် ထည့်ပြီး ရေတွင်းအောက်ခြေတွင် ထားရှိခဲ့သည်။ ကျောက်မျက်ရတနာများ၊ ရွှေ ဒင်္ဂ ါးပြားများ၊ ရွှေချောင်းများ။ ၎င်းတို့အနက် အများစုမှာ ပုံပျက် ပျက်စီးနေပြီးဖြစ်သည်။ သေနတ်ကျည်ဆန်များ ထိမှန်ခဲ့ဟန်ရသည်။”

“ရတနာများအားလုံး ထားရှိပြီးချိန်တွင် ရေတွင်းဝကို ဖောက်ခွဲဖျက်ဆီးပြီး ဖုံးအုပ်စေလိုက်သည်။”

“မစ္စတာ Grundmann သည် စီစဉ်မှု အလွန်တော်သူတစ်ဦးဖြစ်သည်။ ရွှေငွေ ကျောက်မျက်ရတနာ ၂၈ တန်ကို သယ်ယူပြီးနောက်တွင် သယ်ဆောင်ပေးသည့် ပြင်သစ်ရဲများကို အဝေးသို့ ပို့လိုက်၏။ သူတို့မည်သည့်နေရာတွင် ရှိသည်ကိုမူ မသိရတော့ချေ။” Gunther Grundmann သည် ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီနှင့် စစ်အတွင်းတွင် ဂျာမန်တို့အတွက် ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းပေးသူ ဖြစ်သည်။

၁၉၄၂ ခုနှစ်တွင် မဟာမိတ်တို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂျာမန်ပြတိုက်များ၊ အင်စတီကျူးရှင်းများနှင့် ပုဂ္ဂလိက စုဆောင်းထားသော များပြားလှသည့် အနုပညာပစ္စည်းများစာရင်းကို ပြုစုသည့်တာဝန် Grundmann အား ပေးခဲ့သည်။

၁၉၄၄ ခုနှစ် နှစ်လယ်ပိုင်းတွင် Grundmann သည် သူ၏စာရင်းတွင် ပါဝင်သော ပစ္စည်းများအားလုံးကို ၇၄ နေရာခွဲကာ သိုဝှက်လိုက်၏။၏

Silesian Bridge ဖောင်ဒေးရှင်း၏ အကြီးအကဲ Roman Furmaniak က ပြောကြားရာတွင် Hochberg နန်းတော်သည် ပိုလန်တောင်ပိုင်း ဂျာမန်တို့ ကျောက်မျက်ရတနာများ သိုဝှက်ခဲ့သည့် ၁၁ နေရာတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 28 tonnes of Nazi gold worth £1BILLION could be hidden under 16th century Polish palace: SS diary page shows treasure was hidden in a well near end of WWII (Daily Mail)

 

[Zawgyi]

SS အဖြဲ႔၏ ေန႔စဥ္မွတ္တမ္းစာအုပ္အရ ဒုတိယကမၻာစစ္ၾကီးျပီးလုဆဲအခ်ိန္တြင္ နာဇီတို႔ ျမွဳပ္ႏွံထားခဲ့ေသာ ေပါင္ ၁ ဘီလီယံတန္ေၾကးရွိေသာ ေရႊေခ်ာင္းမ်ားရွိေနသည့္ ပိုလန္ႏိုင္ငံမွ ၁၆ ရာစုႏွစ္ နန္းေတာ္ၾကီး

ဂ်ာမာန္ SS အဖြဲ႔၏ ေန႔စဥ္မွတ္တမ္းအရ ေပါင္ ၁ ဘီလီယံတန္ေၾကးရွိေသာ ေရႊေခ်ာင္းမ်ားသည္ ပိုလန္ႏိုင္ငံရွိ နန္းေတာ္ၾကီးတစ္ခု၏ ေအာက္ေျခတြင္ တည္ရွိေၾကာင္း တည္ေနရာ ေဖာ္ျပထားသည္ကို ေတြ႔ရသည္။

ေရႊေခ်ာင္းမ်ား၊ ေက်ာက္မ်က္ရတနာႏွင့္ ေရႊဒဂၤ ါးအစုအပံုလိုက္ၾကီးသည္ ပိုလန္ႏိုင္ငံေတာင္ပိုင္း Wroclaw ျမိဳ ႔အနီး Hochberg Palace နန္းေတာ္အေဆာက္အအံုၾကီး၏ ေအာက္ေျခ ေပ ၂၀၀ အနက္တြင္ တည္ရွိျပီး ဖ်က္ဆီးခံထားရသည့္ ေရတြင္းေဟာင္းၾကီးအတြင္း တည္ရွိသည္ဟု ယံုၾကည္ရသည္။

