အီတလီနိုင်ငံ၊ ရောမနှင့် မီလန်မြို့များတွင် စီးပွားရေးကျပ်တည်းလာသောကြောင့် lockdown ပြန်ဖွင့်ပေးရန် ဆန္ဒပြ၊ ကိုရိုနာဗိုင်းရပ်စ် မရှိကြောင်း ကြွေးကြော်
အီတလီနိုင်ငံ၊ ရောမနှင့် မီလန်မြို့များတွင် စီးပွားရေးကျပ်တည်းလာသောကြောင့် lockdown ပြန်ဖွင့်ပေးရန် ဆန္ဒပြ၊ ကိုရိုနာဗိုင်းရပ်စ် မရှိကြောင်း ကြွေးကြော် - Property News in Myanmar from iMyanmarHouse.com
31 May 2020 11:51 am တွင် တင်ခဲ့သည်
589 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အီတလီနိုင်ငံ၊ ရောမနှင့် မီလန်မြို့များတွင် လိမ္မော်ရောင် အင်္ကျ ီများဝတ်ဆင်ထားသည့် ဆန္ဒပြသူတို့သည် စီးပွားရေးကျပ်တည်းလာ သောကြောင့် အစိုးရ၏ တင်းကျပ်သော covid 19 lockdown ပြန်ဖွင့်ပေးရန် ဆန္ဒပြကြပြီး ကိုရိုနာဗိုင်းရပ်စ် မရှိကြောင်း ကြွေးကြော်ခဲ့ ကြသည်။
Lockdown ဆန့်ကျင်ရေးဆန္ဒပြသူတို့က ဝန်ကြီးချုပ် ဂျူဆက်ပစ် ကွန်တီ (Giuseppe Conte) အစိုးရကို အမျိုးသားအစိုးရတစ်ရပ်ဖြင့် အစားထိုးပြီး အီတလီလိုင်ရာငွေခေတ်သို့ ပြန်သွားကြရန် တောင်းဆိုလိုက်သည်။
(မှတ်ချက်။ အီတလီတွင် ၁၈၆၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ လိုင်ရာငွေကို အသုံးပြုခဲ့ပြီး လက်ရှိသုံးစွဲနေသည်မှာ ယူရိုငွေ ဖြစ်သည်)
အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ၂ လကျော်ကြာ lockdown ချထားခဲ့ပြီး မကြာသေးမီကမှ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။
ရာပေါင်းများစွာသော ပြည်သူတို့သည် ရောမနှင့် မီလန်မြို့များရှိ လမ်းများပေါ်သို့ထွက်လာကြကာ ကန့်သတ်ထားသော စည်းမျဉ်းများကို ချက်ချင်းအဆုံးသတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
အီတလီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၃၂၆၆၄ ဦးရှိပြီး သေဆုံးသူမှာ ၃၃၃၄၀ ဦးရှိကာ ကမ္ဘာပေါ်တွင် သေဆုံးသူအများဆုံး နိုင်ငံအဖြစ် ရပ်တည်ခဲ့ဖူးသည်။ (လက်ရှိသေဆုံးသူအများဆုံးမှာ အမေရိကန်ပြည်ထောင်စု ဖြစ်သည်။)
မီလန်မြို့ရှိ ဆန္ဒပြအုပ်စုကို ဗိုလ်ချုပ်ဟောင်း အန်တိုနီယို ပက်ပါလာဒိုက ဦးဆောင်ပြီး လူချင်းခပ်ခွာခွာနေရန် စည်းမျဉ်းကို လစ်လျူရှုကာ မည်သူတစ်ဦးတစ်ယောက်မျှ mask မတပ်ခဲ့ကြချေ။
ရောမမြို့တော်တွင်လည်း လက်ယာစွန်းအုပ်စုများက ဆန္ဒပြခဲ့ကြသည်။ အဆိုပါအုပ်စုအားလုံး၏ တောင်းဆိုချက်မှာ lockdown စည်းမျဉ်းများအားလုံးကို ချက်ချင်းရုပ်သိမ်းပေးရန် ဖြစ်သည်။
ရောမမြို့တွင် ဆန္ဒပြသူတို့သည် အဓိကရုဏ်းဖြိုခွင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ကာ တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။
မီလန်မြို့တော်ဝန် Beppe Sala က ဆန္ဒပြသူများအပေါ် အမျက်ထွက်ကြောင်း တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။
လိမ္မော်ရောင်ဝတ်များဟု ခေါ်နေကြသည့် ဆန္ဒပြသူများကို ရှုတ်ချကြောင်း၊ ခက်ခဲသည့်အခြေအနေမှ ရုန်းထွက်နိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရသည့် မီလန်ကဲ့သို့သော မြို့ကြီးတွင် ယခုကဲ့သို့လုပ်ဆောင်ပုံများမှာ တာဝန်မဲ့လှကြောင်း သူ၏တွစ်တာအကောင့်မှတဆင့် ဝေဖန်ရှုတ်ချခဲ့သည်။
ဆန္ဒပြသူအချို့က ကန့်ကွက်ဆန္ဒပြခြင်းမှာ lockdown ချခြင်းကြောင့် စီးပွားရေးကျပ်တည်းမှု အပေါ်ဆန္ဒပြကြခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်း ထောင်ပေါင်းများစွာ ပိတ်လိုက်ရခြင်းကြောင့် မိသားစုများစွာမှာ ဝင်ငွေမရှိတော့ချေ။
“ဒီမှာ လူတွေဟာ စားစရာမရှိတော့ဘူး။ လစာမရတော့တာ ၄ လလောက်ကြာပြီဖြစ်တဲ့သူတွေ ရှိတယ်။ ကျွန်တော်တို့ ဆာလောင်ငတ်မွတ်နေကြပြီ။ ကျွန်တော်တို့ကို (ငတ်) သေအောင် သူတို့လုပ်နေကြတာပဲ” ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
Ref: Italian 'orange vest' protesters take to the streets of Rome and Milan demanding an end to lockdowns while chanting 'the virus doesn't exist' (Daily Mail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
18th Property and Car Expo
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service