ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ဈေးတွင် စတင်ခြင်းမဟုတ်ကြောင်း တရုတ်နိုင်ငံ ဝန်ခံလိုက်ပြီ

ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ဈေးတွင် စတင်ခြင်းမဟုတ်ကြောင်း တရုတ်နိုင်ငံ ဝန်ခံလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
1 Jun 2020 2:02 pm တွင် တင်ခဲ့သည်
3719 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ဈေးတွင် စတင်ခြင်းမဟုတ်ကြောင်း တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဌာန အကြီးအကဲ Gao Fu က နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနမှတဆင့် အများပြည်သူသို့ တရားဝင် ဝန်ခံလိုက်ပြီ ဖြစ်သည်။

“အစပိုင်းမှာ ကျွန်တော်တို့ ယူဆတာက ပင်လယ်စာဈေးမှာ ကိုရိုနာဗိုင်းရပ်စ်ရှိတယ်လို့ ယူဆခဲ့ကြတယ်။ ဒါပေမယ့် ဒီဈေးက ဓားစာခံအထင်ခံရတာမျိုးဖြစ်သွားတယ်” ဟု တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဗဟို ညွှန်ကြားရေးမှူး Gao Fu က ပြောကြာားသည်။ ယင်းကား အံ့သြဖွယ် ဝန်ခံချက်ပင် ဖြစ်သည်။

ဝူဟန်မြို့တွင် ဗိုင်းရပ်စ်သစ်တစ်မျိုး ပေါ်ပေါက်နေကြောင်း တရုတ်နိုင်ငံက ကမ္ဘာသို့ ကြေညာခဲ့စဉ်ကလည်း တောကောင်များ ရောင်းချသည့်ဈေးမှ စတင်ခြင်းဖြစ်ကြောင်း ၎င်းကပင် အတိအလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါဈေးကို ပိတ်သိမ်းလိုက်ပြီး ရာဇဝတ်မှုဖြစ်ပွားရာ အခင်းဖြစ်ရပ်သဖွယ် ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

Gao Fu ၏ ကနဦးယူဆချက်မှာ ယခင်ပေါ်ပေါက်ခဲ့ဖူးသော တိရ စ္ဆာန်မှ လူသို့ကူးစက်သည့် ရောဂါဖြစ်ရပ်များအပေါ် အခြေတည် ယူဆခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါဈေးရှိ တိရ စ္ဆာန်နမူနာများ ရယူကာစစ်ဆေးခဲ့သည့် အချက်အလက်များကို ကမ္ဘာသို့ မထုတ်ပြန်သောကြောင့် သံသယများ ကြီးထွားလာခဲ့သည်။

ယခုအခါ Gao Fu က အဆိုပါဈေးရှိ တိရ စ္ဆာန်နမူနာများကို စစ်ဆေးရာတွင် ဗိုင်းရပ်စ် မတွေ့ရကြောင်း ဝန်ခံလာခဲ့သည်။ ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသည့်အချက်တစ်ခုကို ၎င်းက ထုတ်ဖော်ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်သည် အဆိုပါကာလမတိုင်မီကတည်းက တည်ရှိနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။

ယခုထုတ်ပြန်ချက်သည် အရေးပါ၏။ Gao Fu သည် တရုတ်နိုင်ငံ၏ ထိပ်တန်းကပ်ရောဂါပညာရှင်တစ်ဦးဖြစ်ရုံသာမကဘဲ တရုတ်နိုင်ငံ၏ နိုင်ငံရေးအကြံပေးအဖွဲ့တွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်နေသည်။