ပိုလန္-ဂ်ာမန္ Silesian Bridge ေဖာင္ေဒးရွင္းမွ သုေတသီတို႔က SS အဖြဲ႔၏ ေန႔စဥ္မွတ္တမ္းစာအုပ္ကို ဖရီးေမဆင္အသင္း၏ အိမ္တစ္လံုးမွ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

အဆိုပါရတနာမ်ားကို ဒုတိယကမၻာစစ္ၾကီး၏ ေနာက္ဆံုးေန႔ရက္မ်ားတြင္ ျမွဳပ္ႏွံခဲ့ျခင္းျဖစ္ျပီး မ်က္ျမင္ေတြ႔ျမင္ခဲ့သူတို႔ကိုလည္း သုတ္သင္ကာ ၎တို႔၏အေလာင္းမ်ားႏွင့္အတူ ျမွဳပ္ႏွံခဲ့ျခင္းျဖစ္သည္ဟု သုေတသီတို႔က ေျပာၾကားသည္။

စုစုေပါင္း ၂၈ တန္ခန္႔ွရွိသည့္ နာဇီေရႊေခ်ာင္းမ်ားသည္ ကာလေပါက္ေစ်း ေပါင္ ၁ ဒသမ ၂၅ ဘီလီယံခန္႔ ရွိႏိုင္သည္ဟု ခန္႔မွန္းရသည္။

အဆိုပါေရႊေခ်ာင္းမ်ားသည္ Wroclaw ျမိဳ ႔အနီးရွိ Reichsbank ဘဏ္၏ ေငြတိုက္အတြင္းမွ ေရႊေခ်ာင္းမ်ားျဖစ္ႏိုင္သည္ဟု ယံုၾကည္ရျပီး ရုရွားတို႔လက္သို႔ ေရာက္ရွိမသြားေစရန္အတြက္ ျမွဳပ္ႏွံခဲ့ျခင္းျဖစ္သည္။

ေရႊေခ်ာင္းမ်ားတည္ေနရာကို ေန႔စဥ္မွတ္တမ္းတြင္ ေရးသားခဲ့သူမွာ ဟစ္တလာ၏ကိုယ္စား နာဇီရတနာမ်ား သိုဝွက္ေပးရသည့္ အရာရွိတစ္ဦးျဖစ္သူ Egon Ollenhauer က ေရးသားခဲ့သည္ဟု ဆိုသည္။

Silesian Bridge ေဖာင္ေဒးရွင္း၏ အၾကီးအကဲ Roman Furmaniak က ေျပာၾကားရာတြင္ ရတနာမ်ားႏွင့္ ပတ္သက္ျပီး စံုစမ္းစစ္ေဆးမႈ ျပဳလုပ္ရန္ အစိုးရကို ဖိအားေပးသည့္အေနျဖင့္ ယခုအခ်က္အလက္မ်ားကို အမ်ားျပည္သူသို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ေန႔စဥ္မွတ္တမ္းစာအုပ္သည္ အစစ္အမွန္ျဖစ္ေၾကာင္း ဂ်ာမနီတြင္ စစ္ေဆးခဲ့ျပီးျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။

အဆိုပါ ေန႔စဥ္မွတ္တမ္းစာအုပ္ကို ပိုလန္ယဥ္ေက်းမႈဝန္ၾကီးဌာနသုိ႔ ျပီးခဲ့ေသာႏွစ္အတြင္း ေပးအပ္ခဲ့ျပီးျဖစ္ကာ ဝန္ၾကီးဌာနအေနျဖင့္ အတည္ျပဳရဦးမည္ ျဖစ္သည္။

အစိုးရထံမွ ခြင့္ျပဳခ်က္မရေသးဘဲ တူးေဖာ္ေရးအတြက္ စီမံကိန္းဆြဲျခင္းႏွင့္ ရန္ပံုေငြရွာရန္မွာ ခက္ခဲသည္။

သို႔ေသာ္ နန္းေတာ္၏ လက္ရွိပိုင္ရွင္မ်ားထံမွ ခြင့္ျပဳခ်က္ရထားျပီးျဖစ္ကာ ပတ္လည္ျခံစည္းရိုးႏွင့္ လံုျခံဳေရးကင္မရာမ်ား တပ္ဆင္ျပီးျဖစ္ေၾကာင္း ေဖာင္ေဒးရွင္းက ထုတ္ျပန္သည္။

