နယူးဇီလန်တွင် နောက်ဆုံးလူနာတစ်ဦး ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီး ယခုအခါ ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်လူနာ မရှိတော့

နယူးဇီလန်တွင် နောက်ဆုံးလူနာတစ်ဦး ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီး ယခုအခါ ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်လူနာ မရှိတော့ - Property News in Myanmar from iMyanmarHouse.com
28 May 2020 12:57 pm တွင် တင်ခဲ့သည်
1096 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နယူးဇီလန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိနေသည့် ဆေးရုံတက်လူနာကို ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီးနောက် ယခုအခါ နိုင်ငံအတွင်း ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်လူနာမရှိတော့သည့်နည်းတူ လူနာသစ်ရှာမတွေ့သည်မှာလည်း ၅ ရက်ရှိပြီဖြစ်ကြောင်း နယူးဇီလန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နောက်ဆုံးကျန်နေသည့်လူနာသည် အော့က်လန်းမြို့တွင် ဆေးရုံတက်နေခြင်းဖြစ်ပြီး ညဘက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကိုင်တွယ်စီမံမှုများနှင့် စပ်လျဉ်းပြီး ကမ္ဘာပေါ်တွင် ချီးကျူးခံနေရသော နယူးဇီလန်အတွက် အကြီးမားဆုံးအောင်ပွဲ အထိမ်းအမှတ်တစ်ခု ဖြစ်လာသည်။

နယူးဇီလန်တွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးအတည်ပြုလူနာကို ဖေဖော်ဝါရီလ ၂၆ ရက်တွင် တွေ့ရှိခဲ့ပြီး မတ်လ ၁၉ ရက်တွင် နယ်စပ်ဝင်ပေါက်များ ပိတ်လိုက်ကာ မတ်လ ၂၆ ရက်တွင်မူ တစ်နိုင်ငံလုံး lockdown အပြည့်ချခဲ့သည်။

နယူးဇီလန်၏ အောင်မြင်မှုကို ကြည့်လျှင် lockdown ကို ရက်သတ္တပတ် အနည်းငယ်မျှဖြင့် ပြန်လည်ရုပ်သိမ်းနိုင်သည်ကို တွေ့ရပြီး လူ ၁၀၀ နှင့်အထက် စုဝေးခြင်းကို ပြန်လည်ခွင့်ပြုပေးထားပြီးဖြစ်ကာ သြစတေးလျသို့ ခရီးသွားလာခြင်းများလည်း ပြန်လည်ဖွင့်လှစ်ပေးထားပြီ ဖြစ်သည်။

စုစုပေါင်း ကူးစက်ခံရသူပမာဏ ၁၅၀၄ ဦးရှိပြီး အဆိုပါကိန်းဂဏန်းမှာ ပြီးခဲ့သော သောကြာနေ့ကတည်းက မပြောင်းလဲခဲ့ချေ။ သေဆုံးသူ ဦးရေမှာ ၂၁ ဦးရှိပြီး အဆိုပါပမာဏမှာ မေလ ၆ ရက်ကတည်းကဖြစ်ကာ သေဆုံးသူထပ်မံတိုးမြင့်လာခြင်း မရှိပေ။

ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၅၀၄ ဦး၏ ထက်ဝက်ကျော်မှာ ပြည်ပမှ ဝင်ရောက်လာသည့်ကူးစက်မှု (သို့မဟုတ်) မကြာသေးမီက ခရီးသွားခဲ့သူများနှင့် ဆက်နွှယ်မှုများ ဖြစ်ကြသည်။

သေဆုံးသူ ၂၁ ဦးလုံးမှာ အသက် ၆၀ ကျော်အရွယ်များဖြစ်ပြီး ထက်ဝက်ကျော်မှာ အသက် ၈၀ အထက်ဖြစ်ကာ ၄ ဦးမှာ ၉၀ ကျော်များ ဖြစ်ကြသည်။

တရားဝင်အချက်အလက်များအရ နယူးဇီလန်သည် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ၂၆၇၄၃၅ ပြုလုပ်ခဲ့ပြီး စမ်းသပ်စစ်ဆေးသည့် ကိရိယာ (test kit) ၂၀၀၀၀၀ လည်း အသင့်ထားရှိပြီဖြစ်သည်ဟု ဆိုသည်။

ဘုရားကျောင်းများ၊ မင်္ဂလာဆောင်များနှင့် ဈာပနအခမ်းအနားများကို လူ ၁၀၀ နှင့်အထက် စုဝေးခွင့်ပြုလိုက်ပြီး ဈာပနအခမ်းအနားများ ကျင်းပရန်အတွက် ကျန်းမာရေးအရာရှိတို့ကို ကြိုတင်အကြောင်းကြားရန် မလိုအပ်တော့ချေ။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: New Zealand has NO coronavirus patients in hospital: Last one is discharged as Pacific nation goes five straight days without a new case (Daily Mail)

[Zawgyi]

နယူးဇီလန္တြင္ ေနာက္ဆံုးလူနာတစ္ဦး ေဆးရံုမွ ဆင္းခြင့္ျပဳလုိက္ျပီး ယခုအခါ ေဆးရံုမ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္လူနာ မရွိေတာ့

