COVID-19 ကာကွယ်ရေးအတွက် ကန့်သတ် အမိန့်၊ညွန့်ကြားချက်များကို ဇွန် ၁၅ ရက်အထိ သက်တမ်းတိုး

COVID-19 ကာကွယ်ရေးအတွက် ကန့်သတ် အမိန့်၊ညွန့်ကြားချက်များကို ဇွန် ၁၅ ရက်အထိ သက်တမ်းတိုး - Property News in Myanmar from iMyanmarHouse.com
29 May 2020 11:13 am တွင် တင်ခဲ့သည်
685 ကြိမ် ကြည့်ရှု့ပြီး

COVID-19 ထိန်းချုပ်ရေးအတွက် မေ ၃၁ ရက်ထိ သက်တမ်းတိုးထားသည့် အမိန့်၊ ညွန်ကြားချက်များကို ဇွန် ၁၅ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်လိုက်သည်။

ထိုသို့သက်တမ်းတိုးရာတွင်ဖြေလျော့ပေးမည့် ကိစ္စရပ်များ အပါဝင်ကြောင်းလည်း မေ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ဇွန် ၁ ရက်က စတင်ပြီး ဖြေလျော့အချို့ကို ဆောင်ရွက်ပေးမည်ဟု ရေးသားခဲ့သည်။

“မေလ(၃၁)နေ့အထိ ရောဂါမပြန့်ပွါးရေးအတွက် ချထားတဲ့ သတ်မှတ်ချက်အချို့ကို ဇွန်လ (၁) ရက်နေ့ကစပြီး ဖြေလျှော့ပါမယ်။ သတိကြီးစွာနဲ့ တဖြည်းဖြည်း နိုင်ငံရဲ့ယန္တရား ပြည့်ဝစွာ ပြန်လည်ပတ်နိုင်ရေးကိုဦးတည်ပါတယ်”ဟု ၎င်းက ရေးသားခဲ့သည်။

ထိုပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက ရန်ကုန်တိုင်းရှိ မြို့နယ် လေးခုကို Stay at Home အစီအစဉ်မှ ပယ်ဖျက်ကြောင်း ယမန် နေ့တွင်ကြေညာသည်။

နိုင်ငံတစ်ဝန်း Stay at Home အဖြစ်မြို့နယ် ၁၁ ခုကို သတ်မှတ်ထားရာမှ မေလ ၁၅ ရက်မှစတင်ကာ မြို့နယ်ငါးခုကို ပယ်ဖျက်ပေးခဲ့ပြီး ယခုမေလ ၂၉ ရက် နံနက် ၄နာရီမှစတင်ကာ မြို့ နယ်လေးခုကို ထပ်မံပယ်ဖျက်ခဲ့ ခြင်းဖြစ်သည်။

ယင်းမြို့နယ်လေးခုမှာ ဗဟန်း၊ တောင်ဥက္ကလာပ၊ ပန်းဘဲတန်း၊ တာမွေတို့ဖြစ်ပြီး Stay at Home အစီအစဉ်တွင် ကျန်ရှိသည့်မြို့နယ်နှစ်ခုမှာ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့ဖြစ်သည်။

ထို့အပြင် ကျန်းမာရေးဝန် ကြီး ဒေါက်တာမြင့်ထွေးက လူငါးဦးဖြစ်စေ၊ ငါးဦးထက်ပို၍ဖြစ်စေ စုဝေးနိုင်သည့် စည်းကမ်းသတ် မှတ်ချက်အချို့ကိုလည်း မေ ၂၈ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ခြင်း၊ အခြေခံ ပညာကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင် ငါးဦးထက် ပို၍စုဝေးခွင့်ရရှိလာမည် ဖြစ်သည်။

အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများအတွင်း ဆောင်ရွက်ရမည့်ဆွေးနွေးပွဲ၊ အစည်းအဝေးနှင့် သင်တန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုသတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်နိုင်မည်လည်းဖြစ်သည်။

ယင်းနောက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုသတ်မှတ်ချက်များနှင့်ကိုက် ညီ၍သက်ဆိုင်ရာ ဒေသအစိုးရအ ဖွဲ့များက ဖွင့်လှစ်ခွင့်ပြုထားသော စားသောက်ဆိုင်များတွင်လည်း စားသောက်နိုင်မည်ဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၏ မေလ ၃ရက် ထုတ် ပြန်အသိပေးချက်တွင် ပါဝင် သောမရှိမဖြစ် လိုအပ်သည့်လုပ်ငန်းများ၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် အများပြည်သူအတွက် လိုအပ်သောလုပ်ငန်းများတွင် အလုပ်လုပ်ကိုင် ခြင်းတို့သည်လည်း ဖြေလျှော့မှုတွင်ပါဝင်လာသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

COVID-19 ကာကြယ္ေရးအတြက္ ကန႔္သတ္ အမိန႔္၊ၫြန႔္ၾကားခ်က္မ်ားကို ဇြန္ ၁၅ ရက္အထိ သက္တမ္းတိုး

COVID-19 ထိန္းခ်ဳပ္ေရးအတြက္ ေမ ၃၁ ရက္ထိ သက္တမ္းတိုးထားသည့္ အမိန႔္၊ ၫြန္ၾကားခ်က္မ်ားကို ဇြန္ ၁၅ ရက္အထိ သက္တမ္းတိုးျမႇင့္လိုက္ေၾကာင္း COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ထုတ္ျပန္လိုက္သည္။