သက္တမ္း ၇၅ ႏွစ္ရွိျပီျဖစ္ေသာ ေန႔စဥ္မွတ္တမ္းအတြင္း ေဖာ္ျပထားသည္မွာ “Mr Grundman အား မ်ားစြာေက်းဇူးတင္ရွိပါသည္။ ကၽြႏု္ပ္တို႔သည္ Hochberg မိသားစုပိုင္ နန္းေတာ္ၾကီးအတြင္း ေတြ႔ဆံုခဲ့ၾကသည္။ ေဒါက္တာ Grundmann ႏွင့္ သူ႔အဖြဲ႔က နန္းေတာ္ၾကီးေအာက္ေျခရွိ နက္ရႈိင္းေသာ ေရတြင္းတစ္ခုတြင္ ေနရာၾကိဳတင္ျပင္ဆင္ထားျပီး ျဖစ္သည္။”

“ေအာက္ေဖာ္ျပပါအရာမ်ားကို ေသတၱာၾကီးမ်ားတြင္ ထည့္ျပီး ေရတြင္းေအာက္ေျခတြင္ ထားရွိခဲ့သည္။ ေက်ာက္မ်က္ရတနာမ်ား၊ ေရႊ ဒဂၤ ါးျပားမ်ား၊ ေရႊေခ်ာင္းမ်ား။ ၎တိုိ႔အနက္ အမ်ားစုမွာ ပံုပ်က္ ပ်က္စီးေနျပီးျဖစ္သည္။ ေသနတ္က်ည္ဆန္မ်ား ထိမွန္ခဲ့ဟန္ရသည္။”

“ရတနာမ်ားအားလံုး ထားရွိျပီးခ်ိန္တြင္ ေရတြင္းဝကို ေဖာက္ခြဲဖ်က္ဆီးျပီး ဖံုးအုပ္ေစလိုက္သည္။”

“မစၥတာ Grundmann သည္ စီစဥ္မႈ အလြန္ေတာ္သူတစ္ဦးျဖစ္သည္။ ေရႊေငြ ေက်ာက္မ်က္ရတနာ ၂၈ တန္ကို သယ္ယူျပီးေနာက္တြင္ သယ္ေဆာင္ေပးသည့္ ျပင္သစ္ရဲမ်ားကို အေဝးသို႔ ပို႔လိုက္၏။ သူတို႔မည္သည့္ေနရာတြင္ ရွိသည္ကိုမူ မသိရေတာ့ေခ်။” Gunther Grundmann သည္ ဒုတိယကမၻာစစ္ၾကီးမတိုင္မီႏွင့္ စစ္အတြင္းတြင္ ဂ်ာမန္တို႔အတြက္ ေရွးေဟာင္းပစၥည္းမ်ား ထိန္းသိမ္းေပးသူ ျဖစ္သည္။

၁၉၄၂ ခုႏွစ္တြင္ မဟာမိတ္တို႔၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ ဂ်ာမန္ျပတိုက္မ်ား၊ အင္စတီက်ဴးရွင္းမ်ားႏွင့္ ပုဂၢလိက စုေဆာင္းထားေသာ မ်ားျပားလွသည့္ အႏုပညာပစၥည္းမ်ားစာရင္းကို ျပဳစုသည့္တာဝန္ Grundmann အား ေပးခဲ့သည္။

၁၉၄၄ ခုႏွစ္ ႏွစ္လယ္ပိုင္းတြင္ Grundmann သည္ သူ၏စာရင္းတြင္ ပါဝင္ေသာ ပစၥည္းမ်ားအားလံုးကို ၇၄ ေနရာခြဲကာ သိုဝွက္လိုက္၏။၏

Silesian Bridge ေဖာင္ေဒးရွင္း၏ အၾကီးအကဲ Roman Furmaniak က ေျပာၾကားရာတြင္ Hochberg နန္းေတာ္သည္ ပိုလန္ေတာင္ပို္င္း ဂ်ာမန္တို႔ ေက်ာက္မ်က္ရတနာမ်ား သိုဝွက္ခဲ့သည့္ ၁၁ ေနရာတြင္ တစ္ခုအပါအဝင္ျဖစ္သည္ဟု ယံုၾကည္ေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 28 tonnes of Nazi gold worth £1BILLION could be hidden under 16th century Polish palace: SS diary page shows treasure was hidden in a well near end of WWII (Daily Mail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service