စိတ်ဝင်စားဖွယ်အချက်မှာ ဝူဟန်ဗိုင်းရပ်စ်အင်စတီကျု၏ ညွှန်ကြားရေးမှူး ဝမ်ယန်ယီနှင့် အစိုးရရုပ်မြင်သံကြားတို့ တွေ့ဆုံမေးမြန်းခန်းတွင် ဝမ်ယန်ယီက ပြောကြားသည်မှာ ကိုရိုနာဗိုင်းရပ်စ်သည် သူမ၏ လုံခြုံရေးထိပ်တန်းအဆင့်ရှိ ဓာတ်ခွဲခန်းမှ မတော်မဆလွတ်ထွက်သွားခြင်းဖြစ်သည်ဟု ပြောကြားနေမှုများမှာ မဟုတ်မမှန်လုပ်ကြံစွပ်စွဲခြင်းဖြစ်ကြောင်း ပြောကြားခဲ့အပြီး Gao Fu ၏ ဝန်ခံချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

Lancet တွင် ဖော်ပြသော စာတမ်းတစ်ခုအရ ဝူဟန်မြို့တွင် ပထမဆုံးပေါ်ပေါက်ခဲ့သော အတည်ပြုလူနာ ၄၁ ဦးတွင် ၂၇ ဦးသာ ဈေးနှင့် ထိတွေ့မှုရှိခဲ့ကြောင်း လေ့လာချက် အပါအဝင် အခြားသော လေ့လာချက်များစွာအရ Gao Fu ၏ ကနဦးပြောကြားချက်များအပေါ် သံသယဖြစ်ဖွယ်များ ပေါ်ပေါက်လာပြီးနောက် ၎င်းက ရုတ်တရက် မူလပြောကြားချက်ကို ပြောင်းလဲပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Beijing now admits that coronavirus DIDN'T start in Wuhan's market... so where DID it come from, asks IAN BIRRELL ( Daily Mail )

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္သည္ ဝူဟန္ေစ်းတြင္ စတင္ျခင္းမဟုတ္ေၾကာင္း တရုတ္ႏိုင္ငံ ဝန္ခံလိုက္ျပီ

ကိုရိုနာဗိုင္းရပ္စ္သည္ ဝူဟန္ေစ်းတြင္ စတင္ျခင္းမဟုတ္ေၾကာင္း တရုတ္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ၾကိဳတင္ကာကြယ္ေရးဌာန အၾကီးအကဲ Gao Fu က ႏိုင္ငံပိုင္ရုပ္ျမင္သံၾကားဌာနမွတဆင့္ အမ်ားျပည္သူသို႔ တရားဝင္ ဝန္ခံလိုက္ျပီ ျဖစ္သည္။

“အစပိုင္းမွာ ကၽြန္ေတာ္တို႔ ယူဆတာက ပင္လယ္စာေစ်းမွာ ကိုရိုနာဗိုင္းရပ္စ္ရွိတယ္လို႔ ယူဆခဲ့ၾကတယ္။ ဒါေပမယ့္ ဒီေစ်းက ဓားစာခံအထင္ခံရတာမ်ဳိးျဖစ္သြားတယ္” ဟု တရုတ္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ၾကိဳတင္ကာကြယ္ေရးဗဟို ညႊန္ၾကားေရးမွဴး Gao Fu က ေျပာၾကာားသည္။ ယင္းကား အံ့ၾသဖြယ္ ဝန္ခံခ်က္ပင္ ျဖစ္သည္။

ဝူဟန္ျမိဳ ႔တြင္ ဗိုင္းရပ္စ္သစ္တစ္မ်ဳိး ေပၚေပါက္ေနေၾကာင္း တရုတ္ႏိုင္ငံက ကမၻာသို႔ ေၾကညာခဲ့စဥ္ကလည္း ေတာေကာင္မ်ား ေရာင္းခ်သည့္ေစ်းမွ စတင္ျခင္းျဖစ္ေၾကာင္း ၎ကပင္ အတိအလင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ အဆိုပါေစ်းကို ပိတ္သိမ္းလိုက္ျပီး ရာဇဝတ္မႈျဖစ္ပြားရာ အခင္းျဖစ္ရပ္သဖြယ္ ရွင္းလင္းမႈမ်ား ျပဳလုပ္ခဲ့သည္။

