ကြေးနီသည် ကိုရိုနာဗိုင်းရပ်စ်ကို ၄ နာရီအတွင်း ချေမှုန်းသတ်ဖြတ်နိုင်သဖြင့် တံခါးလက်ကိုင်များ၊ လက်ရန်းများနှင့် ဈေးဝယ်တွန်းလှည်း များကို ကြေးနီ လောင်းအုပ်သင့်ကြောင်း ဗြိတိန် ထိပ်တန်းသိပ္ပံပညာရှင် ပြောကြား
ကြေးနီသည် ကိုရိုနာဗိုင်းရပ်စ်ကို ၄ နာရီအတွင်း ချေမှုန်းသတ်ဖြတ်နိုင်သဖြင့် တံခါးလက်ကိုင်များ၊ လက်ရန်းများနှင့် ဈေးဝယ်တွန်းလှည်း များကို ကြေးနီ လောင်းအုပ်သင့်ကြောင်း ဗြိတိန် ထိပ်တန်းသိပ္ပံပညာရှင် ပြောကြား - Property News in Myanmar from iMyanmarHouse.com
31 May 2020 12:02 pm တွင် တင်ခဲ့သည်
1540 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တံခါးလက်ကိုင်များ၊ လက်ရန်းများနှင့် ဈေးဝယ်တွန်းလှည်းများကို ကြေးနီ လောင်းအုပ်သင့်ကြောင်း၊ ကြေးနီသည် ကိုရိုနာဗိုင်းရပ်စ်ကို ၄ နာရီအတွင်း သုတ်သင်နိုင်ကြောင်း ဗြိတိန်ထိပ်တန်း သိပ္ပံပညာရှင်တစ်ဦးက ပြောကြားသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်သည် စတီးနှင့် ပလတ်စတစ်များပေါ်တွင် ၃ ရက်တာအသက်ရှင်နိုင်ကြောင်း သုတေသနများတွင် တွေ့ရသည်။
သို့သော် ကြေးနီမျက်နှာပြင်ပေါ်တွင်မူ အဆိုပါသတ္တု၏ ဘက်တီးရီးယားတိုက်ဖျက်မှု ဂုဏ်သတ္တိကြောင့် ကိုရိုနာဗိုင်းရပ်စ်မှာ ၄ နာရီ အတွင်း ချေမှုန်းခံရသည်ဟု ဆိုသည်။
လူတို့သည် ရောဂါပိုးရှိသည့် မျက်နှာပြင်များကို ထိတွေ့ပြီးနောက် ၎င်းတို့၏ မျက်နှာများကို ထိတွေ့မှုများကြောင့် ကိုရိုနာဗိုင်းရပ်စ်သည် ပါးစပ် (သို့မဟုတ်) နှာခေါင်းမှတဆင့်ဝင်ရောက်ကာ ရောဂါကူးစက်ခံရခြင်း ဖြစ်သည်။
ဆောက်သမ်ပ်တန်တက္ကသိုလ် (University of Southampton ) မှ ဝါရင့် အနုဇီဝဗေဒပညာရှင် ဝီလျံ ကီးဗေးလ် (William Keevil) က ပြောကြားရာတွင် အများဆိုင်နေရာများ၌ ကြေးနီကို အသုံးပြုခြင်းအပေါ် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဗြိတိန်သည် အခြားတိုင်းပြည်များ၏ နောက်တွင် နောက်ကျ ကျန်နေခဲ့ကြောင်း ပြောကြားသည်။
တံခါးလက်ကိုင်များ၊ ဈေးဝယ်တွန်းလှည်းများ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးမှ လက်ရန်းများနှင့် အားကစားလေကျင့်ရေးစင်တာ များမှ အသုံးအဆောင်ကိရိယာများကို ကြေးနီလောင်းကာ ပြုလုပ်သင့်ကြောင်း ၎င်းက အကြံပြုသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိသူတစ်ဦးသည် လက်ဝါးဖြင့်အုပ်ကာ ချောင်းဆိုး၊ နှာချေခြင်းပြုလုပ်ပြီး မျက်နှာပြင်တစ်ခုခု (သို့မဟုတ်) တစ်စုံတစ်ဦးကို ထိတွေ့လိုက်ပါက ရောဂါကူးစက်မှု ဖြစ်ပေါ်သည်။
ကိုရိုနာဗိုင်းရပ်စ်ရှိသူတစ်ဦး ထိတွေ့ထားသည့်အရာတို့ကို တစ်စုံတစ်ဦးက ထိတွေ့လိုက်ပြီးနောက် မျက်နှာကို ကိုင်တွယ်မိပါက ရောဂါကူးစက်နိုင်သည့် အန္တရာယ်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ်သည် ကြေးနီမျက်နှာပြင်ပေါ် ရောက်ရှိသွားသည့်အခါ ကြေးနီ၏ အိုင်းယွန်းတို့က ဗိုင်းရပ်စ်ကို ကာကွယ်ပေးထားသည့် အော်ဂဲနစ်ဒြပ်ပေါင်းအလွှာကို တိုက်ခိုက်မှု ပြုလုပ်သည်။
ယင်းနောက်ကြေးနီဓာတ်သည် ဆဲလ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ဗိုင်းရပ်စ်၏ DNA ကို ဖျက်ဆီးလိုက်ပြီး အပြီးတိုင်ချေမှုန်းပစ်လိုက်သည်။
ပါမောက္ခ ကီဗေးလ်က တိုင်းမ်မဂ္ဂဇင်းသို့ ပြောကြားရာတွင် ပိုလန်နိုင်ငံရှိ ဘတ်စ်ကားများ၌ ကြေးနီလောင်းထားသည့် လက်ရန်းများ တပ်ဆင်ထားပြီးဖြစ်ပြီး ချီလီနှင့် ဘရာဇီးနိုင်ငံ လေဆိပ်များရှိ လူဝင်မှုကြီးကြပ်ရေးကောင်တာများတွင်လည်း ကြေးနီလောင်းထားကြောင်း ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုရှိ အားကစားရုံများတွင် အလေးမပစ္စည်းများနှင့် အခြားအသုံးအဆောင်ကိရိယာများကို ကြေးနီလောင်းထား ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Doorknobs, handrails and shopping trolleys should be coated in COPPER because it kills Covid-19 in just four hours - compared to steel and plastic taking three days, scientist says (Daily Mail)
[Zawgyi]
ကြေးနီသည် ကိုရိုနာဗိုင်းရပ်စ်ကို ၄ နာရီအတွင်း ချေမှုန်းသတ်ဖြတ်နိုင်သဖြင့် တံခါးလက်ကိုင်များ၊ လက်ရန်းများနှင့် ဈေးဝယ်တွန်းလှည်း များကို ကြေးနီ လောင်းအုပ်သင့်ကြောင်း ဗြိတိန် ထိပ်တန်းသိပံ္ပပညာရှင် ပြောကြား
တံခါးလက်ကိုင်များ၊ လက်ရန်းများနှင့် ဈေးဝယ်တွန်းလှည်းများကို ကြေးနီ လောင်းအုပ်သင့်ကြောင်း၊ ကြေးနီသည် ကိုရိုနာဗိုင်းရပ်စ်ကို ၄ နာရီအတွင်း သုတ်သင်နိုင်ကြောင်း ဗြိတိန်ထိပ်တန်း သိပံ္ပပညာရှင်တစ်ဦးက ပြောကြားသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service