နယူးဇီလန္ႏိုင္ငံတြင္ ေနာက္ဆံုးက်န္ရွိေနသည့္ ေဆးရံုတက္လူနာကို ေဆးရံုမွ ဆင္းခြင့္ျပဳလုိက္ျပီးေနာက္ ယခုအခါ ႏိုင္ငံအတြင္း ေဆးရံုမ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္လူနာမရွိေတာ့သည့္နည္းတူ လူနာသစ္ရွာမေတြ႔သည္မွာလည္း ၅ ရက္ရွိျပီျဖစ္ေၾကာင္း နယူးဇီလန္ က်န္းမာေရးဝန္ၾကီးဌာနက ထုတ္ျပန္သည္။

ေနာက္ဆံုးက်န္ေနသည့္လူနာသည္ ေအာ့က္လန္းျမိဳ ႔တြင္ ေဆးရံုတက္ေနျခင္းျဖစ္ျပီး ညဘက္တြင္ ေဆးရံုမွ ဆင္းခြင့္ျပဳလုိက္ျပီးေနာက္ ကိုရိုနာဗိုင္းရပ္စ္ကိုင္တြယ္စီမံမႈမ်ားႏွင့္ စပ္လ်ဥ္းျပီး ကမၻာေပၚတြင္ ခ်ီးက်ဴးခံေနရေသာ နယူးဇီလန္အတြက္ အၾကီးမားဆံုးေအာင္ပြဲ အထိမ္းအမွတ္တစ္ခု ျဖစ္လာသည္။

နယူးဇီလန္တြင္ ကိုရိုနာဗိုင္းရပ္စ္ ပထမဆံုးအတည္ျပဳလူနာကို ေဖေဖာ္ဝါရီလ ၂၆ ရက္တြင္ ေတြ႔ရွိခဲ့ျပီး မတ္လ ၁၉ ရက္တြင္ နယ္စပ္ဝင္ေပါက္မ်ား ပိတ္လိုက္ကာ မတ္လ ၂၆ ရက္တြင္မူ တစ္ႏိုင္ငံလံုး lockdown အျပည့္ခ်ခဲ့သည္။

နယူးဇီလန္၏ ေအာင္ျမင္မႈကို ၾကည့္လွ်င္ lockdown ကို ရက္သတၱပတ္ အနည္းငယ္မွ်ျဖင့္ ျပန္လည္ရုပ္သိမ္းႏိုင္သည္ကို ေတြ႔ရျပီး လူ ၁၀၀ ႏွင့္အထက္ စုေဝးျခင္းကို ျပန္လည္ခြင့္ျပဳေပးထားျပီးျဖစ္ကာ ၾသစေတးလ်သုိ႔ ခရီးသြားလာျခင္းမ်ားလည္း ျပန္လည္ဖြင့္လွစ္ေပးထားျပီ ျဖစ္သည္။

စုစုေပါင္း ကူးစက္ခံရသူပမာဏ ၁၅၀၄ ဦးရွိျပီး အဆိုပါကိန္းဂဏန္းမွာ ျပီးခဲ့ေသာ ေသာၾကာေန႔ကတည္းက မေျပာင္းလဲခဲ့ေခ်။ ေသဆံုးသူ ဦးေရမွာ ၂၁ ဦးရွိျပီး အဆိုပါပမာဏမွာ ေမလ ၆ ရက္ကတည္းကျဖစ္ကာ ေသဆံုးသူထပ္မံတိုးျမင့္လာျခင္း မရွိေပ။

ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၁၅၀၄ ဦး၏ ထက္ဝက္ေက်ာ္မွာ ျပည္ပမွ ဝင္ေရာက္လာသည့္ကူးစက္မႈ (သို႔မဟုတ္) မၾကာေသးမီက ခရီးသြားခဲ့သူမ်ားႏွင့္ ဆက္ႏႊယ္မႈမ်ား ျဖစ္ၾကသည္။

ေသဆံုးသူ ၂၁ ဦးလံုးမွာ အသက္ ၆၀ ေက်ာ္အရြယ္မ်ားျဖစ္ျပီး ထက္ဝက္ေက်ာ္မွာ အသက္ ၈၀ အထက္ျဖစ္ကာ ၄ ဦးမွာ ၉၀ ေက်ာ္မ်ား ျဖစ္ၾကသည္။

တရားဝင္အခ်က္အလက္မ်ားအရ နယူးဇီလန္သည္ ကိုရိုနာဗိုင္းရပ္စ္စစ္ေဆးမႈ ၂၆၇၄၃၅ ျပဳလုပ္ခဲ့ျပီး စမ္းသပ္စစ္ေဆးသည့္ ကိရိယာ (test kit) ၂၀၀၀၀၀ လည္း အသင့္ထားရွိျပီျဖစ္သည္ဟု ဆိုသည္။

ဘုရားေက်ာင္းမ်ား၊ မဂၤလာေဆာင္မ်ားႏွင့္ စ်ာပနအခမ္းအနားမ်ားကို လူ ၁၀၀ ႏွင့္အထက္ စုေဝးခြင့္ျပဳလုိက္ျပီး စ်ာပနအခမ္းအနားမ်ား က်င္းပရန္အတြက္ က်န္းမာေရးအရာရွိတို႔ကို ၾကိဳတင္အေၾကာင္းၾကားရန္ မလိုအပ္ေတာ့ေခ်။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: New Zealand has NO coronavirus patients in hospital: Last one is discharged as Pacific nation goes five straight days without a new case (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service