Gao Fu ၏ ကနဦးယူဆခ်က္မွာ ယခင္ေပၚေပါက္ခဲ့ဖူးေသာ တိရ စၦာန္မွ လူသို႔ကူးစက္သည့္ ေရာဂါျဖစ္ရပ္မ်ားအေပၚ အေျခတည္ ယူဆခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ အဆိုပါေစ်းရွိ တိရ စၦာန္နမူနာမ်ား ရယူကာစစ္ေဆးခဲ့သည့္ အခ်က္အလက္မ်ားကို ကမၻာသို႔ မထုတ္ျပန္ေသာေၾကာင့္ သံသယမ်ား ၾကီးထြားလာခဲ့သည္။

ယခုအခါ Gao Fu က အဆိုပါေစ်းရွိ တိရ စၦာန္နမူနာမ်ားကို စစ္ေဆးရာတြင္ ဗိုင္းရပ္စ္ မေတြ႔ရေၾကာင္း ဝန္ခံလာခဲ့သည္။ ပိုမိုစိတ္ဝင္စားဖြယ္ေကာင္းသည့္အခ်က္တစ္ခုကို ၎က ထုတ္ေဖာ္ေျပာၾကားရာတြင္ ကိုရိုနာဗိုင္းရပ္စ္သည္ အဆိုပါကာလမတိုင္မီကတည္းက တည္ရွိေနသည္မွာ ၾကာျမင့္ခဲ့ျပီျဖစ္ေၾကာင္း ေျပာၾကားသည္။

ယခုထုတ္ျပန္ခ်က္သည္ အေရးပါ၏။ Gao Fu သည္ တရုတ္ႏိုင္ငံ၏ ထိပ္တန္းကပ္ေရာဂါပညာရွင္တစ္ဦးျဖစ္ရံုသာမကဘဲ တရုတ္ႏိုင္ငံ၏ ႏိုင္ငံေရးအၾကံေပးအဖြဲ႔တြင္လည္း အဖြဲ႔ဝင္တစ္ဦး ျဖစ္ေနသည္။

စိတ္ဝင္စားဖြယ္အခ်က္မွာ ဝူဟန္ဗိုင္းရပ္စ္အင္စတီက်ဳ၏ ညႊန္ၾကားေရးမွဴး ဝမ္ယန္ယီႏွင့္ အစိုးရရုပ္ျမင္သံၾကားတို႔ ေတြ႔ဆံုေမးျမန္းခန္းတြင္ ဝမ္ယန္ယီက ေျပာၾကားသည္မွာ ကိုရိုနာဗိုင္းရပ္စ္သည္ သူမ၏ လံုျခံဳေရးထိပ္တန္းအဆင့္ရွိ ဓာတ္ခြဲခန္းမွ မေတာ္မဆလြတ္ထြက္သြားျခင္းျဖစ္သည္ဟု ေျပာၾကားေနမႈမ်ားမွာ မဟုတ္မမွန္လုပ္ၾကံစြပ္စြဲျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့အျပီး Gao Fu ၏ ဝန္ခံခ်က္ ေပၚထြက္လာျခင္း ျဖစ္သည္။

Lancet တြင္ ေဖာ္ျပေသာ စာတမ္းတစ္ခုအရ ဝူဟန္ျမိဳ ႔တြင္ ပထမဆံုးေပၚေပါက္ခဲ့ေသာ အတည္ျပဳလူနာ ၄၁ ဦးတြင္ ၂၇ ဦးသာ ေစ်းႏွင့္ ထိေတြ႔မႈရွိခဲ့ေၾကာင္း ေလ့လာခ်က္ အပါအဝင္ အျခားေသာ ေလ့လာခ်က္မ်ားစြာအရ Gao Fu ၏ ကနဦးေျပာၾကားခ်က္မ်ားအေပၚ သံသယျဖစ္ဖြယ္မ်ား ေပၚေပါက္လာျပီးေနာက္ ၎က ရုတ္တရက္ မူလေျပာၾကားခ်က္ကို ေျပာင္းလဲေျပာဆိုလိုက္ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Beijing now admits that coronavirus DIDN'T start in Wuhan's market... so where DID it come from, asks IAN BIRRELL ( Daily Mail )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service