ထိုသို႔သက္တမ္းတိုးရာတြင္ေျဖေလ်ာ့ေပးမည့္ ကိစၥရပ္မ်ား အပါဝင္ေၾကာင္းလည္း ေမ ၂၈ ရက္ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ၎၏ ေဖ့ဘုတ္စာမ်က္ႏွာတြင္ ဇြန္ ၁ ရက္က စတင္ၿပီး ေျဖေလ်ာ့အခ်ိဳ႕ကို ေဆာင္႐ြက္ေပးမည္ဟု ေရးသားခဲ့သည္။

“ေမလ(၃၁)ေန႔အထိ ေရာဂါမျပန္႔ပြါးေရးအတြက္ ခ်ထားတဲ့ သတ္မွတ္ခ်က္အခ်ိဳ႕ကို ဇြန္လ (၁) ရက္ေန႔ကစၿပီး ေျဖေလွ်ာ့ပါမယ္။ သတိႀကီးစြာနဲ႔ တျဖည္းျဖည္း ႏိုင္ငံရဲ႕ယႏၲရား ျပည့္ဝစြာ ျပန္လည္ပတ္ႏိုင္ေရးကိုဦးတည္ပါတယ္”ဟု ၎က ေရးသားခဲ့သည္။

ထိုျပင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ ေထြးက ရန္ကုန္တိုင္းရွိ ၿမိဳ႕နယ္ ေလးခုကို Stay at Home အစီအစဥ္မွ ပယ္ဖ်က္ေၾကာင္း ယမန္ ေန႔တြင္ေၾကညာသည္။

ႏိုင္ငံတစ္ဝန္း Stay at Home အျဖစ္ၿမိဳ႕နယ္ ၁၁ ခုကို သတ္မွတ္ထားရာမွ ေမလ ၁၅ ရက္မွစတင္ကာ ၿမိဳ႕နယ္ငါးခုကို ပယ္ဖ်က္ေပးခဲ့ၿပီး ယခုေမလ ၂၉ ရက္ နံနက္ ၄နာရီမွစတင္ကာ ၿမိဳ႕ နယ္ေလးခုကို ထပ္မံပယ္ဖ်က္ခဲ့ ျခင္းျဖစ္သည္။

ယင္းၿမိဳ႕နယ္ေလးခုမွာ ဗဟန္း၊ ေတာင္ဥကၠလာပ၊ ပန္းဘဲတန္း၊ တာေမြတို႔ျဖစ္ၿပီး Stay at Home အစီအစဥ္တြင္ က်န္ရွိသည့္ၿမိဳ႕နယ္ႏွစ္ခုမွာ အင္းစိန္ႏွင့္ မရမ္းကုန္းၿမိဳ႕နယ္တို႔ျဖစ္သည္။

ထို႔အျပင္ က်န္းမာေရးဝန္ ႀကီး ေဒါက္တာျမင့္ေထြးက လူငါးဦးျဖစ္ေစ၊ ငါးဦးထက္ပို၍ျဖစ္ေစ စုေဝးႏိုင္သည့္ စည္းကမ္းသတ္ မွတ္ခ်က္အခ်ိဳ႕ကိုလည္း ေမ ၂၈ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာသည္။

အစိုးရဌာန၊ အဖြဲ႕အစည္း၊ ကုမၸဏီ၊ စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ တာဝန္ထမ္းေဆာင္ျခင္း၊ အေျခခံ ပညာေက်ာင္းမ်ား၊ ပုဂၢလိက ေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးသင္ စာသင္ေက်ာင္းမ်ားတြင္ ငါးဦးထက္ ပို၍စုေဝးခြင့္ရရွိလာမည္ ျဖစ္သည္။

အစိုးရဌာန၊ အဖြဲ႕အစည္း၊ ကုမၸဏီ၊ စက္႐ုံ၊ အလုပ္႐ုံမ်ားအတြင္း ေဆာင္႐ြက္ရမည့္ေဆြးေႏြးပြဲ၊ အစည္းအေဝးႏွင့္ သင္တန္းမ်ားကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ အႀကံျပဳသတ္မွတ္ ခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ႏိုင္မည္လည္းျဖစ္သည္။

ယင္းေနာက္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန၏ အႀကံျပဳသတ္မွတ္ခ်က္မ်ားႏွင့္ကိုက္ ညီ၍သက္ဆိုင္ရာ ေဒသအစိုးရအ ဖြဲ႕မ်ားက ဖြင့္လွစ္ခြင့္ျပဳထားေသာ စားေသာက္ဆိုင္မ်ားတြင္လည္း စားေသာက္ႏိုင္မည္ျဖစ္သည္။

အလုပ္သမား၊ လူဝင္မႈႀကီး ၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ ႀကီးဌာန၏ ေမလ ၃ရက္ ထုတ္ ျပန္အသိေပးခ်က္တြင္ ပါဝင္ ေသာမရွိမျဖစ္ လိုအပ္သည့္လုပ္ငန္းမ်ား၊ အမ်ားျပည္သူဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္းမ်ားႏွင့္ အမ်ားျပည္သူအတြက္ လိုအပ္ေသာလုပ္ငန္းမ်ားတြင္ အလုပ္လုပ္ကိုင္ ျခင္းတို႔သည္လည္း ေျဖေလွ်ာ့မႈတြင္ပါဝင္လာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service